*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*
အရှင်ပုညာနန္ဒ

ဒီဗောဇ္ဈင် (၄) ပါးကို အခုပြောတဲ့ အတိုင်း အသိမှန် အမြင်မှန် ရလိုက်ရင် ဗောဇ္ဈင် (၇) ပါးထဲက အရေး ကြီးတဲ့ အလုပ်ဗောဇ္ဈင် (၄) ပါး ယောဂီတို့မှာ ပြည့်သွားပြီ။ ပြည့်စုံမှုရဲ့ အမြင်ဉာဏ် စင်ကြယ်မှု အားကောင်း မကောင်းကို၊ မှန် မမှန်ကို အခု သင်ပေးတဲ့အတိုင်း ငါကိုက်ညီပြီဟု ဆုံးဖြတ်ချက်ချတဲ့ ယောဂီများ ဒီတိုင်းတော့ မရသေးဘူး။ ကျန်သေးတဲ့ ဗောဇ္ဈင် (၃) ပါးနဲ့ ညှိရဦးမယ်။ ဒီ ဗောဇ္ဈင် (၃) ပါး ကိုယ့်သန္တာန်မှာ ပြလာရင် မှန်ပြီ။ မပြသေးရင် လိုနေသေးတယ်။ ဘယ်နေရာ လိုတယ်ဆိုတာ လေးကို သူ့သဘောနဲ့သူ ရှင်းပေးထားတဲ့ အတွက် အမြင်ဉာဏ် ရောက်ဖို့အတွက် လိုနေရင် အမြင်ဉာဏ်ရအောင် ကြိုးစားပါ။ လုံ့လ၀ီရိယ လိုနေသေးရင် ၀ီရိယ စိုက်ပါ။ တည်ငြိမ်မှု လိုနေသေးရင်လည်းပဲ တည်ငြိမ်မှုအတွက် ကြိုးစားပါ။ လွတ်နေသေးရင် လည်းပဲ သတိလေးကို ပြန်ပြီး အားကောင်းလာအောင်၊ တည်ငြိမ်အောင် ကြိုးစားပါ။ အဲဒီလို ကြိုးစားလို့များ ပြည့်စုံသွား ရင် စတင်ပြီးတော့ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်လာနိုင်တာက အရှုခံနှင့် အရှုဉာဏ်ကို ကောင်းစွာ တည့်ပြီးတော့ တည်ငြိမ်အေးချမ်းစွာ ကြည့်နိုင်တဲ့ ယောဂီတို့ရဲ့ သန္တာန် ကိလေသာတွေက စင်ကြယ်လာတဲ့ အတွက် အားရ နှစ်သက်နေတဲ့ ပီတိ စဖြစ်ပါတယ်။

စပေါ်လာတဲ့ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလိုက်တာနဲ့ မိမိတို့မှာ သိသာတဲ့ အားအနည်းဆုံး ခုဒ္ဒကာပီတိ က ပေါ်တယ်နော်။ ကြက်သီး မွေးညင်းလေးတွေ ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်လာတာ၊ ဒါလေးဟာ အလွန်ကိုပဲ မြန်ဆန်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အားအနည်းဆုံး ဖြစ်လို့ သိတဲ့ပုဂ္ဂိုလ် ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိတာပဲ။ ဒီတော့ ပိုပြီးတော့ အမြင်အားကောင်းအောင် ဆက်ပြီးတော့ (၄) ပါးကို ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ဟာ စွမ်းအားလည်း မြင့်လာရော သူ့ထက်ပိုပြီး ထင်ရှား အားကောင်းတဲ့ ပီတိ နောက်တစ်မျိုး ခဏိကာပီတိ ပေါ်လာပြီ။ အဲဒီကျတော့ ကြက်သီးမွေးညင်း ထတာလည်းပဲ အနည်းငယ် ကြံ့ကြာလာတယ်။ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာလည်း ထင်ရှား သိသာလာတယ်။

ဒီလို သိသာထင်ရှား ကြံ့ကြာလာတဲ့ အပိုင်းမှာ ဆက်တိုက်ဆက်တိုက် ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်၊ ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်နဲ့ အစဉ်တန်းနေတဲ့ သိသာမှုဟာ တစိုက်မတ်မတ်နဲ့ မပျက်ဘဲနဲ့ ပေါ်နေတာ မဟုတ်ဘူးနော်။ ဒါလေးကိုလည်း သဘော ရှင်းထားပါစေ။ ခိုင်တယ် မြဲတယ်နဲ့ ပေါ်နေတယ်ဆိုရင် သဿတ ဒိဋ္ဌိ က ပြန်တွယ်သွားရင် ဉာဏ်ဘယ်ပေါ်မလဲ။ ကြက်သီးမွေးညင်း အားရနှစ်သက်မှု ထနေတဲ့ အပိုင်းလေးဟာ သိသာ အားကောင်းလာလို့ ဒါကို အနည်းငယ် ကြံ့ကြာပြီး ဖြစ်တယ်လို့ ပြောလိုက်တာ။ ခုဖြစ် ခုပျက်နေတဲ့ သဘောလေးတွေဟာ အစားထိုးပြီးတော့ ပြနေတာဖြစ်လို့ အားကောင်း နှစ်သက်မှုဟာ ထင်ရှားစွာ သိနိုင်တယ်လို့ ပုံဖော်တာပါ။ အဲဒီ ဖြစ်ပေါ်လာတဲ့ ပီတိသည် ခဏိကာပီတိ။ ကြက်သီးမွေးညင်း ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာ၊ လက်ကလေးတွေ ဇက်ကနဲ ဇက်ကနဲ မြှောက်လာတာ ဒါလေးတွေ ဖြစ်တတ်တာပဲ။ ဒီလို ဖြစ်လာတဲ့ အခါမျိုးကျရင် ဘာကြောင့် ဖြစ်တာလဲလို့ အတွေးမချော်နဲ့တော့။ ကိုယ်ရှုနေတဲ့ (၄) ပါးပြည့်စုံရင် ရောက်ကိုရောက်မှာ၊ ရကို ရမှာ။ အဲဒီ သဘောလေးကိုလည်းပဲ အာရုံလေးညွတ်ပြီး အရှုခံပေါ်မှာ အသိဉာဏ်ကိန်းပြီး ဖြစ်ပျက်မြင်အောင်သာ ပြန်ရှုလိုက်ပါ။

ဒီပီတိရရင် ဒီ (၄) မျိုး ပြည့်စုံတယ်ဆိုတာ သေချာသွားပြီ။ အဲဒီကနေပြီးတော့ ဆက်လက်အားထုတ် လာလို့ စွမ်းအား မြင့်လာပြီ၊ ကြိုးစားမှု အရှိန်လည်း ကောင်းလာပြီ၊ အမြင်လည်း သန်လာပြီ ဆိုရင် (၄) မျိုးရဲ့စွမ်းအား ကြီးလာသည့် အတွက် ဒီ့ထက် ပိုအားကောင်း သိသာတဲ့ ပီတိက ဩက္ကန္တိကာ ပီတိ။ မိမိခန္ဓာကိုယ်ဟာ အဲဒီအချိန်ကျတော့ ဒန်းစီးတဲ့အခါ၊ ချားရဟတ် စီးတဲ့အခါ အပေါ်ရောက်သွားပြီး အောက်ကို ပြန်ပြီး ကျလာတဲ့အခါ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်နဲ့ အေးကနဲ စိမ့်ကနဲ ဖြစ်တတ်တယ်နော်။ အဲဒီလို ဖြစ်တဲ့အခါမှာ အပေါ် အမြင့်ကြီးက ပြုတ်ကျလာတာမျိုး လှပ်လှပ် လှပ်လှပ် အေးစိမ့် အေးစိမ့်နဲ့ ဖြစ်သွားတဲ့ သဘောလေးကို ဘာကြောင့်လဲလို့ အတွေး မချော်လိုက်နဲ့။ ကိုယ့်ရဲ့သန္တာန် ပြောခဲ့တဲ့ ဗောဇ္ဈင်တရား (၄) ပါး ကောင်းစွာ ပြည့်စုံရင် ဒီအကျိုးပေး အားကောင်းထင်ရှားတဲ့ ပီတိ ပေါ်ကိုပေါ်မှာပဲ။ အဲဒီ ပေါ်လာတဲ့ ပီတိတရားလည်းပဲ ဖြစ် ပြီးတော့ ပျက်သွားတာပဲ။

ဒါလေးကို ဉာဏ်လေးက ယှဉ်ကြည့်လိုက်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ ဆိုတော့ ဖြစ်ပျက်နဲ့မဂ် ကိုက်ပြီးတော့ အရှုဉာဏ်အောက်မှာ အပျက်သာ ဆုံးသွားရင် တန်ဖိုးရှိတဲ့ အဖြေတစ်ခု ပေါ်သွားပြီ။ ဒါကြောင့် မမေ့မလျော့နဲ့ ကြိုးစားရမယ်။ အဲဒီလိုနဲ့ ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီထက် စွမ်းအားကြီးတဲ့၊ အားကောင်းတဲ့ ဗောဇ္ဈင် (၄) ပါးရဲ့ စွမ်းအားတွေ မြင့်လာတိုင်း မြင့်လာတိုင်း ပိုပြီးတော့ နှစ်သက် အားရစရာ ကောင်းတာက ဥဗ္ဗေကာ ပီတိ လို့ခေါ်တဲ့ နှစ်သက်မှု နောက်တစ်မျိုးဟာ ခန္ဓာကိုယ်ကြီးသည် လှိုင်းစီးနေသလို သိမ့်ကနဲ၊ ငြိမ့်ကနဲ ဖြစ်လာတယ်။ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်၊ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်နဲ့လည်း ဖြစ်တတ်တယ်။ ဟောဒီ ခန္ဓာကိုယ်ကြီးသည် ပေါ့ပါးပြီး လန်းဆန်းကြည်လင်လို့ အပေါ်ကို မြောက်ကြွနေသလိုလည်း ဖြစ်တတ်တယ်။ ဒါတွေသည် ဘာကြောင့် ဖြစ်တာလဲဆိုရင် ပီတိရဲ့သဘော ဗောဇ္ဈင် (၄) ပါး စွမ်းအားကြီးလာလို့ ဖြစ်ပျက်တွေပေါ်မှာ လျင်မြန်စွာ အားကောင်းတဲ့ အမြင်ရလာလို့၊ အဲဒီအမြင် အဲဒီအသိရရင် ပီတိတရားကလည်း အားကောင်းစွာနဲ့ ကြုံကိုကြုံရမယ်။ အဲဒီကနေပြီး ထပ်ဆင့်မြင့်လာတဲ့ ပီတိက ဖရဏာပီတိ။

ဒီအချိန်မှာ ယောဂီသည် အချိန်အတော် ကြာကြာကိုလည်း ထိုင်နိုင်လာတယ်။ ထိုင်နိုင်တဲ့ အလျောက်လည်းပဲ ခန္ဓာကိုယ်မှာ ချမ်းချမ်းသာသာနဲ့ ကြုံရတယ်။ ဆီတွေ အထပ်ထပ် စိမ်ထားတဲ့ ဂွမ်းကြီးလိုပဲ အိစက် ညက်ညောပြီးတော့ နေရတာကို အလွန်ချမ်းသာ နေတယ်။ အချိန် တော်တော်ကြာကြာကို ထိုင်ပြီးတော့လည်းပဲ မိမိရဲ့ ခန္ဓာကိုယ်ရဲ့ ညှင်းဆဲနှိပ်စက်မှု ဒုက္ခဆင်းရဲတွေဟာ ဆင်းရဲဒုက္ခပေးလောက်တဲ့ နာကျင်နှိပ်စက်မှုတွေ ကင်းပျောက်ပြီး နေရထိုင်ရတာကိုက အင်မတန် ချမ်းသာပြီးတော့ ငြိမ့်နေတယ်။ အချိန် ကြာကြာကိုလည်းပဲ ဣရိယာပုတ်ကို ခိုင်ခံ့စွာနဲ့ ငြိမ်းချမ်းစွာ နေနိုင်တယ်။ အဲဒီလို နေနိုင်တဲ့ အခိုက်လေးသည် တရားအပေါ်မှာ ဒီအဆင့်ကိုရောက်တဲ့ ယောဂီတိုင်း တရားကို အင်မတန် နှစ်သက်သွားပြီ။ တရားအပေါ်မှာ အင်မတန်လိုလားတဲ့ အားတွေ ကောင်းသွားပြီ။ တရားကို အင်မတန် စွဲမြဲသွားပြီ။

အဲဒီလောက် ပီတိတရားလေး ကိန်းရင်တောင်မှ ဒီလိုအနေအထားကို ရတယ်ဆိုတော့.. အော် ဗောဇ္ဈင် တရားသည် တယ်စွမ်းအား ကြီးပါလား။ အဲဒီလို ဖြစ်နေတဲ့ အခိုက်မှာ ကိုယ့်ရဲ့ ကြီးကျယ်စွာ နှိပ်စက်ပါတယ် ဆိုတဲ့ အနာရောဂါတွေ မှန်သမျှ လာပြီးတော့ ဒုက္ခမပေးတော့ဘူး။ ဒီအချိန်အခါမှာ အေးငြိမ်းပြီးတော့ နေရထိုင်ရတာကိုက အင်မတန် ချမ်းသာသွားပြီ။ အဲဒီလို နောက်မဆုတ်ဘဲ ကြိုးစားလာတဲ့ ယောဂီမှာ ဒီ့ထက်ပိုပြီး ငြိမ်းချမ်း၊ ဒီ့ထက်ပိုပြီး အားကောင်း၊ ဒီ့ထက်ပိုပြီး နှစ်သက်မှုတွေနဲ့ အလွန်ကိုပဲ ချမ်းမြေ့စရာကောင်း တဲ့ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဆိုတဲ့ အကျိုးတစ်မျိုးကို ထပ်ဆင့် ရပါလိမ့်မယ်။

အဲဒီလို ရလာတဲ့ယောဂီမှာ ကိုယ့်ရဲ့သန္တာန်မှာ နဂိုတုန်းက လောဘမီး၊ ဒေါသမီး၊ မောဟမီး အစရှိတဲ့ မီးတွေဟာ အချိန်တိုင်း လောင်မြိုက်နေလို့ မငြိမ်းချမ်းလောက် အောင်ကို ပူလောင်ခဲ့ရပါတယ်။ အဲဒီ ပူလောင်နေတဲ့ ဟောဒီခန္ဓာကိုယ်ရဲ့ လောင်မြိုက်နေတဲ့ မီးတောက်တွေ မှန်သမျှ အဲဒီအချိန် ငြိမ်းသွားတယ်။ ဒါကြောင့်မို့လည်း ခန္ဓာကိုယ်မှာတဲ့ ပီတိရတုန်းက ချမ်းသာသလို ပဿဒ္ဓိ ရတဲ့အခါမှာ ကိုယ့်ရဲ့ ဆင်းရဲခြင်းတွေ ကင်းပျောက်နေတယ်။ သူ့ထက် ပိုမြင့်သွားတာက စိတ်ရဲ့ ဆင်းရဲမှုတွေလည်း မရှိတော့ဘူး။ ကိုယ်လည်း ချမ်းသာ၊ စိတ်လည်း ချမ်းသာ၊ ကိုယ်လည်းငြိမ်း၊ စိတ်လည်း ငြိမ်းတယ်။ ချမ်းသာမှုကို အဲဒီယောဂီသည် ကောင်း စွာ ရသွားပြီ။ အကာလိကော ဆိုတာ ဒါပြောတာ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ဒီအကျိုးဟာ ချက်ချင်းကို ရတယ်။ အဲဒီလိုရတဲ့ ယောဂီသည် ဒီတရားကို ဘယ်တော့မှ လက်မလွှတ်တော့ဘူး။ နေ့နေ့ညည တရားပြီးတရား၊ တရားပြီး တရားသာ ကြိုးစားတော့တယ်။ ဘယ်သူ့ ဘယ်သူနဲ့မှလည်း စကားပြောဆိုခြင်း မရှိတော့ဘူး။ ဘယ်သူ့ ဘယ်သူနဲ့မှ လည်းပဲ အပေါင်းအသင်းဖွဲ့ဖို့ စိတ်မကူးတော့ဘူး။ သူ့တရားလေးနဲ့ သူပဲ ငြိမ်းချမ်းစွာ နေတော့တယ်။ အဲဒီလောက် အဆင့်ရောက်ရင် တောင်မှ ဘယ်လောက် ငြိမ်းသလဲဆိုတာ အာရုံ ပြုလိုက်ပါ။ ဒီ့ထက်များ ပိုပြီးတော့ တရားအသိကို ကောင်းစွာ ကိန်းမယ်ဆိုရင် ပြောစရာ အထူးမလိုတော့ပါ။ ဒါကြောင့် ပဿဒ္ဓိ သမ္ဗောဇ္ဈင် လောက်ကို ကိန်းနေပြီဆိုရင် အဲဒီယောဂီသည် တရားအပေါ်မှာ ဘယ်တော့မှ လက်မလွှတ်တော့ဘဲ အချိန်တိုင်း အမူအယာတိုင်းမှာ တရားပြီး တရားသာ နှလုံးသွင်းတော့တယ်လို့ နားလည် ထားပါ။

အဲဒီက တစ်ဆင့်တက်ပြီး ဒီဗောဇ္ဈင် တရားတွေကလည်း အရှုခံပေါ်တိုင်း ပေါ်တိုင်းမှာ မရှိတော့တဲ့ သဘော၊ ပျက်တဲ့ သဘောကိုသာ တရစပ် မြင်လာရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ တရားတွေ အပေါ်မှာ ကိုယ်နဲ့ ရင်းနှီးယဉ်ပါးတဲ့ အမြင်မျိုးတွေ ကင်းပျောက်ပြီး ကိုယ်နဲ့ မဆိုင်တဲ့အကြည့် သူစိမ်းဆန်တဲ့ အမြင်ပေါ်မှာ နှလုံးသွင်း တည့်သွားပြီ။ ပေါ်လိုက် မရှိတာပဲ မြင်လိုက်တယ်။ ကြည့်လိုက်ပြန်တယ်၊ မရှိတာပဲ မြင်လိုက်တယ်။ အဲဒီလို မရှိတာချည်းပဲ မြင်နေရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ ရုပ်နာမ်တွေ အပေါ်မှာ အမြင်ရှင်းပြီးတော့ တစ်တန်းတည်းထားပြီး ရှုလာနိုင်တဲ့ ယောဂီရဲ့ သန္တာန်မှာ ဥပေက္ခာ သမ္ဗောဇ္ဈင် ကိန်းသွားပြီ။

အော် ဒီဗောဇ္ဈင် (၃) ပါးသည် အလိုလို ရတာမှ မဟုတ်ဘဲ၊ ရှေ့က ဗောဇ္ဈင် (၄) ပါး ပြည့်စုံမှသာလျှင် ရတာပါလား၊ ဒီ (၄) မျိုး မပြည့်စုံရင် ဒီ (၃) မျိုး ဘယ်တော့မှ မရနိုင်ပါလားလို့ ဆိုတာကိုလည်း ဆုံးဖြတ်ချက် ချပါ။ ကိုယ့်ရဲ့ စွဲကပ်နေတဲ့ အနာရောဂါ အမျိုးမျိုးလည်းပဲ မပျောက်ကင်းနိုင်ပါ။ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလို့ ပီတိ၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်တွေနဲ့ ကိန်းပြီး ဥပေက္ခာထား ရှုနိုင်တဲ့ မည်သူမဆို စွဲကပ်နေတဲ့ အနာရောဂါလည်း ကင်းပျောက်မယ်၊ လောင်မြိုက်နေတဲ့ မီးမှန်သမျှလည်း ငြိမ်းမယ်၊ သောကမှန်သမျှ၊ ပရိဒေ၀ မှန်သမျှလည်းပဲ မလာတော့ဘူး။ အဲဒီ ငြိမ်းချမ်းမှုတွေက နိဗ္ဗာန်တောင်မှ မရသေးဘူးနော်။ ဘယ်လောက်တောင် ချမ်းသာသလဲ ဆိုတာ အာရုံပြုနိုင်ရင်.. အော် နိဗ္ဗာန်ဆိုတာ ဒါတွေအားလုံး ချုပ်ငြိမ်းတဲ့နေရာ ပိုပြီး ချမ်းသာမှာပဲလို့ နိဗ္ဗာန် ကိုလည်း မှန်းဆပြီး အာရုံပြုနိုင်ဖို့အတွက် ဗောဇ္ဈင်တရားနဲ့ ရှင်းပေးလိုက်ပါပြီ။

ကိုယ့်မှာ ပြည့်တယ် မပြည့်ဘူးဆိုတာကို ကိုယ်လုပ်နေတဲ့ အပိုင်းအခြားက သက်သေ ထူနေပါတယ်။ ဒါကြောင့်မို့လို့ မပြည့်သေးရင်လည်း ပြည့်အောင်ဖြည့်၊ ပြည့်တယ်လို့ ယူဆနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါဘာလိုတယ် ဆိုတာလေးကို (၇) ပါးသော ဗောဇ္ဈင်နဲ့ တစ်ခုချင်း ရှင်းပေးခဲ့တာ ဖြစ်လို့ လိုတဲ့အရာလေးတွေ ဖြည့်စွက်ပြီးတော့ ဘုရားရှင်ရဲ့ အလိုတော်ကျ နိဗ္ဗာန်ရောက်သည့် ပန်းတိုင်ကို ၀င်စံနိုင်ဖို့ ဗောဇ္ဈင် (၇) ပါး ပြည့်စုံအောင် ကျန်ရှိတဲ့ အချိန်လေးတွေမှာ နှလုံးသွင်း မမှားစေဘဲ စင်ကြယ်တဲ့ အသိဉာဏ်လေးတွေ အားကောင်း ရင့်သန်အောင် ဆက်လက်ကြိုးစား ရှုပွား အားထုတ်ပေးနေကြပါ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

7/2/2010, FRI:, 1:11:58 AM

ကိုဖိုးသား၏ မေးလ်အား ထပ်မံ၍ ဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ ည(၈)နာရီ ကူးယူ၏။
READMORE
 

*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


တရားရှုတဲ့ ယောဂီများအတွက် အရေးကြီးပြီး အလွန်လိုအပ်တဲ့၊ လုပ်ငန်းခွင်မှာလည်းပဲ အရေးပါတဲ့ လောကီ ကိစ္စတွေမှာလည်း အာရုံပြုပြီးတော့ မကျန်းမမာ ဖြစ်လာကြတဲ့ သူတော်စင်များမှာ အားကိုး ရှာကြတဲ့အခါ မိမိတို့ ဖြစ်ပေါ်နေတဲ့ နှိပ်စက်မှု၊ မကျန်းမာတဲ့ အနာရောဂါတွေကို ပျောက်ချင်ကြတဲ့ အတွက် မခံမရပ်နိုင် ဖြစ်လာတဲ့ အခါမျိုးမှာ အားကိုးတဲ့ တရားရှိတယ်၊ ဗောဇ္ဈင်တရား။

ဒီဗောဇ္ဈင်တရားကို အားကိုးပြီးတော့လည်းပဲ ရွတ်ဆိုတဲ့ အသံလေးတွေကို နားထောင်ပြီးတော့ ပျောက်လေမလားလို့ ကြိုးစားပြီး နာယူကြတယ်။ ဗောဇ္ဈင်တရားက နာရုံနဲ့ ပျောက်တာမှ မဟုတ်ဘဲ၊ တကယ် ပျောက်ချင်ရင် တကယ် ခန္ဓာမှာ ပြောနေတဲ့ အရှုခံ တရားတွေပေါ်မှာ ဗောဇ္ဈင်တရားတွေနဲ့ ကိုက်ညီအောင် ကြိုးစားပါ။ အဲလို ကိုက်ညီအောင် ကြိုးစားတဲ့ မည်သူမဆို ဖြစ်ပေါ်လာတဲ့ အနာရောဂါ မှန်သမျှကို ငြိမ်းစေတဲ့ အပြင် အလွန်ချမ်းသာတဲ့ ဘုရားရှင် အလိုတော်ကျ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုလည်း အရောက် တက်လှမ်းမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ သောက မီးတောက်တွေလည်းငြိမ်း၊ ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အနာရောဂါတွေကိုလည်း ကင်းပျောက်အောင် ကုစားနိုင်ဖို့၊ အားကိုးထိုက်တဲ့ တရားဖြစ် တဲ့ ဗောဇ္ဈင်ကို ယနေ့ သူတော်စင်များ အတွက် အလုပ်ခွင်နဲ့ တွဲရှင်းပေးမယ်။

သောက်ဆေးကို သောက်မှ ပျောက်မှာပါ။ လိမ်းနေရုံနဲ့ မပျောက်ဘူး။ ကိုယ်စီကိုယ်စီ လာပြီးတော့ ၁၀- ရက်စခန်းမှာ သောက်ကြည့်နေတာ၊ ရှိနေတဲ့ သံသရာ အမြစ်တွယ်ခဲ့တဲ့ ရောဂါမှန်သမျှ ပျောက်ဖို့၊ အခု ဗောဇ္ဈင် တရားနဲ့ အလုပ်ခွင်မှာ ကြိုးစားလာတဲ့ ယောဂီများ အတွက်ကို သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ အတွက် ရှင်းပေး သွားပါ့မယ်။

နှာသီးဝမှာ အာရုံယူပြီး ကြိုးစားရတဲ့ ယောဂီလည်း နှာသီးဝမှာ အာရုံယူပြီးတော့ နှလုံးသွင်းပါ။ ကိုယ် ပေါ်မှာ ကိုယ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံပေါ်မှာ နှလုံးသွင်းပါ။ စိတ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံကို အားရ ကျေနပ်ပါတယ်လို့ ရှုနိုင်တဲ့ ယောဂီများကလည်း စိတ်နှင့်စပ်တဲ့ အာရုံပေါ်မှာ နှလုံးသွင်းပါ။ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ကြည့်နေတတ်တဲ့ ယောဂီများကလည်းပဲ ပေါ်ရာခန္ဓာမှာ အာရုံလေး စိုက်ပြီးတော့ နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်းလာတော့ မိမိတို့ရဲ့ သန္တာန်မှာ ဗောဇ္ဈင်တရား ကိန်းမကိန်းဆိုတာကို ရှင်းပေးရမှာက.. ကိုယ် လည်း သိပြီးသားပဲ။

ဗောဇ္ဈင်တရားသည် အားလုံး (၇) ပါးရှိတယ်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင် လို့။ အခုပြောလိုက်တဲ့ (၄) ပါးသော ဗောဇ္ဈင်သည် ကရက ဗောဇ္ဈင်လို့ နားလည် ထား။ တနည်းပြောရရင် အလုပ်ခွင်မှာ ပြည့်အောင် ဖြည့်ဆည်းရမယ့် အလုပ်တရား (၄) ပါး။ ဒီ အလုပ်တရား (၄) ပါးကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရင် ပြည့်စုံတဲ့ ယောဂီတိုင်းမှာ ပီတိ သမ္ဗောဇ္ဈင် ရယ်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ရယ်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် ရယ်လို့ ဗောဇ္ဈင် (၃) ပါး အကျိုးအနေနဲ့ ရလိမ့်မယ်။ ဒီ (၃) ပါးသည် ရှေ့ (၄) ပါး မပြည့်ရင်တော့ မရဘူး။ ရှေ့ (၄) ပါး ပြည့်ရင်လည်းပဲ ဒီ ဗောဇ္ဈင် (၃) ပါး ရကို ရမယ်။ ရှေ့ (၄) ပါး ပြည့်တယ် ထင်ပြီး (၃) ပါး မပေါ်ရင်လည်းပဲ၊ ကိုယ်သိပါတယ် ဆိုတဲ့ (၄) မျိုး မမှန်သေးလို့ပါ။ ဒါလေးကိုတော့ သဘောရှင်း ပါစေ။ အလွန်လည်း အရေးကြီးပါတယ်။ အဖိုးလည်း အင်မတန် တန်တဲ့တရားပါ။ အလုပ်ခွင်မှာ ယောဂီတိုင်း သည် သတိ သမ္ဗောဇ္ဈင် ဉာဏ်ယှဉ်ပြီးတော့ ပြည့်စုံအောင်ကို ကြိုးစားရမှာ။ အလုပ်ခွင်မှာ စတင်ပြီးတော့ ဒီ (၄) မျိုး ပြည့်မပြည့် ဆိုတာကို ကြိုးစားနေတဲ့ ယောဂီများအတွက် စတင် ပြောတော့မယ်။

ပေါ်ရာ အရှုခံကိုပဲ ကြည့်ကြည့်၊ အလေးထားပြီး ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကိုပဲ ရွေးချယ်ပြီး ရှုရှု၊ ဖောက်ပြန်တဲ့ ရုပ်တရားလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ ခံစားတဲ့ ဝေဒနာလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ မိမိရဲ့ သိတတ်တဲ့ စိတ်လေးအပေါ်မှာ ပြန်ပြန်ပြီး ကြည့်လို့သိနေရင်၊ ဒီအသိတရားလေးတွေ အပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း သိနေလို့ ရှုပွားနေတဲ့ ယောဂီများရဲ့ သန္တာန်မှာ စတင်ပြီးတော့ သတိ သမ္ဗောဇ္ဈင် ကိန်းပါတယ်။ သတိ သမ္ဗောဇ္ဈင် ဆိုတာက ပွားများ အားထုတ်နေတဲ့ ယောဂီများမှာ ရုပ်ကို အလေးပေး ရှုလည်း ရုပ်အရှေုခံ ပေါ်တိုင်းပေါ်တိုင်း သိနေတယ်။ ဝေဒနာကို အလေးပေး ရှုလည်းပဲ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ စိတ်ကို အလေးပေးရှုတဲ့ ပုဂ္ဂိုလ်ကလည်း စိတ် ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ ဓမ္မသဘောကို ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ဓမ္မ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ အဲဒီလို သိနေတာက သတိအား ကောင်းလာလို့၊ ရှုမှတ် ပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဲဒီလို ပေါ်ရာ အရှုခံလေးတွေကို သိနေရင် သတိ သမ္ဗောဇ္ဈင် ပြည့်စုံနေတယ်။

ရှုနေတဲ့ အရှုခံ အာရုံလေးတွေကို ကြည့်လိုက်တော့ ၀ိပဿနာဆိုတာ ရှိရာက မရှိတာ မြင်သွားတာ၊ ရှိရာက မရှိတာလေးကို မြင်တာသည် ၀ိပဿနာ ဉာဏ်ဆိုတဲ့အတိုင်း၊ ရုပ်အရှုခံကို အလေးထားရှုတဲ့ ပုဂ္ဂိုလ် ကလည်း ရုပ်ကိုကြည့်တယ် ဆိုပေမယ့် ကြည့်လိုက်တဲ့ ဉာဏ်အောက်မှာ မရှိတာ မြင်ရတာ။ ဝေဒနာကို ရှုတယ် ဆိုပေမယ့် ဝေဒနာကို သိရတာ မဟုတ်တော့ဘူး၊ ဝေဒနာ မရှိတာလေး မြင်ရတာ။ စိတ်ကို ရှုတယ် ဆိုပေမယ့် စိတ်ကြီးကို တွေ့ရတာ မဟုတ်ဘူး၊ စိတ်ရဲ့ မရှိတာလေးကို မြင်ရတာ။ အဲဒီလို အရှုခံ တရားလေးတွေ အပေါ်မှာ ကိုယ်သန်ရာသန်ရာ ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကို ရွေးချယ်ပြီးတော့ ရှုနေကြတဲ့ ယောဂီတိုင်းမှာ အရှုခံပြလိုက်၊ ဉာဏ်လေးနဲ့ ကြည့်လိုက်၊ အရှုခံပေါ်လိုက် ဉာဏ်လေးနဲ့ ကြည့်လိုက်၊ ရှိနေတဲ့ အရှုခံ တရားလေးကို ဉာဏ်လေးနဲ့ ကြည့်တော့၊ ဟော.. မရှိတာလေး မြင်လိုက်တယ်။ တနည်းပြောရင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး အမြဲတမ်းပြောပြီးတော့ နားလည်လွယ်အောင် ဟောခဲ့တဲ့ “ဖြစ်တာနဲ့ ပျက်တာပဲ”။

အခုလည်း အရှုခံတရားလေးကို သိသိ သိသိနေတဲ့ သတိ သမ္ဗောဇ္ဈင်ကို အခြေခံထားပြီး ကြိုးစားလာတဲ့ ယောဂီများမှာ ဒီသဘောတရားလေး ဟာဖြင့် ဖြစ်ပြီးရင် ပျက်သွားတယ်၊ မွေးပြီးရင် သေသွား တယ်၊ ပေါ်ပြီးရင် ချုပ်သွားတယ်၊ ဒါကလွဲလို့ မတွေ့ရဘူး။ အဲဒီအမြင်ကို ရှင်းအောင် ဆိုပြီးတော့ ဧည့်သည်ခန္ဓာ လေးကို မမေ့နဲ့။ ဧည့်သည်ဆိုတာ အိမ်တစ်အိမ်ကို အလည်လာတဲ့ အခါမှာ အိမ်ရှင် နေသလိုမျိုးတော့ အချိန်ပြည့် ဘယ်နေလို့ ရမလဲ။ အိမ်ရှင်သည် ကိုယ့်အိမ်မှာကိုယ် အမြဲတမ်း နေခွင့် ရှိပေမယ့်၊ ဧည့်သည်ဆိုတာ က အကြောင်းရှိခိုက်သာ လာတည်းခိုလိုက်တာ၊ အကြောင်းကုန်တော့ ပြန်သွားရတာ ဧည့်သည်ရဲ့ သဘော။

အခုလည်းပဲ နှာခေါင်း နှာသီးမှာ အခြေခံထားပြီး ကြည့်နေတဲ့ ယောဂီများမှာ နှာခေါင်း နှာသီးဆိုတဲ့ အိမ်ရှင်ခွင့်ပြုတဲ့ အခိုက်လေးမှာ ရှူသွင်းလိုက်တဲ့ အေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်၊ ရှူထုတ်လိုက်တဲ့ အခါမှာ နွေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်။ အဲဒီ အလည်လာတဲ့ ဧည့် သည်ခန္ဓာလေးသည် အိမ်ရှင် ခွင့်ပြုခိုက်လေး လာတာ။ အကြောင်းလည်း ကုန်ကော ပြန်သွားပြန်တယ်။ လာတယ်ဆိုတာက ဧည့်သည် ခန္ဓာလေး ဖြစ်တာ။ ပြန်တယ် ဆိုတာက ဧည့်သည် ခန္ဓာလေး ပျက်တာ။ အေးတယ် ဆိုတာ ရုပ်ခန္ဓာ၊ နွေးတယ်ဆိုတာ ရုပ်ခန္ဓာ။ ဒီ ရုပ်ခန္ဓာလေး ပေါ်တိုင်းပေါ်တိုင်းကို သိတုန်းက သတိ သမ္ဗောဇ္ဈင်။ အခုပေါ်တဲ့ ခန္ဓာလေး ကြည့်လိုက်တော့ ဧည့်သည် သဘောလေးကို တွေ့လိုက်ရတယ်။ အလည် လာပြီး ပြန်သွားတယ်။ ဖြစ်ပြီးတော့ ပျက်တယ်။ ဒါကို မြင်တဲ့ဉာဏ်သည် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်။

အော် ကိုယ့်ရဲ့ သန္တာန်မှာ အရှုခံလေး ပြတိုင်းပြတိုင်း မြင်အောင် ကြည့်တယ်။ မရှိတဲ့ သဘောလေးရဲ့ သဘောထား အမှန်ကို ဉာဏ်ရောက်အောင် ကိန်းလိုက်တဲ့ အချိန် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ပေါ်သွားပြီ။ သတိ သမ္ဗောဇ္ဈင် လည်းပဲ သဘောရှင်းသွားပြီ။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်လည်း ပုံပေါ်လာပြီ။ အဲဒီ ယောဂီဟာ ကိုယ်ရှု နေတဲ့ အရှုခံ တရားဂုဏ်တော် (၆) ပါးထဲက ဧဟိပဿိကော လို့ ရုပ်ကလည်း ခေါ်တာပဲ၊ ဝေဒနာကလည်း ခေါ်တာပဲ၊ စိတ်ကလည်း ခေါ်သလို သဘောတရား မှန်သမျှကလည်း ခေါ်နေတာ။ အဲသလို ခေါ်နေတာကို ဧဟိ ပဿိကော ဆိုတဲ့ ကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်လေးနဲ့ လိုက်လိုက် ကြည့်လိုက်တော့ သူ့သဘောလေးက ဖြစ် လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒါပဲ ပြောနေတယ်။ အဲဒီလို အရှုခံပေါ်မှာ အရှုဉာဏ်လေး ကိန်းပြီး တော့ ဖြစ်တာနဲ့ ပျက်တာကို ပိုင်ပိုင် နိုင်နိုင်နဲ့၊ ပေါ်တိုင်းပေါ်တိုင်း မလွတ်ရ အောင်လို့ တစ်ပျက်တည်း ပျက်နေ တဲ့ အရှုခံ ပေါ်မှာ အသိဉာဏ်လေး ကိန်းပြီး ကြိုးစား ရှုပွားနေတဲ့ အမြင်သည် ၀ီရိယ သမ္ဗောဇ္ဈင်။

ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာ ယောဂီတို့ရဲ့ သန္တာန်မှာ ပေါ်နေတဲ့ အရှုခံ လေးတွေကို အမြင်ဉာဏ်က မလွတ်အောင်လို့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အမြင်နော်။ အဲဒီ အမြင်လေးသည် ပေါ်လိုက် ပျောက်သွားလိုက်၊ ကြည့်လိုက် မရှိလိုက်၊ ရှိရာက မရှိတဲ့ အမြင်လေးတွေကို ပေါ်တိုင်းပေါ်တိုင်း ကြိုးစားရင် ကြိုးစားသလောက် အမြင်သန်လာတယ်။ အရှုခံနှင့် အရှုဉာဏ် တည့်ပြီးတော့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတယ်။ အဲဒီ ပုဂ္ဂိုရ်ရဲ့ သန္တာန်မှာ ၀ီရိယ သမ္ဗောဇ္ဈင် ကိန်းနေပြီ။ ဒီယောဂီသည် ကြည့်နေတဲ့ အရှုခံ အာရုံပေါ်မှာ ကြိုးစားရင် ကြိုးစားသလောက် အသိဉာဏ်က တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အတွက်ကြောင့်မို့လို့၊ ဒီအချိန် အခါမှာ အာရုံတွေလည်း မထွေပြားတော့ဘူး။ စိတ်ပျက်စရာ အာရုံ မှန်သမျှ လည်းပဲ လာမနှောင့်ယှက် တော့ဘူး။ ပျော်စရာ ရွှင်စရာ အာရုံ အမျိုးမျိုးကလည်း လာ မနှောင့်ယှက်တော့ဘူး။ အရှုခံ အသိဉာဏ်လေး ကိန်းပြီး တစ်ပျက်တည်း ပျက်တာကိုသာ တည်ငြိမ်စွာနဲ့ ရှုနေနိုင်ပြီ။ အဲဒီ ယောဂီသည် သမာဓိ သမ္ဗောဇ္ဈင် တည်သွားပြီ။ မိမိတို့ရဲ့ သန္တာန်မှာ ကြိုးစားပါ။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ဖိုးသား
6/28/2010, MON:, 2:27:19 AM

ဗောဇ္ဈင်တရား ခုနစ်ပါး ဤလင့်ခ်တွင် ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ထုတ်နုတ်ရေးသားအပ်သော ဗောဇ္ဈင်တရား ခုနစ်ပါးအား ဖတ်ရှု ကြည်ညို နာယူနိုင်ပါတယ် ခင်ဗျာ..။

ကိုဖိုးသား ပေးပို့ထားသော မေးလ်အား ထပ်ဆင့်ဖော်ပြထားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ည(၇း၁၅)နာရီ၊ ကူးယူ၏။
READMORE
 

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အလှူ


စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အလှူ

နိုင်ငံတကာမှ စေတနာတဒ္ဒါတရားထက်သန်ကြတဲ့ အလှူရှင်များကြောင့် အခက်အခဲတွေကြားမှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်လှူဒါန်းမှုတွေကို အောင်မြင်စွာနဲ့ ဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်ရှင်။
စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ ပါဝင်လှူဒါန်းမှုပြုနေကြတဲ့ နိုင်ငံတကာမှ အလှူရှင်များ၊
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်အလှူရှင်များလှူဒါန်းမှုတွေပြုနိုင်အောင် ဦးစီးဆောင်ရွက်ပေးနေတဲ့
ဦးဇင်းဦးကောဝိဒ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက် မိမိတတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနေကြတဲ့
အလှူငွေကောက်ခံပေးသူမောင်နှမများအားလုံး၊ဆွမ်းလောင်းအသင်းအပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆွမ်းဆန်အလှူရှင်
မန္တလေးမြို့၊ရွှေအိမ်စည်တယ်လီဖုန်းရောင်းဝယ်ရေးမှ ကိုဖြိုး ၊ကိုထက်၊အပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆီအလှူရှင် ရွှေဘိုမြို့မှ ဒေါ်ချို(ဒေါ်ချိုကုန်စုံဆိုင်)၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းရဲ့ပင်တိုင်အလှူရှင် နော်ဝေမှ စေတနာရှင် အလှူရှင်တစ်ဦး
၊ဆွမ်းလောင်းအသင်းကြီး အဆင်ပြေအောင်အစစအရာရာစီစဉ်ဆောင်ရွက်ပေးနေသော၊ဝေယျာဝစ္ဆအလှူရှင်များကို
လစဉ်ထောက်ပံ့လှူဒါန်းမှုတွေပေးနေသော ဒေါ်နန်းသန္တာအောင်၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်
စေတနာများစွာဖြင့်လုပ်အားအလှူပါဝင်နေကြပါသော သီလရှင်များ ၊ သံဃာတော်များ၊ဝေယျာဝစ္ဆအလှူရှင်များအားလုံးကို
အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

ဘာလိုလိုနဲ့ လာမယ့် ဇူလိုင်လ ၉ ရက် (၉.၇.၂၀၁၀) နေ့ဆိုရင်ကျွန်မတို့ရဲ့ဆွမ်းလောင်းအသင်းကြီး အောင်မြင်စွာရပ်တည်လာနိုင်ခဲ့တာ
၁နှစ်တိတိပြည့်သွားခဲ့ပါပြီရှင်။အလှူရှင်များရဲ့စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် ဆွမ်းလောင်းအသင်း
ဆွမ်းလောင်းလှူတဲ့နေ့ဖြစ်တဲ့ အပတ်စဉ်တနလာင်္နေ့တိုင်းသာမကပါပဲ မွေးနေ့အလှူရှင်၊ အမှတ်တရနေ့အလှူရှင်များပါ
ထပ်တိုးပြီးလှူဒါန်းနိုင်ခဲ့ကြတဲ့အတွက် ယခုဆိုရင် တစ်လမှာ အလှူရက် ၁၀ ရက်ကျော်ခန့် လှူဒါန်းနေနိုင်ခဲ့ပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီး တစ်နှစ်ပြည့်အလှူအဖြစ်၉.၇.၂၀၁၀(သောကြာနေ့)မှာ သံဃာအပါး ၂၀၀ ကို
နတ်သုဒ္ဓါဒံပေါက်ဆွမ်းဆက်ကပ်လှူဒါန်းဖို့ စီစဉ်ထားပါတယ်ရှင်။နတ်သုဒ္ဓါဒံပေါက်မှာ သံဃာတစ်ပါးလျှင်၂၁၀၀ ကျပ်နှုန်း နဲ့
သံဃာအပါး ၁၀၀ အတွက် လှူဒါန်းမှုပြုပါကအလှူငွေ (၂၁၀၀၀၀ကျပ်) ကုန်ကျမှာဖြစ်ပါတယ်။ယခု သံဃာတော်အပါး ၂၀၀ အတွက်
နတ်သုဒ္ဓါဒံပေါက်ဆွမ်း ကပ်လှူဘို့ စီစဉ်ထားတာကြောင့် သံဃာအပါး ၂၀၀ အတွက်စုစုပေါင်းကုန်ကျမယ့်အလှူငွေမှာ
(၄၂၀၀၀၀ ကျပ်) ဖြစ်ပါတယ်ရှင်။သံဃာတော်အပါး ၂၀၀ နတ်သုဒ္ဓါဆွမ်းဆက်ကပ်ရန် အတွက် နိုင်ငံတကာမှ
အလှူရှင်များအနေဖြင့် မိမိတို့စိတ်တိုင်းကျ အလှူငွေများပါဝင်လှူဒါန်းနိုင်ကြပါကြောင်းနဲ့ အခြားလှူဘွယ်ပစ္စည်း အစုစုကို
လှူဒါန်းလိုသူ အလှူရှင်များရှိပါကလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်

အဆိုပါနေ့တွင်သံဃာတော်များအတွက်ဗလာစာအုပ် နှင့် ဘောပင်များ လှူဒါန်းဖို့နော်ဝေနိုင်ငံမှ အလှူ
ရှင်တစ်ဦးမှ စာရင်းပေးထားပြီးဖြစ်ကြောင်း
မန္တလေးမြို့ MAM Computer Center မှ ၃၀၀၀၀ (သုံးသောင်းကျပ်)လှူဒါန်းထားပါသည်။
ကိုဖြိုး၊ကိုထက် ရေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေးမှ ၉.၇.၂၀၁၀ ရက်နေ့ ညတရားပွဲ တရားပွဲအတွက်
ကုသိုလ်ပြုကြပါမည်။
၁. မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ( ၉၉၀၀၀ ကျပ်)
၂.မသန္တာဝင်း ( စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး ) အတွက် ( ၂၁၀၀၀ ကျပ် )
၃.မမေမြတ်နိုးခိုင် (မြန်မာပြည်) သံဃာတော် ( ၉ ပါး ) အတွက် အလှူငွေ (၁၈၉၀၀ ကျပ်)
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)မှ သံဃာတော် (၅၀)အတွက် (s$150)
၆.ကိုကြီး {ကိုရီး} မှ သံဃာ အပါး၁၀၀ အတွက် ၂၁၀၀၀၀ နှစ်သိန်းတစ်သောင်းကျပ်
၇.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်
အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၈.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၉.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၀.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၉၀)
၁၁.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀
ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၂.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၃.မဘုတ်ဆုံ(စင်္ကာပူ)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်

ဆက်လက် ၍ အလှူ၇ှင်များစာရင်းအား update ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


ဆက်လက်လှူဒါန်းသူ အလှူရှင်များအား သတင်းရလျှင် ဖော်ပြပေးပါမည်။

တဆင့် ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂-၇-၂၀၁၀
READMORE
 

မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်တွင် စည်းကမ်းကျစွာ ဖြင့် ရောင်းချပေးပြီ





မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်တွင် စည်းကမ်းကျစွာ ဖြင့် ရောင်းချပေးပြီ
ဇွန်၂၉။ ။ မကွေး ဇွန်၁၆ ရက်နေ့က စွမ်းအင်ဝန်ကြီးဌါနမှ ဖွင့်လှစ်ခဲ့သော မကွေမြို့ စက်သုံးဆီဆိုင်အမှတ်(0342-မကွေးဆိုင်) အား (၁၀-၆-၂၀၁၀) နေ့တွင် ပုဂ္ဂလိပိုင်ဖြစ်သော (Green Luck Trading Co., Ltd) ကုမ္ပဏီမှ လက်ခံဖွင့်လှစ်၍ ဒီဇယ်၊ဓာတ်ဆီများကို စတင်ရောင်းချကြောင်း သတင်းရရှိပါသည်။ ဓာတ်ဆီ တစ်ဂါလံလျှင်(၂၅၀၀)ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင်(၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် နေ့စဉ် (နံနက် ၇ နာရီမှ ၁၁ နာရီ) နေ့လည်( ၂ နာရီမှ ညနေ ၆ နာရီအထိ) ဖွင့်လှစ်ကြောင်းသိရ၍ သွားရောက်ခဲ့ပါသည်။ ဓာတ်ပုံပါအတိုင်း စာအုပ်မလို၊ မော်တော်ဆိုင်ကယ်များကို ပြစရာမလို၊ မည်သူမဆိုလွတ်လပ်စွာဖြင့် လူများအားတန်းစီတိုးပြီး ရောင်းချပေးနေကြောင်း မြင်တွေ့ခဲ့ရ၏။နေရာလုပြီး ရန်ဖြစ်နေကြောင်းမြင်တွေ့ခဲ့ရ၏။ ပြင်ပမှမှောင်ခို ကုန်သည်ကြီများမှ တပည့်များများဖြင့် ခေါ်ယူလာပြီးထုတ်ယူ နေကြာင်းကြားသိခဲ့ရ၏။အမှန်တကယ် အသုံးပြုလိုသူများမှာ အချိန်ပေး၍ တန်းမစီနိုင်ကြောင်း ကြားသိခဲ့ရ၏။
ယခုတစ်ခေါက်(၂၉-၆-၂၀၁၀) နေ့ တွင်ရောက်ခဲ့သောအခါ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ခဲ့ရ၏။ နံက်(၆)နာရီမှ ညနေ(၆)နာရီ အထိဆိုင်ဖွင့်၍ ရောင်းချပေးကြောင်း၊ နေ့လည်(၁၁း၃၀ နာရီမှ ၁၂း၃၀ အထိ) တစ်နာရီအချိန်ဖြင့် ထမင်းစားနားကြကြောင်း၊ ယခုလာရောက်ထုတ်ယူနေကြသော ကားများ၊ မော်တော်ဆိုင်ကယ်များမှာ လိုင်စင်အုံနာစာအုပ်များဖြင့်သာ ထုတ်ပေးကြောင်း၊ မော်တော်ဆိုင်ကယ်တစ်စီလျှင် တစ်ဂါလံထုတ်ပေးကြောင်း သိရ၏။ ကားများ၊ ဆိုင်ကယ်များထဲတွင် ပန့်ဖြင့်ဆီခြင်တွယ်၍ ထည့်ပေးနေကြောင်းမြင်တွေ့ခဲ့ရပါသည်။အမှန်တစ်ကယ်အသုံးပြုလိုသော အများပြည်သူများလက်ဝယ် သို့ရောက်ရှိ အောင် ရောင်းချပေးနေသော်လည်း ပြင်ပတွင်မှောင်ခိုရာင်းချနေသူများမှ တဆင့်ပြန်လည်ဝယ်ယူနေကြောင်း သတင်းရရှိခဲ့ပါသည်။ မှောင်ခိုရောင်းချသူများ ပပျောက်ရေး၊ ဆီထုတ်လာသောပြည်သူများ၏ စိတ်ချမ်းသာရေးနှင့် လုံခြုံရေးအတွက် ယင်းဆီအရောင်းဆိုင်အတွင်း အပြင်နေရာများတွင် လုံခြုံရေးချထားသောရဲတပ်ဖွဲ့ဝင်များကို မြင်တွေ့ခဲ့ရ၏။ ဤ သတင်း၊ဓာတ်ပုံမှတ်တမ်းရရှိရေးအတွက် တားမြစ်နေ၍ လုံခြုံရေးအဖွဲ့အား တောင်းတောင်းပန်ပန်ဖြင့် သတင်းရယူခဲ့ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၉-၆-၂၀၁၀
READMORE
 

မကွေးမြို့ နယ် စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ




မကွေးမြို့ နယ် စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ

ဇွန်၂၇။ မကွေးမြို့ ၊ ကန်သာရပ်ကွက်၊ မေတ္တာလမ်း၊ ဇမ္ဗူရစ်ရွှေ မင်္ဂလာခန်းမတွင် (၂၇-၆-၂၀၁၀) နေ့ နံက်(၈)နာရီမှ (၁၁)နာရီ အချိန်မှာ မကွေးမြို့ နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ မှ မြန်မာနိုင်ငံစာပေညီလာခံ ပဉ္စမအကြိမ် အစည်းအဝေး အတွေ့အကြူံရှင်းလင်းပွဲကျင်းပကြောင်းသိရ၏။ သဘာပတိအဖြစ် မကွေး လှမြင့် မှဆောင်ရွက်ပြီး စာနယ်ဇင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ၏ ပဉ္စမအကြိမ်ညီလာခံသို့ တက် ရောက်ခဲ့ကြသော မကွေးစာနယ်ဇင်း ဥက္ကဋ္ဌ မကွေး ၀င်းမြင့် နှင့် အတွင်းရေးမှူး နေခြည်(မကွေး) တို့မှ နိုင်ငံတော်အေးချမ်းသာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့၏ လမ်းညွှန်အမှာစကားများကို ဖတ်ကြားရှင်း လင်းသည်။ ထို့နောက် ညီလာခံ အစည်းအဝေး အတွေ့အကြုံများကို အသေးစိတ်ရှင်းလင်း တင်ပြကြပါသည်။ပဉ္စအကြိမ်ညီလာခံတွင် ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်အောင် ဆောင်ရွက်ကြပါရန် မကွေးစာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ မှနိဂုံးချုပ်ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိခဲ့ပါသည်။

ခန်းမအား အခမဲ့အသုံးပြုခွင့်ပေးသော ဇမ္ဗူရစ်ရွှေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်မိသားစု အား စာနယ်ဇင်းမှ ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၉-၆-၂၀၁၀
READMORE
 

မြန်မာ့မီးရထားမှ ပထမဆုံး တည်ဆောက်သော အမိုးဂုံးတံတားသစ်ကြီး




မြန်မာ့မီးရထားမှ ပထမဆုံး တည်ဆောက်သော အမိုးဂုံးတံတားသစ်ကြီး

ဇွန်၂၆ ။ စာရေးသူ မကွေးမြို့မှ အထက်မင်းလှမြို့ သို့သွားခဲ့၏။ မင်းလှမရောက်မီ (၃)မိုင်ခွဲအလို ချောင်းကောက် တံတား(ကားလမ်း) နှင့်အပြိုင်တွင် လှပတင့်တယ်စွာဖြင့်ပြီးစီးနေသော မီးရထားလမ်းမှ အမိုးဂုံးတံတား အသစ်ကြီးအား မြင်တွေ့ခဲပါသည်။ မြန်မာပြည်အတွင်း မီးရထားလမ်းများမှာ တစ်ခါမှ မမြင်ဘူးခဲ့သော အမိုးဂုံးတံတားကြီးဖြစ်၍ မေးမြန်းပြီး သတင်းဓာတ်ပုံရိုက်ခဲ့မိပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌါန မြန်မာ့မီးရထားအနေဖြင့် မြန်မာပြည်အတွင်းမှာ ရထားလမ်းကွန်ယက်များ ပေါ်ပေါက်လာစေရန် ရထားလမ်းစီမံကိန်းများ ဖြင့်ဆောင်ရွက်နေကြောင်းသိရှိရ၏။ ယခု ရထားလမ်းမှာ ဧရာဝတီမြစ်၏ အနောက်ဘက်မှ ကြံခင်း- ပခုက္ကူရထားလမ်း စီမံကိန်းဟု သိရပါသည်။ ယင်းအမိုးဂုံး တံတားသစ်ကြီးမှာ အထက်မင်းလှ နှင့် မင်းဘူးမြို့ မီးရထားလမ်း စီမံကိန်းအတွင်း မှာတည်ဆောက်ထား၏။ ရထားလမ်း စီမံကိန်း၏ အခေါ်မှာ( ညောင်ပင်သာ အမိုးဂုံးတံတားကြီး)ဟု ဆိုကြ၏။ ၎င်းတံတားကြီးအား မြန်မာ့မီးရထားမှ အင်ဂျင်နီယာများကိုယ်တိုင် ပုံစံထုတ်၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရ၏။ ဤ တံတားပုံစံ၊နည်းပညာများဖြင့် တည်ဆောက်ထားသော (အမိုးဂုံးတံတားကြီး) သည် မြန်မာပြည်အတွင်း ပထမဆုံး အကြိမ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ၏။ ကြံခင်း- ပခုက္ကူ ရထားလမ်းစီမံကိန်းကြီးသည် (၂၀၁၁)ခု မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း၊ မြန်မာ့မီရထား အင်ဂျင်နီယာများမှ သတ်မှတ်ရက်ထက်စော၍ပြီးစီးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြကြောင်း စုံစမ်းသိရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၉-၆-၂၀၁၀
READMORE
 

အန္ဒိယပြည် မှ စက်သုံးဆီရောင်းချပေးသော ကုမ္ပဏီဆိုင်များ




အန္ဒိယပြည် မှ စက်သုံးဆီရောင်းချပေးသော ကုမ္ပဏီဆိုင်များ
စာရေးသူ ဧပြီလ/၂၀၁၀ တွင် သူတို့နိုင်ငံသို့ ဘုရားဖူးရောက်ခဲ့ပါ၏။ ဗုဒ္ဓဂါယာ မှ မိဂထာဝုန်၊ ကိုးလ်ကတ္တားမြို့၊ နယူးဒေလီမြို့များသို့သွားသောဟိုက်ဝေးလမ်းမကြီးတစ်လျှောက်မှ ပုဂ္ဂလိက စက်သုံးဆီအရောင်း ကုမ္ပဏီဆိုင်များအား ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည်။ သတင်း သမားပီပီ စပ်စုမေးမြန်းခဲ့ပါ၏။ သူတို့ဆီမှာ လမ်းဘေးမှ ပုလင်းခြင်၊ ပုံးခြင်သော မှောင်ခို ဆီအရောင်းဆိုင်လေးများကို မတွေ့ရပါ။ ဆီဆိုင်များကလည်း မိုင်(၂၀-၃၀)ခန့် အတွင်း လမ်းမကြီး၏ဘေး လက်ဝဲ၊လက် ယာ တွေမှာ မကြာခဏ တွေ့မြင်ခဲ့ရပါသည်။ မြို့ဝင်၊ မြို့ထွက်၊ မြို့အတွင်းနေရာများမှာလည်းမြင်တွေ့ရပါသည်။ မြို့ကြီးတွေနဲ့ဝေးသော တောရွာကားလမ်းဘေးများ မှာလည်း ဆီဆိုင်များကို မြင်တွေ့နေရပါသည်။ ယင်းဆီဆိုင်အားလုံးမှာ လီတာဂဏန်းနံပါတ်နှင့် ရေတွက်ပေးသော လျှပ်စစ်ပန့်များဖြင့် ခြင်တွယ်ထုတ်ပေးကြပါ၏။ပုလင်း၊ ပုံးများ၊ပေပါများဖြင့် လုံးဝထုတ် မပေးကြောင်းသိရ၏။ ဆိုင်ကယ်၊ကားများ၏ တိုင်ကီများတွင်သာ ထည့်ပေးကြပါသည်။ စာအုပ်မလို၊ မိမိဝယ် လိုသလောက် ဆီတိုင်ကီအဆန့်သာ ရောင်းချပေးပါသည်။ဈေးနှုန်းများ မှာလည်းတစ်ဆိုင်နှင့် တစ်ဆိုင် သိပ်မကွာသောဈေးများဖြင့် အပြိုင်အဆိုင်ရောင်းချကြောင်းသိရ၏။ ၀န်ဆောင်မူများမှာ တစ်ချို့ဆိုင်ကြီးများတွင် စားသောက်ဆိုင်များရှိကြ၏။ ဆီဆိုင်များတွင် ကားများညအိပ် နားခိုရန် နေရာများ ပေးထားကြ၏။ ယင်းကာလမှ ဈေးနှုန်းများမှာ မြန်မာငွေဖြင့်ပြန်လည်တွက်ကြည့်လျှင် ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလံလျှင်( ၃၀၀၀ ကျပ်မှ ၃၆၀၀ကျပ်)ခန့် အတွင်းသာ ကျသင့်ကြောင်းသိခဲ့ရပါသည်။
ထူးခြားချက်တစ်ခုမှာ လမ်းမတစ်လျှောက်မှ ဆီဆိုင်များတွင် လျှပ်စစ်ဓာတ်အားရရှိကြောင်း မြင် တွေ့ခဲ့ရပါ၏။ လျှပ်စစ်မီးမှာ တစ်ခါ တစ်ခါပြတ်တောက်ကြောင်း သိရပါသည်။ မိနစ်အနည်းငယ် အတွင်း လျှပ်စစ်မီးပြန်လာကြောင်းနှင့် လျှပ်စစ် ခေတ္တပြတ်နေချိန်တွင် အသင့်ဆောင်ထားသော မီးစက်ဖြင့် အသုံးပြုကြောင်း ကြားသိခဲ့ရပါသည်။အန္ဒိယပြည်သည် ကားလမ်းမိုင်အရှည်များစွာဖြင့် အသုံးပြုရ၏။ကားလမ်းသည်နိုင်ငံ၏ကုန်းလမ်း(၉၀%)ရှိကြောင်းကြားသိရ၏။ မော်တော်ကား အရေ အတွက် မှာလည်း အန္ဒိယပြည်ကြီးနယ်ခြားနယ်နိမိတ် တစ်ခုလုံးအား ကားများဖြင့်စီတန်း၍ တံတိုင်း ၀ိုင်းပါတ်ကြည့်ပါလျှင် တံတိုင်း(၂)ပါတ်လောက်တောင် ပါတ်နိုင်သည်ဟု သူတို့ကခန့်မှန်း ပြောဆိုကြပါ၏။ကားများပေါများနေသော်လည်း ဆီဆိုင်များတွင် ကားအစီးရေများစွာဖြင့် တန်းစီ၍ ဆီထည့်နေကြတာကို မမြင်တွေ့ခဲ့ရပါ။ သူတို့ပြည်က ကားတန်ဖိုးမှာ သူတို့၏ယူပီငွေအား မြန်မာငွေဖြင့်တွက်ကြည့်ပါလျှင် (၄)(၅)သိန်းဖြင့် မိသားစုသုံး ကားတစ်စီးရသည်ဆိုကြ၏။ ယခု TA TA ကုမ္ပဏီမှ ကားတစ်စီလျှင် မြန်မာငွေ(၁)သိန်းခန့်ဖြင့်တန်ဖိုးသင့်သော မိသားစုစီး ကားများထုတ်လုပ်ရောင်းချပေး တော့မည်ဟု ပြင်ပသတင်းအား ကြားသိခဲ့ရပြန်ပါသည်။ (မြန်မာပြည်သူ၊ပြည်သားများကိုယ်ပိုင်ကားစီးရန် အားကျ၍ မြန်မာပြည်မှ ပုဂ္ဂိက စက်သုံးဆီ အရောင်း ကုမ္ပဏီဆိုင်များ လည်း အတုယူ အားကျနိုင်ကြပါစေ..)။

ရွှေလမ်းငွေလမ်းဝင်းကြည်
2010 ခု၊ ဇွန်လ(၂၉)ရက်။
READMORE
 

ထက်ထက်မိုးဦး ရုံးချိန်းမလာ



http://burmese.dvb.no/news.php?id=11346 မှကူးယူပါ၏။



ထက်ထက်မိုးဦး ရုံးချိန်းမလာ
ကျော်ခ | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်
ပရင့်ထုတ်ရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးထံမှ သိရသည်။

အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင်ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု

ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးချိန်း ၆ ကြိမ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟုဆိုသည်။
htet
“တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ဟု ဆိုသည်။

“အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြားစာမှလဲ မပို့ပါဘူး။ ဖုန်းလဲမဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းကကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်ကဘာမှမသိပဲနဲ့ ဘယ်ရုံးကိုသွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦးအပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်းသမားများကိုသာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာရောက်ပြီး တရားရုံးအနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်းသမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသည်ကို ပြသရာရောက်နေသည်ဟု ဆိုသည်။

“ဒီပုံစံက လူသာမန်အချင်းချင်းပဲဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးကဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာဆရာတွေအပေါ်မှာ အလားတူ ဒီလိုတိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

သတင်းထောက် မအေးသူစံအနေဖြင့် ထက်ထက်မိုးဦးအား ကျေအေးပြီး တရားစွဲဆိုထားမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင်စေ့စပ်ပေး စေလိုကြောင်း ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ရုပ်ရှင်အစည်းအရုံးက စာတစောင် ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင် တဦးထံမှ သိရသည်။

ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာဆွေးနွေးခြင်းမရှိဟုလည်း သူကဆိုသည်။

“ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန်ဘူးပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင်နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီဥက္ကဌဖြင့်တွဲ၍ဖြစ်စေအကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။

“အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကိုတာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့်ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

(မဇ္ဈိမ)။ မှတဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇွန်လ(၂၉)ရက်။
READMORE
 

ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခြင်းမရှိ


http://burmese.dvb.no/ မှဖော်ပြထားပါ၏။

ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခြင်းမရှိ
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၁၇၊ ၂၀၁၀
လွန်ခဲ့သည့် လ ၁၉ရက်က အမျိုးသမီး သတင်းထောက် တစ်ဦးအား ဆံပင်ဆွဲပြိး ပါးရိုက်ခဲ့သည့် အဖြစ်အပျက်ကြောင့် နစ်နာသူ သတင်းထောက်မှ တရားစွဲဆိုသည့် အမှုရုံးချိန်းသို့ နာမည်ကြီး သရုပ်ဆောင် ထက်ထက်မိုးဦးလာရောက်ခြင်း မရှိကြောင်းသိရှိရသည်။
မေလ ၁၉ ရက်နေ့ညက ဆီဒိုးနားဟိုတယ်၏ ကုန်ပစ္စည်းကြော်ငြာပွဲ တစ်ခုတွင် ဖြစ်ပျက်ခဲ့သည့် ထိုအဖြစ်အပျက်အတွက် သတင်းထောက် မအေးသူစံမှ သရုပ်ဆောင် ထက်ထက်မိုးဦးအား ပုဒ်မ ၅၀၆ ဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးနောက် သက်ဆိုင်ရာ သက်သေများအား စစ်ဆေးခဲ့ပြီး ယနေ့တွင် တရားစွဲဆိုခြင်းခံရသူ ထက်ထက်မိုးဦးအား စစ်မေးရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသေးဟု တရားရုံးသို့ သွားရောက်နားထောင်ခဲ့သည့် အယ်ဒီတာတဦးက ပြောပြသည်။
“ဒီနေ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ အတော်များများ လာကြတယ်၊ အားလုံး ၃၀ နီးပါးလောက်ရှိမယ်။ အချို့ကလည်း သတင်းထောက် မအေးသူစံကို အားပေးဖို့၊ အချို့ တိုက်ကလည်း ထက်ထက်မိုးဦး လာခဲ့ရင် သတင်းအနေနဲ့ ဖေါ်ပြရအောင် လာစောင့်နေကြတာ။ သတင်းထောက်တွေ လာသလို အရပ်ဝတ်ရဲတွေလည်း ဟိုနားဒီနားမှာ စောင့်နားထောင်နေကြတယ်။ သတင်းထောက်တွေ ဘာပြောလဲ ဆိုတာကို အပေါ်ကအစီရင်ခံစာ တောင်းထားလို့ထင်တယ်”
ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ရှေ့နေ တဦးကပြောဆိုရာတွင်
“အခု စွဲထားတဲ့ ပုဒ်မက အာမခံပေးလို့ရတဲ့ ပုဒ်မပါ။ နောက်ပြီး တရားစွဲဆိုခြင်းခံရသူ အနေနဲ့ ၃ ကြိမ်ထိ ပျက်ကွက်ခွင့်ရှိပါတယ်။ ၃ ကြိမ်မလာမှသာ ၀ရမ်းထုတ်တာမျိုး လုပ်လို့ရတယ်။ နောက်တချက်က အခုပုဒ်မနဲ့ အရေးယူခံရရင် ၅၀၆ (က)ဆိုရင် ဒဏ်ငွေနဲ့လည်း ပြီးနိုင်ပါတယ်။ ၅၀၆ (ခ) ဆိုရင်သာ ထောင်ဒဏ် ကျခံရနိုင်တယ်”
ဟုပြောသည်။
ယခုအဖြစ်အပျက် နှင့်ပတ်သက်ပြီး တရားရုံးပြင်ပတွင် ကြေအေးစေရန် ပြန်ကြားရေးဝန်ကြီးက လိုလားလျက် ရှိသည်ဟုလည်း အယ်ဒီတာ တဦးကပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့နှင့် ရုပ်ရှင်အစည်းအရုံးတို့မှ တရားလို ဖြစ်သူ မအေးသူစံနှင့် ဆဲဗင်းဒေးစ် ဂျာနယ်မှ အယ်ဒီတာများကို ခေါ်ယူတွေ့ဆုံပြီး ၀န်ကြီးအနေဖြင့် ယခုအမှုကို ကြေအေးရန် လိုလားကြောင်းမကြာခဏ စကားထဲတွင် ပြောဆိုလျက်ရှိသည်ဟု ပြောဆိုသော်လည်း သတင်းထောက်နှင့် အယ်ဒီတာများအနေဖြင့် ကြေအေးရန် သဘောမတူခဲ့ ကြောင်း သိရှိရသည်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေက ထက်ထက်မိုးဦးငိုကြွေးခဲ့သည်ဟု ဆိုကာ အမှုကိုကြေအေးစေလိုသည့် သဘောမျိုးပြောဆိုခဲ့သည်။
ရုပ်ရှင်အစည်းအရုံးနှင့် စာနယ်ဇင်းအဖွဲ့မှ ထိုသို့ပြောဆိုသော်လည်း ထက်ထက်မိုးဦးအနေဖြင့် ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး တောင်းပန်မည့် အရိပ်အရောင် ယခုအချိန်ထိ မတွေ့ရှိရသေးပေ။
ရန်ကုန်မြို့မှ လုပ်ငန်းရှင်တဦးက
“ကျွန်တော်တို့ အသိုင်းအ၀ိုင်းမှာ ကြားတာက ဒီလိုပါ။ ထက်ထက်မိုးဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမီး (ဖိုးလပြည့်၏ မိခင်ဖြစ်သူ) နဲ့ သူနဲ့က အခုလောလောဆယ်မှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်လို့ပြောတယ်။ အဲဒါကြောင့် အခုကိစ္စမှာ ဂရုမစိုက်တဲ့ သဘောလို့ ယူဆနေကြတယ်”
ဟုဆိုသည်။
ရန်ကုန်မြို့မှ သတင်း အယ်ဒီတာတဦးကမူ
“အခုကိစ္စက မြန်မာနိုင်ငံက တရားဥပဒေဆိုတာကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်တခုပဲ။ နကိုကတည်းက တရားစီရင်ရေးစနစ်ဆိုတာ လွတ်လပ်မျှတမှု မရှိတာ သိပြီးသားပေမယ့် အခုကိစ္စကြောင့် တရားဥပဒေရဲ့ စိုးမိုးသြဇာ သက်ရောက်မှု မရှိတဲ့ အဖြစ်က ပိုပေါ်လွင်လာမယ်။ မီဒီယာနဲ့ ဖြစ်တဲ့ ကိစ္စကြောင့်လည်း အခုအဖြစ်အပျက်ကို မီဒီယာမှာ အားလုံးက တင်ပြလိမ့် မယ်ဆိုတော့ ၊ အဲဒီလို အဖြစ်မျိုး မဖြစ်ရအောင် တရားရုံးပြင်ပမှာ အာဏာပိုင်တွေက ကြေအေးစေချင်တာ၊ ဒါပေမယ့် ထက်ထက်မိုးဦးဘက်က တောင်းပန်ရအောင်လည်း တာဝန်ရှိသူတွေက သူ့ကို ဖိအားမပေးနိုင် ဖြစ်နေကြတယ်”
ဟုသုံးသပ်သည်။
နောက်တကြိမ်ရုံးချိန်းကို လာမည့် ၂၈ ရက်နေ့သို့ချိန်းဆိုလိုက်ကြောင်းလည်း သိရှိရသည်။

မိုးမခ မှ တဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇွန်လ(၁၈)ရက်၊ နေ့လည်(၁း၁၅)နာရီ တင်၏။
READMORE
 

ဆရာ လင်းဦး(စိတ်ပညာ) အား ဆိုင်ကယ်အတိုက်ခံရ


ဆရာ လင်းဦး(စိတ်ပညာ) အား ဆိုင်ကယ်အတိုက်ခံရ
ဘလော့ဂါ မိတ်ဆွေများ သိစေရန် သတင်းအကျဉ်းအားတင်ပြအပ်ပါသည်။
ဇွန် ၁၇ ရက်။ ။ ယနေ့ည(၁၀း၁၅)နာရီ တွင် ဆရာလင်းဦး( စိတ်ပညာ) နှင့်လိုင်းပေါ်မှာ ခဏ တွေ့လိုက်ရပါသည်။ သူသည် ဆိုင်ကယ် အက်စီးတင့်ဖြစ်နေကြောင်း၊ ဇွန်လ(၁၃)ရက်နေ့က သူ၏ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်ဖြင့် နှစ်စင်းဝင်ပြီး တိုက်မိကြောင်း၊ ကိုလင်းဦးအား အထက်သွားအခွေလိုက်ထိ၏။ ဦးခေါင်းနှင့် မျက်နှာကို တော်တော်ထိခိုက်မိထားသည်ဟု သိရပါသည်။ လက်ကလည်း စာများများမရေးနိုင်ကြောင်း ဆရာလင်းဦးမှ ပြောပါသည်။ ဆိုင်ကယ်ချင်းမှာ နှစ်ဦးလုံး မှား၍၀င်တိုက်၏။ နှစ်ဦးနှစ်ဘက် ကြေအေးကြကြောင်း ကြားသိရပါသည်။ ဆေးရုံကြီးတစ်နေရာတွင် ဆက်လက်၍ ဆေးကုသ နေလျှက်ရှိပါ၏။ သတင်းအသေး စိတ် ရပါလျှင် ဆက်လက်တင်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇွန်လ(၁၇)ရက်၊ည(၁၀း၃၅)နာရီတင်ပါသည်။
READMORE
 

မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်အား Green Luck Trading Co., Ltd ပုဂ္ဂလိကပိုင် အရောင်းဆိုင်မှ စတင်ရောင်းချနေပြီ..




မကွေးမြို့ စက်သုံးဆီအရောင်းဆိုင်အား Green Luck Trading Co., Ltd
ပုဂ္ဂလိကပိုင် အရောင်းဆိုင်မှ စတင်ရောင်းချနေပြီ..
မကွေး ဇွန်၁၆ ရက်။ စွမ်းအင်ဝန်ကြီးဌါနမှ ဖွင့်လှစ်ခဲ့သော မကွေမြို့ စက်သုံးဆီဆိုင်အမှတ်(0342-မကွေးဆိုင်) အား (၁၀-၆-၂၀၁၀) နေ့တွင် ပုဂ္ဂလိပိုင်ဖြစ်သော (Green Luck Trading Co., Ltd) ကုမ္ပဏီမှ လက်ခံဖွင့်လှစ်၍ ဒီဇယ်၊ဓာတ်ဆီများကို စတင်ရောင်းချကြောင်း သတင်းရရှိပါသည်။ ဓာတ်ဆီ တစ်ဂါလံလျှင်(၂၅၀၀)ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင်(၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် နေ့စဉ် (နံနက် ၇ နာရီမှ ၁၁ နာရီ) နေ့လည်( ၂ နာရီမှ ညနေ ၆ နာရီအထိ) ဖွင့်လှစ်ကြောင်းသိရ၏။ ဓာတ်ဆီကားများအား ကားတစ်စင်းလျှင် (၁၀)ဂါလံနှုန်းဖြင့် မောင်းတိုင်ကီအတွင်းသာ ထည့်ပေးရောင်းချနေကြောင်း၊လာယောက်ဆီထုတ် သော ကားများသည် နေ့စဉ်ဤကားများသာ ဖြစ်ကြောင်း၊ယင်းကားများသည်ဘယ်မှ ခရီမထွက်ပဲ နေ့စဉ်လာရောက်ဆီထုတ်၍ ရောင်းစားနေတဲ့ကားများဖြစ်ကြောင်း ကြားသိရပါသည်။ အမှန်တစ်ကယ်အသုံးပြုလိုသောကားများမှာ တန်းစီရန် အချိန်မပေးနိုင်ကြောင်း ဆရာဝန်တစ်ဦးမှ ပြောဆိုသံကြားခဲ့ရပါသည်။ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပါ/မပါ စစ်ဆေးခြင်းမရှိပဲ ယခင်ကလို ပုံးများဖြင့်(၁)ဂါလံနှုန်း ရောင်းချပေးနေကြောင်း၊ ဓာတ်ဆီစာအုပ်များ မလိုကြောင်း၊ ဆိုင်ကယ်တွေစနစ်တကျ တန်းစီ မခိုင်းပဲ လူများဖြင့်သာတန်းစီ၍ လူတစ်ယောက်လျှင်(၁)ဂါလံ နှုန်းဖြင့်သာရောင်းချပေးနေကြောင်း မြင်တွေ့ခဲ့ရပါ သည်။ ဆီများခြင်တွယ်ရာ တွင်လည်း ဂါလံခွက်များဖြင့်သာ ခြင်တွယ်ရောင်းချနေ ကြောင်းမြင် တွေ့ခဲ့ရပါသည်။ဆီပန့်များ အသစ်တပ်ဆင် ရန် ရောက်ရှိနေသော်လည်း တပ်ဆင်အသုံးပြုနိုင်ခြင်း မရှိသေးကြာင်း မြင်တွေ့ခဲ့ပါ၏။ တစ်ရက်လျှင် ဓာတ်ဆီဂါလံ(၃၀၀၀)ခန့်ရောင်းချပေးကြောင်း ဆိုင်ဝန်ထမ်းတစ်ဦးကဆိုပါ၏။ ဓာတ်ဆီများကိုသာ တန်းစီတိုး၍ထုတ်ယူနေကြကြောင်းမြင်တွေ့ခဲ့ရပါသည်။ ဓာတ်ဆီဈေး မှာ အပြင်တွင်တစ်ဂါလံ(၃၀၀၀)ကျပ်ဖြင့် ပြန်လည်ဝယ်ယူ နေကြသည်ဟု သိရှိရပါသည်။ ပြင်ပမှ မှောင်ခိုရောင်းချနေကြသော ဆီကုန်သည်တစ်ချို့က တပည့်များဖြင့် အုပ်စုဖွဲ့၍ တန်းစီထုတ်ယူ နေကြောင်း ကြားသိခဲ့ရပါသည်။ အမှန်တစ်ကယ် အသုံးပြုလိုကြသော ကျောင်းသူ ကျောင်းသားများ၊ ၀န်ထမ်းများမှာ အချိန်မပေးနိုင်ကြ၍ တန်းစီပြီးမတိုးနိုင်ကြောင်းပြောဆိုသံကြား ခဲ့ရပါ သည်။ ဒီဇယ်ဈေးမှာ ပြင်ပဈေးထက် ဈေးကြီးနေ၍ ထုတ်ယူသူနည်းနေကြောင်း၊ လိုင်းကားများသာ လာရောက်ထုတ်ယူ ကြောင်းမြင်တွေ့ခဲ့ရပါ၏။ ဤ ဈေးနှုန်းများဖြင့် (၂) လသာရောင်းချပေးမည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
ဤဈေးနှုန်းများဖြင့် ရောင်းချနေသော ကာလအတွင်း အမှန်တစ်ကယ်အသုံးပြုလိုကြသော အများပြည်သူများထံ ရောက်ရှိအောင် ရောင်းချပေးနိုင်စေသော နည်းစနစ်ကို သက်ဆိုင်ရာမှ အထူးကြပ်မတ်လမ်း ညွှန်သင့်ကြောင်း၊ ဆီတန်းစီသူများ၏ညီးထွားသံများကို ကြားသိ မြင် တွေ့ခဲ့ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက်


မကွေးမြို့ မှ ရွှေပြည်စိုးစာပေ၏ ဂျာနယ်ဈေးကွက်
ဇွန် ၁၆။ မကွေးမြို့ပေါ်တွင် ရွှေပြည်စိုးစာပေ၊ လောကစာပေ (၁)(၂)(၃)၊ ကနောင်စာပေ၊ မျိုးဆက်သစ်စာပေ၊ ရွှေပျိုးခင်းစာပေ စသော စာအုပ်ဖြန့်ချိရေးအရောင်းဆိုင်ကြီးများ ရှိကြပါသည်။ ယင်းဆိုင်များထဲတွင် ဂျာနယ်များကို အများဆုံးအားထား၍ ရောင်းချဖြန့်ချိသော ဆိုင်မှာ(အမှတ် ၆၁-၆၂-၆၃) ပြည်တော် သာလမ်း၊ ဈေးရပ်ကွက်မှ (ရွှေပြည်စိုးစာပေ) သို့ရောက်ခဲ့ပါ၏။ဆိုင်ပိုင်ရှင် ကိုတိုး+မမာမာ တို့ ကို သူတို့ဆိုင်မှ ဂျာနယ်ရောင်းရသော စောင်ရေစာရင်းများအား မေးမြန်းကြည့်ပါသည်။ ဘောလုံးပွဲ ရာသီဖြစ်၍ အားကစားဂျာနယ်များကို စတင်မေးခဲ့၏။ နောက် အခြားဂျာနယ်များစာရင်းနှင့် လျှပ်တစ်ပြက် ဂျာနယ်၊ မော်နီတာ ဂျာနယ်များ၏ စောင်ရေစာရင်းကိုလည်းမေးမြန်းကြည့်၏။ မော်နီတာဂျာနယ်ကို လျှပ်တစ်ပြက်ဂျာနယ်ထက် လူကြိုက်ပို၍များနေကြောင်း ကြားသိရပါသည်။
(1) Weekely Elven (450) စောင်။ သတင်းဂျာနယ်
(2) Fiast Elven (350) ။ အားကစားဂျာနယ်
(3) Forever (350) ။ ။
(4) 7 Day News (350) ။ သတင်းဂျာနယ်
(5) No.1 (250) ။ အားကစားဂျာနယ်
(6) အင်အား (250) ။ အားကစားဂျာနယ်
(7) Premier Eleven (330) ။ အားကစားဂျာနယ်
(8) Sport Time (150) ။ အားကစားဂျာနယ်
(9) Inside (120) ။ အားကစားဂျာနယ်
(10) First Line up (20) ။ အားကစားဂျာနယ်
(11) မော်ဒန် (300) ။ သတင်းဂျာနယ်

(12) Bi Weekely (140) ။ သတင်းဂျာနယ်

(13) လျှပ်တစ်ပြက်ဂျာနယ် (70) ။ သတင်းဂျာနယ်

(14) မော်နီတာဂျာနယ် (80) ။ နိုင်ငံရေးဂျာနယ်
(15) Internet (160) ။
(16) Net Guide (60) ။
အခြား(၁၀) စောင်နှင့်အောက် ဂျာနယ်များစာရင်းအား မပေးလိုကြောင်း ဆိုင်ရှင်မှ ပြောကြား၏။ ရွှေပြည်စိုးစာပေသည် ဂျာနယ်၊မဂ္ဂဇင်း၊၀ထ္ထု၊ သုတ၊ရသ၊ ဘာသာရေးစာအုပ်များ စာအုပ်အမျိုးပေါင်း စုံလင်စွာ တင်ထားကြောင်းမြင်တွေ့ခဲ့ပါသည်။ယင်းဆိုင်သည် စာနယ်ဇင်းလောကမှ ဂျာနယ် သ တင်းသမားများ နံနက်တိုင်း စုဝေးရာ ဌါနကြီးတစ်ခု ဟုဆိုလောက်ပါပေသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

အောင်ဘာလေ ထီဆိုင်များ၏ အုပ်စုအကြောင်း တစ်စေ့တစ်စောင်း




အောင်ဘာလေ ထီဆိုင်များ၏ အုပ်စုအကြောင်း တစ်စေ့တစ်စောင်း
ရွှေလမ်းငွေလမ်းဝင်းကြည်
အောင်ဘာလေထီဆိုင်များမှာ (၁) မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ (၂) အောင်ဆုထူးပိုင် (၃) ရွှေမြန်မာ (၄)မြတံခွန်အောင်သန်းဆု (၅) မြတံခွန်ထီစင်္ကြာဝဠာ (၆)အခြားနာမည် ထီဆိုင်များလည်း ရှိကြောင်း သိရပါသည်။
ရွှေမြန်မာ ထီဆိုင်အမည်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ တာဝန်ခံထားသော ထီဆိုင်(၁၀)ဆိုင်အား စုပေါင်းပေးထား ကြသောအမည်ဖြစ်ကြောင်းသိရ၏။ ရွှေမြန်မာ ထီဆိုင်အုပ်စုတွင်ပါဝင်ကြသော ထီဆိုင် အမည်များမှာ
(၁) မင်္ဂလာရွှေမောင်း ထီဆိုင်(ရန်ကုန်ပင်ရင်း) ။ (၂) မဟာအောင်ကုဋေဟိန်းထီဆိုင် (ရန်ကုန်ပင်ရင်း)။ (၃)ရတနာသိန်းထိုက်အောင် (မန္တလေးပင်ရင်း)။ (၄) ခိုင်ရွှေဝါ (မန္တလေးပင်ရင်း)။ (၅) ကမ္ဘာသစ် (ရန်ကုန်ပင်ရင်း) ။ (၆) ရတနာမိုး (ရန်ကုန်ပင်ရင်း)။ (၇) စိုးမိုးကျော်နှင့် ၀ိုင်းဝိုင်းလည် (ရန်ကုန်ပင်ရင်း)။ (၈) ငြိမ်းချမ်းရေးနှင့် ကမ္ဘာကျော် (ရန်ကုန်ပင်ရင်း)။ (၉) ရတနာပုံ (မန္တလေးပင်ရင်း)။ (၁၀) အမေ့အိမ် ထီဆိုင် (ရန်ကုန်ပင်ရင်း) ဆိုင်များဖြင့် စုစုပေါင်း(၁၀) ဆိုင်အားစုပေါင်းထားကြောင်း http://www.shwemyanmarlottery.com/lottery/ မှ သိရှိရပါသည်။ ယင်းဝပ်ဆိုက်တွင်အနည်းဆုံး အက္ခရာစုံ (၂၃)လုံးပါ အထူး မင်္ဂလာစုံတွဲ( တစ်ကဒ်)ထီထိုးလျှင် ရန်ကုန်မြို့တွင်း မည်သည့် နေရာမဆို အရောက်ပို့ပေးမည်။ ၀န်ဆောင်ခအဖြစ် ထီတစ်စောင်လျှင် ငွေ(၂၀)ကျပ်နှုန်းပေးရမည် ဆိုထား၏။ ထီတစ်စောင်လျှင် အစိုးရထုတ်ဈေး ငွေ(၂၀၀)ကျပ်ဖြင့်သာ ရောင်းမည်ဟု လည်းဆိုပါ၏။ ရွှေမြန်မာထီဆိုင်(၁၀)ဆိုင်အုပ်စုမှ အောင်ဘာလေထီ(၂၄၀)အကြိမ်မှစ၍ ငွေကျပ်(သိန်းတစ်ထောင် ဆုကြီး) ကို (၆)ကြိမ် ပေါက်ကြောင်း ကြော်ငြာထားပါသည်။
အောင်ဆုထူးပိုင် ထီဆိုင်မှ သိန်း(တစ်ထောင်ဆုကြီး) ကိုအောင်ဘာလေ(၂၄၂)။ (၂၄၃)။ (၂၄၈)ကြိမ်များဖြင့် (၃)ကြိမ်ပေါက်ကြောင်းသိရှိရပါသည်။
မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင် မှ အောင်ဘာလေထီလောကတွင် ငွေကျပ်(သိန်တစ်ထောင်)ဆုကြီး ကို(၈)ကြိမ်တိတိ အများဆုံး စံချိန်တင်၍ ထိပ်ဆုံးက ပထမပြေးနေကြောင်း ကြားသိရပါသည်။ မိုးယံထီဆိုင်မှလည်း ဤအွန်လိုင်းဖြင့် http://moeyan.fatbuyon.com ဆက်သွယ်နိုင်ကြောင်းသိရ၏။ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်သည် သိန်းတစ်ထောင်ဆု ကြီးများကို(၂၄၆)ကြိမ်မှစ၍၊ (၂၄၇)၊ (၂၄၉)၊ (၂၅၀)၊ (၂၅၃) (၂၅၅)ကြိမ်။ (၂၅၆)ကြိမ်။ (၂၅၇)ကြိမ်၊စုစုပေါင်း(၈)ဆုအား (၂)လ၊ (၃)လဆက်တိုက် ဆွတ်ခူးခဲ့၏။ မုံရွာမြို့ ၊ မန္တလေးမြို့ ၊ ရန်ကုန်မြို့များတွင် သိန်းတစ်ထောင် ကံထူးရှင်များအား အပိုဂုဏ်ပြုဆုသိန်း(၅၀၀)၊ နှင့် အရောင်းကိုယ်စားလှယ် များအားလည်း အပိုဂုဏ်ပြုဆု သိန်း(၁၀၀) ဂုဏ်ြပုပွဲများဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပပေးခဲ့ကြောင်း ဂျာနယ်သတင်းများမှ ကြားသိရပါသည်။
ထီထိုးကံစမ်းသူများ၏ပြောကြားသံများမှာ ဗလာမပါ ကံစမ်းမဲများဖေါက်ပေးတာထက် အပိုဆုများများပေး သောဆိုင်များနှင့် အပိုဆုသိန်း(၆၀၀)နှင့် အတူ ကားပေးသော ဆိုင်ကယ်ပေးနေသော ထီဆိုင်များကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း၊သိန်းတစ်ထောင်ပေါက်ရင် အပိုဆုငွေ သိန်းတစ်ထောင်ပေးမယ်ဆိုရင် ပိုကြိုက်ကြ ကြောင်း၊ သက်ဆိုင်ရာမှ ထီဆိုင်ပိုင်ရှင် သူဌေးများအား ယခင်သိန်း(၅၀၀)ဆုကလို အပိုဆုများအား လွတ်လပ်စွာပေးခွင့်ပြု၍ မြန်မာ့ရုပ်မြင်သံကြား များတွင်လည်း လွတ်လပ်စွာ ကြော်ငြာထည့်ခွင့်ပြုသင့်ကြောင်း ကြားသိခဲ့ရပါသည်။
ယခုတော့ တီဗွီဖန်သားပြင်အား တစ်နေ့လျှင် နှစ်ကြိမ် အချိန်မှန်မှန် ၀ိုင်းအုံးကြည့် နေကြသူ များကိုသာ..မြင်တွေ့နေရတော့ပါသတည်း..ဟုပြောကြားနေကြ၏။

ထီဆိုင်များ၏ ဓာတ်ပုံများ ပူးတွဲလျှက်

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

နိုင်ငံသားများ၏ အင်တာနက်ပေါ်တွင် လွတ်လပ်စွာပြောဆိုခွင့် အာမခံကြောင်း တရုတ်အစိုးရကြေညာ



အင်တာနက်နှင့်ပတ်သက်သည့် တရုတ်အစိုးရ၏ ပထမဆုံး မူဝါဒသဘောထား အစီရင်ခံစာ (White Paper) ကို ဇွန်လ ၈ ရက် နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အစိုးရသည် အွန်လိုင်းပေါ်တွင် သတင်းအချက်အလက် လွတ်လပ် စွာစီးမျောမှုနှင့် အမျိုးသားလုံခြုံရေး၊ ပြည်သူ့အကျိုးစီးပွားကာကွယ်ရေးအကြား မျှခြေရှိစေရန် ကြိုးစားလျက်ရှိကြောင်း ဖော်ပြထားသည်။

ဥပဒေနှင့်အညီ နိုင်ငံသားများ၏ အင်တာနက်ပေါ်တွင် လွတ်လပ်စွာပြောဆိုခွင့်၊ ပြည်သူလူထု၏ သိရှိ၊ ပါဝင်၊ ကြားနာ၊ စောင့်ကြည့်ခွင့်ကို အာမခံကြောင်း၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်အားကောင်းလာစေရန် အင်တာနက်သည် အစားထိုးမရနိုင်သော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ပညာရေးနှင့်လူမှုဘ၀များအပေါ် သက်ရောက်မှုဆက်လက်ရှိနေမည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

အင်တာနက်လုပ်ငန်း နယ်ပယ်နှင့်ပတ်သက်ပြီး ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်အင်တာနက် သမိုင်းကြောင်းကိုလည်း သုံးသပ်ထားသည်။ ၁၉၉၄ ခုနှစ်တွင် ပထမဆုံး အင်တာနက်ဆက်သွယ်မှုမှာ ပေကျင်းမြို့ ကျောင်ကွမ်းစံဒီစတြိတ်တွင် ၆၄ ကီလိုဘစ် ဆက်သွယ်မှုဖြင့် စတင်ခဲ့သော်လည်း ယနေ့အခါတွင် ကမ္ဘာပေါ်၌ အင်တာနက်သုံးစွဲသူ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၀၉ နှစ်ကုန်တွင် တရုတ်တွင် အင်တာနက်သုံးစွဲသူ ၃၈၄ သန်း (လူဦးရေ၏ ၂၈ ဒသမ ၉ ရာခိုင်နှုန်း)မျှ ရှိလာခဲ့သည်။ လာမည့် ငါးနှစ်အတွင်း လူဦးရေ၏ ၄၅ ရာခိုင်နှုန်းအထိ အင်တာနက်သုံးစွဲနိုင်ရန် ရည်မှန်းထားကြောင်းလည်း တရုတ်အစိုးရက ထုတ်ဖော်ခဲ့သည်။

သို့ရာတွင် အင်တာနက်လုံခြုံရေးကိုမူ တရုတ်အစိုးရက လျစ်လျူရှုသွားမည်မဟုတ်ကြောင်း ထုတ်ဖော်ခဲ့သည်။ အင်တာနက်အချုပ် အခြာအာဏာပိုင်မှု Internet Sover-eignty ဟူသောဝေါဟာရကိုလည်း ပထမဆုံးအကြိမ် တရားဝင်သုံးစွဲပြီး ပြည်ပမှ နည်းပညာကုမ္ပဏီများ တရုတ်ပြည်တွင်းတွင် တရုတ်ဥပဒေကိုလိုက်နာရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။တရုတ်ပိုင်နက်အတွင်းတွင် အင်တာနက်သည် တရုတ်အချုပ်အခြာပိုင်မှု အောက်တွင်ရှိကြောင်း၊ တရုတ်အင်တာနက်အချုပ်အခြာပိုင်ခွင့်ကို လေးစားကာကွယ်ရမည်ဖြစ်ကြောင်း ပါရှိသည်။

Comments

0 #1 tintunoo 2010-06-13 22:46
မြန်မာနိုင်ငံတွ င်လည်းအင်တာနက်ေ ပ်ါတွင်မှန်မှန်က န်ကန်နှင့်အများ အတွက်အကျိုးရှိမ ည့်အကြောင်းများ ကိုသာရေးသားတင်ြ ပကြသင့်ပါတယ်။စည်းလုံးညီညွတ်ကြပါစို့......

Refresh comments list

Comment ပေးရန်အတွက် Registerd user အနေဖြင့် Login ၀င်ရန် လိုအပ်ပြီး အသုံးပြုသူအသစ်များအနေဖြင့် User account တစ်ခုရယူရန် လိုအပ်သည်။


ELVEN MEDIA GROUP မှ ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇွန်လ(၁၃)ရက်၊ ည(၁၂း၂၀)ကူးယူပါသည်။
READMORE
 

မပေါက်မချင်း အပိုဆုသိန်း(၆၀၀)နှင့် Light Truck ကားတစ်စီးပေးမည်


မပေါက်မချင်း အပိုဆုသိန်း(၆၀၀)နှင့်
Light Truck ကားတစ်စီးပေးမည်ဆိုတဲ့ မြတံခွန်ထီစင်္ကြာဝဠာ

၁၃-၅-၂၀၁၀ နေ့က မကွေး မြတံခွန်ထီစင်္ကြာဝဠာ ထီဆိုင်မှာ ထီငါးစောင်းတွဲ တစ်တွဲထိုးခဲ့ ပါတယ်။ထီငါးစောင်ကို ငွေတစ်ထောင်ရှစ်ရာကျပ် ပေးရပါတယ်။ ဒီတော့ထီတစ်စောင်ကို (၃၆၀)ကျပ် နှုန်းကျနေပါတယ်။အစိုးရထုတ်ဈေးက ထီတစ်စောင်(၂၀၀)ကျပ်ပါ။ အပိုဆုနဲ့ပါတ်သက်လို့ မေးကြည့်ခဲ့ပါတယ်။ သိန်းတစ်ထောင်ဆုကြီးကို မပေါက်မချင်း အပိုဆုသိန်း(၆၀၀)နဲ့အတူ Light Truck လိုက်အိတ်ကား တစ်စီး ပေးပါမည်။ သိန်းငါးရာဆုပေါက်လျှင်လဲ အပိုဆုသိန်း(၅၀)နဲ့အတူ လိုင်စင်ပါ ရုပ်ဆိုးဆိုင်ကယ် တစ်စီး အသီးသီး ချီးမြှင့်မည်။ သိန်းတစ်ထောင်ဆု၊ သိန်းငါးရာဆုတွေ ပေါက်ပြီးရင်ကော ထပ်ပေးမည်လား မေးရာ “ ကျွန်တော်တို့ဆိုင်က မပေါက်မချင်းပေးမည်..။ ပေါက်ပြီးရင်လည်း ဒီလိုပဲ ဆက်ပေးသွားမှာပါ” ဟု အရောင်းစာရေးကပြောကြားလို သိခဲ့ပါတယ်..။

အစိုးရ အောင်ဘာလေ ထီထိုးသူများဘက်ကစဉ်းစားတွေးတောမိကြတဲ့ စကားသံများကို ကြားခဲ့ရပါတယ်..။ တကယ်လည်း သိန်းတစ်ထောင်ဆုကြီးလည်းပေါက်ရော.. သက်ဆိုင်ရာက တားမြစ်လို့..မပေးရတော့ပါဆိုခဲ့ရင်ဖြင့် ဘာတတ်နိုင်ကြမည်လဲ..။

မြန်မာပြည်မှာ ထိုင်းမှ နှစ်လုံးထီက တစ်နေ့(၂)ကြိမ်၊ သုံးလုံးထီက တစ်လ(၂)ကြိမ်၊ အစိုးရအောင်ဘာလေထီက တစ်လ(၁)ကြိမ် ထိုးကြ၍ ဆင်းရဲမွဲတေနေရပေပြီ..။ ဟော..ယခုတော့ တစ်လုံးကန် ဘောလုံး လောင်းကစားပွဲက တစ်လတိတိ ဆိုတော့ ဆင်းရဲခြင်း လွတ်ကင်းအောင် အိမ်ခြံပေါင်၍ ထိုးနေကြရတော့သည်..။

ရွှေလမ်းငွေလမ်း ၀င်းကြည်
၂၀၁၀ ခု၊ ဇွနလ(၁၃)ရက်၊ည(၁၁း၄၀)နာရီတင်၏။
READMORE
 

ပခုက္ကူမြို့နယ်မှ (၅)သိန်းတန်ဖုန်းများ (၇)သိန်းအထိဈေးတက်

Free Image Hosting by FreeImageHosting.net
ပခုက္ကူမြို့နယ်မှ (၅)သိန်းတန်ဖုန်းများ (၇)သိန်းအထိဈေးတက်

ရွှေလမ်းငွေလမ်းဝင်းကြည်

ဇွန်(၁၂)ရက်။ မကွေးတိုင်း၊ပခုက္ကူမြို့နယ် အတွင်း(၅)သိန်းတန်ဖုန်းများအား လူသုံးများလာကြောင်း သတင်းရရှိပါသည်။ ယင်း(၅)သိန်းတန်ဖုန်းများသည် မြို့နယ်တွင်းသာ ကိုင်ဆောင်၍ အသုံးပြုရသော (CDMA) ဖုန်းဖြစ်ကြောင်း၊ ယင်းဖုန်းနံပါတ်များမှာ (၀၉-၄၇၂၀၈၀၀၀) ဖြင့် စသောဂဏန်း(၁၀)လုံးပါနံပါတ်များဖြစ်ကြောင်း၊ ယင်းပေးထားသော ဖုန်းနံပါတ် များအား (၁၀)နှစ် သက်တန်းအထိ ကိုင်ဆောင်နိုင်ကြကြောင်း၊ ဖုန်းအ၀င်ကောမှာ အခမဲ့ဖြစ်ပြီး၊ အထွက်ကော များကျသင့်ငွေကို (ငွေကျပ် တစ်သောင်းတန်) ကဒ် နှင့် (ငွေကျပ် သုံးသောင်းတန်)ကဒ် များကို ပြင်ပကုမ္ပဏီများမှ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး စာတိုက်သို့ ငွေသွင်းဆောင်စရာမလိုကြောင်း၊ ဖုန်း အသုံးပြု၍ ငွေတစ်ထောင်ကျပ်သာ ကျန်ရှိလျှင် အချက်ပြ သတိပေးပြောဆိုမည်ဖြစ်ကြောင်း၊ သတိပေးထားပြီး ယင်းကဒ်ကို တစ်လတိတိအချိန်ပေးထားကြောင်း၊ တစ်လကျော်လျှင် ယင်းဖုန်းအတွင်းမှ လက်ရှိကဒ်သည် ဆက်သွယ်၍ လုံးဝရတော့မည်မဟုတ်ကြောင်း၊ နောက်ထပ်ဖုန်းပြောနိုင်ရန်အတွက် (တစ်သောင်းတန်ကဒ်) သို့မဟုတ် (သုံးသောင်းတန်ကဒ်) တစ်ခုခုကို ၀ယ်ထည့်ရမည် ဖြစ်ကြောင်း တို့ကို ဆက်သွယ်ရေးအရာရှိတစ်ဦးထံမှ သတင်းစုံစမ်းရရှိပါသည်။

ပခုက္ကူမြို့သည် ကုန်သည်များ၊ စက်မူဇုံမှ ကုမ္ပဏီများ အခြေစိုက်ရာ ဒေသဖြစ်၍ (၅)သိန်းဖုန်းများမှာ ရောင်း၍မလောက်ဖြစ်နေကြောင်း၊ ယင်း(၅)သိန်းတန်ဖုန်းများသည် ပခုက္ကူမြို့နယ်တွင်းသာမက နီးစပ်ရာ အခြားမြို့နယ်များတွင်လည်း ကိုင်ဆောင်အသုံးပြု ရနေကြ၍ အလုအယက်လူကြိုက်များနေကြကြောင်းကို နယ်ခံကုန်သည် တစ်ဦးက ပြောကြား၍သိရှိရပါသည်။ ပခုက္ကူမြို့နယ်၏ အရှေ့ဘက် မကွေးတိုင်း ချောက်မြို့နယ်၊ တောင်ဘက် ပွင့်ဖြူမြို့နယ်၊ အထိ ကိုင်ဆောင်၍ အသုံးပြုရနေကြကြောင်း ချောက်မြို့၊ ပွင့်ဖြုမြို့မှ ကိုင်ဆောင်အသုံးပြု နေသူများထံမှ သတင်းရရှိပါသည်။ ချောက်မြို့ပေါ်တွင် ပခုက္ကူ(၅)သိန်းတန်ဖုန်း တစ်လုံး အား (ခြောက်သိန်းရှစ်သောင်း) နှင့် (၇)သိန်းအထိ ဈေးပေါက်နေကြောင်း ၀ယ်ယူသူတစ်ဦးထံမှ သတင်းရရှိခဲ့ပါသည်။

ပခုက္ကူမြို့နယ်မှ (၅)သိန်းတန်ဖုန်းများ ဈေးကောင်းနေခြင်းမှာ မြို့နယ်ကျော်၍ လိုင်းဆွဲအားကောင်းနေခြင်းကြောင့်ဟုသိရပါသည်။ ဆက်သွယ်ရေးအရာရှိတစ်ဦး၏ ပြော ကြားချက်မှာ ပခုက္ကူ ဆက်သွယ်ရေးတာဝါတိုင်နှင့် ပုပ္ပါးဆက်သွယ်ရေးတာဝါတိုင် တို့နှစ်ခုဖြင့် ချိတ်ဆက်မိနေ၍ လိုင်းများ ကောင်းနေကြောင်း၊ မကြာမီ ပုပ္ပါးတာဝါတိုင်နှင့် ချိတ်ဆက်ခြင်းကို ဖြတ်တောက် တော့မည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။ ပခုက္ကူမြို့နယ်ကျော်၍ ရောင်းချထားသော (CDMA) ဖုန်းများမှာ ချောက်မြို့တစ်မြို့တွင် ဖုန်းအလုံးရေ(၁၀၀)ကျော်ခန့် ရောင်းချ၍ တပ်ဆင်အသုံးပြုနေကြကြောင်း သတင်းရရှိပါသည်။ အခြား မြို့နယ်များနှင့်ပါ ဆိုလျှင် ဖုန်းအလုံးရေ တော်တော်များများ အား(၅)သိန်းတန်ဖုန်းကို (၇)သိန်းဈေးနှုန်းများဖြင့် ရောင်းချပြီးဖြစ်ပါမည်။ ပုပ္ပါးတာဝါတိုင်မှ အဆက်အသွယ်အားဖြတ်တောက်လိုက်မည် ဆိုပါလျှင်..ပခုက္ကူမြို့နယ်ကျော်၍ ၀ယ်ယူသုံးစွဲသူများမှာ..မြွေပါလည်းဆုံး..သားလည်းဆုံး ဖြစ်ကြရပါတော့မည့် သတင်းကောင်းအား ကြိုတင် တင်ပြလိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇွန်လ(၁၂)ရက်၊ ည(၁၀း၃၀)နာရီ တင်၏။
READMORE
 

မကွေးမြို့ ကောင်းမွန်စူပါမားကတ်ကြီး အား ဗုံးဖောက်ခွဲရန်






မကွေးမြို့ ကောင်းမွန်စူပါမားကတ်ကြီး အား ဗုံးဖောက်ခွဲရန်
ခြိမ်းခြောက်ပြီးငွေတောင်း တဲ့ (အိုင်တီ) လူမိုက်

ရွှေလမ်းငွေလမ်း ၀င်းကြည်

(၁)
၂၀-၅-၂၀၁၀ နေ့၊ နေ့လည်(၁၁)နာရီ ထမင်းစားချိန်တွင် ကောင်းမွန်စူပါမားကတ်၏ ဒုတိယထပ်မှ ရှမ်းစတား စားသောက်ဆိုင်သို့ လူငယ်တစ်ယောက်တက်လာ၏။ လူငယ်သည် အသက်(၂၇)နှစ်ခန့် ၊ အရပ်အနည်းငယ်ရှည်သည်။ ဆံပင်တွေက ခပ်ပွပွ။ မျက်လုံးက ရီဝေပြီး မှုန်တေတေ ဖြစ်နေ သည်။ကြက်ဆီထမင်းကို စားရန်မှာပြီးစား၏။ ဤကဲ့သို့ ခန်းနားထည်ဝါ သော(၃)ထပ်ရှိတဲ့ ကောင်းမွန်စူပါ မားကတ်ကြီးကို မျက်လုံးကစား၍ လှည့်ပတ်ကြည့်နေ သည်။ သူထမင်းစားပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ကောင်းမွန်စူပါမားကတ်၏ အောက်ထပ် မြေညီထပ်မှ ကောင်းမွန် မှုန့်ထုပ်တစ်ထုပ် ၀ယ်ပြီး ပြန်ထွက်လာခဲ့၏။

လူငယ်သည် သူ၏ ညီမဖြစ်သော မရွှေဇင်ဌေးတို့အိမ် အမှတ်(၂၆၈)၊ (၉)လမ်း၊ ရန်မျိုးနိုင်ရပ် ကွက်သို့ ရောက်လာခဲ့၏။ အချိန်မှာ နေ့လည်(၁)နာရီ။ နေအပူရှိန်ကလည်း တော်တော်ပြင်း ထန်နေ သည်။ အိမ်၏ အောက်ထပ်သို့ဝင်လိုက်ရာ.. မည်သူ့ကိုမှ မတွေရပါ။ လူငယ်သည် တိတ်ဆိပ်နေသော အိမ်အောက်ထပ်တွင် သူ၏ စီးပွားရေးအကြပ်အတည်း ဖြစ်နေသော ဆံပင်ရောင်းဝယ်ရေးမှ တင်ထားသော ကြွေးငွေသိန်း(၃၀)ကိစ္စများကို စဉ်းစားလိုက်၊ တောင်တွင်းကြီးမြို့ရွှေအိုး(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအိမ်မှာ အတူနေကြသော ဇနီးမသီရိကြိုင်နှင့်(၃)လသားအရွယ်သားလေး၏ မျက်နှာ များကိုမြင်လိုက်၊ယောက္ခမများဖြစ်ကြတဲ့ ဦးမြကြိုင်+ဒေါ်တင်အေးတို့မှဆံပင်အရောင်းအ၀ယ်လုပ်ရန် ထုတ်ပေးထားသော ငွေ(၂၅) သိန်းကိစ္စ၊သူ၏မိန်းမက ဆံပင်ဖိုးကြွေးတောင်းခိုင်းထားတဲ့ ရန်ပါယ်ရပ် ကွက်မှ“ရှင်ဖူး” ဆံပင် အရောင်းဆိုင်ထံမှငွေ(၂)သိန်းကိုလည်း သူကတောင်း၍ သုံးပစ်ပြီးဖြစ် ကြောင်းတို့အား တသီ တသန်းကြီးစဉ်းစားခန်းဝင်ပြီး သက်ပြင်းတွေမှုတ်ထုတ်နေ ပါသည်။စီးပွားရေး အကြပ် အတည်း များအား စဉ်းစားရင်း တစ်ရေးအိပ်လိုက်ပေတော့၏။

တစ်ရေးနိုးသော် အကြံပေါ် ဆိုသည့်အတိုင်း လူငယ်သည် ကောင်းမွန်စူပါမားကတ် ပေါ်မှ ကြက်ဆီထမင်းစားရင်း စဉ်းစားခဲ့သော စိတ်ကူးကို ရင်ထဲမှာ အသံထွက်၍ အကွက်ချပါတော့ ၏။..“ငါ ဒီကြွးတွေကိုပြန်ဆပ်နိုင်အောင်..ယခုခေတ်ကာလအတွင်း သတင်းခေတ်စားနေတဲ့ ဗုံး ဖောက်ခွဲခြင်းကို အသုံးပြုပြီး..ကောင်းမွန်စူပါမားကတ်ဆိုင်ကြီးကို ဗုံးဖောက်ခွဲမည်လို့ ငါ့မှာ ပါလာခဲ့တဲ့ တစ်ခါသုံးကတ် ဖုန်းကို အသုံးချပြီး ခြိမ်းခြောက် ငွေတောင်းမယ်..။” ဟု စီစဉ်၍ ယင်းအိမ်မှ ထွက်လာခဲ့ပါသည်။ ကောင်းရောင်းကောင်းဝယ် လူငယ်ဘ၀မှ ယခုချက်ချင်းပင် အများပြည်သူများအား ထိတ်လန့် ကြောက်ရွံ့စေသော လူဆိုး၊လူမိုက်ဂိုဏ်း ခေါင်းဆောင်ကြီး ဘ၀သို့ရောက်လာခဲ့ပေတော့သည်။

၂၀-၅-၂၀၁၀ ရက်၊ ည(၇)နာရီအချိန်တွင် လူမိုက်သည် မကွေးမြို့ ကန်သာရပ်ကွက်၊ အ.ထ.က (၁)လမ်းရှိ့ ကန်သာရေကန်ကြီး၏ ကန်ဘောင်ပေါ်သို့ ရောက်လာခဲ့၏။သူဝယ်ယူ လာခဲ့သော ကောင်းမွန် မှုန့်ထုတ်မှ ကောင်းမွန်စူပါမားကတ်ဆိုင် တယ်လီဖုန်းနံပါတ်များကို ကြည့်၍ လူမိုက် လုပ်ငန်းကို စတင်ဆောင်ရွက်ပါသည်။

“ ဟလို.ကောင်းမွန်စူပါမားကတ်ဖုန်း ၂၃၆၀၀ နံပါတ်လားဗျာ..”
အခြားတဘက်မှ တယ်လီဖုန်းမှာ လိုင်းမအားကြောင်း တတီ တီ မည်နေပါသည်။
“ ဟလို..ကောင်းမွန် ၂၃၆၀၁ ကလား.? ပိုင်ရှင်သူဌေးနဲ့ ပြောခြင်ပါတယ်..”
““ ဟုတ်ကဲ့ သူဌေး မရှိပါဘူး..””
တစ်ဘက်မှ ချက်ချင်း ဖုန်းအမြန်ချသွားပါသည်။

လူမိုက်သည် လက်မှိုင်ချ၍ အကြံအိုက်စွာဖြင့် ညီမဖြစ်သူမရွှေဇင်ဌေး၏ ရန်မျိုးနိုင်ရပ်၊(၉)လမ်း တည်းအိမ်သို့ပြန်လာခဲ့၏။


(၂)

၂၁-၅-၂၀၁၀ နေ့၊ နံနက်(၁၀)နာရီခန့်အချိန်တွင် လူမိုက်သည် မကွေးမြို့ပါတ်လမ်းပေါ်ရှိ (ရန်အောင်မြင် စေတီ) အနီးမှ ကောင်းမွန်စူပါမားကတ်ဆိုင် တယ်လီဖုန်း(၂၃၆၀၀) ၊ (၂၃၆၀၁) နှစ်လုံးသို့ဖုန်းဆက်ပြန်၏။ ဖုန်း (၂၃၆၀၁) မှ ဖုန်းက တဘက်လူကိုင်၍ ထူးပါသည်။

“ဟေ့ ငါက (SB) ကပါ..အရေးကြီးကိစ္စရှိလို့.. ကောင်းမွန်သူဌေးနဲ့ တွေ့ချင်တယ် ..ပြောချင်တယ်..”

တစ်ဘက်မှ ကောင်းမွန်ပိုင်ရှင်၏ အထွေထွေမန်နေဂျာတစ်ဦးက ဖုန်းလာကိုင်ပါသည်။ လူမိုက်က ပြောပါ၏။
“ အရမ်း အရေးကြီးကိစ္စရှိ့လို့၊ အေးအေးဆေးဆေး သူဌေးနဲ့ဆွေးနွေးရအောင် ဟမ်းဖုန်း နံပါတ်ပေးပါ..”
“““ ဟုတ်ကဲ့ ၀၉-၅၃၄၀၃၅၂ ကိုဆက်ပါ”””
လူမိုက် ယင်းဖုန်းအား ခေါ်ပါသည်။ အခြားတဘက်မှ ဖုန်းမကိုင်ပါ။ (၅)မိနစ်ခန့်အကြာတွင် လူမိုက်၏ ဟမ်းဖုန်းသို့ (၀၉-၅၁၀၇၈၆၈) နံပါတ်ဖြင့် ဖုန်းပြန်ဝင်လာပါသည်။ ထိုအခါ လူမိုက်သည် ကောင်းမွန်စူပါမားကတ်ဖုန်း တစ်ဘက်မှ လက်ခံသူအား သူဌေးအထင်ဖြင့် စကားကြီး စကားကြယ်များ ပြောဆိုတော့၏။

“ ကျွန်တော်တို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကပါ..။ ကျွန်တော်တို့က သိန်း(၅၀၀)လောက် အလှူခံချင်တယ်။ဒါပေမဲ့ သိန်း(၃၀၀)ကို အခုပေးရမယ်။ ကျန်တဲ့သိန်း(၂၀၀)ကိုတော့ စိတ် ဆန္ဒရှိရင် ဆက်လှူနိုင်ပါတယ်..ဒါပါပဲ..ဘယ်လိုလဲ?..။

တစ်ဘက်မှ လူမိုက်စကားပြောပြီးအချိန်မှာ ဖုန်းခွက်ကို အမြန်ချသွားပါတော့သည်။ ယင်းဖုန်း အား လူမိုက်ထပ်မံခေါ်ဆိုရာ လုံးဝခေါ်ဆို၍မရတော့ပါ..။ နေ့လည်(၁၂)နာရီ အချိန် သို့ ရောက်သောအခါ ..လူမိုက် က ကောင်းမွန်ဟမ်းဖုန်း(၀၉-၅၁၀၇၈၆၈) သို့ထပ်မံပြန်ခေါ်၏။
အခြား တဘက်မှ ကောင်းမွန်စူပါမားကတ် ပိုင်ရှင်၏ အထွေထွေမန်နေဂျာပါဟု ဆိုသူက ဖုန်းလက်ခံစကား ပြော သည်။

““ အကိုတို့က ဘာဖြစ်စေချင်တာလဲဗျာ.. ကျွန်တော့်ကိုပြောပါ။ ကျွန်တော်က သူဌေးရဲ့ အထွေထွေ မန်နေဂျာပါ””။
လူမိုက်သည် မီးကုန် ယမ်းကုန်ဖြင့် အများပြည်သူလူထုကြီးကို ထိတ်လန့် ခြောက်ချားစေသော စကားများကို လောဘအား ရှေ့တန်းတင်၍ ပြောကြားပေသည်။

“ ဟေ့ မင်းတို့ကို ငါတို့ပြောထားတဲ့အတိုင်း ဒို့ကို ငွေသိန်း(၅၀၀)လာပေးပါ။ ယခုပြောပြီး နောက် နာရီဝက် အတွင်း ငါတို့ကို ပြန်လည်ဆက်သွယ်ပါ.. မဆက်သွယ်ဘူး၊မပေးဘူး၊ တစ်ခြားကိုသတင်းပေး တိုင်မယ် တောမယ် ဆိုရင်တော့ ..ကောင်းမွန်စူပါမားကတ်ကြီးကို ဗုံးခွဲဖျက်စီးပစ်လိုက်မယ်…ဒါပဲ။”

လူမိုက်၏ ပြင်းထန်သော ခြိမ်းခြောက်မှုကြောင့် တစ်ဘက်မှ ဖုန်းခွက်ချသံသည် ကြယ်လောင် စွာမည်ဟည်းသွားပါ၏။ ချိန်းထားသော နာရီဝက်မပြည့်မီ လူမိုက်ထံသို့ ကောင်းမွန်ဘက်က ဖုန်းပြန်ခေါ်လာသည်။ ယင်းအချိန်တွင် လူမိုက်သည် လူရှုပ်သော ပြည်တော်သာလမ်းမ၏ ပြည်တော် သာတိုက်ခန်များဘေးသို့ ဆိုင်ကယ်ဖြင့်ရောက်လာပါသည်။ ၀င်လာသော ဖုန်းအား နောက်မှ ပြန်ဆက်ရန် လူမိုက်က အမိန့်ပေးလိုက်ရပြန်၏။ ဒီနေရာက ကောင်းမွန်စူပါမားကတ် နှင့် နီးကပ်နေသောကြောင့် လူမိုက်စကားပြန် မပြောရဲပါ။ လူရှင်းသော မကွေးတက္ကသိုလ် နောက်ကျော ဘက် ထန်းတောသို့ ရောက်အောင် လူမိုက်သည် ဆိုင်ကယ်အားအမြန်းစီးလာ ၏။ အချိန်မှာ နေ့လည်(၁)နာရီ ကျော်ခန့်ဖြစ်နေသည်။ သရက်ပင်ရိပ်အောက်တွင် ဆိုင်ကယ်ကို ရပ်လိုက်သည်။ လူမိုက်သည် စောစောက ကောင်းမွန်ဘက်မှ ဟမ်းဖုန်းသို့ပြန်၍ ဆက်လိုက်သည်။ တစ်ဘက်ဖုန်းက သူဌေးရဲ့ မန်နေဂျာဆိုသူအသံဖြင့် လက်ခံပြောပါ၏။
““ ငွေက ဘယ်လောက်ပို့ပေးရမှာလဲ..””
“အေး လိုတာကတော့ ပြောထားတဲ့အတိုင်း သိန်း(၅၀၀)။ ဒါပေမဲ့ လောလောဆယ် သိန်း(၃၀၀)ပို့ပေးရမယ်.။ ပို့ရမဲ့နေရာကိုတော့ ငါတို့မရွေးရသေးဘူး။ နီးမှ ပြောမယ်”။

တစ်ဘက်မှ သူဌေး၏ မန်နေဂျာက လေသံချိုချိုဖြင့် ဈေးဆစ်တောင်းပန်နေပြန်၏။

““ ကျွန်တော်တို့မှာ ရောင်းအားတွေကလည်း မကောင်းပါဘူး၊ နောက် ချိန်းတဲ့နေရာကို ကျွန်တော် တစ်ယောက်တည်းလည်း မလာရဲဘူး..။ နှစ်ယောက်လာခဲ့မယ်နော်.။ မြို့အပြင်ကို လည်း မလားရဲဘူး။ ငွေကိုဘယ်နေရာကို လာပို့ရမှာလဲ?။”””

“ အေး ဘယ်နေရာဆိုတာကို ငါတို့ အဖွဲ့နဲ့ အစည်းအဝေးထိုင်လိုက်အုံးမယ်..နောက်မှ ပြန်ဆက်ပါ”

လူမိုက်သည် တစ်ကိုယ်တော်ဖြစ်သော်လည်း သူ၏လုံခြုံရေးအတွက် ဂိုဏ်းအဖွဲ့ပါလာ သ ယောင် အရောင်ဆောင်ပြောဆိုနေရပါသည်။ ရင်တွေတုန်၏။ ကြောက်စိတ် တွေဖြင့် ကြီးလန့် စာစား တောင်ကြည့်၊မြောက်ကြည့်ပြီး ဆိုင်ကယ်ကို အမြန်စီးလာခဲ့သည်။
တောင်တွင်းအထွက်လမ်း ပညာရေးကောလိပ်ကျောင်း၏ အ၀ိုင်းပါတ်ထိပ်သို့ ရောက်လာ၏။ တစ်ဘက်မှ ကောင်းမွန်ဟန်းဖုန်း က လူမိုက်ထံဖုန်းဝင်လာသည်။ လူမိုက်သည် ဆိုင်ကယ်စီး ရင်း စကားပြောကြရ၏။ ဤ နေရာသည် မကွေးအမှတ်(၂)ရဲစခန်း နှင့်နီး၍ ဆိုင်ကယ်ကို မရပ် ရဲပါ။

““ ကောင်းမွန်က မန်နေဂျာပါ.. သိန်းတစ်ရာပဲပေးနိုင်မယ်။””
“ ဟိုး မရဘူး သိန်းနှစ်ရာပေးမှတော့ ဖြစ်မယ်”
““ ကဲ ပေးမယ်..။ ပေးရမဲ့အချိန်ကိုတော့ နေ့ခင်းဘက်ပဲ ပေးချင်တယ်””
“ ငွေကိုလာပေးရမဲ့အချိန်က ဒီနေ့ည(၇း၃၀)နာရီတိတိမှာအရောက်လာခဲ့ရမယ်။ လာပေးရမဲ့ နေရာကိုတော့ အဖွဲ့နဲ့ တိုင်ပင်လိုက်အုံးမယ်”

လူမိုက်မှ အကြောင်းပြန်၍ ဖုန်းကိုပိတ်လိုက်၏။ လူမိုက် တည်းခိုသော ညီမ၏အိမ် ရန်မျိုးနိုင် (၉)လမ်း အိမ်သို့ ပြန်လာခဲ့ပါသည်။ အချိန်မှာ နေ့လည် (၃)နာရီ ထိုးနေပါပြီ။ ငွေရလို သော လောဘကြောင့် ကောင်းမွန်က မန်နေဂျာ၏ ဟန်းဖုန်းအား လူမိုက်က ပြန်ခေါ်ဆို ပြန်သည်။ တစ်ဘက်မှ မန်နေဂျာဖုန်းကိုင်၏။

“ မင်းပြောထားတဲ့ ငွေကို ပေးဖို့ အဆင်သင့်ဖြစ်ရင် ငါဆီကို ဖုန်းပြန်ဆက်ပါ”
လူမိုက်သည် ငွေရတော့မည် ဖြစ်၍ အလွန်ပျော်နေပေသည်။

(၃)
၂၁-၅-၂၀၁၀ နေ့၊ ည(၇း၁၅)နာရီအချိန်တွင် လူမိုက်ထံသို့ တစ်ဘက်ကောင်းမွန် မန်နေဂျာ၏ ဟန်းဖုန်းနံပါတ်ဖြင့် ခေါ်ဆို၍ ဖုန်းဝင်လာပါသည်။ ၀မ်းသာစွာ လူမိုက်ဟန်းဖုန်းကို ဖွင့်ပြီး နားထောင် နေပါ၏။ အဲဒီအချိန်တွင် လူမိုက်သည် ဆိုင်ကယ်ဖြင့် မကွေးမြို့ပါတ်လမ်းမ ပေါ်ကို ရောက်နေပါသည်။

“““ ခဏနေရင် အကိုချိန်းတဲ့ နေရာကို ကျွန်တော်တို့နှစ်ယောက်လာခဲ့မယ်။ အဆင်သင့်ဖြစ်နေပါပြီ.. ဘယ်ကို လာရမှာလဲ?။”””””

“ ဘယ်ကို လာရမယ် ဆိုတာ ငါညွှန်ကြားမယ်.. မင်းတို့ထွက်လာတာနဲ့ ငါ့ဆီ ဖုန်းဆက်ပါ”

နှစ်ဘက်စလုံးမှ ဖုန်းများချသွားကြသည်။ အချိန်ကလည်း ည(၇း၃၀)နာရီကို နည်းနည်းကျော် နေပါ သည်။ လူမိုက်သည်စိတ်မရှည်တော့၍ သူတို့ဆီသို့ ဖုန်းပြန်ခေါ်နေသည်။ တစ်ဘက်မှ ကောင်းမွန် မန်နေဂျာ မှ ပြန်ထူး၏။
“““ ဟုတ်ကဲ့ ခဏနေရင်လာပါတော့မယ်. ကျွန်တော့်သူငယ်ချင်းကို စောင့်နေရလို့ပါ။ (၁၀)မိနစ် လောက် ထပ်စောင့်ပေးပါ..““““

“ ဟေ့ မစောင့်နိုင်တော့ဘူးကွ.။ ပြောထားတဲ့အချိန်က ည(၇း၃၀)နာရီတောင် ကျော်နေပြီ”

““ဟုတ်..ဟုတ်ကဲ့ပါ..ကျွန်တော်တို့ ထွက်လာတာနဲ့ ဖုန်းခေါ်လိုက်ပါ့မယ်””

လူမိုက်သည် ဟန်းဖုန်းလေးကို ကိုင်၍ကြည့်လိုက် ဆိုင်ကယ်ကို ဟိုနားခဏရပ်၊ ဒီနား ခဏရပ် ပြီး တစ်ဘက်မှ ဖုန်းအ၀င်ကို မျှော်နေ၏။ (၁၀)မိနစ်ခန့်ကြာသောအခါ..။ တဘက်မှ ဖုန်းခေါ်လာပါသည်။

““ကျွန်တော်တို့ထွက်လာပါပြီ.. သူငယ်ချင်းတစ်ယောက်လည်း ပါလာပါတယ်”””

“ အေး ဟုတ်ပြီး မင်းတို့ မြို့ပါတ်လမ်းကို ထွက်ခဲ့ပါ.. တောင်တွင်းကြီးအထွက် ပညာရေး ကောလိပ် ရှေ့ကို လာခဲ့ကြ..ဒါပဲ။ အဲဒီရောက်ရင် ငါ့ဆီကို ဖုန်းပြန်ဆက်ပါ။”

(၅)မိနစ်ခန့်အကြာတွင် လူမိုက်ထံ သို့ ဖုန်းဝင်လာ၏။

““ ကျွန်တော်တို့ ပညာရေးကောလိပ်ကျောင်း ရှေ့ကိုရောက်နေပါပြီ..””

“အေး ဟုတ်ပြီ မင်းတို့ မြို့ပါတ်လမ်းအတိုင်း မြောက်ဘက်ကို ပြန်လာခဲ့၊ အထက(၁)လမ်း ရောက်ရင် အနောက်ကို ချိုးဝင်လာပါ။ ပိုက်ဆံတွေကို ဘာအိပ်နဲ့ထည့်လာ သလဲ။ မင်းတို့ ဆိုင်ကယ်က ဘာလဲ၊ ဘာအရောင်လဲ?။။“

““ ကျောပိုးအိပ် အနက်နဲ့ ထည့်လာပါတယ်။ ကျွန်တော်တို့ဆိုင်ကယ်အရာင်က အနက်ရောင် (KENBO-110) ပါ ””။

လူမိုက်သည် မကွေးမြို့ (အထက-၁)လမ်းမပေါ်နှင့် ကန်သာရပ်ကွက်အရှေ့ဘက်မှာ တည်ရှိ သော ကန်သာ ကန်ကြီး၏ အရှေ့ဘက် လမ်းကြားတောင်အရပ် သို့ချိုးဝင်လိုက်ပါသည်။ လမ်း မီးဓာတ်တိုင် အောက်တွင် လူမိုက်စီးလာသော ဆိုင်ကယ်ကို ရပ်ထားခဲ့၏။ သူ၏ဆိုက်ကယ် နံပါတ် အား ကြိုတင်၍ ညီမ၏အိမ်မှာ ဖြုတ်သိမ်းထားခဲ့ပါသည်။သူသည် ကန်ဘောင်ပေါ်သို့ ပြေးတက်ခဲ့ပါသည်။ ကန်ဘောင်ပေါ်မှ ကန္တရပင်၏ အမှောင်ရိပ်သို့ဝင်၍ ငုတ်တုတ်ထိုင်စောင့် နေသည်။ လူမိုက် ဟန်းဖုန်းကိုဖွင့်ပြီး အမိန့်ဆက်ပေးပါသည်။

“ ဟေ့ မင်းတို့ကို ငါမြင်နေရတယ် မင်းတို့ဆိုင်ကယ်ကို ကန်သာကန်ကြီးရဲ့ အရှေ့ဘက်လမ်း ကြားထဲကို ချိုးဝင်လိုက်ပါ။ ငါ့ဆိုင်ကယ် ရင်ဇင်း အနက်ရောင်ဆိုင်ကယ်တစ်စီးရပ်ထားတယ်။ ဆိုင်ကယ် ဖင်ထိုင်ခုန်နောက်မှာ ကြိုးပျော့တစ်ချောင်းကို ချီထားပြီး အစနှစ်ခုကို ချထားတယ်။ အဲဒီ ဆိုင်ကယ်မှာ ငွေအိတ်ကိုချိတ်ထားပြီး မင်းတို့ချက်ချင်း နောက်ပြန်လှည့်သွားတော့ ဒါပဲ”

လူမိုက်သည် အမှောင်ထဲမှနေ၍ အာလုံးကိုမြင်နေရပါသည်။ သူအမိန့်ပေးသည့်အတိုင်း ဆောင်ရွက်နေသော ဆိုင်ကယ်တစ်စီးဝင်လာသည်။ ကျောပိုးအိတ်အနက်ကို သူရပ်ထားသော ဆိုင်ကယ်ကို လာချိတ် ပေးပြီး ၀င်လာသောဆိုင်ကယ်မှာ လာရာလမ်းအတိုင်း နောက်သို့ပြန် ထွက်သွား၏။သို့သော် ကျောပိုးအိပ်လာချိတ်ပေးသော ဆိုင်ကယ်၏ နောက်မှ မလှမ်းမကန်းတွင် ကားဖြုကလေးတစ်စီး ကပ်ပါလာတော့သည်။ လူမိုက်သည် အမှောင်ထဲမှ လျှပ်တစ်ပြက် ခုန်ထွက်ပြီး သူ၏ဆိုင်ကယ်သို့ ပြေးလာခဲ့သည်။ဆိုင်ကယ်ပေါ်ကို ရောက်တာနှင့်ဆိုင်ကယ်ကို လျှင်မြန် ဖျက်လတ်စွာဖြင့် လမ်းကြို၊ လမ်းကြားများကို ချိုးကွေ့တိမ်းရှောင်သွားသည်။ နောက် မှ ပါလာသော ကားအဖြူလေးမှာလည်း မီလု၊ မီလုဖြင့် တစ်နေရာအကွေ့တွင် မျက်ခြေပြတ်၍ ကျန်နေခဲ့ပါတော့သည်။ လူမိုက်သည် ပါလာသော ကျောပိုးအိတ်ကို ပြေးရင်းလွှာရင်း အူယား ဖားယား လက်ဖြင့်စမ်းကြည့်၏။ အထဲတွင် ငွေထုပ်များမဟုတ်ပဲ၊ အုတ်ခဲကြီးနှစ်လုံးသာ ဖြစ်နေ၏။ လူမိုက်သည် “တောက်” တစ်ချက်ခေါက်ပြီး ကျောပိုးအိပ်အနက်အား လွှင့်ပစ်ခဲ့ပါတော့ သည်။ ပြေးမိပြေးရာ လမ်းကြိုး လမ်းကြားမှ ထွက်၍ သစ္စာလမ်းမပေါ်သို့ရောက်သောအခါ မြောက်ဘက်သို့ ဦးတည်၍ အိနြေ္ဒရေ မပျက်ဆိုက်ကယ်ကို စီးလာခဲ့သည်။ သစ္စာလမ်းမြောက်ထိပ်ရောက်သော် မိုနာလီဇာ(အမှတ်၎)ဆိုင် သို့ဝင်လိုက်၏။ ဤဆိုင်တွင် ဘီယာသောက်ပြီး အမောဖြေနာခိုနေ ၏။ အချိန်မှာ (၁၁)နာရီထိုးတော့မည်ဖြစ်၍ လူမိုက်သည် သူတည်းခိုနေထိုင် သော ညီမဖြစ်သူအိမ် ရန်မျိုးနိုင်ရပ်၊(၉)လမ်းအိမ်သို့ ပြန်လာ၍အိပ်ခဲ့သည်။

(၄)
၂၂-၅-၂၀၁၀ နေ့ နံနက်ပိုင်းတစ်ချိန်လုံးမှာ လူမိုက်သည် အိမ်အပြင်သို့ လုံးဝမထွက်ရဲပါ။ အိမ် ရှင် ညီမ မိသားစုမသိစေရအောင် ပုံမပျက်နေထိုင်နေပါသည်။ လူမိုက် သည် မျှော်လင့်ထား ခဲ့သော ငွေရရှိရေးအတွက် မဟာစီမံကိန်းကြီးမှာ မအောင်မြင်ခဲ့၍ တော်တော်စိတ်ပျက်နေ၏။ ညက တစ်ညလုံး လုံးဝအိပ်၍ မပျော်ခဲ့ပါ။ စိတ်ပျက်ခြင်းနှင့် အတူ အဖဖ်းခံရမည့် စိုးရိမ်သောကများက နေမထိ၊ ထိုင်မသာ ဖြစ်နေပါသည်။ သို့သော်လူမိုက် မှတ်သားယုံကြည်ချက်တစ်ခုမှာ တစ်ခါသုံး ဖုန်းကဒ် ဖြင့် ဆက်သွယ်အသုံးပြုပြောကြားချက် များမှာ ခြေရာခံ၍ လိုက်မရကြောင်းကို သူယုံကြည်စိတ်ချထား၏။ ထို့ကြောင့် လူမိုက်သည် အားတင်းပြီး အိနြေ္ဒရရ ပုံမပျက် မကွေးမှ ပြန်ထွက်မည်။ တစ်ယောက်ထည်းထွက် ရင် ဂိတ်တွေက သံသယဖြစ်မည်။ ဒီတော့ သူ၏ညီမအား သူတို့ရဲ့ ဇာတိဖြစ်တဲ့ မြင်းစိုင်းရွာကို ၀င်မည်ပြောသည်။ ညီမကလည်း မရောက်တာကြာပြီးဖြစ်၍ လိုက်ချင်ကြောင်းပြော၏။ လူမိုက် ၏ အဖေါ်ခေါ်လိုသော ကိစ္စမှာ လွယ်လွယ်ဖြင့် ထမြောက် သွားခဲ့သည်။ လူမိုက်သည် ညက ဖြုတ်သိမ်းထားသော သူ၏ ဆိုင်ကယ်နံပါတ်(မက/၉၆၆၈၂) အား ဆိုင်ကယ်တွင် ပြန်လည်တပ်ဆင်လိုက်၏။ လူမိုက်၏ အစီစဉ်သည် သူ၏ ညီမကို မြင်းစိုင်းရွာကို ပို့ရင်း ဖခင်ဦးမြင့်ဆွေ၊မိခင်ဒေါ်ဌေးကြည် တို့ကိုလည်း မတွေ့ရတာကြာနေ၍ တွေ့ချင်မြင်ချင် နေပါ သည်..။ဤ မိဘနှစ်ပါးသည် ရိုးသားစွာဖြင့်တောင်သူလုပ်ကိုင်ကြသည်။ လူမိုက်အား (BA= သမိုင်းဘာသာ)ဖြင့် ဘွဲ့ရအောင် မကွေးမြှို့တွင်ကျောင်းထားခဲ့၏။ ကျေးဇူးရှင်မိဘများနဲ့ တွေ့ရန် စဉ်စားနေမိသည်။ လူမိုက်သည် တောင်တွင်းကြီးမှ သူ၏ဇနီးနှင့် သားလေးထံ ပုံစံမပျက် အေးချမ်း လုံခြုံစွာဖြင့် ပြန်နေမည်ဟု ကြိုတင်စီစဉ် စဉ်းစားထား ပါသည်။

၂၂-၅-၂၀၁၀ နေ့ န့လည်(၁၂)နာရီအချိန်တွင် ညီမဖြစ်သူ မရွှေဇင်ဌေးနှင့် အတူ သူ၏ ဆိုင်ကယ်ဖြင့် တောင်တွင်းကြီးမြို့ အထွက်လမ်းအတိုင်း ထွက်လာခဲ့ကြသည်။လမ်းတွင် အိနြေ္ဒရေမပျက် ဂိတ်များကို ဖြတ်သန်းလာခဲ့၏။ နေ့လည်(၁)နာရီခန့်အချိန်တွင် မြင်းစိုင်းရွာ သို့ ရောက်လာခဲ့ပါသည်။ ရွာတွင် သူ၏ညီမ မရွှေဇင်ဌေးကို ထားခဲ့၏။ ခေတ္တနားနေပြီးမိဘများနှင့် တွေ့၍ ရွာမှ တောင်တွင်းကြီးမြို့ သို့ ဆက်ထွက်လာခဲ့ပါသည်။ တောင်တွင်းကြီးသို့ ညနေ(၆)နာရီခန့် မှာ ရောက်လာခဲ့၏။
လူမိုက်သည် သူ၏ ဇနီးနှင့် သားဖြစ်သူတို့ နေထိုင်သော ရွှေအိုး(၁)ရပ်၊ ဗိုလ်ချုပ်လမ်း၊ အိမ်သို့ အိနြေ္ဒရေ မပျက်ဝင်လာနိုင်သည်။ ခေတ္တနား၍ ရေချိုးခန်းသို့ဝင်သည်။ လူမိုက်သည် ကောင်းမွန်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ငွေတောင်းရန် အသုံးပြုဆက်သွယ်ခဲ့ သော တစ်ခါသုံးကဒ် ဖုန်းကဒ်အား ဟန်းစက်မှ ထုတ်လိုက်သည်။ ယင်း (09-44456035) ဖုန်းကဒ်အား ရေချိုးခန်း၏ အုတ်ရေကန်ပေါ်တွင် ၀ှက်ထားလိုက်ပါသည်။ ဒီတစ်ခါသုံး ဖုန်းကဒ် တွေက နောက်ကြောင်းလိုက်လို့ မရဘူးဟု လူမိုက်က တစ်ထစ်ကျတွက်ထားပါသည်။ ဒါကြောင့်လည်း လူမိုက်သည် လွန်ခဲ့သော (၁၅-၅-၂၀၁၀) နေ့တွင် တောင်တွင်းကြီးမြို့၊ “ ပုလဲ” စတိုးဆိုင် မှဤ(09-44456035) ဖုန်းကဒ်ကို နာမည် လိမ် မောင်အောင်မြင် မှတ်ပုံတင်နံပါတ် ကို ကြုံရာ ကျဘမ်းနံပါတ်များကို ပြော၍ ကြိုတင် ၀ယ်ထားခဲ့ပါသည်။ လူမိုက်၏ အမည်မှန် မောင်သိန်းကျော် နိုင်ငံသားနံပါတ် (၈/မကန(နိုင်) ၁၅၃၉၈၂) ဖြင့်ဖုန်းကဒ်နံပါတ်(09-45523987) ဖုန်းကဒ်ကို တောင်တွင်းကြီးမြို့ မြို့ပတ်လမ်းနှင့် မကွေး လမ်းထောင့်ရှိ (“ 129”) စတိုဆိုင်မှ ၀ယ်ယူ၍ သုံးစွဲခဲ့ပါသည်။

ကောင်းမွန်စူပါမားကတ်ကို ခြိမ်းခြောက် ၍ငွေ တောင်း ခဲ့ သော ဒီတစ်ခါသုံးကဒ်(09-44456035) အား လူမိုက် သိန်းကျော်မှာ အစဖျောက်ရန် ကြံစီနေပါသည်။ ဤ လက်မတင် အချိန်အတွင်း တောင်တွင်းကြီးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှုး ဒု ရဲမှူးဦးသောင်းခင် ဦးဆောင်သော ရဲတပ်ဖွဲ့မှ လူမိုက်သိန်းကျော်အား သက်သေခံပစ္စည်းများနှင့် အတူ လက်ရဖဖ်းဆီး လိုက်ကြပါသည်။

မကောင်းမူဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇာဝတ်ဘေး ပြေး၍မလွတ်ပါ။ တစ်ဦး တစ်ယောက် တစ်မိသားစု ကောင်းစားရေးအတွက် အတ္တလောဘအား ရှေ့တန်းတင်သူ တရားခံ လူမိုက် သိန်းကျော် အထင်နှင့် အမြင် ပါစင်အောင် လွဲမှားသွားပေသည်။ ယခုတော့ ငွေကျပ် သိန်း(၂၀၀) အစား၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)/၅၀၆ ။ မကွေးအမှတ်(၁)ရဲစခန်း (ပ)၂၅၇/ ၂၀၁၀ ဖြင့် သက်ဆိုင်ရာမှ အရေးယူ၍ ပြစ်ဒါဏ်ကျခံ ရပါတော့မည်မှာ သေချာနေပါသည်။

နောက်ဆက်တွဲ သတင်း ရှင်းလင်းချက်။

ကောင်းမွန် စူပါမားကတ်ကြီးအား ဗုံးခွဲဖျက်ဆီးပစ်လိုက်မည် ဆိုသော လူမိုက်သိန်းကျော်၏ ကဒ်ဖုန်းဖြင့် ခြိမ်းခြောက်၍ မိုက်ကြေးခွဲ ငွေတောင်းဆို လိုက်ခြင်း ကြောင့် အများပြည်သူလူထု ကြီးမှာ မကွေးမြို့ တစ်မြို့လုံး ထိတ်လန့်၊ တုန်လှုပ်၊ ခြောက်ချား သွားကြရပါသည်။

ဤ အမူအား အချိန်အခါမီ ဖော်ထုတ်ဆောင်ရွက်ပေးသူများမှာ ကောင်းမွန် စူပါမားကတ် ပိုင်ရှင် သူဌေးနှင့် မန်နေဂျာအဖွဲ့တို့သည် သွေးအေးအေးထား၍ နူးညံ့သိမ်မွှေ့စွာ ဖြင့် မကွေးခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းပေး ဆောင်ရွက်ခဲ့ကြ၏။ လူမိုက်တရားခံသိန်းကျော် မှ ကောင်းမွန် စူပါမားကတ်အား စတင်ခြိမ်းခြောက်ငွေတောင်းရန်ဖုန်းဆက်စဉ်အချိန်မှ စ၍ ဖုန်းအကြောင်း ပြန်ကြား ပေးနေသော ကောင်းမွန် အထွေထွေမန်နေဂျာမှာ မကွေးခရိုင်ရဲမှူးရုံး တွင် ရှိနေပါသည်။ချိန်းဆို၍ ငွေပေးသောနေရာတွင် တရားခံအားလွတ်သွားသည်မှာ တမင် လွှတ်ပေးလိုက်ကြောင်း တရားခံ၏ အပေါင်းပါများရှိခဲ့သော် ဆက်လက်ဖဖ်းဆီးနိုင်ရန်နှင့် ဗုံးလက်နက်များအမှန်တစ်ကယ် ကိုင်ဆောင်သူ ဖြစ်ခဲ့လျှင် ဗုံးလက်နက်များကိုပါ ဖော်ထုန်နိုင် ရေးအတွက် တရားခံအား ဟကြောင်းပေး ခဲ့ခြင်း ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
ဤအမှုကြီးအား မကွေးတိုင်း ရဲမှူးကြီးနှင့် ဒုရဲမှူးကြီးတို့၏ လမ်းညွှန်ချက်အား ပီပြင်စွာ အမြန်ဆုံးတိတိကျကျ လိုက်နာဆောင်ရွက်ကြသူ များမှာ မကွေးခရိုင် ရဲမှူး၊ ဒုတိယရဲမှူးကြီး သူရ သွင်ကိုကို နှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့ မှ မြို့နယ်မှူး၊ ဒု ရဲမှူး ဦးကြူအင်းနှင့် တောင်တွင်းကြီးရဲတပ်ဖွဲ့၊ မြို့နယ်မှူး ဒုရဲမှူး ဦးသောင်ခင် တို့သည် သတင်းရရှိသည့် အချိန်မှ စ၍ နေ့မနား၊ ညမနား အပူတပြင်း ကြိုးစား ဆောင်ရွက် ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ရပါသည်။

အများပြည်သူများ ထိတ်လန့် တုန်လှုပ် ခြောက်ခြားနေသာ ဤအဖြစ်ဆိုးမှုခင်းကြီးအား တရားခံမိစေရန် အမြန်ခြေရာခံနိုင်အောင် တရားခံ ကိုင်ဆောင် အသုံးပြု ထားသော တစ်ခါ သုံး ဖုန်းကဒ် နံပါများနှင့် အပြန်အလှန်ပြောဆိုခဲ့သော ဖုန်းနံပါတ်စာရင်း အားတိကျစွာ ကွန်ပျူတာ မှတ် တမ်းဖြင့်ဖော်ထုထ်ပေးခဲ့သော မကွေးတိုင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းရုံး၊ အထွေထွေမန်နေဂျာ မှ ကူညီဆောင်ရွက်ပေးခဲ့သောကြောင့် တရားခံ ၏ အမည်မှန်နှင့် နေရပ်လိပ်စာ အတိအကျသိခဲ့ရ၍ မကွေးမြို့နယ်ရဲမှူးမှ ကွင်း ဆက်များကို အချိန်မီ ဆက် လက် ဖော်ထုတ်ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။ဤ အမှုအား(၂၄)နာရီအတွင်းဖဖ်းဆီး နိုင်ခြင်းမှာ မကွေးမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး ဦးကြူအင်းမှ လျှင်မြန်စွာ အကူအညီတောင်း၍ မကွေးတိုင်းဆက်သွယ်ရေး ဌါနနှင့် မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးဌါနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းကြောင့်ဟု သတင်းရရှိပါသည်။
ဤ သတင်းစတင် ဖြစ်ပေါ်သည့် နေ့မှစ၍ မကွေးမြို့နယ်စာနယ်ဇင်းအား ခေါ်ယူ သတင်းပေး၊ တိုင်ပင်ခဲ့ကြသော ကောင်းမွန်စူပါမားကတ် သူဌေး၏မန်နေဂျာများ၊ သတင်း အတည်ပြု ချက် ပေးခဲ့ သော မကွေး ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်ရဲမှုး၊ ဒုရဲမှူးကြီး သူရ သွင်ကိုကို နှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်မှူး ဒု ရဲမှူး ဦးကြူအင်း တို့အား မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့ အလုပ်အမှုဆောင်မှ အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ရွှေလမ်းငွေလမ်း ၀င်းကြည်
2010 ခု ဇွန်လ(၆)ရက်၊ည(၉း၃၀)နာရီတင်သည်။
READMORE
 

အကယ်ဒမီ ထက်ထက်မိုးဦးအား စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရှုတ်ချ


http://burmese.dvb.no/news.php?id=11078


http://snapshot-news.com/ မှကူးယူပါသည်။



http://snapshot-news.com/ မှကူးယူပါသည်။




အကယ်ဒမီ ထက်ထက်မိုးဦးအား စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရှုတ်ချ
Submitted by Karen Information Center on Wednesday, 2 June 2010No Comment

ဇွန်လ ၂ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
7 Day News သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ရိုင်းပျစွာ ဆက်ဆံခဲ့သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား အမှုကျေအေးစေရန်အတွက် နှစ်ဖက်စလုံးကို ဖိတ်ခေါ်ကာ ညှိနှိုင်းခဲ့သော်လည်း လိုက်လျောသဘောတူ ညီမှု မရှိသည့် ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချလိုက်သည်။
မေလ ၃၁ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြေညာချက်တွင် 7 Day News ဂျာနယ် တိုင်ကြားချက်ကြောင့် စာနယ်ဇင်းအဖွဲ့က ဆဲဗင်းဒေး သတင်းထောက် မအေးသူစံအား မေလ (၂၃)ရက် နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် ထက်ထက်မိုးဦးအား မေလ (၂၆)ရက်နေ့တွင် သီးခြား တွေ့ဆုံညှိနှိုင်းခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်ပါ ညှိနှိုင်းချက်သုံးချက်တွင် ထက်ထက်မိုးဦးအနေဖြင့် မိမိ၏လုပ်ရပ်ကို လူသိရှင်ကြား တောင်းပန်သွားပါ က မအေးသူစံအနေဖြင့် တရားစွဲဆိုထားမှုကို ရုတ်သိမ်းရန်နှင့် မလိုက်လျောပါက ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပါရှိသော်လည်း ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက သဘောတူညီမှု လုံးဝ မပြုလုပ်နိုင်ကြောင်း ပြန်ကြားပြောဆိုခဲ့သည်။
ထို့အတွက် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)က လက်မှတ်ထိုးကာ ကြေညာချက်ထုတ် ရှုတ်ချလိုက်ခြင်းဖြစ်သည်။
မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက “ဒီကိစ္စကတော့ သက်ရောက်မှုရှိတဲ့သူက သတင်းထောက်ဆိုတော့ တစ်ဖက်က စာနယ်ဇင်းတွေနဲ့ ညှိနှိုင်းတယ်။ တစ်ဖက်ကလည်း ရုပ်ရှင်အဖွဲ့အစည်းဆိုတော့ အဖွဲ့အစည်းချင်းတွေ့ပြီး ကြီးသောအမှုကို ငယ်အောင်၊ ငယ်သောအမှုကို ပပျောက်အောင်ဆိုပြီးတော့ သူတို့က ညှိနှိုင်းသေးတယ်။ ဒါကို မင်းသမီးဘက်ကနေပြီး ပယ်ချ လိုက်တယ်။ တကယ်တော့ လူကြီးတွေက ဖြစ်သင့်တာကို လုပ်တဲ့အချိန်မှာ မင်းသမီးအနေနဲ့ လက်မခံလိုက်တဲ့အတွက် သူ့အ မှား ဖြစ်တယ်”ဟု သုံးသပ်သည်။
7 Day News ဂျာနယ်က ရုပ်ရှင်အစည်းအရုံးသို့ မေလ (၂၁)ရက်နေ့တွင် တိုင်ကြားထားသော်လည်း အမှုကိစ္စကို တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိဟု ဂျာနယ်အယ်ဒီတာတစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောဆိုခဲ့သည်။
နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် မင်းသမီးထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးအား ရိုင်းပျစွာ ကိုယ်ထိလက်ရောက် ဆက်ဆံခဲ့သောသတင်းမှာ လူအများ စိတ်ဝင်စားကာ ရေပန်းစားနေသည်ဟု ရန်ကုန်မှ သတင်းသမားတစ်ဦးက ပြောသည်။
မေလ ၁၉ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှိ ကုန်စည်ပြပွဲတခုတွင် နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးက လူပုံအလယ်၌ အိမ်ထောင်ရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့သည့် သတင်းထောက် မအေးသူစံကို ဆံပင်ဆွဲကာ လည်ပင်း ညှစ်ခဲ့သည့်အပေါ် မအေးသူစံက ရန်ကင်းမြို့နယ် တရားရုံးတွင် အမှုဖွင့်ခဲ့ပြီး မေလ ၂၄ရက်နေ့က တရားရင်ဆိုင်ခဲ့ခြင်း ဖြစ် သည်။

တဆင့် ကူးယူဖော်ပြပါသည်။

႟ုပ်ရင်ြသ႟ုပ်ဆောင် ထက်ထက်မိုးဦး၏ လုပ်ရပ် စာပေိံငြ့် စာနယ်ဇင်းအဖြဲႚ ႟ႁတ္ခဵ
2010-06-01

နာမည်ကေဵာ် ႟ုပ်ရင်ြသ႟ုပ်ဆောင် ထက်ထက်မိုးဦးက ဂဵာနယ်သတင်းထောက်တဦးအပေၞ ကိုယ်ထိလက်ရောက် ကဵႃးလၾန္ခဲ့တဲ့ လုပ္ရပ္နဲႛ ပတ်သက်္ဘပီူးပစ်တင်႟တ်ြခဵေုကာင်ူးမန်မိာိုံင်ငံ စာပေနဲႛ စာနယ်ဇင်းအဖြဲႚကေုကညာခဵက် ထုတ်ူပန်လိုက်တယ်လိုႛ သိရပၝတယ်၊

(Image: RFA)

႟ုပ်ရင်ြမင်းသမီး ထက်ထက်မိုးဦး (လက်ဝဲ၊ ပုံဋ္ဌကီး) အား 7 Days ဂဵာနယ် သတင်းထောက် မအေးသူစံ (ယာဖက်၊ ပုံသေး) က တရားစြဲဆိုသည့် သတင်းကို ဖော်ူပသူဖင့် ထုတ်ဝေခငြ့် ယာယီ ပိတ်ပင်ူခင်း ခံရသော The First Music ဂဵာနယ် မဵက်ြိာံဖုံူးဖစ်ပၝသည်။ (Image: RFA)

ရန်ကုန်္ဘမြိႚမြာ ထုတ်ဝေတဲ့ 7 Days News ဂဵာနယ်က သတင်းထောက် မအေးသူစံက သ႟ုပ်ဆောင် ထက်ထက်မိုးဦးကို ကမႝာအေးဘုရားလမ်းမြာ ရြိတဲ့ ဆီဒိုနားဟိုတယ်မြာ အခုလ ၁၉ ရက်နေႛက ခဵိန်းဆိုတြေႚဆုံရာမြာ ကိုယ်ရေးကိုယ်တာ ကိစၤတခဵိႂႚ မေူးမန်းခဲ့တဲ့အတကြ် သတင်းထောက်ကို သ႟ုပ်ဆောင် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ကဵႃးလၾန္ခဲ့တာ ဴဖစ္ပၝတယ္။ ဒီကိစၤနဲႛ ပတ္သက္လုိႛ 7 Days News ဂဵာနယ္က သ႟ုပ်ဆောင် ထက်ထက်မိုးဦးကို ရန်ကင်း္ဘမြိႚနယ် တရား႟ုံးမြာ မေလ ၂၀ ရက်နေႛက အမဖြငြ့် တိုင်ုကား ခဲ့ပၝတယ်။ အဲဒီသတင်းကို ရေးသားဖော်ူပခဲု့ကတဲ့ အပတ်စဉ်ထုတ် The Vioce နဲႛ The First ဂဵာနယိံစ်ြစောင်ကိုလည်း စစ်အစိုးရ စာပေစိစစ်ရေးဌာနက ထုတ်ဝေခငြ့် ယာယီ ပိတ်ပင်ခဲ့ပၝတယ်၊

ဒီအမကြိင်္စ ပေၞပေၝက်ခဲ့္ဘပီးနောက်ပိုင်ူးမန်မိာိုံင်ငံ စာပေနဲႛ စာနယ်ဇင်းအဖြဲႚက သက်ဆိုင်ရာူမန်မိာိုံင်ငံ ႟ုပ္ရႀင္အစည္းအ႟ံုးနဲႛ ႌၟိႎိႁင္း႓ပီး သ႟ုပ္ေဆာင္ ထက္ထက္မုိးဦးအေနနဲႛ ကာယကံရငြ် သတင်းထောက်နဲႛ စာနယ်ဇင်းသမားတေကြို လူသိရငြ်ုကား တောင်းပန်ဖိုႛ၊ အဲဒီလို တောင်းပန်တဲ့အခၝ သတင်းထောက်ဖက်က တရားစြဲဆိုထားတာကို ႟ုပ်သိမ်းပေးဖိုႛ၊ တောင်းပန်ဖိုႛ ပဵက်ကက်ြခဲ့ရင်တော့ ကာယကံရငြ် သတင်းထောက်ရဲ့ ဆိံ္ဋအတိုင်း ဆက်လက် ဆောင်႟က်ြသြားဖိုႛ စတဲ့အခဵက် ၃ ခဵက်ကို တောင်းဆိုခဲ့တယ်လိုႛ သိရပၝတယ်။

ဒၝပေမဲ့ သ႟ုပ်ဆောင် ထက်ထက်မိုးဦးဖက်က တောင်းဆိုခဵက်တေကြို လိုက်လေဵာ ဆောင်႟ကြ်ူခင်း မူပြိုံင်ေုကာင်ူးငင်းဆန်ခဲ့တဲ့အတကြ် အခုလိုေုကညာခဵက် ထုတ်ူပန် ႟ႁတ္ခဵရတာ ဴဖစ္တယ္လုိႛ ဴမန္မာႎုိင္ငံ စာေပနဲႛ စာနယ္ဇင္းအဖၾဲႚ အတငြ်းရေးမြး ဦးကိုကို-စက်မတြက္ကသိုလ်က RFA ကိုေူပာပၝတယ်။

“စာနယ်ဇင်းသမားတဦးကို ကိုယ်ထိလက်ရောက် စော်ကာူးခင်းက မသင့်တော်တဲ့ ကိင်္စ၊ မလုပ်အပ်တဲ့ ကိင်္စတခုလိုႛ ကဋ္ဋန်တော်တိုႛ သုံးသပ်မိပၝတယ်။ အဲလို သုံးသပ်မိတဲ့အတကြ်ေုကာင့် ကဋ္ဋန်တော်တိုႛက ဒီကိင်္စနဲႛ ပတ်သက်္ဘပီးတော့ သ႟ုပ်ဆောင် ထက်ထက်မိုးဦးကိုလည်း သက်ဆိုင်တဲ့လူတေနြဲႛအတူ ကဋ္ဋန်တော်တိုႛ တောင်းပန်ေူဖရငြ်းပေးဖိုႛ မေတ္ဇာရပ်ခံခဲ့သော်ူငားလည်း ဒီ ထက်ထက်မိုးဦးကန္ဘေပီးတော့ ဒၝ တောင်းပန်စရာမလိုဘူး ဆ္ဘိုပီးတော့လည်း အေုကာင်ူးပန်ခဲ့ပၝတယ်။ အဲဒီအတကြ်ေုကာင့် ကဋ္ဋန်တော်တိုႛမြာ ညၟိံငြ်းဆောင်႟က်ြရန် ခက်ခဲသြားပၝတယ်။ ခက်ခဲသြားတဲ့အတကြ်ေုကာင့် ခုလို သူႛရဲ့ ဆောင်႟က်ြခဵက်တေအြပေၞမြာ ဝမ်းနည်းစြာ ႟ႁတ္ခဵလိုက္တယ္ဆိုတဲ့ က႗န္ေတာ္တိုႛ သေဘာထား ေဳကညာခဵက္ကို အမဵားသေဘာတူ ထုတ်ူပန်ေုကညာ ပေးခဲူ့ခင်းပဲူဖစ်ပၝတယ်။”

7 Days News ဂဵာနယ္အယ္ဒီတာအဖၾဲႚက သ႟ုပ္ေဆာင္ ထက္ထက္မုိးဦးအေပၞ စၾဲဆုိထားတဲ့ အမႁကုိ ေမလ ၂၇ ရက္ေနႛက တရားလုိနဲႛတကၾ တရားလုိဴပ သက္ေသတခဵိႂႚနဲႛအတူ တရား႟ံုးမႀာုကားနာစစ်ဆေးခဲ့္ဘပီး၊ ဇန်ြလ ၃ ရက်နေႛမြာ ဆက်လက် စစ်ဆေးဖိုႛ ခဵိန်းဆိုထားတယ်လိုႛ သိရပၝတယ်။

ူမန်မိာိုံင်ငံ စာပေနဲႛ စာနယ်ဇင်းအဖြဲႚ အတငြ်းရေးမြး ဦးကိုကို (စက်မတြက္ကသိုလ်) ကို RFA အဖြဲႚသား ကိုကေဵာ်ကေဵာ်အောင်က ဆက်သယ်ြမေူးမန်းခဲ့ပၝတယ်၊
ဆက်သယ်ြမေူးမန်းခဵက်။
အသံဖိုင်ယူရန်

Copyright © 1998-2010 Radio Free Asia. All rights reserved.

တဆင့် ဖော်ပြပေးထားပါသည်။
READMORE