WY စာတမ်းပါ စိတ်ကြွဆေးပြား နှစ်သိန်းဖမ်းဆီးရမိ



ငဖဲ     ဇွန်     ၃၀
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် စစ်တွေမှ ရန်ကုန်မြို့သို့ပြေးဆွဲလျက်ရှိသည့် တိုးရတနာ မော်တော်ယာဉ်လိုင်း၊ယာဉ်မောင်း ဦးထွန်းလှကျော်သည် ယာဉ်ပေါ်တွင်ပါလာသည့် အိပ်တစ်လုံးအား မသင်ကာ၍ ဇွန်(၃၀)ရက်နေ့ နံနက်(၁)နာရီက ပဒါန်းမူးယစ်အဖွဲ့ထံစစ်ဆေးပေးရန် ရပ်တန့်ပြီး ရှာဖွေရာ  WY စာတန်းပါ စိတ်ကြွဆေးပြား နှစ်သိန်းအား ရှာဖွေသိမ်းဆီးရရှိခဲ့သည်။

          ဖြစ်စဉ်မှာ စစ်တွေ-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် တိုးရတနာ မော်တော်ယာဉ်လိုင်းတွင် ပုဏ်ဏားကျွန်းမှ ခရီးသည် ခိုင်လင်းထွန်းသည် ခုံအမှတ်(၁၈) လက်မှတ်ဖြတ်ထားပြီး အိပ်တစ်လုံးသာတွေ့ရပြီး လူစီးလိုက်ပါခြင်းမရှိသည်ကို ယာဉ်မောင်းမှ သတိထားမိပြီး ထိုအိပ်အား ပဒါန်းကျေး ရွာအရောက်တွင် မူးယစ်အထူးအဖွဲ့ထံ ပြသ၍ ရှာဖွေစစ်ဆေးကြည့်ရာ WY စာတန်းပါ စိတ်ကြွရှုးသွတ်ဆေးပြား (၂)သိန်း ရှာဖွေသိမ်းဆီးရရှိခဲ့သည်။ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ပဒါန်းမူးယစ်အထူးအဖွဲ့ ဒု-ရဲအုပ်ညွန့်ဝင်းက မယ(ပ)၁/၂၀၁၄ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သန်းနိုင်ဦး(ငဖဲ)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
 
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


READMORE
 

ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲ ကျင်းပ




မကွေး      ဇွန်       ၃၀
          မကွေးတိုင်းဒေသကြီးနှင့် မကွေးမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၉)နာရီက မကွေးမြို့ ပန်းဟေ၀န်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့ရည်က ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

          ထို့နောက် မြန်မာနိုင်ငံနယ်စပ်ဖွံ့ဖြိုးရေးအသင်း(BDA) မှ ဦးသက်မောင်က မိတ်ဆက်စကားပြောကြား ပြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဒေသဆိုင်ရာကြီးကြပ်ရေးမှူး ဦးမောင်ကြိုင်က ကျောင်းပြင်ပ မူလတန်း ပညာရေး၏သဘောသဘာဝများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းအတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူမှ လက်ခံရယူပြီး မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အုပ်ချုပ်ရေးမှူး က အခြေစိုက်စခန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌများအားတာဝန်ပေးအပ်လွှာများကိုပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်တို့မှ စွမ်းဆောင်ရည်အကောင်းဆုံးဆုနှင့်ထူးချွန်သင်တန်း သားဆုရရှိသူများထံ ဆုများအသီးသီပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
          မကွေးတိုင်းဒေသကြီးတွင် ပညာရေးဝန်ကြီးဌာန၊ယူနီဆက်နှင့် အလှူရှင်များပူးပေါင်း၍ မကွေး၊အောင် လံ၊ပေါက်နှင့် မြိုင်မြို့နယ်တွင် သင်ကြားရေးအခြေစိုက်စခန်း(၃၀)ခုဖွင့်လှစ်ကာ ကျောင်းလုံးဝမနေခဲ့ရသူနှင့် မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊အသက်(၁၀)နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုဝင် ကလေးငယ် (၃၉၀)ဦးတို့အားဆရာ /ဆရာမ(၅၁) တို့မှ ကြီးကြပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
 
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


READMORE
 

ဒန့်သလွန်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်



မြို့သစ်      ဇွန်     ၃၀
          မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ် ဒန်သလွန်ပင်အုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့တိုးမြှင့်ဖွင့်လှစ်ပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်သိန်းနှင့်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြင့်တို့က ဇွန်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ဒုတိယပိုင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပါသည်။

          ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူကနှင့် မြို့နယ်ပညာရေးမှူးတို့မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူလူထု ကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
          ဆက်လက်၍ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်း အမိန့်စာအား မြို့နယ်ပညာရေးမှူးမှ ကျောင်းအုပ်ဆရာကြီးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းအထိမ်းအမှတ်အလံများအား တာဝန်ရှိသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။

          အဆိုပါကျောင်းသို့ ဒန့်သလွန်ပင်ကျေးရွာပတ်ဝန်ကျင်းအနီးရှိ ကျေးရွာ(၂၁)ရွာမှ ကျောင်းသား/ ကျောင်းသူ (၆၆၈)ဦး တက်ရောက်ပညာသင်ယူနေကြောင်းနှင့် ကျန်ရှိကျောင်းများကိုလည်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်ဇော်(မြို့သစ်)
သတင်းပေးပို့သူ    ဦးဇော်ဇော်(မြို့နယ်ပြန်/ဆက်-မြို့သစ်မြို့)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


READMORE
 

မကွေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ




မကွေး     ဇွန်     ၃၀
          မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ ဦးဆောင်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ(၃၀)ရက် နံနက်(၈)နာရီက မကွေးမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းဝန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်မှ ဥက္ကဌ ဒေါ်သင်းသင်းထွေးနှင့် လူမှုရေးအသင်းအဖွဲ့များထံ ပျိုးပင်ပေးအပ်ပြီး ပျော်ရွှင်စွာ စုပေါင်း သစ်ပင်စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။


          အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီး/ခရိုင်/မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများ ၊လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပိတောက်၊ ကျွန်း၊ရေတမာ၊ဆီသပြေ၊ယင်းမာ၊ ခရေ နှင့်မဲဇလီပင်အပါအ၀င် စုစုပေါင်း ပျိုးပင်(၃၂၅)ပင်ကို ပျော်ရွှင်စွာ စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး

သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ
READMORE
 

11-ကေဗွီဓါတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင် သစ်ကိုင်းများရှင်းလင်း




မကွေး       ဇွန်      ၂၉
          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မိုးရာသီကာလ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မရှိစေရေး၊ဓါတ်အားပျောက်ဆုံး မှု လျှော့နည်းကျဆင်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် 11-ကေဗွီ ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်များအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မျိုးသန့်နှင့် လိုင်းဝန်ထမ်းများမှ ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ခုတ်ရှင်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(မကွေး)

သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ
READMORE