``ဆီဘောက်ဆာကားဖြင့် ပုသိမ်- မုံရွာ လမ်းမကြီးတွင် တမလန်းသစ်မာ(၃)တန်ကျော်ခန့် ဖမ်းဆီးရမိ´´

အမှားပြင်ဆင်ချက် ။ ။ ဆီဘောက်ဆာကားအတွင်းမှ သစ်တန် သုံးတန်ခွဲခန့် ဖြစ်ပါသည်။ မင်းဘူးမြို့နယ်သစ်တောဦးစီးမှူးရုံးမှ ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထပ်မံ၍ ပြန်လည်ဖော်ပြပေးပါသည်။
(စာဖတ်သူများအား  အနူးအညွှတ်တောင်းပန်အပ်ပါသည်။)
သတင်းတာဝန်ခံ

မင်းဘူး၊ အောက်တိုဘာ ၉ ။
          မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့နယ်တရားရုံးတွင် မင်းဘူးမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးလှဌေး မှ တရားလိုပြုလုပ်၍ တရားခံ ကိုတင်မိုးအောင်(ဆီဘောက်ဆာကားစပယ်ယာ) ကို အောက်တိုဘာ ၉ ရက်၊ ပြစ်မှုကြီးအမှတ် ၇၅၁/၂၀၁၄ ၊ မင်းဘူးမြို့နယ်တရားရုံးသို့ သစ်တောဥပဒေပုဒ်မ ၄၂-ခ ဖြင့် ဦးတိုက်လျှောက်ထား  တရားစွဲဆိုကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

``ဒီဆီဘောက်ဆာထဲက သစ်တွေကို ဘောက်ဆာရဲ့နောက်အဖုံးဖွင့်ပြီး ထုတ်ရပါတယ်၊ တမလန်းသား တန် သုံးတန်ခွဲခန့်ဖမ်းမိပါ တယ်၊ ဆီဘောက်ဆာကား ဒရိုင်ဘာက ထွက်ပြေးသွားလို့ ကျန်ခဲ့တဲ့ စပယ်ယာကို တရားခံလုပ်ပြီး မင်းဘူး မြို့နယ်သစ်တောဦးစီးမှူး ဦးလှဌေး ကတရားလိုလုပ်ပြီး သစ်တောဥပဒေပုဒ်မ ၄၂-ခ နဲ့ ဒီနေ့ဘဲ မြို့နယ် တရားရုံးသို့ ဆီဘောက်ဆာကားနဲ့ တရားခံကို တရားစွဲတင်လိုက်ပါပြီ´´။ဟု အမည်မဖော်လိုသူ သစ်တောရုံးမှ ၀န်ထမ်းတစ်ဦးက အောက်တိုဘာ ၉ရက်နေ့က မဇ္ဈိမ ကိုပြောသည်။

          အမှုဖြစ်စဉ်အကျဉ်းမှာ အောက်တိုဘာ ၆ ရက်နေ့တွင် ပုသိမ်- မုံရွာကားလမ်းမကြီး မင်းဘူး(စကု) မျြိ့နယ်အတွင်း၌ ၂ဂ/...... ဆယ်ဘီးကား၊ ဆီဂါလံ ၃၂၀၀ဆန့် ဆီဘောက်ဆာအတွင်းမှ တမလန်းအမျိုးအစား သစ်မာတန် သုံးတန်ခွဲခန့် ဖမ်းဆီးရမိကြောင်း၊ ၎င်း ဆီဘောက်ဆာကားကို အောက်တိုဘာ ၇ ရက်နေ့တွင် ကျောက်တန်းရွာ သစ်တောပျိုးဥယာဉ်သို့ မင်းဘူးမြို့နယ်သစ်တောဦးစီးဌာန မှ ခေတ္တသိမ်းဆည်းစစ်ဆေးပြီး အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုခဲ့ ကြောင်း၊ မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၇၅၁/၂၀၁၄ ၊ ဖြင့်လက်ခံထားသော်လည်း ပြစ်မှုပုဒ်မကိုမှု မြို့နယ်ဥပဒေအကြံပေးထံတင်ပြထားကြောင်း၊ မြို့နယ်တရားရုံးမှ စာရေးက မဇ္ဈိမကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: