ခေတ်လူငယ်များ WiFi ဖြင့် အင်တာနက်အသုံးပြုမှု ပိုများလာ



ခေတ်လူငယ်များ WiFi ဖြင့် အင်တာနက်အသုံးပြုမှု ပိုများလာ


မကွေး      ဧပြီ     ၂၃
          တိုးတက်လျက်ရှိသော ယနေ့ခေတ်လူငယ်များသည် သတင်းအချက်အလက်နှင့် သိရှိလိုသည်များကို တစ်နေရာတည်းမှ ရယူကြည့်ရှုလျက်ရှိရာ မကွေးမြို့ပေါ်တွင် WiFi Free လွှင့်ပေးသော တိုင်းဒေသကြီး ပြန်/ဆက်ရုံးနှင့် လက်ဘက်ရည်ဆိုင်များတွင် နေ့/ညမပြတ် အသုံးပြုလျက်ရှိသည်။
          မကွေး တိုင်းဒေသကြီးပြန်/ဆက်ရုံးမှ ပြည်သူကို အချိန်ပြည့် ၀န်ဆောင်မှု ပေးသောအနေဖြင့် (၂၄)နာရီ (လျှပ်စစ်မီးပြတ်တောက်သည်မှအပ) WiFi Free ထုတ်လွှင့်ပေးလျက်ရှိရာ ညနေစောင်း(၄)နာရီ နောက်ပိုင်းနှင့် ညအချိန်တို့တွင် အထူးလူစည်ကားလျက်ရှိပါသည်။ ၎င်းတို့အထဲမှ WiFi Free ဖြင့် အင်တာနက်ဖမ်းယူကြည့်ရှုရန် လာရောက်သော လူငယ်တစ်ဦးမှ သုံးလို့ကောင်းပါတယ် ၊ Downloads ဆွဲယူမယ်ဆိုရင် လိုင်းမကောင်းတော့ မရဘူး၊ စာဖတ်ရုံ၊ပုံကြည့်ရုံတော့အဆင်ပြေတယ်၊ Viber နဲ့ Free Massage ပို့တာ ၊ဖုန်းခေါ်တာ အဆင်ပြေပါတယ်  ဟုပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ     -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
မှတ်ပုံတင်အမှတ်         ၈/ပဖန(နိုင်)၀၆၉၉၇၈
ဖုန်း                        0933248014
READMORE
 

မကွေးမြို့တွင် လေကြောင်းလူငယ် သင်တန်းဖွင့်ပွဲကျင်းပ




မကွေး      ဧပြီ     ၂၃
          တိုးတက်လျက်ရှိသော ယနေ့ခေတ်လူငယ်များသည် သတင်းအချက်အလက်နှင့် သိရှိလိုသည်များကို တစ်နေရာတည်းမှ ရယူကြည့်ရှုလျက်ရှိရာ မကွေးမြို့ပေါ်တွင် WiFi Free လွှင့်ပေးသော တိုင်းဒေသကြီး ပြန်/ဆက်ရုံးနှင့် လက်ဘက်ရည်ဆိုင်များတွင် နေ့/ညမပြတ် အသုံးပြုလျက်ရှိသည်။

          မကွေး တိုင်းဒေသကြီးပြန်/ဆက်ရုံးမှ ပြည်သူကို အချိန်ပြည့် ၀န်ဆောင်မှု ပေးသောအနေဖြင့် (၂၄)နာရီ (လျှပ်စစ်မီးပြတ်တောက်သည်မှအပ) WiFi Free ထုတ်လွှင့်ပေးလျက်ရှိရာ ညနေစောင်း(၄)နာရီ နောက်ပိုင်းနှင့် ညအချိန်တို့တွင် အထူးလူစည်ကားလျက်ရှိပါသည်။ ၎င်းတို့အထဲမှ WiFi Free ဖြင့် အင်တာနက်ဖမ်းယူကြည့်ရှုရန် လာရောက်သော လူငယ်တစ်ဦးမှ သုံးလို့ကောင်းပါတယ် ၊ Downloads ဆွဲယူမယ်ဆိုရင် လိုင်းမကောင်းတော့ မရဘူး၊ စာဖတ်ရုံ၊ပုံကြည့်ရုံတော့အဆင်ပြေတယ်၊ Viber နဲ့ Free Massage ပို့တာ ၊ဖုန်းခေါ်တာ အဆင်ပြေပါတယ်  ဟုပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ     -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
မှတ်ပုံတင်အမှတ်         ၈/ပဖန(နိုင်)၀၆၉၉၇၈
READMORE
 

သတင်းစာဆရာကြီး ဘဘဦးဝင်းတင်အား အမှတ်တရ ထာဝရ ဂုဏ်ပြုထားပါတယ်။


READMORE
 

``မကွေးလေတပ်ဌာနချုပ် မှ (၁/၂၀၁၄) လေကြောင်းလူငယ် သင်တန်းဖွင့်´´




မကွေးမြို့ ရန်ပယ်ရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် နတ်မောက်လမ်းရှိ အထက(၃)ကျောင်း အစည်းအဝေး ခမ်းမ၌ ဧပြီ ၂၃ ရက် နံနက် ၈နာရီအချိန်တွင် မကွေးလေတပ်ဌာနချုပ် မှ (၁/၂၀၁၄) လေကြောင်းလူငယ် သင်တန်းဖွင့်ပွဲ ကျင်းပကြောင်း၊ သင်တန်းကာလ တစ်လခွဲဖြစ်ကြောင်း သတင်းရရှိသည်။

          အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီး များ၊ မကွေး လေတပ်ဌာချုပ် မှ ဌာနချုပ်မှူး နှင့် သင်တန်းမှူး သင်တန်းဆရာမျာြး ဖစ်ကြသော အရာရှိ အရာခံ တပ်ကြပ်ကြီးများ ၊ အခြေခံပညာအလယ်တန်းအောင်သော သင်တန်းသူ  သင်တန်းသား နှစ်ဆယ့်ငါးဦး နှင့် ဖိတ်ကြားထူသူ ဧည့်သည်တော်များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ကြောင်း၊  သင်တန်း၏ ရည်ရွယ်ချက်မှာ  လေကြောင်း သမိုင်း နှင့် လေကြောင်းသိပ္ပံဖွံ့ ဖြိုးရေး၊ လေယာဉ်ပျံသန်းမှု အတတ်ပညာအတွက် လေယာဉ်ပုံစံငယ် ရိမု ကွန်ထရိုးဖြင့်မောင်းနှင်ခြင်း၊  စိတ်ဓာတ် စည်းကမ်းပညာများတတ်မြောက်ရေး၊ လူငယ်များ မိမိဝါသနာပါသော အတတ်ပညာလေ့ လာရေး တို့ဖြစ်ကြောင်း၊ မျိုးဆက်သစ် လေကြာင်းလူငယ်များပေါ်ထွန်းလာရေးတို့ဖြစ်ကြောင်း သိရှိရသည်။


``ယနေ့သင်တန်းကို ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက် အစီအစဉ်နဲ့ မကွေးလေတပ်ဌာနချုပ်အပါ ၀င် လေတပ်စခန်း ဌာနချုပ်များရှိတဲ့ မြို့ကိုးနေရာမှာ တစ်ပြိုင်တည်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ မကွေး၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ နန့်စန်၊ တောင်ငူ၊ မိထ္ထီလာ၊ ပုသိမ်၊ ဟုမ္မလင်း၊ ရှမ်းတဲလေကြောင်းဌာနချုပ် များဖြစ်ပါတယ်။ နယ်တွေက သင်တန်း သားများကို လေ့လာရေးအဖြစ် မင်္ဂလာဒုံလေတပ်ဌာနချုပ်သို့ တစ်ပါတ်ပို့ဆောင် သင်ကြားပေးခြင်းများ ပြုလုပ် ပေးသွားမှာပါ၊ ၁၉၅၄/၁၉၆၂/၁၉၉၄/၁၉၉၈ ခုနှစ် ထိ  လေကြောင်း လူငယ်၊ ရဲညွန့်စတဲ့သင်တန်းသားပေါင်း ၃၉၃၉ ဦးကို အောင်မြင်အောင်လေ့ကျင့် သင်ကြားပို့ချပေးပြီးခဲ့ဖြစ်ပါတယ်။´´ ဟု မကွေးလေတပ်ဌာနချုပ်မှ ဌာနချုပ်မှူး က ၎င်းဖွင့်ပွဲတွင် ပြောကြား သည်။

          သင်တန်းသားများရွေးချယ်ရာတွင်  အသက်(၁၂)နှစ်မှ(၁၈)နှစ်ရှိ၊အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူများဖြစ်ကြောင်း၊ သင်တန်းသား များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ရွေးချယ်ပေးကြောင်း မကွေးလေတပ်ဌာန ချုပ် သင်တန်းမှူးတပ်ကြပ်ကြီး က မဇ္ဈိမ ကိုပြောသည်။ ဤသင်တန်း သည် မကွေးမြို့တွင် ပထဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းမှ သင်တန်းသား/ သူများ၏ တည်းခိုနေထိုင်ရေးအတွက် မကွေးတိုင်း ပြည်ခိုင်ဖြိုးရုံးတွင် စီစဉ်ပေးကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://www.winkyi.net
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


READMORE
 

``မကွေးမြို့တွင် နေအပူဒဏ်အပြင်းဆုံးအချိန်၌ အမျိုးစောင့်ဥပဒေထောက်ခံရေး အသိပညာပေး ဟောပြောပွဲကျင်းပ´´




မကွေးမြို့ မြသလွန်စေတီတော် ဘုရားပွဲဈေးကွင်းပြင်၌ ဧပြီ ၂၀၊ နေအပူဒဏ်အပြင်းဆုံး အချိန် နေ့လည် နှစ်ရီအချိန်မှ ညနေလေးနာရီအ ချိန်ခန့်အထိ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေးဆိုင်ရာ ဟောပြောပွဲကြီးကို လူထုအင်အား သုံးထောင်ခန့်ဖြင့် ကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းကိုသီဆိုဖွင့်လှစ်ကြောင်း၊ မကွေးဆရာတော် ဦးပါမောက္ခ က အမျိုးသားရေးသြ၀ါဒကထာ ကို ဟောပြောကြောင်း၊ ရှင်ပတောင်ဆရာတော် ဦးက၀ိန္ဒေဘာသ က ရဲရဲတောက်အမျိုးသားရေးသြ၀ါဒ ကထာ ကိုဟောပြောကြောင်း၊ မန္တလေးတိုင်းဒေသကြီး မ.ဘ.သ တွဲဖက်အတွင်းရေးမှူး ဆရာတော် ဦးယသ က အမျိုးသားရေးသြ၀ါဒ ကထာ ဟောပြောကြောင်း၊ ထို့နောက် ဆရာတော် ဦးဝီရသူ နှင့် အထက်မြန်မာပြည် မ.ဘ.သ ခေါင်းဆောင်ဆရာတော် ဦးက္ကန္ဒာစက္ကာဘိဝံသ ဆရာတော် နှစ်ဦးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားကြောင်း၊ ထို့နောက် ဦးနေမျိုးဝေ နှင့် ဥပဒေပညာရှင် ဦးအေးပိုင် ပြောကြားနေစဉ် လေပြင်းများကျရောက်လာကြောင်း၊ ထိုအစီအစဉ်ကို နေ့လည် တစ်နာရီ မှ ညနေ ခြောက်နာရီအထိ သတ်မှတ်ဖိတ်ကြားထားသော်လည်း ညနေ လေးနာရီအချိန်ခန့်တွင်  အခမ်းအနားကို အမြန်ရုတ် သိမ်းလိုက်ရကြောင်း  ကသတင်းရရှိသည်။

``ဒီပွဲကို ကျွန်တော်တို့ မင်းဘူးမြို့ ပြည်ခိုင်ဖြိုး ကလည်း လူကြီးတစ်ဦးနဲ့ ရွာက လူတွေကို သုံးဘီတွေ ကားတွေနဲ့ ခေါ်လာတာ မြင်ရတယ်ဗျ၊ ကိုနေမျိုးဝေ ဆိုတဲ့လူကလည်း သတင်းသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေကြဘူး၊ ကျွန်တော် ဟိန္ဒူလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို သံသယနဲ့ ၀ိုင်းပြီးအကြည့်ခံရတယ်၊ မေးမြန်းကြတယ်၊ ဒါနဲ့ ဆရာတော်သုံးပါးဟောပြီး အဲဒီပွဲ က ပြန် ထွက်လာ ခဲ့ပါတယ်။ဒီလောက် နေအပူချိန်ပြင်းထန်ပြီး ခရမ်း လွန်ရောင် ခြည်တွေများနေတဲ့အချိန်မှာ ဒီလူထုကြီး တက်လာကြတာ အလွန်အံ့သြရပါတယ်။ သက်ဆိုင်ရာကလည်း အတားအဆီးမရှိဘူးဗျ။´´ ဟု သတင်းထောက် တင်ရွှေ (မင်းဘူး) က  ပြောသည်။
READMORE
 

``DVB သတင်းထောက် ဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ်တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန်လည်လွှတ်မြောက်ရေး မကွေးမြသလွန်ဘုရားမှ ဆုတောင်းပွဲ´´





မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဧပြီ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်၌ DVB သတင်း ထောက် ဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ် တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန် လည်လွတ်မြောက်ရေး ဒေသ ခံသတင်းသမားများက  ဆုတောင်းပွဲပြုလုပ် ကြောင်း သတင်းရရှိသည်။

          အဆိုပါဒေသခံသတင်းသမားများမှာ မကွေးမြို့ပေါ်မှ သတင်းသမားအချို့နှင့် မင်းဘူး၊ နတ်မောက်၊ ရေနံချောင်းမြို့များမှ ဒေသခံသတင်းသမားအင်အား နှစ်ဆယ့်ငါးဦးခန့်ဖြင့် ဆုတောင်း ပွဲပြုလုပ်ကြကြောင်း သိရသည်။

``ထောင်ဒဏ် တစ်နှစ်စီကျသွားတဲ့ DVB သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်(ခ) ကိုလှိုင်လှိုက် တို့သည် ယခုချမှတ်ထားသော ပြစ်ဒဏ်များမှ အမြန်ဆုံး ပြန်လည် လွှတ်မြောက်ရပါစေသား အရှင်ဘုရား..၊´´ဟု ဆုတောင်းကြပြီး နမောတဿ သုံးကြိမ် သံပြိုင်ရွတ်ဆို၍ မြသလွန်စေတီတော်မြတ်ကြီးအား ပူဇော်ကန်တော့ကြကြောင်း သတင်းရရှိသည်။
          ဧပြီ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ မကွေးမြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဒေသခံသတင်းသမားများစုရပ်ပြုလုပ်နေစဉ် ဘုရားဂေါပကအဖွဲ့မှ လွှတ်လိုက် သည် ဆိုသော လူတစ်ဦးရောက် လာသည်။ ဆုတောင်းပွဲလုပ် လျှင် ဂေါပကအဖွဲ့ သို့လာရောက် အကြောင်းကြား ရန် ထိုလူမှ သတင်းသမားများ ကိုအသိပေးပြောဆိုကြောင်း၊ သတင်းသမားများမှ ဆုတောင်းပြီး မြသ လွန်စေတီတော်အား ရှစ်ခိုးပူဇော်ခြင်းသာ ပြုလုပ်ခြင်းဖြစ်၍ မည်သူထံမျှခွင့်ပြုချက်မတောင်း ခံနိုင်ကြောင်းပြောဆိုနေစဉ် ထိုလူပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။

ဝိုင်းကြည်အောင်
 

READMORE