``မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာအုပ်စု၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံ တင်ပြတောင်းဆိုခဲ့သော ကျေးရွာများ မီးလင်းရေးအား မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီး´´



မကွေး၊ အောက်တိုဘာ ၂၀ ။
မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာအုပ်စု၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် လာရောက်ခဲ့စဉ်က ကျေးရွာများ လမ်းတံတားခင်းရန်၊ သောက်သုံးရေ ရရှိရန် နှင့် မီးလင်းရေးတို့ကို ဒေသခံများမှ တောင်းဆိုခဲ့ကြောင်း သိရသည်။ ၎င်းတောင်းဆိုချက်များအား မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်တို ဘာ ၂၀ ရက်နေ့တွင် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဝင်းနိုင် က မဇ္ဈိမ ကိုပြော၍ သတင်းရရှိသည်။

``ဒီဘက်ထရီအိုးလေးတွေကို ဆိုလာပြားရှိတဲ့ စက်နေရာတွေမှာ စုရပ်လုပ်ပြီး အားသွင်းရပါတယ်၊ တစ်ရက် အားသွင်းထားရင် နှစ်ရက်သုံးရက်အထိ မီးထွန်းလို့ရပါတယ်၊ ဘက်ထရီအိုးတွေပျက်ရင်တော့ ယခုလို အခမဲ့နဲ့ အစားပေးမယ်ထင်ပါတယ်၊  မီးလင်းဖို့ရေရှည်အသုံးပြုနိုင်စေချင်ပါတယ်ဗျာ။´´ ဟု သစ်ရာကောက်ရွာ သား ဦးသန်းရွှေက မဇ္ဈိမ ကိုပြောသည်။

မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာအုပ်စုမှ သစ်ရာကောက်ကျေးရွာ၊ အိမ်ခြေ ၅၈၃ အိမ်အတွက် ဆိုလာပြား ၆၀ ၀ပ် (၁၀)စုံ၊ ဘက်ထရီအိုး ၆၀၂ အိုး၊ LEDမီးလုံး ၁၂၀၄ လုံး စုစုပေါင်းတန်ဘိုးငွေ ၁၀.၀၂၅ ကျပ်သန်း။ စမ်းမကြီးကျေးရွာ ၅၃ အိမ်အတွက် ဆိုလာပြား ၆၀ ၀ပ် (၁)စုံ၊ ဘက်ထရီအိုး ၆၄ အိုး၊ LEDမီးလုံး ၁၂၈ လုံး စုစုပေါင်းတန်ဘိုးငွေ ၁.၀၅ ကျပ်သန်း။ ပိုးခိုင်စမ်းကျေးရွာ ၁၈ အိမ်အတွက် ဆိုလာပြား ၂၀ ၀ပ် (၁)စုံ၊ ဘက်ထရီအိုး ၂၂ အိုး၊ LEDမီးလုံး ၄၄ လုံး စုစုပေါင်းတန်ဘိုးငွေ ၀.၄၆ ကျပ်သန်း။ ၀က်လူးစမ်းကျေးရွာ ၂၀၀ အိမ်အတွက် ဆိုလာပြား ၆၀ ၀ပ် (၂)စုံ၊ ၄၀ ၀ပ်(၂)စုံ၊ ဘက်ထရီအိုး ၂၀၀ အိုး၊ LEDမီးလုံး ၄၀၀ လုံး စုစုပေါင်းတန်ဘိုးငွေ ၃.၄၄ ကျပ်သန်း။ အစစမ်းကျေးရွာ ၂၄၈ အိမ်အတွက်၊ ဆိုလာပြား ၆၀ ၀ပ် (၄)စုံ၊ ဘက်ထရီအိုး ၂၄၆ အိုး၊ LEDမီးလုံး ၄၉၂ လုံး စုစုပေါင်းတန်ဘိုးငွေ ၄.၀၇၅ ကျပ်သန်း။ ရေကျော်ရွာ ၁၂၀ အိမ်အတွက် ဆိုလာပြား ၆၀ ၀ပ် (၂)စုံ၊ ဘက်ထရီအိုး ၁၂၄ အိုး၊ LEDမီးလုံး ၂၄၈ လုံး စုစုပေါင်းတန်ဘိုးငွေ ၂.၀၂၅ ကျပ်သန်း။ ဘုန်းကြီးကျောင်းတစ်ကျောင်း အတွက် ဆိုလာပြား ၆၀ ၀ပ် (၁)စုံ၊ ဘက်ထရီအိုး ၆၀ အိုး၊ LEDမီးလုံး ၁၂၀ လုံး စုစုပေါင်းတန်ဘိုးငွေ ၁.၀၀ ကျပ်သန်း။ စာသင်ကျောင်းတစ်ကျောင်းအတွက် ဆိုလာပြား ၆၀ ၀ပ် (၁)စုံ၊ ဘက်ထရီအိုး ၆၀ အိုး၊ LEDမီးလုံး ၁၂၀ လုံး စုစုပေါင်းတန်ဘိုးငွေ ၁.၀၀ ကျပ်သန်း။ စုစုပေါင်းကုန်ကျ ငွေ(၂၃.၀၇၅)ကျပ်သန်း အသုံးပြုတပ်ဆင်ပေးထားကြောင်း၊ ၎င်းကျေးရွာများတွင် Brothers Group ကုမ္ပဏီမှ တပ်ဆင်ခြင်းလုပ်ငန်းအား အောက်တိုဘာ ၁၉ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ကြောင်း ဦးဝင်းနိုင် က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: