`` ယာမြေများ အသိမ်းဆည်းခံရသော မကွေးမြို့နယ်အတွင်းရှိ၊ တောင်သူများမှ ငိုယိုပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ထံ တင်ပြတွေ့ဆုံ´´ ( ခေတ်မီတိုးတက်သော မကွေးလေယာဉ်ကွင်းအသစ်ဟု နိုင်ငံတကာသို့ ဖော်ရှိုးဖွင့်ပွဲမှာ တောင်သူတွေငိုကျရ)



မကွေး၊ အောက်တိုဘာ ၁၄ ရက် ။
         
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာတွင် အောက်တိုဘာ ၁၄ ၊ နံနက် ၉း မှ ၁၁း နာရီအချိန်ခန့်အထိ ကျေးရွာပေါင်း နှစ်ဆယ် မှ တောင်သူ နှစ်ရာကျော်တို့၏ မြေဧကပေါင်း ငါးထောင်ကျော်ခန့်ကို မကွေး-နတ်မောက် မီးရထားလမ်း၊ ရေနံချောင်း- ရန်ကုန်  ဓာတ်ငွေ့ပိုက်လိုင်း(MOGE) နှင့်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော မကွေးလေ ယာဉ်ကွင်းအသစ်၊ လေတပ်ဌာနချုပ် မြေယာများကို လျှော်ကြေးမရဘဲ အနိုင်ကျင့်အသိမ်းဆည်းခံခဲ့ရသော တောင်သူကိုယ်စား လှယ်(၉)ဦးတို့ နှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တွေ့ဆုံ ဆွေးနွေးပွဲပြု လုပ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါ မြေယာသိမ်းအမှုကိစ္စများအတွက် တောင်သူအင်အား ၂၀၀ ကျော်ခန့်ဖြင့် ၂၀၁၄ မေလ(၂၁)ရက် နေ့တွင် ကြာကန်ရွာ၌ ကိုဇော်မင်းထိုက် ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ပြီးကြောင်း၊ ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် ၎င်းတောင်သူများဖြင့် မကွေးမြို့ပေါ်သို့ စုပေါင်းချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ယနေ့အထိ လျှော်ကြေးမရရှိ သေးကြောင်း ကြာကန်ရွာတောင်သူ ကိုဇော်မင်းထိုက်က ၎င်း ပွဲတွင်ပြောသည်။


``လေယာဉ်ကွင်းနဲ့ လေတပ်ဌာနချုပ်(မကွေး) စစ်တပ်က ယာမြေဧကပေါင်း(၈၉၇)ဧကကျော် သိမ်းထားတယ်၊ ကျွန်တော်တို့ ဒဟတ်ကန်ရွာရဲ့အရှေ့၊တောင်၊ အနောက်ဘက် မျက်နှာသုံးဘက်ကိုလည်း စစ်တပ်က သံဆူးကြိုး တွေ ခပ်ပြီးပိတ်ထားတယ်၊ မြောက်ဘက်ထွက်ပေါက်တစ်ဘက်ပဲရှိတယ်၊ ရွာက သင်းချိုင်းမြေကိုလည်း အသိမ်း ခံရလို့ အခြားမြေလွှတ် နေရာလေးတစ်ခုကို ရွားသားတွေငွေစုဝယ်ပြီး သင်းချိုင်းလုပ်ထားရတယ်၊ မြေကကျဉ်းနေ တော့ အုတ်ဂူမတည်ရဘူး၊ နောက်အလောင်းရောက်လာရင် ယခင်က မြူပ်ထားတဲ့ အလောင်းကို ဖော်ပြီး မြေမြူပ် နေတဲ့ အထိ ဒုက္ခရောက် နေကြပါတယ်။´´ဟု ဒဟတ်ကန်ရွာသား ကိုမင်းမင်း က ၎င်းပွဲတွင်ပြောသည်။


``ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် မကွေးလေယာဉ်ကွင်းအသစ်ကြီးတည်ဆောက်ဖို့ဆိုပြီး တပ်မတော်မပေါ်ခင် ၁၉၄၂ ကာလ မတိုင်ခင်က ကျွန်တော်တို့ဘိုးဘွားပိုင် ယာမြေကောင်းတွေကို စစ်အစိုးရကသိမ်းတယ်၊  ယခု အဲဒီ လေယာဉ်ကွင်းသစ်ကြီးက ပြည်သူများအတွက် ခရီးသည်တင်လေယာဉ်မပြေှးဆွဲနိုင်ဘဲ စစ်လေတပ်စခန်းအဖြစ် သာ အသုံးချထားတယ်၊ နိုင်ငံတကာကို ကြွားတဲ့နေနဲ့ အဲဒီ မကွေးလေယာဉ်ကွင်း အသစ်ကြီးကို ဖော်ရှိုးလုပ်ဖွင့်ပြီး အောင်ပွဲခံကျင်းပနေချိန်မှာ ကျွန်တော်တို့ရွာက တောင်သူတွေ မျက်ရည်ကျခဲ့ရပါတယ်ဗျာ..။´´ဟု မြောက်နွားကူး ရွာသား  တောင်သူ ဦးမောင်ကြီး က ၎င်းပွဲ၌ ငို၍ ရင်ဖွင့်သည်။


``မကွေး- နတ်မောက် မီးရထားလမ်းဖောက်မယ်ဆို ကျုပ်တို့ယာမြေတွေကို သိမ်းထားတာ ငါးနှစ်ကျော်ပေါ့၊ တာဘောင်အမြင့်ပေတစ်ရာလောက်ဖို့တယ်၊ ဘေးမှာ ချိုင့်ကျင်းကြီးတွေဖြစ်နေပြီး အဲဒီလမ်းတစ်လျှောက်မှာ ရှားပင်တွေနဲ့ ရှားတောကြီးဖြစ်နေပါပြီ၊ သံလမ်းနဲ့ ဇလီဖားတုံးတွေ ဘာမှဆက်မခင်းနိုင်ပါဘူး၊ စီမံကိန်းရပ်ထားတာ ငါးနှစ်ကျော်ပေါ့၊ တိုင်းပြည်လည်းအကျိုးမရှိဘဲ၊ မီးရထားဌာနက ရွာသားတွေကို မွဲဆေးဖော်ထားခဲ့တာပါ၊ ယနေ့ အထိ ဘာလျော်ကြေးမှလည်း ယခုအထိ တစ်ပြားမှ မပေးပါဘူး။´´ ဟု ညောင်ပင်ရွာသား တောင်သူ ဦးမြင့်ထွန်း က ပြောသည်။


          ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှ မြေယာအသိမ်းဆည်းခံနေရသော တောင်သူများထံသို့ အားပေးတဲ့အနေနဲ့ လာရောက်ပြီး ခွန်အားဆေးတွေပေးခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က လယ်ယာမြေများ သိမ်းဆည်းခြင်း အမှုတွေကို ၂၀၁၄ စက်တင်ဘာလ မကုန်မီ အပြီးဖြေရှင်းရန် အမိန့်ပေးပြောကြားခဲ့ကြောင်း၊ သို့သော် ယနေ့ အထိ အောက်ခြေအစိုးရ၊ တာဝန်ရှိသူတွေက ဆောင်ရွက်မပေးကြောင်း၊ ဂတိမတည်သော အစိုးရကို တောင်သူ လယ်သမားတွေအနေဖြင့် ဥပဒေ မှာ ပြဌာန်းခွင့်ပြုထားတဲ့ တောင်သူလယ်သမား သမဂ္ဂကြီး ဖွဲ့စည်းတည်ထောင်ပြီး၊ ဆက်လက်တောင်းဆိုသွားကြရမည်ဖြစ်ကြောင်း၊ အကြောက်တရားကင်းရှင်းစွာနှင့် ရဲရဲဝန့်ဝန့် ပြတ်ပြတ် သားသား ဖမ်းချင်ရင်လည်း ဖမ်းကြဆိုပြီး တောင်ဆိုကြရမှာဖြစ်ကြောင်း၊ ကောက်ရိုးတစ်မျှင် အား နှင့်မရ၊ ကောက်ရိုးများ   စုပေါင်း ပြီးကျစ်ထားသော ကြိုးများဖြင့် မုန်ယိုနေတဲ့ဆင်ကြီးကိုတောင် ချည်နှောင်း ထားနိုင်သလို ညီညွတ်ပေါင်းစုနိုင်ကြရမယ်၊ စည်းလုံညီညွတ်ခြင်းသည် ကျွန်တော်တို့ ပြည်သူတွေရဲ့အားတွေဖြစ် ပါရမည် ဟု ဦးနေမျိုးဇင် မှ ၎င်းပွဲ တွင်ပြောသည်။ ဆက်လက်၍

``ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အနာဂတ်တွေအတွက် ထုဆစ်ပေးမဲ့ ခေါင်းဆောင်ကောင်းတွေပေါ်ထွန်းလာ အောင် ပြည်သူတွေက၀ိုင်းပြီးတော့ ပုခုံးထမ်းတင်ပေးရမယ်၊ ဘယ်လိုထမ်းတင်မလဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ပြည်သူတွေအားလုံးမှာတာဝန်ရှိတယ်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ မဲပေးခွင့် ရှိရေးအတွက် အားလုံးမှာ အသိတရားတွေရှိဖို့လိုတယ်၊ ပြီးရင် ဘယ်သူ့ရဲ့ချိန်းခြောက်မှုမှ မပါဘဲ၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းကို လွတ်လပ်စွာ မဲပေးဖို့လို ပါတယ်၊ မက်လုံးတွေပြပြီး ငွေငါးသောင်းပေးလို့၊ ငွေချေးလို့၊ အမျိုးတော်လို့ဆိုပြီး မဲပေးခဲ့ရင်တော့ ဗိုလ်ချုပ်ပြောတဲ့ စကားအတိုင်း ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တာနဲ့ တူသွားမယ်နော်။´´ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင် က ၎င်းပွဲ၌ ပြောကြား၍ မြေလတ်မီဒီယာ က သတင်း ရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: