မင်းတုန်း ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ၊မဲဇလီကျေးရွာအုပ်စု
၊သရက်အုပ်ကျေးရွာ သည် မတ်လ(၂၈)ရက်နေ့ ညနေ(၃)နာရီအချိန်က စိတ်ဝေဒနာရှင် အဘွားအိုတစ်ဦး၏
မီးပေါ့ဆမှုကြောင့် ရွာလုံးကျွတ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃၁)လုံး ဆုံးရှုံးမှုဖြစ်ခဲ့သည်။
အဆိုပါကျေးရွာသို့ မတ်လ(၃၁)ရက်နေ့ (၁၂)နာရီ
အချိန်က တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အဖွဲ့သည် သွားရောက်၍ မီးလောင်ပြင်
သန့်ရှင်းထားရှိမှုအခြေအနေနှင့် မီးဘေးသင့်ပြည်သူ များ ယာယီနေထိုင်နိုင်ရန် သက်ငယ်မိုး၊လွှာထရံကာ
အိမ်များဆောက်လုပ်ထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ထို့နောက် ကယ်ဆယ်ရေးပစ္စည်းများရောက်ရှိမှုနှင့်
မီးဘေးသင့်ပြည်သူများ စားသောက် နေထိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ယာယီနေထိုင်နိုင်ရန် အိမ်များ အမြန်ဆောက်လုပ်ရေး၊ စိုက်ပျိုးစရိတ်နှင့်
မျိုးစပါးအပါအ၀င် ပဲမျိုးများ ထုတ်ပေး နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် သရက်အုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်
မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့/အိမ်မဲ့ ဖြစ်သွားသော မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍
အားပေးနှစ်သိမ့်စကားများပြောကြားပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးအပ်သော
ဆန်၊ဆီ၊ဆား၊ပဲ၊အ၀တ်အထည်များနှင့် အိမ်ထောင်စုတစ်စု လျင်(၃)သောင်းကျပ်နှုန်း အား တာဝန်ရှိသူများမှ
ပေးအပ်ရာ ကျေးရွာနေပြည်သူများမှ လက်ခံရယူခဲကာ တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ မီးဘေးသင့်ပြည်သူများအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ

0 comments:
Post a Comment