``ရွှေစက်တော်ဘုရား ဂေါပကအသစ်ကို ၂၀၁၅ ခုနှစ်ပွဲတော်အမှီ ရွေးချယ်နိုင်မည်မထင်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့ နာယက ဦးခင်မောင်မြင့် မှ ပြောကြား´´



အောက်တိုဘာ ၄ ရက်၊ မင်းဘူး။
မင်းဘူးမြို့၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ၂၀၁၄၊ အောက်တိုဘာ ၄ ရက်၊ နေ့လည် ၃ နာရီမှ ၄ နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ နှင့် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့၏ နာယက၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲဝင်များ၊ မင်းဘူးမြို့နယ် စီမံခန့်ခွဲရေးအထောက်အကူပြုအဖွဲ့ဝင်များ စုစုပေါင်း ၁၇ ဦးခန့်ဖြင့် တွေ့ဆုံပွဲပြု လုပ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင်(၁၅)ဦးရှိရာ ၁၀ ဦးသာ တက်ရောက်၍ မင်းဘူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ မှ ကြိုတင်ပြီးဖိတ်ကြားထားသော်လည်း စုံညီစွာ မတက် ရောက်နိုင်ခြင်းမှာ သူ့နှင့်ဤအဖွဲ့ကိုမလေးစားရာရောက်နေကြောင်း၊ ဂေါပကအဖွဲ့အနေဖြင့် ရွှေစက်တော်ဘုရား အတွက် ပြင်ဆင်ရန်လုပ်ငန်းသစ်များကို သြ၀ါဒဆရာတော်ကြီးများထံ ကြိုတင်အသိပေးဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်း၏ သုံးပုံ နှစ်ပုံလောက်ဆောင်ရွက်ပြီးမှသာ ဆရာတော်များကို တင်ပြလျှောက်ထားသည်ဟု မင်းဘူးမြို့၊ တိုက်သစ်ကျောင်းဆရာတော်က ၎င်းအားမိန့်ကြား၍ ဟုတ်/ မဟုတ်ကို ဦးအေးသူမှ ရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကိုမေးမြန်းသည်။ ဦးမျိုးမြင့်မှ ၎င်းတို့ဂေါပကအဖွဲ့ အစည်းအဝေးလုပ်ပြီးတိုင်း ဆရာတော်ကြီးများထံ လျှောက်ထား တင်ပြပါကြောင်း၊ ၎င်း တို့ဂေါပကအသစ်လက်ထက်မှာ လေလံ(၄၇) မျိုးရှိရာ ၂၀၁၅ ခုနှစ်တွင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွေကလို ၎င်းလေလံ ၄၇ မျိုးထဲမှ လှေတင်တံတား လုပ်ငန်း၊ ဆိုင်ကယ်၊စက်ဘီးဝင်ခွင့်လုပ်ငန်း၊ ကားကြီးရပ်နားကွင်းလုပ်ငန်း၊ မန်းချောင်းတွင်း ဘောစီးမျောလုပ်ငန်းများ လေးခုကို ယခင်နှစ်များကလို သီးခြားလေလံချန်မထားတော့ဘဲ လေလံအားလုံး ထင်သာ မြင်သာစွာဖြင့် ပွင့်ပွင့်လင်းလင်း လေလံများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊၂၀၁၅ ဘုရားပွဲ တော်၌ တည်းကျောင်း(ဧည့်ရိပ်သာ)များ နှင့် ဈေးဆိုင်ခန်းများကိုလည်း ၎င်းတို့ဂေါပက အဖွဲ့မှ နေရာချထား ပေးမည်ဟု ဦးမျိုးမြင့်(ဥက္ကဋ္ဌ)မှ ဖြေဆိုသည်။ 


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူမှ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့၏ လုပ်ရပ်များကို ပြည်သူ တွေ၏ ကိုယ်စားစောင့်ကြည့်နေကြောင်း၊ ဂေါပကအဖွဲ့အနေဖြင့် မြို့နယ်အထောက်အကူပြုအဖွဲ့၊ ရွှေစက်တော် ဘုရားပွဲတော်မှ ဈေးသူဈေးသားကိုယ်စားလှယ်များနှင့်လည်း ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း၊ ဈေးသူ ဈေးသားများနှင့် ဒေသခံများတောင်းဆိုထားသော ရွှေစက်တော်ဘုရားဂေါပကအသစ် ကို ၂၀၁၅နှစ်ရွှေစက်တော် ဘုရားပွဲတော်အမှီ ပြန်လည်ရွေးချယ်ဖွဲ့စည်းနိုင်မည်လား ဟု ဦးအေးသူ ကမေးမြန်းရာ

``ကျွန်တော့်ကို သြ၀ါဒဆရာတော်ကြီးများက အရပ်သားဂေါပကအသစ်မှာ နာယက နေရာကို ဆက်လက် ဆောင်ရွက်ပေးဖို့ မိန့်ကြားလို့ ဆောင်ရွက်ပေးတာဖြစ်တယ်၊ ကျွန်တော် ဂေါပက ဥက္ကဋ္ဌ နေရာစတင် ဆောင်ရွက် စဉ်က ဘုရားဘဏ္ဍာတော် ငွေကျပ်သိန်းပေါင်း ခုထောင်သာရှိရာက ယခု အရပ်သားဂေါပအဖွဲ့ကို လွှဲပေးခဲ့တာ သိန်းပေါင်း သုံးသောင်းကျော်ရှိနေပါပြီ၊  ရွှေစက်တော်ဘုရားဂေါပကအသစ် ကို ရွှေစက်တော် ဘုရားပွဲတော်အမှီ ပြန်လည်ရွေးချယ်ဖွဲ့စည်းနိုင်ဖို့က ဖြစ်နိုင်မယ်မထင်ပါဘူး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေးဆွဲနေတဲ့ ဂေါပက ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေနဲ့ ဂေါပကရွေးချယ်ရေးကော်မရှင်များ ဖွဲ့စည်း ရေးဆွဲပြီးရင် ပြန်လည် အသစ် ရွေးချယ်ပေးမှာပါ၊ ၂၀၁၅ ရွှေစက်တော်ဘုရားပွဲတော်အမှီ ဂေါပကအသစ် ပြန်လည်ရွေးချယ်ဖြစ်/ မဖြစ်က အဲဒီအပေါ်မှာ မူတည်ပါတယ်။´´ ဟု ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ နာယက ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် က၎င်းပွဲတွင် ဖြေကြားသည်။

ရွှေစက်တော်ဘုရားဂေါပကအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းပေးရန်အတွက် ၂၀၁၄၊ စက်တင်ဘာ ၂၉ ရက်ကလည်း  နယ်လှည့်ဈေးသည်များ၊ ဒေသခံဈေးသည်များ စုပေါင်းလက်မှတ်ထိုး၍  သာသာနာရေးဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ လက်မှတ်ထိုးတောင်းဆိုထားကြောင်း၊ ၂၀၁၅ ခုနှစ် ရွှေစက်တော်ဘုရား ပွဲတော်မတိုင်မီ အရပ်သားဂေါပကအဖွဲ့သစ်ကို ရွေးချယ်မပေးလျှင် နယ်လှည့်ဈေးသည်များ၊ ဒေသခံဈေးသည်များ မှ စုပေါင်း ဆန္ဒဖော်ထုတ်သွားမည်ဟု စကုမြို့ဒေသခံ ဦးနေမျိုးကျော် က မြေလတ်မီဒီယာ သို့ပြော၍ သတင်းဖော်ပြ ခဲ့ပြီးသည်။

ဝိုင်းကြည်အောင်

မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

09-974830314


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 



 

0 comments: