``မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် တောင်သူများ၏ ပဲမျိုးစုံစိုက်ခင်းများ နှင့် ကြက်သွန်ပျိုးခင်းများ၊ ပန်းပျိုးခင်းများ ပျက်စီးဆုံးရှုံး´´



       
   မကွေး၊ အောက်တိုဘာ ၁၈။
        
  မကွေးမြို့၏မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးရှိ ဒေါင်းနေချောင်းနှင့် ဧရာဝတီမြစ်ဆုံ၌တည်ရှိသော ကမ်းရင် ကျေးရွာ၌ အောက်တိုဘာ ၁၇ ရက်၊ ည ၁၀နာရီခန့်မှ အောက်တိုဘာ ၁၈ ရက် နံနက်၂ နာရီအချိန် ခန့်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ တောင်သူ ၁၀၀ ဦးခန့်၏ ပဲမျိုးစုံစိုက်ခင်းများ နှင့် ကြက်သွန်ပျိုးခင်းများ၊ ပန်းပျိုးခင်းများ ပျက်စီးဆုံးရှုံးကြောင်း ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင် မှ မြေလတ်မီဒီယာ ကိုပြော၍ သတင်း ရရှိသည်။


          ၎င်းကမ်းရင်ကျေးရွာ၌ စက်တင်ဘာအတွင်း နှစ်စဉ်ရွာသွန်းမြဲဖြစ်သော ကြည်လွှဲမိုး၊ ကန်ဆင်းမိုးများ လုံးဝမရွာခဲ့ကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်မှ ကိုင်းမြေနုကျွန်းများနှင့် ဒေါင်းနေချောင်းဘေးရှိ ကုန်းတွင်းယာ စိုက်ခင်းများမှ စိုက်ပျိုးခင်းများမှာ မိုးခေါင်၍ မိုးမျှော်နေကြစဉ်  အောက်တိုဘာ ၁၇ ရက်၊ ည ၁၀နာရီခန့်မှ အောက်တိုဘာ ၁၈ ရက် နံနက်၂ နာရီအချိန်ခန့်အထိ ချိန်ခါမဲ့မိုးကြီး သည်းထန်စွာရွာသွန်းကြောင်း၊ မိုးကြီးမှု ကြောင့် ဒေါင်းနေချောင်းမှ ကမ်းလုံးပြည့်ရေလျှံပြီး ကုန်းပိုင်းယာစိုက်ခင်းများအားဖြတ်သန်းစီးဆင်း၍ ကမ်းရင်ရွာ အတွင်း သို့ စီးဆင်းလာပြီး ကိုင်းမြေနုကျွန်းရှိ ပဲမျိုးစုံစိုက်ခင်းများ နှင့် ကြက်သွန်ပျိုးခင်းများ၊ ပန်းပျိုးခင်း များ အားလုံးရေမြုပ် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတောင်သူ ဦးမြမောင်းက  မြေလတ်မီဒီယာ ကိုပြောသည်။


``တောင်သူပေါင်း ၁၀၀ ဦးခန့်ရဲ့ ကွင်းအမှတ် ၂၆၁၄ ကွင်းထဲက ပဲတီးစိမ်းနဲ့ နှံစားပြောင်း၏ ဧက တစ်ရာခန့်၊ ကိုင်းမြေနုကျွန်းထဲက ငရုပ်၊ ပဲထောပတ်၊ စတော်ပဲ၊ကုလားပဲခင်း စိုက်ပျိုးပြီးဧက တစ်ရာခန့် နဲ့ ကြက်သွန်ပျိုးခင်း တစ်တောင်(အနံ)၊ ဆယ်တောင်(အလျား)မှာ တစ်စို့လို့ခေါ်တဲ့ ကြက်သွန်ပျိုးခင်းတစ်ကွက်စရိတ် ၂၅၀၀ိ ကျသင့် တဲ့ ၁၂၀၀ စို့ ကျော်အတွက် သိန်းသုံးဆယ်နဲ့ ပန်းပျိုးခင်းတွေကလည်းသိန်းသုံးဆယ်လောက် ဆုံးရှုံးကြတယ်လို့ ပိုင်ရှင်တွေက ပြောပါတယ်။´´ဟု ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးက မြေလတ်မီဒီယာ ကိုပြောသည်။


          အောက်တိုဘာ ၁၈ ရက်၊ညပိုင်းအထိ မည်သည့်ကယ်ဆယ်ရေးမှ ကမ်းရင်ကျေးရွာသို့ မရောက်ရှိသေး ကြောင်း၊ ဒီနှစ်က မိုးကခေါင်၍ မိုးလိုအပ်ချိန်လွန်မှ မိုးကြီးသည်းထန်မှုကြောင့် တောင်သူတစ်ရာဦးခန့်မှာ သီးနှံစိုက်ခင်းများဆုံးရှုံးကြ၍ စားဝတ်နေရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေကြွေးအတွက်ကိုပင် ဒုက္ခရောက်ကြရ မည်ဖြစ် ကြောင်း ဒေသခံတောင်သူ ဦးမြမောင်းက ပြော၍ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: