``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´
မတ်(၂၀)ရက်နေ့တွင် ကျွန်တော်တို့ မီဒီယာသတင်းသမားများထံ တယ်လီဖုန်းများဖြင့် ဘုရားဖူးလုပ်သားပြည်သူများက မေးမြန်းလာကြပါသည်။ သတင်းသမား တင်ရွှေ(မင်းဘူး) နှင့် သတင်းထောက် မန်းနဂါးတို့ကလည်း သူတို့ထံသို့ ဤသို့ ဖုန်းဆက်မေးမြန်းကြောင်း ယခုည ဖုန်းဆက်ပြောကြား၍ အထူးသတင်းရေးသားလိုက်ရပါ၏။
``ဟလို ဆရာတို့သတင်းသမားတွေ ရွှေစက်တော်ဘုရားပွဲတော်က ထွက်လာတဲ့ သတင်းတွေကို မသိဘူးလား? ။ ရွှေစက်တော်ဘုရားပွဲတော်မှာ ဒီမတ်(၁၉)ရက်ကနေ လကုန်ရက်အတွင်း သဲမုန်းတိုင်းတွေကျမယ်..။ သွေးချောင်းစီး လိမ့်မယ်လို့ ဘုန်းကြီးတစ်ပါးရဲ့အိပ်မက်ကြောင့် ဘုရားဂေါပကအဖွဲ့က ယခု မတ်(၂၇)ရက်နေ့ ပွဲတော်ပိတ်မယ် လို့ ကောလာ ဟလ သတင်းတွေ ပျံ့နေတယ်ဗျ..။ ကျွန်တော့်တို့ ကားပေါ်မှာ ခရီးသည်တွေကလည်း မေးနေကြပါတယ်။ အဲဒါ တစ်ကယ်ဟုတ်ပါသလား..?။´´ ဟု မကွေး-ရွှေစက်တော်ကားလိုင်းမှ စပယ်ယာ ကိုမြတ်စံ မှ ဖုန်းဆက်မေးမြန်းလာပါသည်။
အဆိုပါကိစ္စအား သတင်းထောက် တင်ရွှေ(မင်းဘူး) ကို မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ထံသို့ မော်တော်ဆိုင်ကယ် ဖြင့် ချက်ချင်းသွားရောက်၍ သတင်းယူခိုင်းလိုက်ရသည်။ ထိုကိစ္စအား ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က ရှင်းလင်းဖြေကြားသည်။
`` ဒီကောလာ ဟလ သတင်းတွေက အခြေအမြစ်မရှိပါဘူး။ ဘယ်ဘုန်းကြီးက ဘယ်လိုကစပြီး အိပ်မက်မက်တာလည်း ဆိုတာ စုံးစမ်းကြည့်တော့ ဘယ်သူကမှ တိတိပပ မဖြေနိုင်ကြပါဘူး။ ဒီသတင်းတွေ လုံးဝမဟုတ်ပါဘူး။ လုံးဝ မမှန်ပါဘူးဗျာ။ ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖွင့်ပွဲ ဖေဖော်ဝါရီ(၁၅)ရက်ကနေ ဧပြီ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ နှစ်စဉ်အတိုင်းသာ ကျင်းပသွားမှာပါ။ ယခုကောလာ ဟလသတင်းမှားတွေကို ဆရာတို့ မီဒီယာသမား တွေက အများပြည်သူတွေသိအောင် ၀ိုင်းဝန်းကူညီပေးကြပါဗျာ..။´´ ဟု ရွှေစက်တော်ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က The Ladies သို့ ရှင်းလင်းဖြေကြားသည်။
အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခမ်း(တည်းကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက The Lades သို့ မိန့်ကြားသည်။
Artikel ``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, March 20, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment