မြရတနာရွာအတွက် ဘ၀များစွာအား အလင်းရောင်ပေးလိုက်တဲ့အလှူတော်ကြီး




ဟိုတစ်နေ့က ကျွန်တော် “ ဆရာတော် ဦးကောဝိဒ ဆီမှ သြဝါဒ နှင့် အလှူ ”  ဆိုသော ပို့စ် တင်ခဲ့ပြီး ပါဝင်လှူဒါန်းလိုသော အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ပို့စ်တင်ပြီး ချက်ချင်း ဆိုသလို ကိုရီး { ကိုကြီး } က မြရတနာရွာအတွက် လိုအပ်နေသော ဒိုင်နမိုအတွက်ကို လာရောက်လှူဒါန်းကာ ဆရာတော် ဦးကောဝိဒဆီကို တိုက်ရိုက် အလှူငွေ ( ၄ ) သိန်းခွဲ ပေးပို့ လှူဒါန်းခဲ့ပါသည်။





ထို ဒိုင်နမို တပ်ဆင်လှူဒါန်းသော မှတ်တမ်း ဓါတ်ပုံများကို အောက်ပါ အတိုင်း မှတ်တမ်းတင်ထားပါသည်။








ဤသို့ တပ်ဆင်လှူဒါန်းခဲ့သည်။

































ထိုနောက် ကောင်းနိုးရာရာ နေရာများ၌ အလှူအတွက် ဆိုရင် အမြဲတမ်း တတ်ကြွလေ့ရှိသော ညီမ “ နိုးနိုးမောင် ” က ချို့တဲ့သူများကို သင်္ကန်းစည်းပေးသော အလှူလုပ်ချင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ဖူးပါသည်။ ဒါကြောင့် ကျွန်တော်ကလည်း တကယ်လို့ ထိုကဲ့သို့ အလှူခံလိုသော ပုဂ္ဂိုလ်များ ရှိလာရင် ကျွန်တော်တို့ကို မြွတ်ကြားပေးပါရန် ဆရာတော် ဦးကောဝိဒကို ကျွန်တော်က လျှောက်ထားဖူးပါသည်။





ဒါကြောင့် မြရတနာမှ ချို့တဲ့သော အလှူခံ ပုဂ္ဂိုလ်များက ကိုရင်ဝတ်ရန် အလှူခံလာသော အခါမှာ မထင်မှတ်ပဲ မြန်မြန်ဆန်ဆန် ဖြစ်မြောက်ခဲ့ပါတော့သည်။ ဒါကြောင့် ကျွန်တော်လည်း သိသိချင်း ပို့စ်လည်း တင်ကာ နိုင်ငံ အရပ်ရပ်မှ အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ထို့အတူ မူလ အစီအစဉ်အတိုင်း ကျွန်တော်တို့ ခင်မင်နေသော မောင်နှမများကလည်း မူလအတိုင်း ဆရာတော် ဦးကောဝိဒ နဲ့ ဆက်သွယ် လှူဒါန် ခဲ့ပါသည်။ ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းလိုသူများကတော့ အောက်ပါ အတိုင်း တခြားသော မည်သည့် အကြောင်းကိစ္စ မဆို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။





ဦးကောဝိဒ


၉/ပဥလ ( သ ) ၀၀၀၅၂၆


Current Account D - 1 (ဦးကောဝိဒ)


မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ စစ်ကိုင်းမြို့။


Ph : 092110202
Email - kovida9@gmail.com





ဟိုအရင် တစ်ခါကတော့ ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်ဘဲ မြရတနာသို့ သွားရာလမ်းမကြီး မြေဖို့ရန် ကားအစီး ( ၅၀ ) စာ လိုနေခဲ့ပါသည်။ ဒါကို ဆရာတော်က မာတီမှာ ပို့စ်တင်တော့ ကျွန်တော်လည်း ဘယ်သူနဲ့မှ မတိုင်ပင် ဖြစ်ပဲ ခြေမြန် လက်မြန် ကားအစီး ( ၅၀ ) လုံး လှူလိုက်ပါသည်။ ဒါကို လှူပြီးတော့မှ နောက်ဘာပဲ လှူလှူ သူတို့ကိုလည်း အသိပေးပါ ဆိုပြီး ပြောထားဖူးသော သူငယ်ချင်း ဖြိုးသီရိ ၊ ညီမ နိုးနိုးမောင် တို့ကိုလည်း အခု တစ်ခါတော့ အသိပေး ဖြစ်ခဲ့ပါသည်။ သူတို့ နှစ်ယောက်ကတော့ ဘယ်နေရာက ဘာအလှူပဲ ဖြစ်ဖြစ် အမြဲတမ်း ပါဝင်နေသူများပဲ ဖြစ်ပါသည်။








မြရတနာ လမ်းမ ပုံရိပ် တချို့



















အခု ကျွန်တော်တို့ သူငယ်ချင်း မောင်နှမများ စုပေါင်းပြီး အလှူငွေ ကောက်ခံ လှူဒါန်းရာမှာ ကျွန်တော်ကလည်း ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါသည် ဟု ဆိုကာ ကြော်ငြာခဲ့ပါသည်။ ဒါကြောင့် ကျွန်တော် တင်သော ပို့စ်ကို ဖတ်ပြီး ကျွန်တော် အမည် မသိသော မလေးရှားမှာ အလှူရှင် တစ်ယောက်က အလှူငွေ - ၅၉၅၁၀ ကျပ် ကို ဆရာတော် ဦးကောဝိဒမှ တိုက်ရိုက် အလှူခံ ရရှိပါသည်။ ထို အလှူရှင်ကို ကျွန်တော် မသိပါ။ ထိုအလှူရှင် အပါအဝင် အလှူငွေ ပါဝင်လှူဒါန်း သူများမှာ အောက်ပါ အတိုင်း စာရင်းပြုစုမိပါသည်။


အမည်မသိ မလေးရှားမှ အလှူရှင် -    ၅၉,၅၁၉ ကျပ်
နိုးနိုးမောင်                              -  ၁၅၀,၀၀၀ ကျပ်
နိုင်နိုင် ( နော်ဝေး )                   -  ၁၀၀, ၀၀၀ ကျပ်
နန်းထွေးစန္ဒာလွင် ( စင်ကာပူ )    -    ၅၀,၀၀၀ ကျပ်
ဖြိုးသီရိ                                 -    ၂၀,၀၀၀ ကျပ်
ကိုဇော်                                 -    ၅၀,၀၀၀ ကျပ်
------------------------------------------------------------
စုစုပေါင်း                               -    ၄၂၉၅၁၉  ကျပ်


( ဤ အလှူငွေ နှင့်ပတ်သတ်၍ မှားယွင်း လွဲချော်မှု တစ်စုံ တစ်ရာ ရှိပါက ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။ )



ကို လက်ခံ ရရှိသည်ဟု သိရပါသည်။ ထိုငွေများ ဖြင့် ကိုရင် ( ၅ ) ပါး ၊ သီလရှင်  ( ၁ ) ပါးကို တရားဘောင်သို့ သွတ်သွင်းရန် ဆရာတော်မှ အကြံပေးပါသည်။ ထိုအလှူပွဲသို့ ဆရာတော် ဦးဇဝန  မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် နှင့် မြစင်္ကြာ ဆရာတော်ကြီး တစ်ပါး ကြွရောက်ကာ တရားတော် ချီးမြင့်မယ် လို့ သိရပါသည်။





ကျွန်တော်တို့ အလှူရှင်တွေနဲ့ အလှူခံ ပုဂ္ဂိုလ်တွေ တိုက်ရိုက် ထိတွေ့ခွင့် ရအောင် ဆရာတော် ဦးကောဝိဒမှ ဖုန်းဖြင့် အောက်ပါ အတိုင်း စီစဉ်ပေးပါသည်။ တကယ်ကို ရင်ထဲမှာ ဖော်မပြ တတ်လောက်အောင် ဝမ်းသာမိသည်။ သူတို့ ဆရာတော်က ဖုန်းပြောရမယ် ဆိုလို့သာ ပြောကြရတယ် ဖုန်းတောင်မှ သေချာ မပြောတတ်။ ဖုန်းထဲမှာ ကျွန်တော် ထင်နေသော ကိုယ်ဟန်မျိုး သူတို့မှာ ရှိနေသည်။ တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် ထစ်ငေါ့နေကြသည်။ မည်သို့ပင် ဖြစ်စေ ပီတိ စစ်စစ်တော့ ဖြစ်ခဲ့ပါသည်။







ဤသို့ ဤနှယ် သူတို့ ပြောကြသည်။
















ကိုရင်  ( ၅ ) ပါး ၊ သီလရှင် ( ၁ ) ပါး ကို စ၍ အောက်ပါ အတိုင်း ဆံချကာ ဆရာတော်ကြီးများက သင်္ကန်းစည်း ပေးကြပါသည်။ ဆံချ ၊ သင်္ကန်းတောင်း ၊ သင်္ကန်းစည်းကာ တရားဟောကြားပါသည်။ ထိုပုံများကတော့ အောက်ပါ အတိုင်း ဖြစ်ပါသည်။







ဤသို့ သင်္ကန်း စည်းခဲ့ကြသည်။




























































ထို့နောက် တစ်ရွာလုံးကို ဆရာတော် ဦးကောဝိဒ၏ အစီအစဉ် အရ မုန့်ဟင်းခါး ကျွေးဖြစ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ယခုစာဖတ်သူများကိုလည်း မျှဝေ ပီတိ ဖြစ်စေချင်ပါသည်။ လာရောက် အလှူခံကာ စားသုံးသူများရဲ့ ပုံရိပ်တွေကို ကြည့်ကြည့်ပါ။ ပကာသန ဆိုတာ လုံးဝမပါသော အလှူခံ ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။ ဆရာတော် ဦးဇဝန မြွတ်ကြားခဲ့ဖူးသော တရားထဲကလို ပြောရရင် ဒါဟာ  “ ပါရမီထိုက်သော ဒါန ” တစ်ခုကို ပြုခဲ့မိတာပါပဲ။





ထိုတရားတော်ကို ကျွန်တော် အလွန် နှစ်သက်ပါသည်။ လိုချင်သူများ အတွက် ကျွန်တော် ကိုယ်တိုင် MP3 လုပ်ပြီး တင်ပေးထားတာ ရှိပါသည်။ ဤနေရာ တွင် ယူပါ။








ဤသို့ မုန့်ဟင်းခါး ကျွေးကာ ဒါနပြုခဲ့သည်။


































မပြုခင် နဲ့ ပြုပြီး ၊ မဖြစ်ခင် နဲ့ ဖြစ်ပြီး ဆိုသော ထိုအရာ နှစ်ခုကို ကျွန်တော် ယခုကဲ့သို ယှဉ်ကြည့်မိခဲ့ပါသည်။ ထိုအရာမှာ ကိုရင် ၊ သီလရှင် မဝတ်မှီနဲ့ ဝတ်ပြီး ဓါတ်ပုံများပါပဲ။







ဤသို့ ယှဉ်ကြည့်မိပါသည်။



























ရှင်ပြု အလှူလေး အောင်မြင်စွာ ကျင်းပနေတုန်း မထင်မှတ်ပဲ စိတ်မကောင်းစရာ တစ်ခု ကြုံခဲ့ရပါသည်။ သူများတွေ ကိုရင် ဝတ်တာကို ကြည့်ပြီး သူလည်း ကိုရင်ဝတ်ချင်လို့ ဆိုကာ ငိုယိုနေသော ကလေးတစ်ယောက်ပါ။ မိဘတွေက အဝေးမှာ ဖြစ်ပြီး အခုလောလောဆယ်တော့ ဦးလေးနဲ့ နေပါသည်။ ဆရာတော် ဦးကောဝိဒကို မလျှောက်ရဲလို့ ဆိုကာ တဆင့်စကားနဲ့ နောက်မှ ဆရာတော့်ဆီကို ရောက်ခဲ့ပါသည်။ ဒီနေ့ အဖို့တော့ ကိုရင်အတွက် အဆင်မပြေတော့ပြီ။ ဒါကြောင့် သူ့ကို မနက်ဖြန် ( ၂၄.၈.၂၀၁၀ ) မှာ ထပ်ပြီးတော့ ကိုရင် ဝတ်ပေးမယ်လို့ ကျွန်တော်တို့ တစ်ခါတည်းပဲ ဆုံးဖြတ် လိုက်ပါသည်။ သူ့ရဲ့ သူများတွေ ကိုရင်ဝတ်တာကို အားကျကာ မျက်ရည်စိုရွဲနေသော မှတ်တမ်းတင် ဓါတ်ပုံလေးပါ။









ယနေ့ ယခု ကျင်းပသော ရှင်ပြု အလှူလေးကတော့ အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ဒီအလှူလေးကို အကျဉ်းချုံးအားဖြင့် ပြန်လည်ကာ ဒီလို မှတ်တမ်းတင် ဖော်ပြပါ့မည်။


ယနေ့ ၁၃၇၂ ခု ၀ါခေါင်လဆန်း (၁၃)ရက် တနင်္လာနေ့ ၂၃.၈.၂၀၁၀ ရက်နေ့ အလှူပွဲ


နံနက်ပိုင်း စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ အရုံ ဆွမ်းကပ်လှူခြင်း Dr.Nyan + မ၀ါဝါခိုင်မင်း သမီးလေး မေမြတ်နိုးခိုင်မှ အရုဏ်မုန့်ဟင်းခါးဆွမ်း သံဃာတော်များကို ကပ်လှူခဲ့ပါတယ်။ ဆွမ်းလောင်းအသင်းမှ နေ့ဆွမ်း လောင်းလှူခဲ့ပြီး မြရတနာကြွဖို့ စီစဉ်ရပါတယ်။ မေတ္တာရှင် ဆရာတော်က မိတ္တိလာကနေ ကြွလာမှာဆိုတော့ ဆရာတော်ကို စောင့်ရပါတယ်။ နံနက် ၈ နာရီမှာ ကလေးများကို ပြင်ဆင်ပြီး ရွာတွင် စီစဉ်စရာ ရှိတာများကို စီစဉ်ရင်း ၊ မြစင်္ကြာ ဆရာတော်ကိုပင့်ဖို့ စစ်ကိုင်းမြို့မှ ဇာတ်မင်းသား လှိုင်ဘွားအောင် ၏ ဖခင် ပန်တျာဦးမြကြည်မှ မော်တော်ယာဉ် စီစဉ်ပေးခဲ့ပြီး ဆရာတော်များကို နေ့ဆွမ်းကပ်ဖို့ပါ တစ်ခါတည်း စီစဉ် ပေးခဲ့ပါတယ်။ ကလေးများကို ဆံချ ကိုရင်ဝတ်ပေးပြီး ၊ ရေစက်ချ အခမ်းအနား ကျင်းပပါတယ်။ ကိုကြီး လှူဒါန်းသော ဒိုင်နမို နှင့် မလေးရှားနိုင်ငံမှ ဒါယိကာမကြီး မခင်ငြိမ်းချမ်းဦး လှူဒါန်းသော စက်ခန်းတို့အား ရေစက်ချ အမျှဝေကြပါတယ်။ ပြီးနောက် ရွာလုံးကျွတ် မုန့်ဟင်းခါး တိုက်ကျွေးခဲ့ပါတယ်။ အလှူရှင် တစ်ဦးမှ ရွာအတွင်း အိမ်ထောင်စု တစ်စုလျှင် စတီးဇလုံ တစ်လုံး လှူဒါန်းခဲ့ပါတယ်။ ”





*** အထက်ပါ စာမှာ ဆရာတော် ဦးကောဝိဒ ဆီမှ တိုက်ရိုက်ကူးယူကာ စာလုံးပေါင်းများသာ ပြင်ဆင်၍ ဖော်ပြပါသည်။ ***






ကုသိုလ် မျှဝေခြင်း . . . 


အထက်ပါ ရှင်ပြု အလှူနှင့်တကွ ကျွန်ုပ် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ယခု စာဖတ်သူနဲ့ တကွ ၊ ကျွန်တော့်ကို ချစ်သော ၊ ကျွန်တော့်ကို မုန်းသော ၊ ကျွန်တော့်ကို ဘယ်လိုမှ မနေသော လူများ ၊ စာဖတ်သူများ အားလုံးကို အမျှ ပေးဝေပါသည်။

ကျွန်တော့် ဘလော့မှာ သူတို့ စိတ်တိုင်း မကျတိုင်း လာရောက် ဆဲဆိုသူများ ၊ စာဖတ်သူများ အထင်အမြင် လွဲအောင် နည်းမျိုးစုံနဲ့ လာရောက် နှောင့်ယှက်ကာ ရေးသားသူများကိုပါ မချန်ဘဲ ကျွန်ုပ် မေတ္တာ ပို့ပါသည်။ ဒီလောက်နဲ့ ကျွန်တော့် စိတ်ဓါတ်ကို ရိုက်ချိုးလို့ မရသေးပါဘူး။ ထိုသူများကိုပါ ကျွန်ုပ်ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှ ပေးဝေပါသည်။



*** အားလုံး ကြားကြသမျှ . . . အမျှ . . .အမျှ. . . . အမျှ . . ယူတော် မူကြပါကုန်လော့။ ***






နောက်ဆက်တွဲ . . .



ပို့စ်လေးလည်း အဆုံးသတ်ပြီး အမျှတောင်မှ ဝေပြီးတော့မှ ကျွန်တော် စိတ်ကူးလေး တစ်ခု ရမိပြန်ပါသည်။ ထိုအရာကား တခြားတော့ မဟုတ်ပါ။ အခုဆိုရင် ကိုရီး { ကိုကြီး } မှ ဦးဆောင်ကာ လှူဒါန်းထားသော ဒိုင်နမိုကြောင့် မီးတော့ ကောင်းစွာ လင်းပြီး စာဖတ်၍ ရကာ အဆင်ပြေနေပါပြီ။ သို့သော် ကျွန်တော်ရဲ့ မြန်မြန်ဆန်ဆန် အလှူခံကာ လှူလိုက်ရသော အလှူကြောင့် ယခု ရှင်ပြု အလှူပွဲမှာ မလှူလိုက်ရသော အလှူရှင်များက မြရတနာ ဆိုသော ရွာလေး အမြဲတမ်း မီးလင်းနေစေဖို့ လည်ပတ် မောင်းနှင်ရသော မီးစက်အင်ဂျင် အတွက် ဆီသော်လည်းကောင်း ၊ တခြားသော ထောက်ပံ့ပစ္စည်းများကိုသော်လည်းကောင်း စေတနာရှိသလို ဆရာတော် ဦးကောဝိဒ နဲ့ တိုက်ရိုက် ဆက်သွယ်ကာ ဆက်လက် ပါဝင်  လှူဒါန်းနိုင်ကြပါတယ် ခင်ဗျား။






လေးစားစွာဖြင့်


ကိုဇော်
.




--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

တဆင့်ကူးယူဖော်ပြပေးပါသည်။ ကိုဇော် အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁)နာရီ
READMORE
 

*မသေချင်ရင် အသက်ရှူပါ*


*မသေချင်ရင် အသက်ရှူပါ*


လောကမှာ သေချင်တဲ့လူရယ်လို့ တစ်ယောက်မှ ရှိကြမှာ မဟုတ်ပါဘူး။ ‘ငါသေသွားရင် ကောင်းမှာပဲ’၊ ‘ငါမြန်မြန် သေသွားရင် အေးမယ်’ စသည်အားဖြင့် ပြောတတ်ကြပေမယ့် ပြောတဲ့သူကိုယ်တိုင် တကယ်တော့ မသေချင်ပါဘူး။ စကားအရသာ ပြောနေတာပါ။ ဘယ်တော့မှ မသေနိုင်တဲ့ အဖြစ်မျိုး ရှိမယ်ဆိုရင် အဲဒီအဖြစ်မျိုးကို လူတိုင်း လိုချင်ကြမှာပါ။

သေမှာကြောက်တဲ့ လူသားများအတွက် ဘယ်တော့မှ မသေနိုင်တဲ့ နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ ‘မသေချင်ရင် အသက်ရှူပါ’ ဆိုတဲ့ နည်းလမ်းပါပဲ။

‘မသေချင်ရင် အသက်ရှူပါ’ ဆိုတော့…

‘လူတိုင်း အသက်ရှူနေလို့ မသေတာပဲ မဟုတ်လား၊ အသက်ရှူနေမှတော့ သေပါဦးမလား၊ အသက်ရှူရင် မသေဘူးဆိုတာ ဦးဇင်း ပြောမှလား၊ မသေဖို့အတွက် တမင်လုပ်ပြီး အသက်ရှူဖို့ လိုသေးလို့လား၊ သူ့အလိုလို အသက်ရှူနေတာပဲ မဟုတ်လား’ လို့ မေးစရာ ရှိပါတယ်။

ဒီဘ၀၊ ဒီခန္ဓာ မသေဖို့အတွက် အသက်ရှူခိုင်းတာ မဟုတ်ပါဘူး။ ဒီဘ၀၊ ဒီခန္ဓာကတော့ ခန္ဓာရဲ့ သဘာဝအတိုင်း သေရမှာပါပဲ။ နောင် ဘယ်တော့မှ မသေဖို့၊ သေတတ်တဲ့ သဘောတရားတွေ ဘယ်တော့မှ မရဖို့၊ သေခြင်းတရားကနေ အပြီးတိုင် လွတ်မြောက်သွားဖို့ အသက် ရှူခိုင်းတာပါ။

ဘယ်တော့မှ မသေနိုင်တဲ့ နေရာဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ကို ခန္ဓာအကြွင်းမဲ့ မျက်မှောက်ပြုနိုင်ပြီ ဆိုရင် ဘယ်တော့မှ မသေတော့ ပါဘူး။ သေတယ်ဆိုတာ ဘ၀ခန္ဓာရှိလို့ သေရတာပါ။ နိဗ္ဗာန်မှာ ဘ၀ခန္ဓာ လုံးဝမရှိ၊ ချုပ်ငြိမ်းနေတဲ့ အတွက် သေစရာအကြောင်း လုံးဝ မရှိတော့ပါဘူး။

သေခြင်းကင်းတဲ့ ချမ်းသာလောက် ချမ်းသာတာ လောကမှာ မရှိတော့ပါဘူး။ ဒါကြောင့် သေခြင်းကင်းတဲ့ နိဗ္ဗာန် ချမ်းသာကို လောကလွန် ချမ်းသာလို့ ခေါ်ရပါတယ်။ ချမ်းသာ အားလုံးတို့ရဲ့ အထွတ်အထိပ် အတုမဲ့ချမ်းသာကြီး ဖြစ်ပါတယ်။

ဘ၀ခန္ဓာမရှိရင် ချမ်းသာသုခလည်း ဘယ်ရှိပါ့မလဲလို့ ဉာဏ်မမှီသူတွေ ထင်မြင်ကြ ပေမယ့် ခန္ဓာရှိ ချမ်းသာထက် ခန္ဓာမဲ့ ချမ်းသာက အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် အဆင့်မြင့်မား လွန်းလှပါတယ်။

ရုပ်နာမ်ခန္ဓာဟာ ဆင်းရဲတုံး၊ ဆင်းရဲ အစုမျှသာ ဖြစ်တယ် ဆိုတာရယ်၊ ရုပ်နာမ်ခန္ဓာ အားလုံးရဲ့ လမ်းဆုံးပန်းတိုင်ဟာ သေခြင်းတရား ဖြစ်တယ် ဆိုတာရယ်ကို အလေးအနက် သဘောပေါက် နားလည်လာရင် နိဗ္ဗာန်ချမ်းသာရဲ့ အသေလွတ် ချမ်းသာကို တန်ဖိုးထားတတ် လာမှာပါ။

နိဗ္ဗာန်ဆိုတဲ့ အသေလွတ် ချမ်းသာကို လိုချင်ရင် အဖြောင့်ပြောတော့… မသေချင်ရင်… အသက် ရှူရပါမယ်။

‘အသက်ရှူရမယ်’ လို့ ဆိုလိုက်တော့ အသက်ရှင်နေတဲ့ လူတိုင်း အသက်ရှူနေတာပဲ မဟုတ်လားလို့ မေးစရာ ရှိပါတယ်။

ပုံမှန်ရှူနေတဲ့ အသက်ရှူခြင်း၊ ကိုယ့်ရဲ့ ကြောင့်ကြအားထုတ်မှု မပါဘဲ သူ့အလိုအလျောက် သဘာဝအတိုင်း ရှူနေတဲ့ အသက်ရှူခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်အာရုံ စူးစိုက်ပြီး သတိတရားပါပါ၊ အသိတရား သာသာနဲ့ ရှူတဲ့ အသက်ရှူခြင်း၊ ကိုယ့်ရဲ့ အားထုတ်မှုပါတဲ့ အသက်ရှူခြင်းကို ဆိုလိုတာပါ။

‘အသက်ရှူရမယ်’ ဆိုတာ ‘သတိပညာသွင်းပြီး ရှူရမယ်’ လို့ ဆိုလိုပါတယ်။ တစ်နည်း ပြောရရင်တော့ ‘အမှတ်သတိနဲ့ အသက်ရှူရမယ်’ လို့ ဆိုလိုပါတယ်။ အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ပြောရရင်တော့ ‘သတိထားပြီး အသက်ရှူရမယ်’ လို့ ဆိုလိုပါတယ်။

သတိထားပြီး ဘယ်လို အသက်ရှူမလဲ။

အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်လို့ နှာသီးဝ သို့မဟုတ် အထက်နှုတ်ခမ်းဖျား လေထိသွားတဲ့ နေရာမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး လေ၀င်ရင် ‘၀င်တယ်’၊ လေထွက်ရင် ‘ထွက်တယ်’ လို့ ရှုမှတ်ပြီး အသက်ရှူရပါမယ်။

လေ၀င်သွားတဲ့အခါ နှာသီးဝကို ထိပြီး ၀င်သွားပါတယ်။ ထိတဲ့ နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး ‘၀င်တယ်’ လို့ ရှုမှတ်ရပါမယ်။ အတွင်းဝင်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့လွင့်မှု ဖြစ်ပါတယ်။

လေထွက်သွားတဲ့အခါ နှာသီးဝကို ထိပြီး ထွက်သွားပါတယ်။ ထိတဲ့ နေရာလေးမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး ‘ထွက်တယ်’ လို့ ရှုမှတ်ရပါတယ်။ အပြင်ထွက်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့လွင့်မှု ဖြစ်ပါတယ်။

လေ၀င်တဲ့ အခါမှာရော၊ လေထွက်တဲ့ အခါမှာရော နှာသီးဝ လေထိတဲ့နေရာ တစ်နေရာတည်း မှာပဲ စိတ်ကို ကပ်ထားရပါမယ်။ လေသွားရာ လမ်းကြောင်းတစ်လျှောက် စိတ်မလိုက်ရပါဘူး။

အတွင်းဆိုရင် ၀မ်းဗိုက်အထိ၊ အပြင်ဆိုရင် လေဟာနယ်အထိ အဲလို နေရာတွေ လိုက်ရွှေ့ပြီး မရှုမှတ်ရ ပါဘူး။ နှာသီးဝ အပ်ဖျားတစ်ထောက်စာ လေထိတဲ့ နေရာလေး တစ်ခုတည်းမှာပဲ စိတ်ကို ကပ်ထားပြီး ရှုမှတ်ရပါမယ်။ ဒါဟာ နည်းလမ်းမှန်မှန် ရှုမှတ်နည်းပါပဲ။

‘၀င်လေ ၀င်တိုင်းသိ၊ ထိတိုင်းသိ၊ ထွက်လေ ထွက်တိုင်းသိ၊ ထိတိုင်းသိ’ ဒါဟာ ရှုမှတ်နည်း အကျဉ်းချုပ်ပါပဲ။

သတိထားပြီး အသက်ရှူတာကိုပဲ အာနာပါန သတိပဋ္ဌာန်တရား ပွားများတယ်၊ အာနာပါန ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ဆိုပါတယ်။ အာနဆိုတာ ၀င်လေ၊ အပါနဆိုတာ ထွက်လေ၊ ၀င်လေ ထွက်လေကို သတိထားပြီး အသက်ရှူတဲ့ ကမ္မဋ္ဌာန်းကို အာနာပါန ကမ္မဋ္ဌာန်း၊ ဒီလို ခေါ်ပါတယ်။

ဝင်လေထွက်လေဟာ ထိုင်နေတဲ့ အချိန်မှာသာ ရှိတာ မဟုတ်ပါဘူး၊ သွားနေ၊ ရပ်နေ၊ လျောင်းနေတဲ့ အချိန်တွေမှာလည်း ရှိပါတယ်။ ဒါ့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို ထိုင်ရင်းနဲ့လည်း ရှုမှတ်လို့ ရသလို၊ သွားရင်း၊ ရပ်ရင်း၊ လျောင်းရင်းနဲ့လည်း ရှုမှတ်လို့ ရပါတယ်။

သီးသန့် အချိန်ယူပြီး ထိုင်မှတ်၊ သွားမှတ်၊ လျောင်းမှတ်၊ ရပ်မှတ်ရင်တော့ ၀င်-၀င်တယ်၊ ထွက်-ထွက်တယ်လို့ မှတ်ရပါမယ်။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်း ရှုမှတ်ရင်တော့ ၀င်တယ်၊ ထွက်တယ် ဆိုတာတွေ ထည့်မှတ်မနေတော့ဘဲ ၀င်ထိ၊ ထွက်ထိ သဘောလေးကို သိနေရင် လုံလောက်ပါတယ်။

အမြဲရှိနေတဲ့ ၀င်လေ၊ ထွက်လေကို အမြဲသိနေအောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ အလေ့အကျင့်လည်း လုပ်ထားမယ်၊ သတိလည်း ထားမယ်ဆိုရင် နောက်တော့ အခက်အခဲ မရှိပါဘူး၊ အလွယ်တကူနဲ့ ဖြစ်သွားမှာပါ။

အသက်ရှင်နေတဲ့ လူတိုင်း အသက်ရှူနေတာမို့ အသက်ရှူတိုင်း သတိ၊ ပညာသွင်းပြီး ရှုမယ်ဆိုရင် အသက်ရှင်စဉ်မှာလည်း စိတ်ချမ်းသာ၊ ငြိမ်းအေးမှု အထူး အဆင့်မြင့်စွာ ရရှိနိုင်သလို တရားထူး တရားမြတ် ရသွားရင်လည်း သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်သွားနိုင် ပါတယ်။ ဒါ့ကြောင့် တိုက်တွန်းချင်တာက…

မသေချင်ရင် အသက်ရှူပါ။ စိတ်ချမ်းသာချင်ရင် အသက်ရှူပါ။ ကိုယ့်ဘ၀ကိုယ် ကျေနပ်မှု ရချင်ရင် အသက်ရှူပါ။ လောကချမ်းသာကို အပြည့်ဝဆုံး ခံစားချင်ရင် အသက်ရှူပါ။ နိဗ္ဗာန်ဆိုတဲ့ အနှိုင်းမဲ့ ချမ်းသာကို ဒီဘ၀မှာတင် အမြန်ဆုံး မျက်မှောက်ပြုချင်ရင် အသက်ရှူပါ။

အာနာပါန ကမ္မဋ္ဌာန်းကို မသိ နားမလည်သူတွေက သမထ ကမ္မဋ္ဌာန်းလို့ ထင်မှတ် စွပ်စွဲကြပါတယ်။ သူတို့ ထင်မှတ် စွပ်စွဲသလို မဟုတ်ပါဘူး။ အာနာပါန ကမ္မဋ္ဌာန်းဟာ သမထ၊ ၀ိပဿနာ စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ သမထလို ရှုရင် သမထဖြစ်ပြီး၊ ၀ိပဿနာလို ရှုရင် ၀ိပဿနာ ဖြစ်ပါတယ်။

ဝင်လေထွက်လေ လေကြောင်းနောက်ကို လိုက်ပြီး ပုံသဏ္ဌာန် နိမိတ်၊ အရိပ်အယောင်တွေကို ရှုနေရင် သမထ ဖြစ်ပါတယ်။ လေနောက်ကို မလိုက်ဘဲ နှာသီးဝ လေထိရာ တစ်နေရာတည်းကနေ ထိမှုသဘော၊ လှုပ်ရှား ရုန်းကန်မှု သဘောကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး ထင်ရှားလာအောင် ရှုနေရင် ၀ိပဿနာ ဖြစ်ပါတယ်။

အာနာပါနဿတိ သုတ္တန်မှာ မြတ်စွာဘုရားရှင်က ‘အာနာပါနကို ရှုပွားရင် သတိပဋ္ဌာန် လေးပါးလုံး ရှုပွားပြီးသား ဖြစ်တယ်။ သတိပဋ္ဌာန်လေးပါး ရှုပွားရင် ဗောဇ္စ္ဈင် ခုနစ်ပါးကိုလည်း ပွားများပြီးသား ဖြစ်တယ်။ ဗောဇ္စ္ဈင် ခုနစ်ပါးကို ပွားများရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တယ်’ လို့ မိန့်ကြားတော် မူပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းနဲ့ ရဟန္တာအထိ ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။

သုတ္တန် တစ်ခုမှာဆိုရင် အာနာပါန ရှုပွားနေတဲ့သူဟာ တစ်ထိုင်တည်းနဲ့တောင် ရဟန္တာ ဖြစ်နိုင်တယ် လို့တောင် မိန့်ကြားတော် မူထားပါတယ်။ ဒါ့ကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို နိဗ္ဗာန်သွားတဲ့ ဖြတ်လမ်း၊ နိဗ္ဗာန်သွားတဲ့ လမ်းတိုလို့ ရှေးသူတော်ကောင်းတွေ မိန့်ဆိုတော် မူကြပါတယ်။ ဆရာတော်ကြီး တစ်ပါးကဆို အာနာပါန ကမ္မဋ္ဌာန်းကို ‘သက်ဦးဆံပိုင် ကမ္မဋ္ဌာန်း’ လို့တောင် တခမ်းတနား ချီးမွမ်း ဂုဏ်တင်တော် မူခဲ့ပါတယ်။

အာနာပါန ကမ္မဋ္ဌာန်းဟာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တိုင်းရဲ့ လက်သုံး ကမ္မဋ္ဌာန်းကြီး ဖြစ်ပါတယ်။ ဘုရားရှင်တိုင်း၊ ဘုရားရှင်တိုင်းဟာ အာနာပါန ကမ္မဋ္ဌာန်းကိုပဲ ပင်တိုင် ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော် မူကြပါတယ်။ တခြား ကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တဲ့ ဘုရားရယ်လို့ တစ်ဆူမှ မရှိပါဘူး။ ရှေးကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုလည်း မရှိဘူး၊ နောင်လည်း ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။

ဒီအချက်ကိုက အာနာပါန ကမ္မဋ္ဌာန်းဟာ ဘယ်လောက်ကြီး မြင့်မြတ်တယ်၊ ဘယ်လောက် ထိပ်တန်း အကျဆုံး ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဝင်လေ ပြန်မထွက်တော့တဲ့ အချိန်၊ ထွက်လေ ပြန်မ၀င်တော့တဲ့ အချိန်ဟာ သေတဲ့ အချိန်ပါပဲ။ ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာ အဆက်မပြတ် ရှင်သန်နေမှုမှာ ၀င်လေ ထွက်လေက အဓိက ပဓာန ကျပါတယ်။

ဝင်သက် ထွက်သက် ဆိုတဲ့အတိုင်း ဘ၀တစ်ခုရဲ့ အသက်ဟာ ၀င်လေထွက်လေ ဖြစ်လို့ ၀င်လေထွက်လေကို သတိကပ် ရှုမှတ်ရတဲ့ အာနာပါန ကမ္မဋ္ဌာန်းဟာလည်း ၀ိပဿနာ ယောဂီတိုင်းရဲ့ ‘အသက်သွေးကြော ကမ္မဋ္ဌာန်းကြီး’ ဖြစ်ပါတယ်။

ဝင်လေထွက်လေနဲ့ ပတ်သတ်တဲ့ ရုပ်နာမ်ရဲ့ သဘော သဘာဝတွေကို ပိုင်နိုင်သွားရင် ကျန်တဲ့ ရုပ်နာမ် အားလုံးရဲ့ သဘော သဘာဝတွေကိုပါ ပိုင်နိုင်သွားတာမို့ အာနာပါန ကမ္မဋ္ဌာန်းကို ‘အညှာကိုင် ကမ္မဋ္ဌာန်း’ လို့လည်း ခေါ်နိုင်ပါတယ်။

အိပ်ချိန်၊ နိုးချိန်၊ အချိန်တိုင်းမှာ ထင်ရှားနေတဲ့အတွက် ရှုမှတ်ရတာလည်း လွယ်ကူ၊ မရပ်မနားလည်း အဆက်မပြတ် ရှုမှတ်နိုင်တာကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို ပင်တိုင် ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီး အားထုတ်တာဟာ လူအများစုအတွက် အသင့်တော်ဆုံး ပါပဲ။

အာနာပါန ကမ္မဋ္ဌာန်းကို နှာသီးဝ လေထိရာအရပ် သတိကပ် ရှုမှတ်တဲ့ ၀ိပဿနာ နည်းလမ်းနဲ့ အရဟတ္တဖိုလ်ပေါက် အားထုတ်နိုင်ပြီ ဆိုရင်တော့ သေခြင်းတရားမှ အပြီးတိုင် လွတ်မြောက်ပါပြီ။

အာနာပါန ကမ္မဋ္ဌာန်းဟာ ရဟန္တာအထိ အမြန်ဆုံး ဖြစ်စေနိုင်တဲ့ ၀ိပဿနာ ကမ္မဋ္ဌာန်းစစ်စစ် ဖြစ်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပြီး ကြိုးကြိုးစားစား အားထုတ်ကြဖို့ အထူး တိုက်တွန်းလိုက် ပါရစေ။

နေ့စဉ်ဘ၀ရဲ့ လူမှုကိစ္စ၊ အိမ်မှု ကိစ္စတွေကို လုပ်နေရင်းနဲ့လည်း အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်လို့ ရပါတယ်။ အလုပ်လုပ်နေရင်းနဲ့ တစ်စက္ကန့်ရရင် တစ်စက္ကန့်၊ တစ်မိနစ်ရရင် တစ်မိနစ်၊ ငါးမိနစ်ရရင် ငါးမိနစ် ကြိုကြားကြိုကြား အားထုတ်သွားမယ် ဆိုရင် အလုပ်လုပ်ရတာလည်း မပင်ပန်း၊ စိတ်ချမ်းသာ၊ သမာဓိဉာဏ် ရင့်သွားတဲ့ အခါမှာလည်း တရားထူးရနဲ့ အင်မတန် ဟန်ကျလှပါတယ်။

အချိန်လည်းမကုန်၊ လူလည်းမပန်း၊ ငွေလည်းမထွက် အင်မတန် တွက်ခြေကိုက်တဲ့ အာနာပါန ပါပဲ။ တစ်ချိန်တည်း အလုပ်နှစ်ခု ပြီးပါတယ်။ ၀ိပဿနာ ကုသိုလ်ကို အလွယ်တကူ ရယူနိုင်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို အလွယ်တကူ ဆိုက်ရောက် စေနိုင်တာဟာ အာနာပါန ကမ္မဋ္ဌာန်းပါပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ… ကူးယူ ပူဇော်ပါသည်။
~~~~~~~~~~~~~~~~~~~~~~
ဤအာနာပါန ကမ္မဋ္ဌာန်းအား မင်းကွန်းဆရာတော်ဘုရား ဟောကြားတော်မူသော ၀ိပဿနာရှုပွားနည်း တရားတော်အား download ယူ၍ ယှဉ်တွဲနာယူ ကြည်ညိုကြဖို့ တိုက်တွန်းပါရစေ။

ဝိပဿနာ ရှုပွားနည်း


အပေါ်လင့်ခ်တွင် ဒေါင်းမရပါက

http://ifile.it/u0gm3t9/004-MingunSayadaw-Vipassana.MP3


~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော် အရှင်ဆန္ဒာဓိက၏ မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ တင်ပြီးသမျှ

၁။ *သင့်ရဲ့သေဆုံးချိန်ကို ကြိုသိစေနိုင်မယ့် နည်းလမ်း*
၂။ *မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*
၃။ *တကယ်မသေခင် အစမ်းသေကြည့် ကြရအောင်*


ဓမ္မမောင်နှမတို့ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

ကိုဖိုးသား၏ မေးလ်အား တဆင့်ဖော်ပြထားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊နံနက်(၈)နာရီ
READMORE
 

ပရဟိတသည် ငါ့အတွက် မဖြစ်စေရ ဆိုသော ပုလဲဆရာတော်











ပရဟိတသည် ငါ့အတွက် မဖြစ်စေရ ဆိုသော ပုလဲဆရာတော်

စာရေးသူ သြဂုတ်လထဲက မန္တလေးမြို့ကိုရောက်ခဲ့ပါတယ်။ စာရေးဆရာ တက္ကသိုလ် တေဇာလင်းနဲ့အတူ မဟာအောင်မြေမြို့နယ်၊ ချမ်း/မြောက် သီတာအေး(၉၀၁)ရပ်ကွက်က မဟာမင်းထင်တိုက်၊ မိုးကုတ်ဓမ္မရိပ်သာ၊ သာမဏေကျော်စာသင်တိုက် ကိုရောက်ခဲ့ကြပါတယ်။ ဦးစီးပဓာန နာယက၊ ဓမ္မကထိကဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဘဒ္ဒ န္တပညာဝံသ ပုလဲဆရာတော် ကျောင်းကိုရောက်ခဲ့ပါတယ်။ ဆရာတော်မှ ပုလဲ ပရဟိတ ဖောင်ဒေးရှင်း တည်ထောင်ပြီး သာသနာအကျိုး။ အများအတွက်ကောင်းကျိုးများ ဆောင်ရွက်တော်မူနေကြောင်း ပြောကြား၍ သတင်းရယူခဲ့ပါတယ်။ ပုလဲဖောင်းဒေရှင်းမှ ဆောင်ရွက်ပေးနေသော ဗီးနိုင်းထောင်ဘုတ်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီပရဟိတ ဖောင်ဒေးရှင်းကိုစတင်ထားတာတော့ကြာခဲ့ပါပြီ။ ပရဟိတလုပ်ငန်း(၅)မျိုး ကိုတစ်ပေါင်းတည်း ဆောင်ရွက်ပေးနေပြီဆိုတာကတော့ (၄-၈-၂၀၁၀) နေ့ကစတင် တည်ထောင်ကြော်ငြာအသိပေး လိုက်ခြင်းဖြစ်ကြောင်း ပုလဲဆရာတော်မှပြောကြားတော်မူပါတယ်။ ယခုလုပ်ဆောင်ချက်များ အပြင် အခြားလိုအပ် ချက်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။ ဘယ်နယ်၊ ဘယ်အရပ်က မဆို လာရောက် အကူ အညီတောင်းခံနိုင်ပါကြောင်း ပုလဲဆရာတော်မှ ပြောကြားတော်မူပါတယ်။ ပုလဲဆရာတော်ရဲ့ လက်ကိုင်ဖုန်းနံပါတ်က(၀၉-၂၀၃၅၄၁၅)၊နှင့်(၀၂-၉၁၀၀၇၆၄၆)၊(၀၂-၉၁၀၀၅၇၁၃)၊(၀၂-၉၁၀၀၅၀၃၀) များသို့ဆက်သွယ်နိုင် ကြောင်းသိရပါတယ်။

ဆောင်ရွက်လျှက်ရှိသော ပရဟိတ လုပ်ငန်းစဉ်များမှာ

(၁)။ သီတာအေး ၉၀၁၊ ၉၀၂ ရပ်ကွက်များသို့ နေ့စဉ် ရေဂါလံ(၈၀၀၀)ကျော် လှူဒါန်းလျှက်ရှိသော “ဇနသုခ”ရေအလှူတော်။
(၂)။ ဆေးရုံများ၊ လူမှုရေးအဖွဲ့များ၊ သံဃာတော်များအား လှူဒါန်းလျှက်ရှိသော “ဇနသုခ” ရေသန့်အလှူတော်။
(၃)။ မီးဘေးသင့် ပြည်သူများအား ဆန်၊ဆီ၊ ပဲ အစရှိသည်တို့ လှူဒါန်းသော “ဇနသုခ” လူမှုကူညီရေး စီမံကိန်း။
(၄)။ သားဦး၊ သမီးဦး မွေးဖွားရန် အခက် အခဲရှိသော မိခင်လောင်းတို့အား ငွေကြေးထောက်ပံ့ကူညီသော “သားမျှော်မိခင်” ထောက်ပံ့ရေးစီမ့ကိန်း။
(၅)။ မန္တလေးမြို့ရှိ သံဃာတော်များ ဆွမ်းခံခြင်းကိစ္စ လွယ်ကူချောမွေ့စေရန် သံဃာတော်တို့အား အကြို၊ အပို့ ပြုလုပ်၍ ကုသိုလ်ပြုလျှက်ရှိသော “သမဏသုခ” ဆွမ်းခံကြိုပို့ယာဉ် စီမံကိန်း။ များကိုဆောင်ရွက်လျှက်ရှိပါသည်။
ယခု ၀ါတွင်းကာလမှာ ဥပုဒ်နေ့မှအပ အခြားရက်များတွင် နေ့စဉ် နေ့လည်(၃)နာရီကနေ (၄)နာရီအထိ သံဃာတော်များကို ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်း သင်တန်း ပို့ချနေတာ မြင်တွေ့ခဲ့ပါတယ်။ သင်တန်းဆရာတော်များကတော့ ပုလဲဆရာတော်နဲ့အတူ စာရေးဆရာ တက္ကသိုလ်တေဇာလင်း တို့ပို့ချပါတယ်။ စကားပြောနည်း ဟောနည်းများကိုတော့ စာရေးဆရာ ဦးဘုန်း(ဓာတု) မန္တလေး နှင့် စာရေးဆရာ ဇော်ခိုင်ဦး တို့နှစ်ဦးက စနေနေ့တိုင်းမှာ ကူညီဒါနပြု ပေးတာလဲ မြင်တွေ့ခဲ့ရလို့ သတင်းရယူခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု။သြဂုတ်လ(၂၄)ရက်နေ့။
READMORE
 

ဆင်းရဲသော ဆေးကျောင်းသားလေးအားစုပေါင်း၍ ပညာဒါနပြုရန် ဖိတ်ခေါ်ပါရစေ..။

Free Image Hosting
ဆင်းရဲသော ဆေးကျောင်းသားလေးအားစုပေါင်း၍ ပညာဒါနပြုရန် ဖိတ်ခေါ်ပါရစေ..။

ဇူလိုင်လ(၃၁)။ စာရေးသူသည် မန္တလေးမြို့သို့ ဆည်မြောင်းဌါနသင်တန်းတစ်ခုကို
တက်ရန်ရောက်ခဲ့ပါ၏။ သင်တန်းကာလမှာ တစ်လခွဲကြာပါမည်။ စာရေးသူနှင့်
ကပ်လျှက်ကျသူမှာ စဥ့်ကူးမြို့နယ်၊လက်ပံလှရွာတွင် အိမ်ငှါးနေသော ကိုလှဖုန်း ဆိုသူဖြစ်သည်။
သူကရင်ဖွင့်လာပါ၏။ ကျွန်တော့်မှာ သားသမီးလေးယောက်ရှိကြောင်း၊ ပထမ
အကြီးသားမှာ (၁၀)တန်းကို မနှစ်က ဂုဏ်ထူးလေးဘာသာဖြင့်အောင်၍ ယခုနှစ်ကစပြီး
မန္တလေးဆေးတက္ကသိုလ်မှာ ထားခဲ့ရကြောင်း။
ယခုဆိုလျှင်(၇)လခန့်ရှိနေပါပြီ။ဒုတိယသားကလည်းစာတော်သည်။
ယခု(၁၀)တန်းတက်နေကြောင်း။ သမီးလေးကလည်း(၅)တန်းကျောင်းသူပါ။
သာလေးကတော့(၂)နှစ်သားလေးပဲရှိနေသေးကြောင်း၊
ဒီသားကြီးကစာတော်တယ်။(၁၀)တန်းကိုနှစ်ချင်းအောင်ပြီး
လေးဘာသာဂုဏ်ထူးရကြောင်း သူ့က ဆရာဝန်ဖြစ်ချင်လွန်းအားကြီးနေတာဆိုတော့
ကျွန်တော့်ရဲ့ ၀န်ထမ်းလစာဖြင့် ကျောင်းမထားနိုင်သော်လည်း
မဖြစ်၊ဖြစ်အောင်ကြိုးစားပြီး စုဆောင်းထားတာလေးနှင့်ရောင်းချပြီး
ထားလာခဲ့ရတာပါ။ အဆောင်ခနှင့် စားစရိတ်က တစ်လကို
တစ်သိန်းခန့်ကုန်ကျနေကြာင်း။ ဆေးတက္ကသိုလ်က ပထမနှစ်မပြီးခင်ကို
မတတ်နိုင်တော့လို့ ယခုတော့ကျောင်းထုတ်ရပါတော့မည်။ ဟု သိရပါသည်။ စာရေးသူမှ
စိတ်မကောင်းဖြစ်၍ ကိုလှဖုန်းသား ဆရာဝန်ကြီးဖြစ်စေရမည်။ ကျွန်တော်
ပညာဒါနပြုမဲ့သူတွေကို ရှာပေးမည်။ လက်ခံမည်လားဟု မေးခဲ့ပါ၏။
ကိုလှဖုန်းနှင့်ဇနီးမမိုးမိုးရီတို့မှ ၀မ်းသာအားရလက်ခံမည်ဆိုသောကြောင့်
မိတ်ဆွေရင်း စာရေးဆရာ တောင်ငူမြို့တွင် နေထိုင်သော အေးရွှေ(ကေတုမတီ)ထံသို့
ချက်ချင်းတယ်လီဖုန်းဆက်လိုက်ပါသည်။ အကြောင်းစုံအား ပြောပြလိုက်၏။
ဖုန်းမချမီ အချိန်အတွင်း အေးရွှေ(ကေတုမတီ)မှ သူပိုင်ဆိုင်သော မန္တလေးမြို့
(၃၅)လမ်းမပေါ်က(၇၁x၇၂ လမ်းကြား)ရှိသော သူ၏ တိုက်ခန်းတွင်(၆)နှစ်လုံးလုံး မောင်ပြည့်ဖြိုးမောင်
တစ်ဦးတည်း နေခွင့်ပေးပြီး ပညာဒါနပြုလိုက်ပါသည်။နေစရာပေးတာလှူတာ အပြင်
ဒီကလေးစားသောက်ရေးအတွက်ကိုလည်း သူရဲ့အခင်မင်ဆုံးသူငယ်ချင်း
ထိပ်တန်းကြေးအိုးဆိုင်မှ ဦးစန်းမြင့်ထံ ၀င်တွေ့ရန်လမ်းညွှန်ပါသည်။ ယင်း
ဦးစန်းမြင်တို့ မိသားစုကလည်း လိုလားစွာဖြင့် စားသောက်ရေးကိုတာဝန်ယူ၍
ပညာဒါနပြုလိုက်ပြန်ပါသည်။ သွားလာရေးကတော့ နေထိုင်သော တိုက်ခန်းနှင့်
ဆေးတက္ကသိုလ်ကျောင်းသို့ ချေလျင်သွားရမည်ဆိုလျှင် နာရီဝက်ခန့်ပဲ
ကြာပါမည်ဟု ပြောဆိုနေကြပါ၏။ ပညာဒါနပွဲရှာပေး၊ ဆက်သွယ်ပေးသူ စာရေးသူကပဲ
မဆိုင်းမတွဖြင့် စေတနာသဒ္ဒါပေါက်လာခါ ကျွန်တော်စီးနေသော
ဖီးဆင့်စက်ဘီးတစ်စီးအား ဆေးကျောင်းသားလေးကို အပိုင်ပေးပြီး
ပညာဒါနပြုလိုက်ပြန်ပါသည်။
အသက်(၁၇)နှစ် လေးဘာသာဂုဏ်ထူးရှင် (ပထမနှစ်)ဆေးကျောင်းသားလေး
မောင်ပြည့်ဖြိုးမောင် အတွက် ဆေးတ္တသိုလ်ကျောင်းတက်ရန်(၆)နှစ်အတွက်
နေရေး၊စားရေး၊ သွားလာရေးအဆင်ပြေနေသော်လည်း အခြားကျောင်းစားရိတ်များမှာ
လိုအပ်နေကြောင်း မြင်တွေ့နေရပါသည်။
သို့ပါ၍ သူ၏လိုအပ်နေသော အခြားပညာသင်ရန် စားရိတ်များအား တတ်နိုင်သမျှ ၀ိုင်းဝန်း၍ လှူဒါန်းကြစေလိုပါ၏။
ပညာရေးဒါနပြုလိုသူ အလှူရှင်များကို ရှာဖွေဆက်သွယ်ပေးနေရပါသည်။
အောက်ပါမေးလ်နှင့် ဖုန်းနံပါတ်ကိုဆက်သွယ်လှူဒါန်းနိုင်ကြပါရန် တင်ပြလိုက်ရပါသည်။
e-mail : shwelannwelan@gmail.com သို့ အလှုရှင်များဆက်သွယ်နိုင်ကြပါသည်။
အေးရွှေ(ကေတုမတီ) ဖုန်း = 054-25878

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့ ။
၂၀၁၀ ခု၊ သြဂုတ်လ(၁၀)ရက်၊ ညနေ(၆)နာရီတင်သည်။
READMORE
 

မြို့ ကြီး ရွာမှ ထူးခြားအံ့ဖွယ်များ






မြို့ ကြီး ရွာမှ ထူးခြားအံ့ဖွယ်များ

ဇူလိုင်၂၃။ စာရေးသူ ဇူလိုင်လထဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးရွာကို ရောက်ခဲ့ပါတယ်။ အဲဒီရွာမှာ ထူးခြားတာ သုံးခုရှိကြောင်းကြားသိခဲ့ရတယ်။ သက်တော်(၈၄)နှစ်ရှိတဲ့ မြို့ကြီးတောရကျောင်းဆရာတော် ဦးသောဘိတ ကို ဖူးမျှော်ခဲ့ရပါတယ်။ နယ်သူနယ်သားအပေါင်းက ဤဆရာတော်ဘုရားကြီးကို ရဟန္တာဟု သမုတ် ကြကြောင်းကြားသိခဲ့ရပါတယ်။ မြို့ကြီးရွာရှိ့ တောင်ပေါ်၊တောင်အောက်ဘုန်းတော်ကြီးကျောင်းတွေကို ဤဆရာတော်ဘုရားကြီးမှ အမြန်ကြွကြောင်း(ဈာန်ကြွကြောင်း) ပြောဆိုနေကြတယ်။ ဆရာတော်ဘုရားကြီးကို စာရေးသူကိုယ်တိုင်ဝင်ရောက်ပြီး ဖူးမျှော်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးမှ တရားဆိုတာ ကိုယ်လုပ်မှ ကိုယ်ရမည်..။ နံပါတ်(၁) အပယ်လေးဘုံသို့ မကျအောင်ပထမလုပ်ပါ။ နံပါတ်(၂) ယခုရတဲ့ လူ့ဘ၀ကို ယခုလက်ရှိဘ၀ထက်မြင့်အောင်၊ ယင်းစားဘ၀ မဆုံးအောင်လုပ်ပါ။ နံပါတ်(၃) နိဗ္ဗာန်သို့ရောက်နိုင်အောင် သီလ၊သမာဓိ၊ပညာများ၊၀ိပသနာတရားနဲ့ အဆင့်ဆင့်ကြိုးစားအားထုတ်ကြပါ ဟု မိန့်တော်မူပြီး ဆရာတော်ဘုရားကြီးရေးသားဟောကြားတော်မူခဲ့တဲ့ (နိဗ္ဗာန်ဝင်လမ်း မြတ်ကမ္မဋ္ဌာန်းတရားစာအုပ်) စာအုပ်ကို ဓမ္မဒါနအဖြစ်ပေးလိုက်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ကျောင်းဘေးကနေ တောင်ပေါ်ကိုတက်သော ကျောက်လှေခါးများအတိုင်း တောင်ထိပ်သို့ စာရေးသူနဲ့ ရွာက လိုက်ပို့သူတစ်ဦးတို့ တက်ခဲ့ပါတယ်။ တောင်ပေါ်အတက်တစ်နေရာတွင် သဘာဝအတိုင်းဖြစ်နေသော ဘီးလူးခေါင်းကျောက်တုံးကြီးကို ဆေးများချယ်သထားပြီး သေလာယက္ခစေတီကို တွေ့ရပါတယ်။ အဲဒီနေရာတစ်ဝိုက်ကိုရောက်တော့ ဘီးလူးခေါင်းကြီးကို ကိုင်ကြည့်တဲ့အခါ ကြက်သီးမွေးညင်းများ ထလာပါတယ်။ ဒီစေတီကနေ မတ်စောက်တဲ့ လှေခါးကိုတက်လိုက်တော့ တောင်ထိပ် အငူတစ်ခုပေါ်ကို ရောက်ပါတယ်။ အဲဒီတောင်ထိပ်မှာ စေတီသုံးဆူနဲ့ ဇရပ်တစ်ဆောင်၊ တရားထိုင်တဲ့ ကျောင်းတစ်ခုကိုတွေ့ရပါတယ်။ မြောက်ဖျားဆုံးစေတီရဲ့ အောက်ခြေမှာ ကျောက်သားတုံးကြီးတစ်ခုရှိပါတယ်။ မြေသားများလုံးဝမတွေ့ရဘဲ ကျောက်တုံးပေါ်မှာ ပန်းပင်တစ်ပင်ပေါက်နေပါတယ်။ ဒီပန်းပင်ရဲ့ဘေးမှာ အပေါက်သုံးပေါက်ကိုတွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်က အပေါက်သုံးပေါက်က တစ်ပေါက်ကို ပါးစပ်နဲ့ ကုန်းမှုတ်လိုက်တဲ့အခါ ကျန်အပေါက်နှစ်ပေါက်ကနေပြီး ရေတွေပန်းထွက်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ သည်ကျောက်တုံးကြီးကို စာရေးသူတို့နှစ်ဦး ခဏ ခဏ လေမှုတ်ပြီးစမ်းကြည့်ကြပါတယ်။ ရေကတော့လေမှုတ်တိုင်းပဲ ထွက်ထွက်နေပါတယ်။ နွေရာသီ မိုးလုံးဝမရွာတဲ့အခါမှာလဲ ရေအမြဲထွက်နေကြောင်း လိုက်ပို့သူ ဦးခင်မောင်နိုင်ရဲ့သားက ပြောပြပါတယ်။ကျောက်တုံးအောက်က စီးကျနေတဲ့ကျောက်ခွက်ကို မျက်စဉ်းခွက်လို့သိရပါတယ်။ အဲဒီမျက်စဉ်းကျောက်ခွက်ကရေကိုသုံးရင် မျက်စိရောဂါများ ပျောက်ကင်းကြောင်း ဆရာတော်ကြီးက ပြောပါတယ်။

တောင်ပေါ်ကအဆင်းမှာ မြို့ကြီးရွာထဲက နတ်ရေကန်ကိုဝင်ခဲ့ပါတယ်။ ဒီနတ်ရေကန်ဟာ ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့ကြောင်း၊ ကန်ရဲ့အောက်က ထွက်တဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီးများရေချိုးရန် ၀ါးလုံးများနဲ့တန်းပြီးခွဲခြားထားတဲ့တဆင့်နိမ့်တဲ့ရေကန်တစ်ကန်ရှိပါတယ်။ရေချိုးနေကြတာကို မြင်တွေ့ရပါတယ်။ အထက်ကန်ကိုတော့ မည်သူမှ ရေမချိုးအ၀တ်မလျှော်ရပါ။ ခြင်ထောင်တစ်ထည်ကို အဲဒီ အထက်ကန်ထဲကို ဆင်းပြီးလျှော်လိုက်တာနဲ့ အဲဒီနတ်ရေကန်ထဲမှ စိမ့်ထွက်နေတဲ့ ရေတွေဟာ ချက်ချင်းခန်းချောက်သွားကြောင်း လိုက်ပို့သူ ကိုခင်မောင်နိုင်(ဆည်မြောင်းဝန်ထမ်း)က ပြောကြားပါတယ်။ အဲဒီလို ရေတွေခန်းချောက်သွားရင် နတ်ရေကန်ထိပ်မှာ ကန်တော့ပွဲပေးပြီး တင်မြှောက်တောင်းပန်လိုက်ရင် ရေများက ချက်ချင်းပြန်ထွက်လာ ကြောင်း၊ သူကိုယ်တိုင် စမ်းသပ်ကြည့်ဘူးခဲ့ကြောင်း ပြောကြားလို့ သတင်းရယူခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၄-၇-၂၀၁၀
ခေတ္တ မန္တလေး။
READMORE
 

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အစီအစဉ် ဆွမ်းလောင်းပွဲ


















စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်ဆွမ်းလောင်းပွဲ

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အခမ်းအနားအဖြစ် ၈.၇.၂၀၁၀ ရက်နေ့
ည (၇း၃၀)တွင် စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားရင်ပြင်ဓမ္မာရုံပေါ်တွင်
အကြိုတရားပွဲအဖြစ်
စစ်ကိုင်းမြို့ (ရွိုင်ရယ်ပညာရေးစင်တာ)မှ အရှင်ဝဇီရဥာဏ ၏
တရားပွဲအစီအစဉ်ကျင်းပခဲ့ပါသည်။
၉.၇.၂၀၁၀ ရက်နေ့နံနက်ပိုင်းတွင် သံဃာတော် အပါး ၄၀၀ ကျော်တို့အား အရုဏ်
ဆွမ်းအဖြစ် ကြက်သားကြာဇံချက်များကပ်လှူခဲ့ပြီး
နတ်သုဒ္ဓါဒံပေါက်ဆွမ်းတစ်ပါးလျှင်တစ်ဗူးစီ၊ ဌက်ပျောသီးတစ်လုံး နှင့်
ဆွမ်းလောင်းအသင်းဝေယျဝစ္စအဖွဲများမှ ဗလာစာအုပ်တစ်အုပ်စီနှင့်
ဆပ်ပြာမှုန့်တစ်ထုတ်စီ ၊စစ်ကိုင်းမြို့ မြန်မာဦးစတိုးးဆိုင်မိသားစုမှ
ဘောပင်တစ်ချောင်းစီနှင် မှင်တံတစ်ချောင်းစီလှူဒါန်းခဲ့ပြီး နာယကဆရာတော်
မေတ္တာရှင်ရွှေပြည်သာဆရာတော် ဦးဇ၀န အား အရုဏ်ဆွမ်း ကပ်လှူခဲ့ပါသည်။
ဝေယျာဝစ္စအဖြစ်လာရောက်ဆွမ်းလောင်းကြသော ဦးသုဇာတ၊ ဦပညာဝံသ ၊ ဦးအာဒိစ္စ
နှင့် ကိုဖြိုးမိသားစု၊ ကိုထက် နှင်မိတ်ဆွေများ ၊ဂစ်တာ၊
မောင်စိုးလင်းအောင်၊ မောင်နီ၊မောင်အောင်မြင့်ဆွေ၊ မောင်ဇော်မျိုး+မအိုမီ၊
ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ နှင့်ဒါယကာနှစ်ဦး တို့ဖြစ်ကြပါသည်။
နေ့လည်ပိုင်းတွင် သြ၀ါဒ ဆရာတော်ကြီးများအား
နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြပါသည်။ သြ၀ါဒဆရာတော်ကြီးများ နှင့် အား
ဆွမ်းလောင်းအသင်းဝေယျာဝစ္စများ ကိုယ်စား ဦးဘုန်း(ဓါတု)၊ဒေါ်ချောအိမာန်၊
ဦးဇော်ခိုင်ဦး၊ ကိုဇော်သိင်္ခ တို့မှ
နေ့ဆွမ်းကပ်လှူရာတွင်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဆရာတော်ကြီးများအားနေ့ဆွမ်းကပ်လှူပြီးနောက် ဆွမ်းလောင်းအသင်း ဥပဋ္ဌာပက
အဖွဲ့များကိုယ်စား ဦးရဲဝင်းနောင် (Pro-techComputer)်မှ
ဆရာတော်ကြီးများအား န၀ကမ္မ ကပ်လှူခဲ့ပါသည်။
ညပိုင်း (၈း၀၀) နာရီအချိန်တွင် သြ၀ါဒဆရာတော်တစ်ပါးဖြစ်သော စစ်ကိုင်းမြို့
မြစင်္ကြာကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ၏ တရားပွဲ
အစီအစဉ်ဖြစ်ပါသည်။ တရားပွဲဓမ္မဒါနကုသိုလ်ရှင်များကတော့ ကိုဖြိုး၊ ကိုထက်
(ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး) မှဖြစ်ကြပါတယ်။

အလှူရှင်များစာရင်း

၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀
ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး)
အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု
(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု
(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀
ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ
၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး (စင်္ကာပူ)မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှ
သံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော်
(၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက်
အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွှန့် +ဒေါ်မိုမို (USA) (LA) မှ သံဃာ ၁၀ ပါးအတွက်
၁၆. ချိုဒီဇိုင်နာ မှသံဃာ (၁၀) ပါးအတွက်
၁၇.မသင်း မှ သံဃာ (၅) ပါးအတွက်
၁၈.မမမြင့်ဉ္ဇူမှ သံဃာ (၅) ပါးအတွက်
၁၉.မတင်ဇာမော် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၀.မလဲ့သူလှိုင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၁.sweetpeony - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၂.ထက်ထက်အောင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀

တဆင့်ကူးယူ ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၉-၇-၂၀၁၀
READMORE
 

*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*
အရှင်ပုညာနန္ဒ

ဒီဗောဇ္ဈင် (၄) ပါးကို အခုပြောတဲ့ အတိုင်း အသိမှန် အမြင်မှန် ရလိုက်ရင် ဗောဇ္ဈင် (၇) ပါးထဲက အရေး ကြီးတဲ့ အလုပ်ဗောဇ္ဈင် (၄) ပါး ယောဂီတို့မှာ ပြည့်သွားပြီ။ ပြည့်စုံမှုရဲ့ အမြင်ဉာဏ် စင်ကြယ်မှု အားကောင်း မကောင်းကို၊ မှန် မမှန်ကို အခု သင်ပေးတဲ့အတိုင်း ငါကိုက်ညီပြီဟု ဆုံးဖြတ်ချက်ချတဲ့ ယောဂီများ ဒီတိုင်းတော့ မရသေးဘူး။ ကျန်သေးတဲ့ ဗောဇ္ဈင် (၃) ပါးနဲ့ ညှိရဦးမယ်။ ဒီ ဗောဇ္ဈင် (၃) ပါး ကိုယ့်သန္တာန်မှာ ပြလာရင် မှန်ပြီ။ မပြသေးရင် လိုနေသေးတယ်။ ဘယ်နေရာ လိုတယ်ဆိုတာ လေးကို သူ့သဘောနဲ့သူ ရှင်းပေးထားတဲ့ အတွက် အမြင်ဉာဏ် ရောက်ဖို့အတွက် လိုနေရင် အမြင်ဉာဏ်ရအောင် ကြိုးစားပါ။ လုံ့လ၀ီရိယ လိုနေသေးရင် ၀ီရိယ စိုက်ပါ။ တည်ငြိမ်မှု လိုနေသေးရင်လည်းပဲ တည်ငြိမ်မှုအတွက် ကြိုးစားပါ။ လွတ်နေသေးရင် လည်းပဲ သတိလေးကို ပြန်ပြီး အားကောင်းလာအောင်၊ တည်ငြိမ်အောင် ကြိုးစားပါ။ အဲဒီလို ကြိုးစားလို့များ ပြည့်စုံသွား ရင် စတင်ပြီးတော့ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်လာနိုင်တာက အရှုခံနှင့် အရှုဉာဏ်ကို ကောင်းစွာ တည့်ပြီးတော့ တည်ငြိမ်အေးချမ်းစွာ ကြည့်နိုင်တဲ့ ယောဂီတို့ရဲ့ သန္တာန် ကိလေသာတွေက စင်ကြယ်လာတဲ့ အတွက် အားရ နှစ်သက်နေတဲ့ ပီတိ စဖြစ်ပါတယ်။

စပေါ်လာတဲ့ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလိုက်တာနဲ့ မိမိတို့မှာ သိသာတဲ့ အားအနည်းဆုံး ခုဒ္ဒကာပီတိ က ပေါ်တယ်နော်။ ကြက်သီး မွေးညင်းလေးတွေ ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်လာတာ၊ ဒါလေးဟာ အလွန်ကိုပဲ မြန်ဆန်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အားအနည်းဆုံး ဖြစ်လို့ သိတဲ့ပုဂ္ဂိုလ် ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိတာပဲ။ ဒီတော့ ပိုပြီးတော့ အမြင်အားကောင်းအောင် ဆက်ပြီးတော့ (၄) ပါးကို ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ဟာ စွမ်းအားလည်း မြင့်လာရော သူ့ထက်ပိုပြီး ထင်ရှား အားကောင်းတဲ့ ပီတိ နောက်တစ်မျိုး ခဏိကာပီတိ ပေါ်လာပြီ။ အဲဒီကျတော့ ကြက်သီးမွေးညင်း ထတာလည်းပဲ အနည်းငယ် ကြံ့ကြာလာတယ်။ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာလည်း ထင်ရှား သိသာလာတယ်။

ဒီလို သိသာထင်ရှား ကြံ့ကြာလာတဲ့ အပိုင်းမှာ ဆက်တိုက်ဆက်တိုက် ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်၊ ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်နဲ့ အစဉ်တန်းနေတဲ့ သိသာမှုဟာ တစိုက်မတ်မတ်နဲ့ မပျက်ဘဲနဲ့ ပေါ်နေတာ မဟုတ်ဘူးနော်။ ဒါလေးကိုလည်း သဘော ရှင်းထားပါစေ။ ခိုင်တယ် မြဲတယ်နဲ့ ပေါ်နေတယ်ဆိုရင် သဿတ ဒိဋ္ဌိ က ပြန်တွယ်သွားရင် ဉာဏ်ဘယ်ပေါ်မလဲ။ ကြက်သီးမွေးညင်း အားရနှစ်သက်မှု ထနေတဲ့ အပိုင်းလေးဟာ သိသာ အားကောင်းလာလို့ ဒါကို အနည်းငယ် ကြံ့ကြာပြီး ဖြစ်တယ်လို့ ပြောလိုက်တာ။ ခုဖြစ် ခုပျက်နေတဲ့ သဘောလေးတွေဟာ အစားထိုးပြီးတော့ ပြနေတာဖြစ်လို့ အားကောင်း နှစ်သက်မှုဟာ ထင်ရှားစွာ သိနိုင်တယ်လို့ ပုံဖော်တာပါ။ အဲဒီ ဖြစ်ပေါ်လာတဲ့ ပီတိသည် ခဏိကာပီတိ။ ကြက်သီးမွေးညင်း ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာ၊ လက်ကလေးတွေ ဇက်ကနဲ ဇက်ကနဲ မြှောက်လာတာ ဒါလေးတွေ ဖြစ်တတ်တာပဲ။ ဒီလို ဖြစ်လာတဲ့ အခါမျိုးကျရင် ဘာကြောင့် ဖြစ်တာလဲလို့ အတွေးမချော်နဲ့တော့။ ကိုယ်ရှုနေတဲ့ (၄) ပါးပြည့်စုံရင် ရောက်ကိုရောက်မှာ၊ ရကို ရမှာ။ အဲဒီ သဘောလေးကိုလည်းပဲ အာရုံလေးညွတ်ပြီး အရှုခံပေါ်မှာ အသိဉာဏ်ကိန်းပြီး ဖြစ်ပျက်မြင်အောင်သာ ပြန်ရှုလိုက်ပါ။

ဒီပီတိရရင် ဒီ (၄) မျိုး ပြည့်စုံတယ်ဆိုတာ သေချာသွားပြီ။ အဲဒီကနေပြီးတော့ ဆက်လက်အားထုတ် လာလို့ စွမ်းအား မြင့်လာပြီ၊ ကြိုးစားမှု အရှိန်လည်း ကောင်းလာပြီ၊ အမြင်လည်း သန်လာပြီ ဆိုရင် (၄) မျိုးရဲ့စွမ်းအား ကြီးလာသည့် အတွက် ဒီ့ထက် ပိုအားကောင်း သိသာတဲ့ ပီတိက ဩက္ကန္တိကာ ပီတိ။ မိမိခန္ဓာကိုယ်ဟာ အဲဒီအချိန်ကျတော့ ဒန်းစီးတဲ့အခါ၊ ချားရဟတ် စီးတဲ့အခါ အပေါ်ရောက်သွားပြီး အောက်ကို ပြန်ပြီး ကျလာတဲ့အခါ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်နဲ့ အေးကနဲ စိမ့်ကနဲ ဖြစ်တတ်တယ်နော်။ အဲဒီလို ဖြစ်တဲ့အခါမှာ အပေါ် အမြင့်ကြီးက ပြုတ်ကျလာတာမျိုး လှပ်လှပ် လှပ်လှပ် အေးစိမ့် အေးစိမ့်နဲ့ ဖြစ်သွားတဲ့ သဘောလေးကို ဘာကြောင့်လဲလို့ အတွေး မချော်လိုက်နဲ့။ ကိုယ့်ရဲ့သန္တာန် ပြောခဲ့တဲ့ ဗောဇ္ဈင်တရား (၄) ပါး ကောင်းစွာ ပြည့်စုံရင် ဒီအကျိုးပေး အားကောင်းထင်ရှားတဲ့ ပီတိ ပေါ်ကိုပေါ်မှာပဲ။ အဲဒီ ပေါ်လာတဲ့ ပီတိတရားလည်းပဲ ဖြစ် ပြီးတော့ ပျက်သွားတာပဲ။

ဒါလေးကို ဉာဏ်လေးက ယှဉ်ကြည့်လိုက်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ ဆိုတော့ ဖြစ်ပျက်နဲ့မဂ် ကိုက်ပြီးတော့ အရှုဉာဏ်အောက်မှာ အပျက်သာ ဆုံးသွားရင် တန်ဖိုးရှိတဲ့ အဖြေတစ်ခု ပေါ်သွားပြီ။ ဒါကြောင့် မမေ့မလျော့နဲ့ ကြိုးစားရမယ်။ အဲဒီလိုနဲ့ ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီထက် စွမ်းအားကြီးတဲ့၊ အားကောင်းတဲ့ ဗောဇ္ဈင် (၄) ပါးရဲ့ စွမ်းအားတွေ မြင့်လာတိုင်း မြင့်လာတိုင်း ပိုပြီးတော့ နှစ်သက် အားရစရာ ကောင်းတာက ဥဗ္ဗေကာ ပီတိ လို့ခေါ်တဲ့ နှစ်သက်မှု နောက်တစ်မျိုးဟာ ခန္ဓာကိုယ်ကြီးသည် လှိုင်းစီးနေသလို သိမ့်ကနဲ၊ ငြိမ့်ကနဲ ဖြစ်လာတယ်။ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်၊ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်နဲ့လည်း ဖြစ်တတ်တယ်။ ဟောဒီ ခန္ဓာကိုယ်ကြီးသည် ပေါ့ပါးပြီး လန်းဆန်းကြည်လင်လို့ အပေါ်ကို မြောက်ကြွနေသလိုလည်း ဖြစ်တတ်တယ်။ ဒါတွေသည် ဘာကြောင့် ဖြစ်တာလဲဆိုရင် ပီတိရဲ့သဘော ဗောဇ္ဈင် (၄) ပါး စွမ်းအားကြီးလာလို့ ဖြစ်ပျက်တွေပေါ်မှာ လျင်မြန်စွာ အားကောင်းတဲ့ အမြင်ရလာလို့၊ အဲဒီအမြင် အဲဒီအသိရရင် ပီတိတရားကလည်း အားကောင်းစွာနဲ့ ကြုံကိုကြုံရမယ်။ အဲဒီကနေပြီး ထပ်ဆင့်မြင့်လာတဲ့ ပီတိက ဖရဏာပီတိ။

ဒီအချိန်မှာ ယောဂီသည် အချိန်အတော် ကြာကြာကိုလည်း ထိုင်နိုင်လာတယ်။ ထိုင်နိုင်တဲ့ အလျောက်လည်းပဲ ခန္ဓာကိုယ်မှာ ချမ်းချမ်းသာသာနဲ့ ကြုံရတယ်။ ဆီတွေ အထပ်ထပ် စိမ်ထားတဲ့ ဂွမ်းကြီးလိုပဲ အိစက် ညက်ညောပြီးတော့ နေရတာကို အလွန်ချမ်းသာ နေတယ်။ အချိန် တော်တော်ကြာကြာကို ထိုင်ပြီးတော့လည်းပဲ မိမိရဲ့ ခန္ဓာကိုယ်ရဲ့ ညှင်းဆဲနှိပ်စက်မှု ဒုက္ခဆင်းရဲတွေဟာ ဆင်းရဲဒုက္ခပေးလောက်တဲ့ နာကျင်နှိပ်စက်မှုတွေ ကင်းပျောက်ပြီး နေရထိုင်ရတာကိုက အင်မတန် ချမ်းသာပြီးတော့ ငြိမ့်နေတယ်။ အချိန် ကြာကြာကိုလည်းပဲ ဣရိယာပုတ်ကို ခိုင်ခံ့စွာနဲ့ ငြိမ်းချမ်းစွာ နေနိုင်တယ်။ အဲဒီလို နေနိုင်တဲ့ အခိုက်လေးသည် တရားအပေါ်မှာ ဒီအဆင့်ကိုရောက်တဲ့ ယောဂီတိုင်း တရားကို အင်မတန် နှစ်သက်သွားပြီ။ တရားအပေါ်မှာ အင်မတန်လိုလားတဲ့ အားတွေ ကောင်းသွားပြီ။ တရားကို အင်မတန် စွဲမြဲသွားပြီ။

အဲဒီလောက် ပီတိတရားလေး ကိန်းရင်တောင်မှ ဒီလိုအနေအထားကို ရတယ်ဆိုတော့.. အော် ဗောဇ္ဈင် တရားသည် တယ်စွမ်းအား ကြီးပါလား။ အဲဒီလို ဖြစ်နေတဲ့ အခိုက်မှာ ကိုယ့်ရဲ့ ကြီးကျယ်စွာ နှိပ်စက်ပါတယ် ဆိုတဲ့ အနာရောဂါတွေ မှန်သမျှ လာပြီးတော့ ဒုက္ခမပေးတော့ဘူး။ ဒီအချိန်အခါမှာ အေးငြိမ်းပြီးတော့ နေရထိုင်ရတာကိုက အင်မတန် ချမ်းသာသွားပြီ။ အဲဒီလို နောက်မဆုတ်ဘဲ ကြိုးစားလာတဲ့ ယောဂီမှာ ဒီ့ထက်ပိုပြီး ငြိမ်းချမ်း၊ ဒီ့ထက်ပိုပြီး အားကောင်း၊ ဒီ့ထက်ပိုပြီး နှစ်သက်မှုတွေနဲ့ အလွန်ကိုပဲ ချမ်းမြေ့စရာကောင်း တဲ့ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဆိုတဲ့ အကျိုးတစ်မျိုးကို ထပ်ဆင့် ရပါလိမ့်မယ်။

အဲဒီလို ရလာတဲ့ယောဂီမှာ ကိုယ့်ရဲ့သန္တာန်မှာ နဂိုတုန်းက လောဘမီး၊ ဒေါသမီး၊ မောဟမီး အစရှိတဲ့ မီးတွေဟာ အချိန်တိုင်း လောင်မြိုက်နေလို့ မငြိမ်းချမ်းလောက် အောင်ကို ပူလောင်ခဲ့ရပါတယ်။ အဲဒီ ပူလောင်နေတဲ့ ဟောဒီခန္ဓာကိုယ်ရဲ့ လောင်မြိုက်နေတဲ့ မီးတောက်တွေ မှန်သမျှ အဲဒီအချိန် ငြိမ်းသွားတယ်။ ဒါကြောင့်မို့လည်း ခန္ဓာကိုယ်မှာတဲ့ ပီတိရတုန်းက ချမ်းသာသလို ပဿဒ္ဓိ ရတဲ့အခါမှာ ကိုယ့်ရဲ့ ဆင်းရဲခြင်းတွေ ကင်းပျောက်နေတယ်။ သူ့ထက် ပိုမြင့်သွားတာက စိတ်ရဲ့ ဆင်းရဲမှုတွေလည်း မရှိတော့ဘူး။ ကိုယ်လည်း ချမ်းသာ၊ စိတ်လည်း ချမ်းသာ၊ ကိုယ်လည်းငြိမ်း၊ စိတ်လည်း ငြိမ်းတယ်။ ချမ်းသာမှုကို အဲဒီယောဂီသည် ကောင်း စွာ ရသွားပြီ။ အကာလိကော ဆိုတာ ဒါပြောတာ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ဒီအကျိုးဟာ ချက်ချင်းကို ရတယ်။ အဲဒီလိုရတဲ့ ယောဂီသည် ဒီတရားကို ဘယ်တော့မှ လက်မလွှတ်တော့ဘူး။ နေ့နေ့ညည တရားပြီးတရား၊ တရားပြီး တရားသာ ကြိုးစားတော့တယ်။ ဘယ်သူ့ ဘယ်သူနဲ့မှလည်း စကားပြောဆိုခြင်း မရှိတော့ဘူး။ ဘယ်သူ့ ဘယ်သူနဲ့မှ လည်းပဲ အပေါင်းအသင်းဖွဲ့ဖို့ စိတ်မကူးတော့ဘူး။ သူ့တရားလေးနဲ့ သူပဲ ငြိမ်းချမ်းစွာ နေတော့တယ်။ အဲဒီလောက် အဆင့်ရောက်ရင် တောင်မှ ဘယ်လောက် ငြိမ်းသလဲဆိုတာ အာရုံ ပြုလိုက်ပါ။ ဒီ့ထက်များ ပိုပြီးတော့ တရားအသိကို ကောင်းစွာ ကိန်းမယ်ဆိုရင် ပြောစရာ အထူးမလိုတော့ပါ။ ဒါကြောင့် ပဿဒ္ဓိ သမ္ဗောဇ္ဈင် လောက်ကို ကိန်းနေပြီဆိုရင် အဲဒီယောဂီသည် တရားအပေါ်မှာ ဘယ်တော့မှ လက်မလွှတ်တော့ဘဲ အချိန်တိုင်း အမူအယာတိုင်းမှာ တရားပြီး တရားသာ နှလုံးသွင်းတော့တယ်လို့ နားလည် ထားပါ။

အဲဒီက တစ်ဆင့်တက်ပြီး ဒီဗောဇ္ဈင် တရားတွေကလည်း အရှုခံပေါ်တိုင်း ပေါ်တိုင်းမှာ မရှိတော့တဲ့ သဘော၊ ပျက်တဲ့ သဘောကိုသာ တရစပ် မြင်လာရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ တရားတွေ အပေါ်မှာ ကိုယ်နဲ့ ရင်းနှီးယဉ်ပါးတဲ့ အမြင်မျိုးတွေ ကင်းပျောက်ပြီး ကိုယ်နဲ့ မဆိုင်တဲ့အကြည့် သူစိမ်းဆန်တဲ့ အမြင်ပေါ်မှာ နှလုံးသွင်း တည့်သွားပြီ။ ပေါ်လိုက် မရှိတာပဲ မြင်လိုက်တယ်။ ကြည့်လိုက်ပြန်တယ်၊ မရှိတာပဲ မြင်လိုက်တယ်။ အဲဒီလို မရှိတာချည်းပဲ မြင်နေရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ ရုပ်နာမ်တွေ အပေါ်မှာ အမြင်ရှင်းပြီးတော့ တစ်တန်းတည်းထားပြီး ရှုလာနိုင်တဲ့ ယောဂီရဲ့ သန္တာန်မှာ ဥပေက္ခာ သမ္ဗောဇ္ဈင် ကိန်းသွားပြီ။

အော် ဒီဗောဇ္ဈင် (၃) ပါးသည် အလိုလို ရတာမှ မဟုတ်ဘဲ၊ ရှေ့က ဗောဇ္ဈင် (၄) ပါး ပြည့်စုံမှသာလျှင် ရတာပါလား၊ ဒီ (၄) မျိုး မပြည့်စုံရင် ဒီ (၃) မျိုး ဘယ်တော့မှ မရနိုင်ပါလားလို့ ဆိုတာကိုလည်း ဆုံးဖြတ်ချက် ချပါ။ ကိုယ့်ရဲ့ စွဲကပ်နေတဲ့ အနာရောဂါ အမျိုးမျိုးလည်းပဲ မပျောက်ကင်းနိုင်ပါ။ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလို့ ပီတိ၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်တွေနဲ့ ကိန်းပြီး ဥပေက္ခာထား ရှုနိုင်တဲ့ မည်သူမဆို စွဲကပ်နေတဲ့ အနာရောဂါလည်း ကင်းပျောက်မယ်၊ လောင်မြိုက်နေတဲ့ မီးမှန်သမျှလည်း ငြိမ်းမယ်၊ သောကမှန်သမျှ၊ ပရိဒေ၀ မှန်သမျှလည်းပဲ မလာတော့ဘူး။ အဲဒီ ငြိမ်းချမ်းမှုတွေက နိဗ္ဗာန်တောင်မှ မရသေးဘူးနော်။ ဘယ်လောက်တောင် ချမ်းသာသလဲ ဆိုတာ အာရုံပြုနိုင်ရင်.. အော် နိဗ္ဗာန်ဆိုတာ ဒါတွေအားလုံး ချုပ်ငြိမ်းတဲ့နေရာ ပိုပြီး ချမ်းသာမှာပဲလို့ နိဗ္ဗာန် ကိုလည်း မှန်းဆပြီး အာရုံပြုနိုင်ဖို့အတွက် ဗောဇ္ဈင်တရားနဲ့ ရှင်းပေးလိုက်ပါပြီ။

ကိုယ့်မှာ ပြည့်တယ် မပြည့်ဘူးဆိုတာကို ကိုယ်လုပ်နေတဲ့ အပိုင်းအခြားက သက်သေ ထူနေပါတယ်။ ဒါကြောင့်မို့လို့ မပြည့်သေးရင်လည်း ပြည့်အောင်ဖြည့်၊ ပြည့်တယ်လို့ ယူဆနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါဘာလိုတယ် ဆိုတာလေးကို (၇) ပါးသော ဗောဇ္ဈင်နဲ့ တစ်ခုချင်း ရှင်းပေးခဲ့တာ ဖြစ်လို့ လိုတဲ့အရာလေးတွေ ဖြည့်စွက်ပြီးတော့ ဘုရားရှင်ရဲ့ အလိုတော်ကျ နိဗ္ဗာန်ရောက်သည့် ပန်းတိုင်ကို ၀င်စံနိုင်ဖို့ ဗောဇ္ဈင် (၇) ပါး ပြည့်စုံအောင် ကျန်ရှိတဲ့ အချိန်လေးတွေမှာ နှလုံးသွင်း မမှားစေဘဲ စင်ကြယ်တဲ့ အသိဉာဏ်လေးတွေ အားကောင်း ရင့်သန်အောင် ဆက်လက်ကြိုးစား ရှုပွား အားထုတ်ပေးနေကြပါ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

7/2/2010, FRI:, 1:11:58 AM

ကိုဖိုးသား၏ မေးလ်အား ထပ်မံ၍ ဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ ည(၈)နာရီ ကူးယူ၏။
READMORE
 

*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


တရားရှုတဲ့ ယောဂီများအတွက် အရေးကြီးပြီး အလွန်လိုအပ်တဲ့၊ လုပ်ငန်းခွင်မှာလည်းပဲ အရေးပါတဲ့ လောကီ ကိစ္စတွေမှာလည်း အာရုံပြုပြီးတော့ မကျန်းမမာ ဖြစ်လာကြတဲ့ သူတော်စင်များမှာ အားကိုး ရှာကြတဲ့အခါ မိမိတို့ ဖြစ်ပေါ်နေတဲ့ နှိပ်စက်မှု၊ မကျန်းမာတဲ့ အနာရောဂါတွေကို ပျောက်ချင်ကြတဲ့ အတွက် မခံမရပ်နိုင် ဖြစ်လာတဲ့ အခါမျိုးမှာ အားကိုးတဲ့ တရားရှိတယ်၊ ဗောဇ္ဈင်တရား။

ဒီဗောဇ္ဈင်တရားကို အားကိုးပြီးတော့လည်းပဲ ရွတ်ဆိုတဲ့ အသံလေးတွေကို နားထောင်ပြီးတော့ ပျောက်လေမလားလို့ ကြိုးစားပြီး နာယူကြတယ်။ ဗောဇ္ဈင်တရားက နာရုံနဲ့ ပျောက်တာမှ မဟုတ်ဘဲ၊ တကယ် ပျောက်ချင်ရင် တကယ် ခန္ဓာမှာ ပြောနေတဲ့ အရှုခံ တရားတွေပေါ်မှာ ဗောဇ္ဈင်တရားတွေနဲ့ ကိုက်ညီအောင် ကြိုးစားပါ။ အဲလို ကိုက်ညီအောင် ကြိုးစားတဲ့ မည်သူမဆို ဖြစ်ပေါ်လာတဲ့ အနာရောဂါ မှန်သမျှကို ငြိမ်းစေတဲ့ အပြင် အလွန်ချမ်းသာတဲ့ ဘုရားရှင် အလိုတော်ကျ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုလည်း အရောက် တက်လှမ်းမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ သောက မီးတောက်တွေလည်းငြိမ်း၊ ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အနာရောဂါတွေကိုလည်း ကင်းပျောက်အောင် ကုစားနိုင်ဖို့၊ အားကိုးထိုက်တဲ့ တရားဖြစ် တဲ့ ဗောဇ္ဈင်ကို ယနေ့ သူတော်စင်များ အတွက် အလုပ်ခွင်နဲ့ တွဲရှင်းပေးမယ်။

သောက်ဆေးကို သောက်မှ ပျောက်မှာပါ။ လိမ်းနေရုံနဲ့ မပျောက်ဘူး။ ကိုယ်စီကိုယ်စီ လာပြီးတော့ ၁၀- ရက်စခန်းမှာ သောက်ကြည့်နေတာ၊ ရှိနေတဲ့ သံသရာ အမြစ်တွယ်ခဲ့တဲ့ ရောဂါမှန်သမျှ ပျောက်ဖို့၊ အခု ဗောဇ္ဈင် တရားနဲ့ အလုပ်ခွင်မှာ ကြိုးစားလာတဲ့ ယောဂီများ အတွက်ကို သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ အတွက် ရှင်းပေး သွားပါ့မယ်။

နှာသီးဝမှာ အာရုံယူပြီး ကြိုးစားရတဲ့ ယောဂီလည်း နှာသီးဝမှာ အာရုံယူပြီးတော့ နှလုံးသွင်းပါ။ ကိုယ် ပေါ်မှာ ကိုယ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံပေါ်မှာ နှလုံးသွင်းပါ။ စိတ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံကို အားရ ကျေနပ်ပါတယ်လို့ ရှုနိုင်တဲ့ ယောဂီများကလည်း စိတ်နှင့်စပ်တဲ့ အာရုံပေါ်မှာ နှလုံးသွင်းပါ။ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ကြည့်နေတတ်တဲ့ ယောဂီများကလည်းပဲ ပေါ်ရာခန္ဓာမှာ အာရုံလေး စိုက်ပြီးတော့ နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်းလာတော့ မိမိတို့ရဲ့ သန္တာန်မှာ ဗောဇ္ဈင်တရား ကိန်းမကိန်းဆိုတာကို ရှင်းပေးရမှာက.. ကိုယ် လည်း သိပြီးသားပဲ။

ဗောဇ္ဈင်တရားသည် အားလုံး (၇) ပါးရှိတယ်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင် လို့။ အခုပြောလိုက်တဲ့ (၄) ပါးသော ဗောဇ္ဈင်သည် ကရက ဗောဇ္ဈင်လို့ နားလည် ထား။ တနည်းပြောရရင် အလုပ်ခွင်မှာ ပြည့်အောင် ဖြည့်ဆည်းရမယ့် အလုပ်တရား (၄) ပါး။ ဒီ အလုပ်တရား (၄) ပါးကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရင် ပြည့်စုံတဲ့ ယောဂီတိုင်းမှာ ပီတိ သမ္ဗောဇ္ဈင် ရယ်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ရယ်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် ရယ်လို့ ဗောဇ္ဈင် (၃) ပါး အကျိုးအနေနဲ့ ရလိမ့်မယ်။ ဒီ (၃) ပါးသည် ရှေ့ (၄) ပါး မပြည့်ရင်တော့ မရဘူး။ ရှေ့ (၄) ပါး ပြည့်ရင်လည်းပဲ ဒီ ဗောဇ္ဈင် (၃) ပါး ရကို ရမယ်။ ရှေ့ (၄) ပါး ပြည့်တယ် ထင်ပြီး (၃) ပါး မပေါ်ရင်လည်းပဲ၊ ကိုယ်သိပါတယ် ဆိုတဲ့ (၄) မျိုး မမှန်သေးလို့ပါ။ ဒါလေးကိုတော့ သဘောရှင်း ပါစေ။ အလွန်လည်း အရေးကြီးပါတယ်။ အဖိုးလည်း အင်မတန် တန်တဲ့တရားပါ။ အလုပ်ခွင်မှာ ယောဂီတိုင်း သည် သတိ သမ္ဗောဇ္ဈင် ဉာဏ်ယှဉ်ပြီးတော့ ပြည့်စုံအောင်ကို ကြိုးစားရမှာ။ အလုပ်ခွင်မှာ စတင်ပြီးတော့ ဒီ (၄) မျိုး ပြည့်မပြည့် ဆိုတာကို ကြိုးစားနေတဲ့ ယောဂီများအတွက် စတင် ပြောတော့မယ်။

ပေါ်ရာ အရှုခံကိုပဲ ကြည့်ကြည့်၊ အလေးထားပြီး ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကိုပဲ ရွေးချယ်ပြီး ရှုရှု၊ ဖောက်ပြန်တဲ့ ရုပ်တရားလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ ခံစားတဲ့ ဝေဒနာလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ မိမိရဲ့ သိတတ်တဲ့ စိတ်လေးအပေါ်မှာ ပြန်ပြန်ပြီး ကြည့်လို့သိနေရင်၊ ဒီအသိတရားလေးတွေ အပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း သိနေလို့ ရှုပွားနေတဲ့ ယောဂီများရဲ့ သန္တာန်မှာ စတင်ပြီးတော့ သတိ သမ္ဗောဇ္ဈင် ကိန်းပါတယ်။ သတိ သမ္ဗောဇ္ဈင် ဆိုတာက ပွားများ အားထုတ်နေတဲ့ ယောဂီများမှာ ရုပ်ကို အလေးပေး ရှုလည်း ရုပ်အရှေုခံ ပေါ်တိုင်းပေါ်တိုင်း သိနေတယ်။ ဝေဒနာကို အလေးပေး ရှုလည်းပဲ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ စိတ်ကို အလေးပေးရှုတဲ့ ပုဂ္ဂိုလ်ကလည်း စိတ် ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ ဓမ္မသဘောကို ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ဓမ္မ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ အဲဒီလို သိနေတာက သတိအား ကောင်းလာလို့၊ ရှုမှတ် ပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဲဒီလို ပေါ်ရာ အရှုခံလေးတွေကို သိနေရင် သတိ သမ္ဗောဇ္ဈင် ပြည့်စုံနေတယ်။

ရှုနေတဲ့ အရှုခံ အာရုံလေးတွေကို ကြည့်လိုက်တော့ ၀ိပဿနာဆိုတာ ရှိရာက မရှိတာ မြင်သွားတာ၊ ရှိရာက မရှိတာလေးကို မြင်တာသည် ၀ိပဿနာ ဉာဏ်ဆိုတဲ့အတိုင်း၊ ရုပ်အရှုခံကို အလေးထားရှုတဲ့ ပုဂ္ဂိုလ် ကလည်း ရုပ်ကိုကြည့်တယ် ဆိုပေမယ့် ကြည့်လိုက်တဲ့ ဉာဏ်အောက်မှာ မရှိတာ မြင်ရတာ။ ဝေဒနာကို ရှုတယ် ဆိုပေမယ့် ဝေဒနာကို သိရတာ မဟုတ်တော့ဘူး၊ ဝေဒနာ မရှိတာလေး မြင်ရတာ။ စိတ်ကို ရှုတယ် ဆိုပေမယ့် စိတ်ကြီးကို တွေ့ရတာ မဟုတ်ဘူး၊ စိတ်ရဲ့ မရှိတာလေးကို မြင်ရတာ။ အဲဒီလို အရှုခံ တရားလေးတွေ အပေါ်မှာ ကိုယ်သန်ရာသန်ရာ ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကို ရွေးချယ်ပြီးတော့ ရှုနေကြတဲ့ ယောဂီတိုင်းမှာ အရှုခံပြလိုက်၊ ဉာဏ်လေးနဲ့ ကြည့်လိုက်၊ အရှုခံပေါ်လိုက် ဉာဏ်လေးနဲ့ ကြည့်လိုက်၊ ရှိနေတဲ့ အရှုခံ တရားလေးကို ဉာဏ်လေးနဲ့ ကြည့်တော့၊ ဟော.. မရှိတာလေး မြင်လိုက်တယ်။ တနည်းပြောရင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး အမြဲတမ်းပြောပြီးတော့ နားလည်လွယ်အောင် ဟောခဲ့တဲ့ “ဖြစ်တာနဲ့ ပျက်တာပဲ”။

အခုလည်း အရှုခံတရားလေးကို သိသိ သိသိနေတဲ့ သတိ သမ္ဗောဇ္ဈင်ကို အခြေခံထားပြီး ကြိုးစားလာတဲ့ ယောဂီများမှာ ဒီသဘောတရားလေး ဟာဖြင့် ဖြစ်ပြီးရင် ပျက်သွားတယ်၊ မွေးပြီးရင် သေသွား တယ်၊ ပေါ်ပြီးရင် ချုပ်သွားတယ်၊ ဒါကလွဲလို့ မတွေ့ရဘူး။ အဲဒီအမြင်ကို ရှင်းအောင် ဆိုပြီးတော့ ဧည့်သည်ခန္ဓာ လေးကို မမေ့နဲ့။ ဧည့်သည်ဆိုတာ အိမ်တစ်အိမ်ကို အလည်လာတဲ့ အခါမှာ အိမ်ရှင် နေသလိုမျိုးတော့ အချိန်ပြည့် ဘယ်နေလို့ ရမလဲ။ အိမ်ရှင်သည် ကိုယ့်အိမ်မှာကိုယ် အမြဲတမ်း နေခွင့် ရှိပေမယ့်၊ ဧည့်သည်ဆိုတာ က အကြောင်းရှိခိုက်သာ လာတည်းခိုလိုက်တာ၊ အကြောင်းကုန်တော့ ပြန်သွားရတာ ဧည့်သည်ရဲ့ သဘော။

အခုလည်းပဲ နှာခေါင်း နှာသီးမှာ အခြေခံထားပြီး ကြည့်နေတဲ့ ယောဂီများမှာ နှာခေါင်း နှာသီးဆိုတဲ့ အိမ်ရှင်ခွင့်ပြုတဲ့ အခိုက်လေးမှာ ရှူသွင်းလိုက်တဲ့ အေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်၊ ရှူထုတ်လိုက်တဲ့ အခါမှာ နွေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်။ အဲဒီ အလည်လာတဲ့ ဧည့် သည်ခန္ဓာလေးသည် အိမ်ရှင် ခွင့်ပြုခိုက်လေး လာတာ။ အကြောင်းလည်း ကုန်ကော ပြန်သွားပြန်တယ်။ လာတယ်ဆိုတာက ဧည့်သည် ခန္ဓာလေး ဖြစ်တာ။ ပြန်တယ် ဆိုတာက ဧည့်သည် ခန္ဓာလေး ပျက်တာ။ အေးတယ် ဆိုတာ ရုပ်ခန္ဓာ၊ နွေးတယ်ဆိုတာ ရုပ်ခန္ဓာ။ ဒီ ရုပ်ခန္ဓာလေး ပေါ်တိုင်းပေါ်တိုင်းကို သိတုန်းက သတိ သမ္ဗောဇ္ဈင်။ အခုပေါ်တဲ့ ခန္ဓာလေး ကြည့်လိုက်တော့ ဧည့်သည် သဘောလေးကို တွေ့လိုက်ရတယ်။ အလည် လာပြီး ပြန်သွားတယ်။ ဖြစ်ပြီးတော့ ပျက်တယ်။ ဒါကို မြင်တဲ့ဉာဏ်သည် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်။

အော် ကိုယ့်ရဲ့ သန္တာန်မှာ အရှုခံလေး ပြတိုင်းပြတိုင်း မြင်အောင် ကြည့်တယ်။ မရှိတဲ့ သဘောလေးရဲ့ သဘောထား အမှန်ကို ဉာဏ်ရောက်အောင် ကိန်းလိုက်တဲ့ အချိန် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ပေါ်သွားပြီ။ သတိ သမ္ဗောဇ္ဈင် လည်းပဲ သဘောရှင်းသွားပြီ။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်လည်း ပုံပေါ်လာပြီ။ အဲဒီ ယောဂီဟာ ကိုယ်ရှု နေတဲ့ အရှုခံ တရားဂုဏ်တော် (၆) ပါးထဲက ဧဟိပဿိကော လို့ ရုပ်ကလည်း ခေါ်တာပဲ၊ ဝေဒနာကလည်း ခေါ်တာပဲ၊ စိတ်ကလည်း ခေါ်သလို သဘောတရား မှန်သမျှကလည်း ခေါ်နေတာ။ အဲသလို ခေါ်နေတာကို ဧဟိ ပဿိကော ဆိုတဲ့ ကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်လေးနဲ့ လိုက်လိုက် ကြည့်လိုက်တော့ သူ့သဘောလေးက ဖြစ် လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒါပဲ ပြောနေတယ်။ အဲဒီလို အရှုခံပေါ်မှာ အရှုဉာဏ်လေး ကိန်းပြီး တော့ ဖြစ်တာနဲ့ ပျက်တာကို ပိုင်ပိုင် နိုင်နိုင်နဲ့၊ ပေါ်တိုင်းပေါ်တိုင်း မလွတ်ရ အောင်လို့ တစ်ပျက်တည်း ပျက်နေ တဲ့ အရှုခံ ပေါ်မှာ အသိဉာဏ်လေး ကိန်းပြီး ကြိုးစား ရှုပွားနေတဲ့ အမြင်သည် ၀ီရိယ သမ္ဗောဇ္ဈင်။

ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာ ယောဂီတို့ရဲ့ သန္တာန်မှာ ပေါ်နေတဲ့ အရှုခံ လေးတွေကို အမြင်ဉာဏ်က မလွတ်အောင်လို့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အမြင်နော်။ အဲဒီ အမြင်လေးသည် ပေါ်လိုက် ပျောက်သွားလိုက်၊ ကြည့်လိုက် မရှိလိုက်၊ ရှိရာက မရှိတဲ့ အမြင်လေးတွေကို ပေါ်တိုင်းပေါ်တိုင်း ကြိုးစားရင် ကြိုးစားသလောက် အမြင်သန်လာတယ်။ အရှုခံနှင့် အရှုဉာဏ် တည့်ပြီးတော့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတယ်။ အဲဒီ ပုဂ္ဂိုရ်ရဲ့ သန္တာန်မှာ ၀ီရိယ သမ္ဗောဇ္ဈင် ကိန်းနေပြီ။ ဒီယောဂီသည် ကြည့်နေတဲ့ အရှုခံ အာရုံပေါ်မှာ ကြိုးစားရင် ကြိုးစားသလောက် အသိဉာဏ်က တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အတွက်ကြောင့်မို့လို့၊ ဒီအချိန် အခါမှာ အာရုံတွေလည်း မထွေပြားတော့ဘူး။ စိတ်ပျက်စရာ အာရုံ မှန်သမျှ လည်းပဲ လာမနှောင့်ယှက် တော့ဘူး။ ပျော်စရာ ရွှင်စရာ အာရုံ အမျိုးမျိုးကလည်း လာ မနှောင့်ယှက်တော့ဘူး။ အရှုခံ အသိဉာဏ်လေး ကိန်းပြီး တစ်ပျက်တည်း ပျက်တာကိုသာ တည်ငြိမ်စွာနဲ့ ရှုနေနိုင်ပြီ။ အဲဒီ ယောဂီသည် သမာဓိ သမ္ဗောဇ္ဈင် တည်သွားပြီ။ မိမိတို့ရဲ့ သန္တာန်မှာ ကြိုးစားပါ။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ဖိုးသား
6/28/2010, MON:, 2:27:19 AM

ဗောဇ္ဈင်တရား ခုနစ်ပါး ဤလင့်ခ်တွင် ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ထုတ်နုတ်ရေးသားအပ်သော ဗောဇ္ဈင်တရား ခုနစ်ပါးအား ဖတ်ရှု ကြည်ညို နာယူနိုင်ပါတယ် ခင်ဗျာ..။

ကိုဖိုးသား ပေးပို့ထားသော မေးလ်အား ထပ်ဆင့်ဖော်ပြထားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ည(၇း၁၅)နာရီ၊ ကူးယူ၏။
READMORE
 

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အလှူ


စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အလှူ

နိုင်ငံတကာမှ စေတနာတဒ္ဒါတရားထက်သန်ကြတဲ့ အလှူရှင်များကြောင့် အခက်အခဲတွေကြားမှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်လှူဒါန်းမှုတွေကို အောင်မြင်စွာနဲ့ ဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်ရှင်။
စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ ပါဝင်လှူဒါန်းမှုပြုနေကြတဲ့ နိုင်ငံတကာမှ အလှူရှင်များ၊
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်အလှူရှင်များလှူဒါန်းမှုတွေပြုနိုင်အောင် ဦးစီးဆောင်ရွက်ပေးနေတဲ့
ဦးဇင်းဦးကောဝိဒ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက် မိမိတတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနေကြတဲ့
အလှူငွေကောက်ခံပေးသူမောင်နှမများအားလုံး၊ဆွမ်းလောင်းအသင်းအပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆွမ်းဆန်အလှူရှင်
မန္တလေးမြို့၊ရွှေအိမ်စည်တယ်လီဖုန်းရောင်းဝယ်ရေးမှ ကိုဖြိုး ၊ကိုထက်၊အပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆီအလှူရှင် ရွှေဘိုမြို့မှ ဒေါ်ချို(ဒေါ်ချိုကုန်စုံဆိုင်)၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းရဲ့ပင်တိုင်အလှူရှင် နော်ဝေမှ စေတနာရှင် အလှူရှင်တစ်ဦး
၊ဆွမ်းလောင်းအသင်းကြီး အဆင်ပြေအောင်အစစအရာရာစီစဉ်ဆောင်ရွက်ပေးနေသော၊ဝေယျာဝစ္ဆအလှူရှင်များကို
လစဉ်ထောက်ပံ့လှူဒါန်းမှုတွေပေးနေသော ဒေါ်နန်းသန္တာအောင်၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်
စေတနာများစွာဖြင့်လုပ်အားအလှူပါဝင်နေကြပါသော သီလရှင်များ ၊ သံဃာတော်များ၊ဝေယျာဝစ္ဆအလှူရှင်များအားလုံးကို
အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

ဘာလိုလိုနဲ့ လာမယ့် ဇူလိုင်လ ၉ ရက် (၉.၇.၂၀၁၀) နေ့ဆိုရင်ကျွန်မတို့ရဲ့ဆွမ်းလောင်းအသင်းကြီး အောင်မြင်စွာရပ်တည်လာနိုင်ခဲ့တာ
၁နှစ်တိတိပြည့်သွားခဲ့ပါပြီရှင်။အလှူရှင်များရဲ့စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် ဆွမ်းလောင်းအသင်း
ဆွမ်းလောင်းလှူတဲ့နေ့ဖြစ်တဲ့ အပတ်စဉ်တနလာင်္နေ့တိုင်းသာမကပါပဲ မွေးနေ့အလှူရှင်၊ အမှတ်တရနေ့အလှူရှင်များပါ
ထပ်တိုးပြီးလှူဒါန်းနိုင်ခဲ့ကြတဲ့အတွက် ယခုဆိုရင် တစ်လမှာ အလှူရက် ၁၀ ရက်ကျော်ခန့် လှူဒါန်းနေနိုင်ခဲ့ပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီး တစ်နှစ်ပြည့်အလှူအဖြစ်၉.၇.၂၀၁၀(သောကြာနေ့)မှာ သံဃာအပါး ၂၀၀ ကို
နတ်သုဒ္ဓါဒံပေါက်ဆွမ်းဆက်ကပ်လှူဒါန်းဖို့ စီစဉ်ထားပါတယ်ရှင်။နတ်သုဒ္ဓါဒံပေါက်မှာ သံဃာတစ်ပါးလျှင်၂၁၀၀ ကျပ်နှုန်း နဲ့
သံဃာအပါး ၁၀၀ အတွက် လှူဒါန်းမှုပြုပါကအလှူငွေ (၂၁၀၀၀၀ကျပ်) ကုန်ကျမှာဖြစ်ပါတယ်။ယခု သံဃာတော်အပါး ၂၀၀ အတွက်
နတ်သုဒ္ဓါဒံပေါက်ဆွမ်း ကပ်လှူဘို့ စီစဉ်ထားတာကြောင့် သံဃာအပါး ၂၀၀ အတွက်စုစုပေါင်းကုန်ကျမယ့်အလှူငွေမှာ
(၄၂၀၀၀၀ ကျပ်) ဖြစ်ပါတယ်ရှင်။သံဃာတော်အပါး ၂၀၀ နတ်သုဒ္ဓါဆွမ်းဆက်ကပ်ရန် အတွက် နိုင်ငံတကာမှ
အလှူရှင်များအနေဖြင့် မိမိတို့စိတ်တိုင်းကျ အလှူငွေများပါဝင်လှူဒါန်းနိုင်ကြပါကြောင်းနဲ့ အခြားလှူဘွယ်ပစ္စည်း အစုစုကို
လှူဒါန်းလိုသူ အလှူရှင်များရှိပါကလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်

အဆိုပါနေ့တွင်သံဃာတော်များအတွက်ဗလာစာအုပ် နှင့် ဘောပင်များ လှူဒါန်းဖို့နော်ဝေနိုင်ငံမှ အလှူ
ရှင်တစ်ဦးမှ စာရင်းပေးထားပြီးဖြစ်ကြောင်း
မန္တလေးမြို့ MAM Computer Center မှ ၃၀၀၀၀ (သုံးသောင်းကျပ်)လှူဒါန်းထားပါသည်။
ကိုဖြိုး၊ကိုထက် ရေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေးမှ ၉.၇.၂၀၁၀ ရက်နေ့ ညတရားပွဲ တရားပွဲအတွက်
ကုသိုလ်ပြုကြပါမည်။
၁. မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ( ၉၉၀၀၀ ကျပ်)
၂.မသန္တာဝင်း ( စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး ) အတွက် ( ၂၁၀၀၀ ကျပ် )
၃.မမေမြတ်နိုးခိုင် (မြန်မာပြည်) သံဃာတော် ( ၉ ပါး ) အတွက် အလှူငွေ (၁၈၉၀၀ ကျပ်)
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)မှ သံဃာတော် (၅၀)အတွက် (s$150)
၆.ကိုကြီး {ကိုရီး} မှ သံဃာ အပါး၁၀၀ အတွက် ၂၁၀၀၀၀ နှစ်သိန်းတစ်သောင်းကျပ်
၇.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်
အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၈.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၉.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၀.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၉၀)
၁၁.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀
ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၂.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၃.မဘုတ်ဆုံ(စင်္ကာပူ)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်

ဆက်လက် ၍ အလှူ၇ှင်များစာရင်းအား update ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


ဆက်လက်လှူဒါန်းသူ အလှူရှင်များအား သတင်းရလျှင် ဖော်ပြပေးပါမည်။

တဆင့် ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂-၇-၂၀၁၀
READMORE