မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားပြီး ၊ မိသားစုမဏ္ဍပ်များလျှောက်ထားနိုင်ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်လွင့်က ပြောကြား




ဧပြီ ၇ ။
          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်တွင် ဧပြီလ ၇ ရက်နေ့ထိ မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားကြောင်း၊ မိသားစုမဏ္ဍပ်များ ဆောက်လုပ်လိုလျှင် လျှောက်ထားနိုင်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ပြောသည်။
          ခွင့်ပြုထားသော မကွေးသင်္ကြန်မဏ္ဍပ် ၇ ခုမှာ၊ ရွှေမိုးအင်ဂျင်ဝိုင်မဏ္ဍပ်(တောင်တွင်းကြီးလမ်း)၊ ပါရာဂိုက်မဏ္ဍပ်(ပြည်တော်သလမ်း၊ တိုင်းဆေးရုံမြောက်ဘက်)၊  ဟစ်စထွီမဏ္ဍပ်(ပြည်တော်သာလမ်း၊ အမက ၁၀ ကျောင်းမြောက်ဘက်)၊ ရကက မဏ္ဍပ်(ပြည်တော်သာလမ်း၊ ယခင်မထသရုံးရှေ့)၊  နိုင်းပလပ်စ် မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း)၊ အင်ပေါ့တန်စ်မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း) နှင့် ရတနာထွန်းမဏ္ဍပ်(မဲထီးလမ်း) တို့ကို ဧပြီ ၇ ရက်နေ့အထိ ခွင့်ပြုထားပြီးကြောင်း၊ မိသားစု မဏ္ဍပ်များ(မိမိဆိုင်ရှေ့၊ အိမ်ရှေ့များ)တွင် သင်္ကြန်မဏ္ဍပ်ဆောက်လိုလျှင် ထပ်မံလျှောက်ထားနိုင် ကြောင်း၊ သတ်မှတ်စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ဆက်လက်ပြောကြားသည်။
ဝိုင်းကြည်အောင်
 

0 comments: