``မကွေးတိုင်းဒေသကြီးတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေးသင်တန်းပေး၍ လုံခြုံရေးအသင့်ပြင်ဆင်´´
`` ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေးဆွဲခြင်း ဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် မကွေးတိုင်းဒေသကြီး NLD ပါတီအတွင်းရှိ ခရိုင်(၅)ခုမှ (၄)ခရိုင်တွင် တင်ပြဆွေးနွေးပွဲများကျင်းပပြီး´´
``အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ကြီးမှူးကျင်းပသော အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ) မကွေးမြို့တွင်ပြုလုပ်´´
``မကွေးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေးဆွဲခြင်း ဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် တင်ပြဆွေးနွေးပွဲကျင်းပ´´
မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင်NLD ပါတီမှ မင်းဘူးမြို့သုခမိန်ခမ်းမ တွင် ၂၀၀၈ အခြေခံဥပဒေရေးရာ လူထုဆန္ဒခံယူရေး တင်ပြဆွေးနွေးပွဲကျင်းပ´´
အော
က်တိုဘာ(၂၅)ရက် နေ့(၁း၃၀မှ ၃)နာရီအထိ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ ပြည်တော်သာလမ်း သုခမိန်ခန်းမတွင် မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေး ဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရေးတင်ပြဆွေးနွေးပွဲကို ပါတီဝင်နှင့်ပြည်သူ လူထုအင်အား သုံးထောင်ခန့်ဖြင့် (ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က ဦးဆောင်တင်ပြ ဟောပြော ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် သဘာပတိအဖွဲ့ဝင်များ၊ NLDပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတာ (စလင်း)၊ ဦးကံဦး(စလင်း)၊ ဦးချစ်ထွေး(မကွေး)၊ ဒေါ်ခင်စောဌေး (ရေနံချောင်း)၊ ဦးအေးမြင့်(အောင်လံ) တို့ကဆောင်ရွက်ကြကြောင်း၊ သဘာပတီ မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ အဖွင့် အပိတ် အမှာစကားပြောကြားကြောင်း၊ NLD(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရေးရာများကို အခြေခံဥပဒေနှင့်ပတ်သက် သော ဥပဒေများအားတင်ပြဆွေးနွေးကြောင်းသတင်းရရှိသည်။ ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)၏ ပြောကြာချက်များနှင့်(ဖွဲ့စည်းပုံအခြေခံဆိုတာ ဘာလဲ)ဆိုသော လက်ကမ်းစာရွက်မှ ကောက်နှုတ်ဖော်ပြပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်မလား သို့မဟုတ် အသစ်ရေးမလား
၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေဖြင့် စစ်မှန်သောပြည်ထောင်စုစနစ်၊ စစ်မှန်သောဒီမိုကရေစီထူထောင်ရန် မဖြစ်နိုင်ကြောင်း၊ အထက်တွင်အသေးစိတ်တင်ပြခဲ့ပါသည်။
ပြင်ဆင်ရေးစဉ်းစားသည့်အခါ ၂၀၁၅ မတိုင်မီ(ရေတို)ပြင်ဆင်ရေးနှင့် ၂၀၁၅ နောက်ပိုင်း(ရေရှည်)ပြင်ဆင် ရေးကိုစဉ်းစားသုံးသပ်ရန်လိုသည်။ ရေတိုပြင်ဆင်ရေးတွင် လတ်တလောပြင်ဆင်ရန်လိုအပ်သော(က) ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဌာန်းချက်များကို မဖြစ်လောက်အောင်တင်းကျပ်ထားခြင်းမှ လက်တွေ့ကျသည့်အထိ လျှော့ချရေး။ (ခ) ၂၀၁၅ ခုရွေးကောက်ပွဲတွင် လွတ်လပ်၍တရားမျှတရေးအတွက် အဟန့်အတားပြဌာန်းချက်များအား ပယ်ဖျက်ရေး။ (ဂ) ရွေးကောက်ပွဲကော်မရှင်ကို မျှတသည့်ကော်မရှင်ဟု အမြင်ကြည်လင်စေရန် ပြင်ဆင်ရေး။ (ဃ)တရားဥပဒေစိုးမိုးရေးသည် ပြည်သူတို့က တရားစီရင်ရေးအပေါ်တွင် ယုံကြည်အားထားမှုအပေါ်မူတည်နေ သဖြင့် အုပ်ချုပ်ရေး၏အရှိန်အစော်မှ ကင်းလွတ်၍ လွတ်လပ်စွာတရားစီရင်စေရန် ဆောင်ရွက်ရေးတို့လိုအပ် ပါသည်။
ဖွဲ့စည်းပုံအခြခံဥပဒေအား အသစ်ရေးဆွဲမည်ဆိုပါက မည်သို့သော အခြေအနေများဖြစ်လာမည်ကို မမျှော်မှန်းနိုင်သော်လည်း ဒီမိုကရေစီနိုင်ငံတော်သို့ ပြည်ထောင်စုစစ်စစ်နိုင်ငံတော်သို့ အချိန်တိုအတွင်း ရောက်သွားနိုင်သကဲ့သို့ နိုင်ငံတော်သည်နောက်ကြောင်းပြန်လှည့်၍ အချိန်လည်းပိုကြာနိုင်ပါသည်။
စဉ်းစားရန်တစ်ချက်မှာ ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်က သဘောတူရန်လိုပါသည်။ တပ်မတော်သဘောမတူပါက ပြင်ဆင်ရန်ခက်ခဲပါမည်။
ပြင်ဆင်ရန်သဘောမတူသော တပ်မတော်သည် အသစ်ရေးဆွဲရေးကို သဘောတူခွင့်ပြုနိုင်သည်ဟု ယူဆခြင်းမှာ လက်တွေ့ကျ မကျစဉ်းစားသင့်ပါသည်။
မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးတို့မှာ ပြည်သူ့တို့ဆန္ဒ အတိုင်းသာ ဖြစ်ပါသည်။ ဟု အဆုံးသပ်ဖော်ပြထားပါသည်။ထို့နောက်
မင်းဘူးခရိုင် NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေး ဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရာ တက်ရောက်လာကြသော ပါတီဝင်များနှင့် ပြည်သူလူထု (၃၀၀၀)ခန့်တို့မှ အခြေခံဥပဒေပြင်ဆင်ရေး ကို အများကဆန္ဒပြု၍ သဘာပတိမှ အတည်ပြုကြေငြာပါသည်။
``ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ကြေညာစာတမ်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မကွေးမြို့တွင် ညှိုနှိုင်းပွဲပြုလုပ်´´
``နိုင်ငံခြားသား နှစ်ဦးပါသော ပြည်တော်ကြီးခရီးသည်တင်ကား ရေနံချောင်းမြို့၌ ချောက်ထဲထိုးကျ လူ(၄)ဦးသေ ၎င်းအား သွားရောက်စစ်ဆေးသော မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ကား အပြန် ကံပြားရွာ၌ မှောက် ရဲဘော်(၁)ဦးသေ´´
အောက်တိုဘာ(၂၂)ရက် နံနက်(၃း၁၅)နာရီအချိန်ခန့်တွင် ပြည် မှ ပခုက္ကူမြို့သို့ ပြေးဆွဲသော ပြည်တော်ကြီး ခရီးသည်တင်ကား ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်မောင်းလာသော ယာဉ်အမှတ် (၁ဂ/၃၄၀၁) ရေနံချောင်းမြို့သို့ရောက်ကြောင်း၊ ရေနံချောင်းမြို့ သစ်တစ်ပွေရပ်၊ (ရန်ကုန်- မန္တလေးလမ်း) ကွေ့ပတ်၍တောင်တက်လမ်း မိုင်တိုင် ၃၆၀ အနီးအရောက်တွင် ယာဘက်ချောက်ထဲသို့ ထိုးကျ၍ ကားမှောက် သွားကြောင်း၊ ၎င်း ကားတိမ်းမှောက်၍ စီးနင်းလိုက်ပါလာသူ မမြင့်မြင့်သူ(၁၄)နှစ်၊(ဘ) ဦးသန်းဆောင်၊ အင်ပင်ဂုန်းညှင်းတန်းရပ်၊ မြန်အောင်မြို့။ မခင်အေးကြူ(၄၀)နှစ်၊(ဘ)ဦးစိန်လှ၊ မေတ္တာဈေးတန်း ပခုက္ကူမြို့။ အမျိုးသမီးတစ်ဦး(အမည် နေရပ် စစ်ဆေးဆဲ) နှင့် ကိုဝင်းလှိုင် ကမ္မရပ် ပခုက္ကူမြို့ များတို့မှ ၎င်းနေရာတွင် သေဆုံးသူ(၄)ဦးရှိကြောင်း၊ ဒေါ်ခင်လှ(၇၂)နှစ် (ဘ)ဦးအံ၊ မေတ္တာဈေးတန်းရပ် နေသူ နှင့် အခြားခရီသည် (၁၁)ဦးတို့သည် ပွန်းပဲ့ဒဏ်ရာများရ(မစိုးရိမ်ရ)ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရ သည်။အဆိုပါ ယာဉ်ချောက်ထဲကျ တိမ်းမှောက်မှုကို ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်အား ရေနံချောင်းမြို့ ညောင်လှ ရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)/၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
အဆိုပါချောက်ထဲသို့ထိုးကျသော ပြည်တော်ကြီးခရီသည်တင်ကားတွင် သေကံမရောက် သက်မပျောက် ဘဲ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်ခဲ့သော နိုင်ငံခြားသား နှစ်ဦးလိုက်ပါလာ ကြောင်းသိရ၏။ ၎င်းတို့မှာ ပြင်သစ်နိုင်ငံသား Mr.Chrislophe Brun (PP No.13 AY39477, Visa No. B22262) ပါ နှစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါ ယာဉ်ချောက်ထဲကျ၍ကားတိမ်းမှောက်မှုအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ငြိမ်း၏ ကားယာဉ်အမှတ် ၇ခ/၁၅၄၉ တိုယိုတာ ဟိုက်လပ် ဒါဘယ်ကပ်ယာဉ် ယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) နှင့်လုံခြုံရေးအဖွဲ့တို့ အခင်းဖြစ်ပွားရာရေနံချောင်းသို့ လာရောက်စစ်ဆေး ကြောင်း၊ စစ်ဆေးပြီး၍ ရေနံချောင်းမှ မကွေးသို့အပြန်လမ်း ကံပြားလမ်းဆုံတွင် ၎င်းနေ့(အောက်တိုဘာ၂၂ရက် နံနက် ၈း၃၀)အချိန်ခန့်မှာ အဆိုပါရဲကား စလစ်ဖြစ်ပြီး ကားတစ်ပတ်လည်သွားကာ လမ်းဘေးရှိ သစ်ပင်ဖြင့် ယာဉ်နောက်ပိုင်းအား ရိုက်မိခဲ့ကြောင်း၊ ထိုအချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့လုံခြုံရေးလိုက်ပါလာသော မော်တော်ယာဉ်၏ နောက်ခန်းမှ ရဲတပ်သား သက်ကိုဦး(၂၁)နှစ် (လ ၂၃၇၆၂၂)အား ယာဉ်သံကိုင်းဖြင့် ဦးခေါင်းဆောင့်မိသွားကြောင်း၊ ၎င်းတပ်သား၏ ယာဘက်ပါးရိုးချိုင့်ဝင်သွားရာ ၀ဲဘက်နားမှာ သွေးထွက်ပြီး မကွေးသင်ကြားရေးဆေးရုံသို့ ပို့ဆောင်ဆောင်စဉ် လမ်း၌ ရဲတပ်သား သက်ကိုဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ လုံခြုံရေးယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) အား မကွေးမြို့နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂၆/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)အရအမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
``88 GSY ပါတီ နှင့် UMFNP ပါတီ (၂)ခု ပူးတွဲ၍ မကွေးတိုင်းဒေသကြီးတွင် (ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်း ဖွင့်ပွဲ´´
ေ
အာက်တိုဘာ(၂၂)ရက် နေ့လည်(၂)နာရီမှ(၃း၃၀)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် အမှတ်(၄၄၆)၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) 88 GSY ပါတီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (UMFNP )ပါတီ နှစ်ခုပူးတွဲ၍ မကွေးတိုင်းဒေသကြီးတွင် (ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ 88 GSY ပါတီ နှင့် UMFNP ပါတီ (၂)ခုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မကွေးမြို့ ရန်ကင်းရပ်ကွက် သုခိတာလမ်းတွင် ၎င်းပါတီအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင် နှင့် ဥက္ကဋ္ဌ ဦးရဲထွန်း တို့ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အရပ်ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၈၅)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မကွေးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံသူ(၂)ဦး အရွေး ချယ်ခံခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း၊ ထိုအချိန်မှ ပါတီရုံးပိတ်ခဲ့ပြီး ယနေ့(ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ရကြောင်း၊
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အရွေးချယ်ခံမည့် ကိုယ်စား လှယ်များနှင့် ပါတီဝင်အင်အားများကို ပြန်လည်စုဆောင်းပြီး 88 GSY ပါတီ နှင့် UMFNP ပါတီ(၂)ခု ၏အောင်နိုင်ရေးကိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအခမ်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (UMFNP)ပါတီ(ဗဟို)ကော်မတီဝင် ဦးတင်ဝမ်းက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြောင်း၊ အဆိုပါပွဲသို့ ပါတီဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) 88 GSY ပါတီ မကွေးတိုင်းဒေသကြီး တိုင်းစည်းရုံးရေးမှူး ဥက္ကဋ္ဌ ဦးအောင်လင်းဦး က ပြောသည်။
``မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့် ထံပေးသောစာ ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ…?
သို့/
ရဲဘော်ကြီး
မင်းသိတဲ့ အောင်လံNLD မှာ….
ရိုက်စား၊ ဖြတ်စား၊ သူတောင်းသားပါတီဝင်တွေရှိတယ်။
မိုးပြော၊ ဂျိုးပြော၊ ရိုက်စား လူလိမ် ဆိုက်က္ကားသမားပါတီဝင်အချို့ရှိတယ်။
မိုးကျ ရွှေကိုယ် ဒီမိုကရေစီအရေခြုံတွေရှိတယ်။
စကားတစ်လုံးကို အများဆုံးဘုံးပြောတတ်သူတွေရှိတယ်။
အောင်လံမြို့ရဲ့ ဂုဏ်ဒြပ်ပြည့်တဲ့ (မစင်စား)…အဲ ပင်စင်စားကြီးတွေရှိတယ်။
လိမ်တတ်၊ ညာတတ်၊ ပညာစုံတတ်တဲ့ (မစင်စား)ကြီးတွေပါတယ်။
ပါတီတွင်းနေရာလု တပြည့်မွေး၊ ဆရာကြီးတွေရှိတယ်။
ဘာမျှမသိတဲ့ ဟောင်ခွေး ယောင်ခွေး နောက်လိုက်ခွေးတွေရှိတယ်။
ဟို့ကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်တဲ့ အချောင်သမားခရိုနီတွေရှိတယ်။
ဇီးရိုးပရောင်းပါဆိုပြီး ဥက္ကဋ္ဌနေရာ ပါတီဝင်ထုမဲမရွေးဘဲ ပြောင်နေရာယူသူတွေရှိတယ်။
ပါတီတောင်မ၀င်ရသေး ပါတီဝင်ကော်မတီလူကြီး ဗြောင်ဝင်လုပ်တယ်။
တစ်သက်လုံး စက်ရုံ ဆေးရုံ၊ အမွေဆိုင်အဖေပိုင်၊ လုပ်စားသူတွေမြင်ရမယ်။
နေရာရရေးအတွက် ဟန်ပြစပွန်စာ စပေါ့ရိုက် နေရာလုထားသူတွေရှိတယ်။
NLD ပါတီဟာ စီးပွားရေးနေရာကောင်း ဖြတ်လမ်းလိုက်အာဏာမက်သူတွေမြင်ရမယ်။
မြင့်- သုံးမြင့်ဟုနာမည်ကြီး လိမ်ညာတတ်သူ ပါတီအပိုင်စီး(မစင်စား)ကြီးတွေ့ရမယ်။
ကပ်ခွာ ထွက်ပြေး ကင်းကွာနေရာရရေး ဒီမိုကရေစီဝိုင်းရံသူတွေရှိတယ်။
၂၅၀ တန်မှ ၃၀၀ တန်ဂျာနယ်ဝါးတွေရှိတယ်။
အာဏာရှင်စနစ်ကြွင်း၊ မြင့်သုံးမြင့်တွေကို ဖင်ရက်ဆားဖြူးတွေရှိတယ်။
ငွေကြေးအကုန်ခံ ပိုက်ဆံမတတ်နိုင်သူကို အနိုင်ကျင့်တယ်။
နေရာရဖို့ ညွန့်လှိုင်း၊ အောင်ထူးမြင့်၊ ဆိုက်က္ကားသမားကို ဖာဖားသူတွေရှိတယ်။
ဥက္ကဋ္ဌ နေရာရသူ ဒို့ဖွားအေလင်အမြင်ရှိသူ ခရိုနီတွေရှိတယ်။
ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ထောင်တွင်းနေလို အာသာဖြေပေးတဲ့(ဂမ်းဒူး)ပါတယ်။
ပါတီကိစ္စကို (ကျူရှင်)လောက်မျှအရေးမထားတဲ့ အမတ်လုပ်ချင်သူတွေရှိတယ်။
ကဲ…ရဲဘော်ကြီး ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ။ ။
ဖြန့်ဝေခြင်း။
အောင်လံမြို့နယ်အတွင်းရှိ
NLD ပါတီရုံးတိုင်းသို့…..။
အထက်ပါစာပါ(အာဘော်အတိုင်း) မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်(အောင်လံ)ထံမှ ရယူ၍ သတင်းရေးသားတင်ပြပါသည်။
``မကွေးမြို့တွင် လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲရှိ စပါးအုံးမွေကြီးဖမ်းဆီးရရှိ´´
အောက်တိုဘာ(၁၄)ရက် နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု အလယ်ချောင်းရွာ ထင်းပုံထဲမှ လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲ၊ ပိဿာချိန်(၇)ပိဿာခန့်ရှိ စပါးအုံးမွေကြီး တစ်ကောင်ကို ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
အဆိုပါမွေကြီးကို အလယ်ချောင်းကျေးရွာ ဒေါ်ငွေလှိုင်နေအိမ်နှင့် ကိုနိုင်ဝင်းထိုက်တို့၏ နေအိမ်ကြားက ထင်းပုံကြားမှ အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၇)နာရီတွင်စတင်၍တွေ့ရှိကြောင်း၊ ၎င်းမွေကြီးကို ကိုနိုင်ဝင်းထိုက်နှင့် တရွာတည်းနေသူများ ကိုစိုးဝင်းအောင်၊ကိုအောင်ထွေး၊ ကိုတင်လင်းတို့ဖြင့် ၀ိုင်းဝန်းဖမ်းဆီးရာ အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အရှင်ဖမ်းမိခဲ့ကြောင်း၊ အဆိုပါမွေကြီးအား အသက်ရှင်ချမ်းသာ စွာနေနိုင်ရေးအတွက် အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အလယ်ချောင်းရွာသားများမှ ဂျစ်ကား ဖြင့်တင်ဆောင်ပြီး မင်းဘူးမြို့ နဂါးပွက်တောင်တွင် သီတင်းသုံးတော်မှုသော ဆရာတော်ဦးစန္ဒိမာထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ နဂါးပွက်တောင်၊ နတ်နန်းအနီးတွင် (ယခင်ကလှူဒါန်း၍ မွေးမြူထားသော) စပါးအုံးမွေ စပါးကြီးမွေများအဖော်ရှိကြောင်း၊ ၎င်းတောင်သည် မွေနဂါးများပျော်မွှေရာဒေသဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
``မကွေးမြို့ မြသလွန်စေတီတော် (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပြီ´´
``၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်းကို မကွေးမြို့တွင် မြို့နယ်(လ.၀.က)ဦးစီးမှူးနှင့် အဖွဲ့ မှ ပြည်သူလူထုသို့ လှည့်လှယ်ဟောပြော´´
``ကလေးသူငယ်တွေ့ဆုံပွဲ မကွေးမြို့တွင်ကျင်းပ´´
``မကွေးတိုင်း NLD ပါတီ ခရိုင်(၅)ခု နှင့်(၂၅)မြို့နယ်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူရန် ဟောပြောပွဲများ (မပျက်မကွက်) ကျင်းပရန် စီစဉ်ပြီး´´
အောက်တိုဘာ(၁၁)ရက် နံနက်(၉)နာရီ မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံးလမ်း မင်းဘူးမြို့နယ် NLD ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင်/ခရိုင်တွင်းမြို့နယ် ပါတီတာဝန်ရှိသူများ (၂၀)ဦးခန့်ဖြင့် ကြိုတင်ညှိုနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားများကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ NLD (ဗဟို) အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုတွင် NLD (ဗဟို) အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်း၍ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲ များကျင်းပရေးကော်မတီဝင်(၇)ဦးတို့နှင့် လှည့်လှယ်ဟောပြောမည်ဖြစ်ကြောင်း၊ အောက်တိုဘာ(၂၅) ရက်နေ့တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ အောက်တိုဘာ(၂၆)ရက်နေ့တွင် မကွေးခရိုင် မကွေးမြို့၊ အောက်တိုဘာ(၂၇) ရက်နေ့တွင် သရက်ခရိုင် သရက်မြို့၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် ပခုက္ကူခရိုင် ပခုက္ကူမြို့ နှင့် ဂန့်ဂေါ်ခရိုင်သို့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေရ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနား များကို သတ်မှတ်ထားသောရက်များတွင် မပျက်မကွက် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အစိုးရများနှင့် တရားဝင်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ထားကြောင်း၊ သက်ဆိုင်ရာဒေသ ဟောပြောပွဲများသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လူထုအများစုပါဝင်လာနိုင်ကြအောင် ကျင်းပမည့်ခန်းမ နေရာ၊ အချိန်များသိရှိအောင် ဖိတ်စာ များဖိတ်ကြားခြင်း၊ ခရိုင်/မြို့နယ်လူထုဆန္ဒခံယူရန် ဟောပြောပွဲများဖြစ်မြောက်ရေးကော်မတီများမှ လှည့်လှယ် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းတွင်းရှိ (၂၅)မြို့နယ်များမှာ(မူလက နိုဝင်ဘာလကုန် အထိသတ်မှတ်ထားသော်လည်း) ရှေ့တိုး၍ နိုဝင်ဘာ(၁၀)ရက်အတွင်းမှာ (မပျက်မကွက်)အားလုံးပြီးစီးအောင် ကျင်းပသွားရန်စီစဉ်ထားကြောင်း၊ ၎င်းလူထုဟောပြောပွဲများတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ် ပြန်လည်ရေးဆွဲရေးအတွက် ၎င်းဥပဒေများကို အများပြည်သူများနားလည်အောင် ဟောပြောခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက်လာသောလူထုများကိုဆန္ဒပြုရန် လက်မှတ်ရေးထိုးစေခြင်း မပြုလုပ်သေးကြောင်း၊ NLD (ဗဟို)မှ ညွှန်ကြားချက်အရ သီးခြားအစီအစဉ်ဖြင့် လူထုဆန္ဒလက်မှတ်များကို တောင်းခံသွားမှာဖြစ်ပါကြောင်း၊ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ကပြော သည်။
``အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား မကွေးတိုင်းဒေသကြီး တွင်ကျင်းပ´´
``မကွေးမြို့တွင် အမိုးပြိုကျခဲ့သော မြို့တော်ခန်းမကြီးကို ပြန်လည်ပြင်ဆင်ပြီး၍ ဖွင့်ပွဲကျင်းပ´´
Subscribe to:
Comments (Atom)
