မကွေး ဧပြီ
၂၃
တိုးတက်လျက်ရှိသော ယနေ့ခေတ်လူငယ်များသည်
သတင်းအချက်အလက်နှင့် သိရှိလိုသည်များကို တစ်နေရာတည်းမှ ရယူကြည့်ရှုလျက်ရှိရာ မကွေးမြို့ပေါ်တွင်
WiFi Free လွှင့်ပေးသော တိုင်းဒေသကြီး ပြန်/ဆက်ရုံးနှင့် လက်ဘက်ရည်ဆိုင်များတွင် နေ့/ညမပြတ်
အသုံးပြုလျက်ရှိသည်။
မကွေး တိုင်းဒေသကြီးပြန်/ဆက်ရုံးမှ ပြည်သူကို
အချိန်ပြည့် ၀န်ဆောင်မှု ပေးသောအနေဖြင့် (၂၄)နာရီ (လျှပ်စစ်မီးပြတ်တောက်သည်မှအပ)
WiFi Free ထုတ်လွှင့်ပေးလျက်ရှိရာ ညနေစောင်း(၄)နာရီ နောက်ပိုင်းနှင့် ညအချိန်တို့တွင်
အထူးလူစည်ကားလျက်ရှိပါသည်။ ၎င်းတို့အထဲမှ WiFi Free ဖြင့် အင်တာနက်ဖမ်းယူကြည့်ရှုရန် လာရောက်သော
လူငယ်တစ်ဦးမှ သုံးလို့ကောင်းပါတယ် ၊ Downloads ဆွဲယူမယ်ဆိုရင် လိုင်းမကောင်းတော့ မရဘူး၊
စာဖတ်ရုံ၊ပုံကြည့်ရုံတော့အဆင်ပြေတယ်၊ Viber နဲ့ Free Massage ပို့တာ ၊ဖုန်းခေါ်တာ အဆင်ပြေပါတယ် ဟုပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ -
ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
မှတ်ပုံတင်အမှတ် ၈/ပဖန(နိုင်)၀၆၉၉၇၈
0 comments:
Post a Comment