ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ


ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
Buzz

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထူး တပ်ဖွဲ့ဝင်များ စီးနင်း ပစ်ခတ်မှုကြောင့် အယ်လ်ခိုင်းဒါး Al-Quada ခေါင်းဆောင် အိုစမာ ဘင်လာဒင် Osama bin Laden သေဆုံးသည့် သတင်းကို မြန်မာစာပေ စိစစ်ရေးဌာနက အပြည့်အစုံ ဖော်ပြခွင့် ပြုသလို၊ စာဖတ်ပရိသတ် ဝယ်ယူဖတ်ရှုမှု များပြားသည်ဟု ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာများက ပြောသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းကို စိတ်ဝင်တစား ဖတ်ရှုနေသူတဦး။ ဓါတ်ပုံ - မဇ္ဈိမ။

“သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးတွေ အကုန်ရတယ်။ အိုဘားမား ကြေညာချက်တွေရော။ အမေရိကန်တွေ အောင်ပွဲ ခံတာတွေရော ရေးခွင့်ရတယ်။ နိုင်ငံတကာက စိတ်ဝင်စားတာပဲ။ ခုမှ ပိတ်စရာ အကြောင်း မရှိဘူး” ဟု ရန်ကုန်ရှိ ဝါရင့်အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် 7 Days News ဂျာနယ် မျက်နှာဖုံးတွင်လည်း “ဘင်လာဒင် သေပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခွင့် ရခဲ့သည်ဟု ယင်းဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

“ဘင်လာဒင်နဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံး တင်လို့ ရပါတယ်။ ဖြတ်တာ မရှိပါဘူး။ လူတွေလည်း စိတ်ဝင်စားတော့ မျက်နှာဖုံးမှာ ပုံနဲ့ ဘင်လာဒင်သေပြီ ဆိုပြီးတော့ သူ့အချိန်နဲ့ ကွက်တိ၊ တိုင်းမ်လိုင်း သေချာထည့်လို့ ရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း အမေရိကန် သမ္မတ အိုဘားမား၏ ကြေညာချက် “Justice has been done” ဟု ဆိုကာ ရေးသားဖော်ပြခွင့် ရခဲ့သည်။ အထူးသဖြင့် နိုင်ငံတကာ သတင်းဂျာနယ်များလည်း အထူးရောင်းကောင်းသည်ဟု အယ်ဒီတာ တဦးက ဆိုသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းသည် ကမ္ဘာ့နိုင်ငံအနှံ့ သတင်းကြီးအဖြစ် ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ဘင်လာဒင် သေဆုံးသည့် သတင်းကို အထူး စိတ်ဝင်စားနေသည်။

ပြည်တွင်း ဂျာနယ်များတွင် အကြမ်းဖက်သမား ဘင်လာဒင် သေဆုံးသည့် သတင်း အများအပြား ဖော်ပြခွင့် ပေးခြင်းသည် ထူးဆန်းမှု တခုဖြစ်ပြီး၊ လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖော်ပြခွင့်ပေးခြင်း ဖြစ်သည်ဟု ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဗမာပြည်မှာ အကြမ်းဖက် လုပ်ငန်းတွေ ဖြစ်မှာကို စိုးတယ်။ ဒါကို ကြည့်ရင် အစိုးရ အနေနဲ့ သူကျဆုံးသွားတာဟာ အကြမ်းဖက် လုပ်ငန်းကို ဦးဆောင်သူ ကျဆုံးသွားတယ်လို့ သဘောထားပုံရတယ်လို့ ယူဆတယ်။ ဒါကြောင့် ကန့်သတ်တာ မလုပ်ဘဲ ဖွင့်ပေးတာလို့ မြင်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။

“ဘင်လာဒင်ကို အသေဖမ်းနိုင်ခဲ့ရင် မြန်မာပြည်က အာဏာရှင်တွေကိုလည်း ဒီအတိုင်းကြည့်နေတော့မှာလား၊ သုတ်တင်နိုင်မှာလား ဆိုတဲ့ သဘောထားတွေ ရှိနေတယ်။ အစိုးရက အရေးယူဆောင်ရွက်မှုတွေ ရှိတယ်ဆိုတာတွေ ပြောနေတဲ့အချိန်မှာ အခုလိုဖော်ပြခွင့်ရလာတော့ ဒါက လူထုစိတ်ဝင်စားမှု ပိုပြီး မြင့်မားစေတယ်လို့ ပြောလို့ရမယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ဖြစ်ပွားခဲ့သော တူနီးရှား၊ အီဂျစ်၊ လစ်ဗျား အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အာဏာရှင် အစိုးရ ဖြုတ်ချရေး လူထုအုံကြွမှုများနှင့် ပတ်သက်သည့် သတင်းများကိုမူ ဖော်ပြခွင့် ပိတ်ပင်ခဲ့သေးသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းကို နိုင်ငံတဝှန်းရှိ သတင်းစာမျက်နှာပေါ်တွင် အကျယ်တဝန့် ဆက်တိုက် ဖော်ပြနေသော်လည်း မြန်မာအစိုးရသစ်၏ နိုင်ငံပိုင် သတင်းစာတွင်မူ တရုတ်နိုင်ငံ ဆင်ဟွာသတင်းမှာ ကိုးကား၍သာ ဖော်ပြထားသည်။

အမေရိကန် သမ္မတ အိုဘားမားက ဘင်လာဒင်ကို တနင်္လာနေ့က အမေရိကန် စစ်ဆင်ရေးတခုအတွင်း ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ မြောက်ဘက် အဘော့တဘတ်မြို့ ခြံဝင်းတခုတွင် အသေဖမ်းဆီးမိကြောင်း အိမ်ဖြူတော်တွင် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

ဘင်လာဒင်အား အမေရိကန် အစိုးရက အလိုရှိနေရာမှ ၁ဝ နှစ်ကြာတွင် ခြေရာခံ စုံစမ်းခဲ့ပြီးနောက် အသေ ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်သည်။

အမေရိကန်က ဘင်လာဒင်ကို စီးနင်းမှုနှင့် ပတ်သက်၍ ရုပ်ပုံများကို ပြည်သူအများ သိရှိရန် ထုတ်ပြန်သင့်၊ မသင့် စဉ်းစားနေကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေကာနီက သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

တဆင့်ကူးယူဖော်ပြထားပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, May 4, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ
 

0 comments: