ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ

Kyaw Thu with Ye Naung and 13 others. မှ ကူးယူဖော်ပြသည်။
11 hrs ·
ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ
"လူတွေဓမ္မအားနည်းလာပြီဆိုရင်လောကကြီးက ပထဝီအာပေါဝါယောတေဇောဆိုတဲ့ မြေရေလေမီးဓာတ်ကြီးလေးပါးနဲ့ လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ ပျက်ရယ်ပြုတယ်။ မြေငလျင်တွေလှုပ်တယ်, ရေတွေကြီးတယ်, လေတွေတိုက်တယ် မိုးသီးတွေကြွေတယ်, မီးတွေလောင်တယ်။ ဒါတွေကလူတွေဓမ္မအားနည်းလို့ဖြစ်တာပါ၊ ဒါကြောင့် ဓမ္မအားကောင်းအောင်လုပ်ကြ၊ နေ့တိုင်းဒါန,သရဏဂုံ,မေတ္တာ,သီလ,သမာဓိ, ပညာစတဲ့ဓမ္မတွေတစ်ခုမဟုတ်တစ်ခုရအောင် လုပ်ကြ၊ ဓမ္မဆိုတာလောကကိုအနိုင်ယူဖို့ ပေါ်လာတာလို့သြ၀ါဒဟောကြားထားတယ်။
အဲဒီလိုလောကကိုအနိုင်ရဖို့လူ့ကျင့်ဝတ် လူ့သီလကိုစောင့်ထိမ်းကြဖို့လိုအပ်တယ်။
ဒီတော့ အရက်မသောက်ကြပါနဲ့။ ဖြတ်ပြီးလို့စိတ်ဓါတ်တွေခြောက်ခြားနေရင်ကျွန်တော်နဲ့တွေ့ပြီးမှန်ကန်မှု လမ်းကြောင်းကိုပြမယ်။ ဘ၀ရဲ့လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်ရမယ်။
ရန်ကုန်ပြန်ရောက်ရင်အဲဒီပြန်လည်ပျိုးထောင်ရေးလုပ်ငန်းကိုစတော့မယ်။
အရက်သမားများအရက်ဖြတ်ကြပြီးကျွန်တော်နဲ့တွေ့ဆုံဖို့ပြင်ဆင်ထားကြပါလော့ဟုတိုက်တွန်းလိုက် ရပါတော့သည်။
READMORE
 

သေရင်တောင် ငွေမပါရင် ပြာမဖြစ်ဘူးတဲ့ဗျ

ပြော ရ ရင် ဖွတယ် ဖြစ်အုးံ မယ်
ဒီနေ့ ကြုံ ရတာလေးပါ
တောင်အင်း မြောက်အင်း မှာ
လူကြီး တစ်ရောက်ကို သဂြီု င်္စရိတ် ၁၆၀၀၀ ထား လိုက် ပါတော့ သေတဲ့သူက
ကိုယ်ဝန်ဆောင်နဲ့မို့ ဗိုက်ခွဲပြီး ၇ လသား
အရွယ်ကလေးလေး ပါ လာတာကို
ဒီကလေးအတွက်ပါ သဂြီု င်္စရိတ် တောင်း
နေလို့ အကြိတ်အနယ် အတိုက်အခံ ပြော
ခဲ့ရတယ် နောက်တော့ ပြေလည်ပါတယ်
မပေးခဲ့ရပါဘူး

ပြောချင်တာက ကျွန်တော်တို့မန်းလေးမှာ
မီး သဂြီု င်္စရိတ်က လူကြီး ၁၆၀၀၀
ကလေး ၈၀၀၀ ထားတော့ ကလေးမို့
၈၀၀၀ တောင်းတယ်ဆိုလည်း ဒီကလေးက ဗိုက်ထည်းက တောင် မထွက်သေး မိခင်သေလို့ လိုက်သေရရှာ
တာ ခွဲပြီး သဂြီ င်္တာလည်းမဟုတ်
မိခင်နဲ့အတူ သဂြီု င်္တာ လူကြီးအတွက်
၁၆၀၀၀ ပေးပြီးသား
ဘာပြောရမယ် မှန်းကို မသိတော့တာပါ
ပေးမယ် မပေးဘူး ရှော့ပါအုးံ ဘာညာ
ဈေးဆစ်နေရတာကို က စိတ်သက်သာ
စရာမဟုတ် နိုင်ငံ တော်က ဒီ ၇ လ ကလေး မသာ လောက်မှ အခမဲ့ သဂြီု င်္
တဲ့ မူ မရှိတာလား မူ ရှိ ရဲ့နဲ့ လူတွေက
လုပ်နေတာလား
မသိသေးရင်လည်း သိအောင်လုပ်ကြပါ
အုးံ သိတယ် ဆိုရင်လည်း ဒါလေးလောက်တော့ မရှိဆင်းရဲသား
များရဲ့ နောက်ဆုးံ ခရီး လေးအတွက်
ငဲ့ ညှာ သနား ကြပါအုးံ လို့
ဆိုင်ရာ ပိုင်ရာ များကို အများပြည်သူ
လူထုအတွက် တောင်းပန် တိုးလျှိုး ရှိ
ခိုး ဦးတင်ပါတယ် လို့
ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ်မရှိပါ
မရှိဆင်းရဲသားများ သက်သာစေချင်တဲ့
ရည်ရွယ် ချက်နဲ့ပါ မပေးရအောင်ဝိုင်း
ပြောကြလို့ မပေးခဲ့ရပေမဲ့ စိတ်မသက်
သာ လွန်းလို့ပါ
မေတ္တာဖြင့် ကိုစိုး မနောကြာဖြူ

READMORE
 

www.winkyi.nat ဤ ၀က်ဆိုဒ်သည် www.myaylatmedia.com (မြေလတ်မီဒီယာ = မြေလတ်ဒေသ သတင်းစာ(အွန်လိုင်း) နှင့် အတူတူဖြစ်ပါသည်။

 www.winkyi.nat ဤ ၀က်ဆိုဒ်သည်  www.myaylatmedia.com (မြေလတ်မီဒီယာ = မြေလတ်ဒေသ သတင်းစာ(အွန်လိုင်း) နှင့် အတူတူဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဘလော့ဂါ ရွှေလမ်းငွေလမ်းဝင်းကြည် သည်  www.winkyi.nat ဤ ၀က်ဆိုဒ်ကို ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့ပါသည်။ ထိုမှ တဆင့် မြေလတ်မီဒီယာ www.myaylatmedia.com ကိုထပ်မံ ထူထောင်ခဲ့ပါသည်။ ၎င်း ၀က်ဆိုဒ် နှစ်ခုမှ မြေလတ်မီဒီယာ APK သို့ ပူးတွဲထူထောင်ခဲ့ပါသည်။ ၎င်းဝက်ဆိုဒ် နှစ်ခုနှင့် မြေလတ်မီဒီယာ APK နှင့် မြေလတ်မီဒီယာဖေ့စဘုတ်၊ Uwin kyi ဖေ့စဘုတ် တို့ကို ပူးတွဲထပ်မံထူထောင်ခဲ့ပါသည်။
ထိုမှတဆင့် တက်၍
၂၀၁၅၊ ဇန်န၀ါရီ ၁၅ ရက်နေ့မှစတင်ပြီး မြေလတ်မီဒီယာဂျာနယ် မှ မြေလတ် ဂျာနယ် (ပုံနှိပ့်) အဆင့်သို့ တိုးမြှင့်ပြီး ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းကို၂၀၁၆ခု၊ ယနေ့အထိပူးတွဲလုပ်ဆောင်နေပါသည်။ ငွေအား လူအား အိုင်တီနည်းပညာများ မပြည့်မစုံဖြင့် လုပ်ကိုင်ဆောင်ရွက်နေရပါသည်။ သို့ပါ၍ အားလုံးမှာ လိုအပ်ချက်များစွာရှိနေပါသည်။ မည်ကဲ့သို့ အခက်အခဲများဖြင့် ရင်ဆိုင်နေရပါသော်လည်း  အထက်ပါဝက်ဆိုဒ်များနှင့် ဖေ့စဘုတ်များ၊ မြေလတ်မီဒီယာ APK နှင့် မြေလတ်ဂျာနယ် တို့ကို စာဖတ်ပရိသတ်များထံသို့ အချိန်နှင့်တပြေးညီ တတ်အားသမျှ ဆက်လက်၍ မပျက်မကွက် တစ်လှည့်စီ တင်ဆက်ဖော်ပြပေးသွားပါမည် ဟု ကတိပြုအပ်ပါကြောင်း...။
ကျွန်တော်များ၏ အွန်လိုင်းနှင့် မြေလတ်ဂျာနယ်များကို
နေ့စဉ်၊ အပတ်စဉ် စိတ်ဝင်စားစွာ
ကြည့်ရှုကြသော စာဖတ်ပရိသတ်ကြီးအား လေးစားစွာဖြင့်

ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်မီဒီယာ
READMORE
 

မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားပြီး ၊ မိသားစုမဏ္ဍပ်များလျှောက်ထားနိုင်ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်လွင့်က ပြောကြား




ဧပြီ ၇ ။
          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်တွင် ဧပြီလ ၇ ရက်နေ့ထိ မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားကြောင်း၊ မိသားစုမဏ္ဍပ်များ ဆောက်လုပ်လိုလျှင် လျှောက်ထားနိုင်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ပြောသည်။
          ခွင့်ပြုထားသော မကွေးသင်္ကြန်မဏ္ဍပ် ၇ ခုမှာ၊ ရွှေမိုးအင်ဂျင်ဝိုင်မဏ္ဍပ်(တောင်တွင်းကြီးလမ်း)၊ ပါရာဂိုက်မဏ္ဍပ်(ပြည်တော်သလမ်း၊ တိုင်းဆေးရုံမြောက်ဘက်)၊  ဟစ်စထွီမဏ္ဍပ်(ပြည်တော်သာလမ်း၊ အမက ၁၀ ကျောင်းမြောက်ဘက်)၊ ရကက မဏ္ဍပ်(ပြည်တော်သာလမ်း၊ ယခင်မထသရုံးရှေ့)၊  နိုင်းပလပ်စ် မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း)၊ အင်ပေါ့တန်စ်မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း) နှင့် ရတနာထွန်းမဏ္ဍပ်(မဲထီးလမ်း) တို့ကို ဧပြီ ၇ ရက်နေ့အထိ ခွင့်ပြုထားပြီးကြောင်း၊ မိသားစု မဏ္ဍပ်များ(မိမိဆိုင်ရှေ့၊ အိမ်ရှေ့များ)တွင် သင်္ကြန်မဏ္ဍပ်ဆောက်လိုလျှင် ထပ်မံလျှောက်ထားနိုင် ကြောင်း၊ သတ်မှတ်စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ဆက်လက်ပြောကြားသည်။
ဝိုင်းကြည်အောင်
READMORE
 

မကွေးတိုင်းဒေသကြီးအစိုးရသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ဧပြီ ၅ ရက်နေ့တွင် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြောကြား




ဧပြီ ၅ ရက်။
          ၂၀၁၆၊ ဧပြီ ၅ ရက်၊ နေ့လယ်ပိုင်းတွင် မကွေးသင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခြင်းမရှိသေး၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအား သတင်းမီဒိယာများမှ သွားရောက်မေးမြန်းခဲ့ကြသည်။ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၏ ပြောကြားချက်မှ ကောက်နှုတ် တင်ပြပါသည်။
“ ကျွန်တော်တို့မှာဘဏ္ဍာရံပုံငွေလည်း လုံးလုံးမရှိဘူး။  ဧပြီ ၁ ရက်နေ့ကစပြီး တာဝန်ယူခဲ့ရတာ။ သက်ဆိုင်ရာ အရင်အစိုးရကလည်း ရှိရှိသမျှ ရံပုံငွေတွေကိုအကုန်သုံးသွားတာ။ ကျွန်တော်တို့မှာ ရံပုံငွေလက်ကျန်မရှိပါဘူး။ အချိန်ကလည်း အရမ်းကပ်နေပြီ။ ဒီနေ့ပဲ ၅ ရက်၊ ၉ ရက်နေ့ပြီးရင် ပိတ်ပြီ။ ဒီနေ့မှ အစိုးရအဖွဲ့အမည်စာရင်း ကို လွှတ်တော်မှာ အတည်ပြုရတယ်။ ဒီပုဂ္ဂိုလ်တွေကို အတည်ပြုပြီးပါပြီ။ ဒါကြောင့်မိုလို့ ဒီပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ ဘယ်ဝန်ကြီးဌာနတွေမှာ ခန့်ထားပေး ပါဆိုပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကိုတင်ပြရမှာပါ။ အဲဒီတော့မှ ဘယ်သူ့ကို ဘယ်ဌာန၀န်ကြီး၊  ဥပမာ ဘဏ္ဍာ၊ စီမံဝန်ကြီးနဲ့စည်ပင်ဝန်ကြီးဘယ်သူဆို ထွက်လာမယ်။ လူကြီးမင်းတို့ပြောတဲ့ စည်ပင်နဲ့အစိုးရ တိုင်ပင်ပြီး မဏ္ဍပ်ဆောက်ဖို့ကိစ္စ အခုလောလောဆယ် မကွေးတိုင်းဒေသကြီး အစိုးရအနေနဲ့ မလုပ်ဆောင်နိုင်သေးပါဘူး။´´ ဟု မကွေးတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုညို က သတင်းမီဒီယာများကို ပြောကြားသည်။

          ဧပြီ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီးကလည်း မကွေးတိုင်း ဒေသကြီးအစိုးရအနေဖြင့် သင်္ကြန်မဏ္ဍပ်များကိစ္စ ရံပုံငွေမရှိ၍ ဆောက်လုပ်ရန် မရှိကြောင်း၊ ဌာနဆိုင်ရာများမှ မဏ္ဍပ် ဆောက်ကြမည်လားမေးမြန်းရာ ၎င်း ကိစ္စကိုလည်း မသိကြောင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ပြီးမှ သင်္ကြန်ကိစ္စ သိရမည်ဖြစ်ကြောင်း စီမံကိန်း/ဘဏ္ဍာ နှင့်စည်ပင်ဝန်ကြီး ဦးဇော်မင်းက သတင်းမီဒီယာများကို ပြောသည်။
ဝိုင်းကြည်အောင်
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ..



မြေလတ်ဂျာနယ် မထွက်သေးဘူးလား..၊ မထွက်သေးဘူးလား မေးနေသော  စာဖတ်ပရိသတ်ကြီးအတွက် 
မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ...။

မြေလတ်ဂျာနယ်မှာ (၁၅)ရက်တစ်ကြိမ် မပျက်မကွက်ထုတ်ဝေခဲ့ပါသည်။ အခြားဂျာနယ်များအတိုင်း သင်္ကြန်တွင်း တစ်ပတ်နားပါမည်။
 အတွဲ(၂)၊ အမှတ်(၅) မြေလတ်ဂျာနယ်ကို မေ(၁)ရက်နေ့မှာ ပြန်လည်ထုတ်ဝေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။
အမှုဆောင်အယ်ဒီတာအဖွဲ့

READMORE
 

မြေလတ်ဂျာနယ်မှ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

မြေလတ်ဂျာနယ်၊ အတွဲ(၂)၊ အမျတ်(၂)မှစ၍ အမှတ်(၃)၏နောက်ပိုင်း ပုံနှိပ်မှတ်တမ်းတွင် ဖော်ပြထားသူများသာ သတင်းလုပ်ငန်းများကို တာဝန်ပေးထားပါသည်။
သို့ပါ၍ မြေလတ်ဂျာနယ်နှင့် မသက်ဆိုင်သူများ၊(ယခင်က သတင်းထောက်ကတ်ထုတ်ပေးထားသူများ)  အား မြေလတ်ဂျာနယ် အမည်ဖြင့် အသုံးမပြုကြရန် လေးစားစွာဖြင့် အသိပေးပန်ကြားအပ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၃) ၂၀၁၆၊ မတ်လ(၁၆-၃၁) ဂျာနယ်ထွက်ပါပြီ



မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၃) ၂၀၁၆၊ မတ်လ(၁၆-၃၁) ဂျာနယ်ထွက်ပါပြီ
သမ္မတ သတင်းများကို စောင့်ဆိုင်းနေရလို့ (၃)ရက်ကြိုတင်မထွက်နိုင်ခြင်းအား လေးစားစွာတောင်းပန်အပ် ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့။

မြေလတ်ဂျာနယ်။
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ် (၂) ၂၀၁၆၊ မေလ(၁-၁၅) ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ...။

မှတ်ချက်။ စာကြည့်တိုက်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ  မြေလတ်ဂျာနယ် ဖတ်ရှုလိုလျှင် ဂျာနယ်တိုက်သို့ ဆက်သွယ် စာရင်းပေးကြပါ။ စာရင်းပေးပို့သူများကို ဂျာနယ်များ အပါတ်စဉ် အခမဲ့လက်ဆောင်ပေးမည်ဖြစ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၁) အား အခက်အခဲများကြားမှ၂၀၁၆၊ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

မြေလတ်ဂျာနယ် ၏ ဒုတိယနှစ် အတွဲ(၂) အမှတ်(၁)ကို  အခက်အခဲများကြားမှ၂၀၁၆၊ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ဂျာနယ်ထုတ်ဝေစဉ်ကကြိုတင်ပြီး မကြေညာနိုင်ခြင်းအား လေးစားစွာတောင်းပန်အပ်ပါသည်။

မြေလတ်ဂျာနယ် တစ်နှစ်သားပြည့်မြောက်ပြီး ဒုတိယနှစ် ဒုတိယခြေလှမ်းကို အမှုဆောင်အယ်ဒီတာ အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းပြီး ထုတ်ဝေဖြန့်ချိခဲ့ပါကြောင်း ၊ ယခင်အတိုင်း (၁၅)ရက်တစ်ကြိမ်နှုန်း၊ အင်္ဂလိပ်လ  ၁ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် လစဉ်ပုံမှန် ဆက်လက် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ် အား လေးစားစွာအသိပေးအပ်ပါသည်။

မှတ်ချက်။ စာကြည့်တိုက်များနှင့် ပရဟိတအသင်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ  မြေလတ်ဂျာနယ်ဖတ်ရှုလိုလျှင် ဂျာနယ်တိုက်သို့  စာရင်းပေးကြပါ။ စာရင်းပေးပို့သူများကို ဂျာနယ်များ အပါတ်စဉ် အခမဲ့လက်ဆောင်ပေးမည်ဖြစ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE