၂၈-၈-၂၀၁၄ နေ့က မကွေးသို့လာကြသော
ယူနတီဂျာနယ်သတင်းထောက်များ၏ ရှေ့နေများနှင့်
မိသားစုဓာတ်ပုံများကို ပြန်လည်ဖော်ပြထားပါသည်။
မကွေး၊ အောက်တိုဘာ
၂ ရက်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ပြင်ဆင်မှုအမှတ်
၅၉/၂၀၁၄
ယူနတီဂျာနယ် အမှုဆောင် အရာရှိ(CEO) ဦးတင်ဆန်းနှင့် ပြင်ဆင်မှုအမှတ်
၅၈/၂၀၁၄ ဖြင့် သတင်းထောက် စည်သူစိုးပါ ၄ ဦးတို့ကို ပြီးခဲ့သော သြဂုတ် ၂၈
ရက်နေ့တွင် နှစ်ဘက်လျှောက်လဲချက်ပေးခဲ့ကြောင်း၊ ၎င်း အမှုများကို ၂၀၁၄
အောက်တိုဘာ ၂ ရက်နေ့၊ နံနက်
၁၀နာရီအချိန်ခန့်တွင်မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ပြင်ဆင်ချက်
အမိန့်ချကြောင်း မဇ္ဈိမ ကသတင်းရသည်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်
ယူနတီဂျာနယ် အမှုဆောင် အရာရှိ(CEO) ဦးတင်ဆန်းနှင့် ပြင်ဆင်မှုအမှတ်
၅၈/၂၀၁၄ ဖြင့် သတင်းထောက် စည်သူစိုးပါ ၄ ဦးတို့ကို ပြီးခဲ့သော သြဂုတ် ၂၈
ရက်နေ့တွင် နှစ်ဘက်လျှောက်လဲချက်ပေးခဲ့ကြော
အောက်တိုဘာ ၂ ရက်နေ့၊ နံနက်
၁၀နာရီအချိန်ခန့်တွင်မကွေးတိုင်
အမိန့်ချကြောင်း မဇ္ဈိမ ကသတင်းရသည်။
ယူနတီဂျာနယ် အမှုဆောင် အရာရှိ(CEO) ဦးတင်ဆန်းနှင့် သတင်းထောက်
ကိုလူမော်နိုင်(ခ)လူမော် တို့ နှစ်ဦးအား မြန်မာနိုင်ငံ ၁၉၂၃ ခုနှစ်၊
မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေ ၃ (၁) (က)/၉ ဖြင့် ထောင်ဒဏ် ၁၀ နှစ်
အစား အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ကြောင်း၊ မြန်မာနိုင်ငံ
၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေ ၃ (၁) (က) ဖြင့်
သတင်းထောက် ကိုစည်သူစိုး၊ ကိုရာဇာဦး နှင့် ကိုပိုင်သက်ကျော် တို့
သုံးဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်အစား၊ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်စီ
အမိန့်ချမှတ်လိုက်ကြောင်း၊ မကွေးတိုင်းဒေသ ကြီးတရားလွှတ်တော်ရုံး မှ
အတည်ပြုချက် သတင်းရရှိသည်။
``လျော့ပေးတာကိုတော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လျော့ပေးတာက
နည်းနေပါသေးတယ်၊ ၃ နှစ်အစား ၇နှစ်လျော့ပေးမယ်လို့ မျှော်လင့်ထားတာပါ၊
ကွင်းလုံးကျွတ် လွတ်ဖို့ကို မပြောလိုပါဘူး၊ ဒီအစိုးရက အကြောက်
တရားကများနေတော့ မီဒီယာကို ဖိနှိပ်ထားအုံးမယ်ထင်ပါတယ်၊ ထပ်မံအယူခံကိစ္စ
ကျွန်တော့ အမှုသည် ဦးတင်ဆန်းနဲ့ ဒီနေ့ညနေ တွေ့ပါ့မယ်၊
သူနဲ့တိုင်ပင်ပြီးရင် ဒုတိယအကြိမ် နေပြည်တော်ကို အယူခံဝင်ဖြစ်၊ မ၀င်ဖြစ်
အကြောင်းပြန်ပေး ပါ့မယ်။´´ ဟု ဦးတင်ဆန်း၏ အကျိုးတော်ဆောင်
တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment