မကွေး ဧပြီ
၁၃
မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို
ဧပြီလ(၁၃)ရက်နေ့ ညနေ(၆)နာရီအချိန်က မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပပြုလုပ်ရာ
အခမ်းနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ယိမ်းအကအလှ အဖွဲ့များ၊ အလှပြယာဉ်များ၊လူမှုရေးအသင်းအဖွဲ့များ၊
မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပျော်ရွှင်စွာ တက်ရောက်အားပေးခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဦးနေရှင်းမှ နှုတ်ခွန်းဆက်အမှာစကား
ပြောကြားပြီး မကွေးတိုင်းဒေသကြီး၏ ၁၃၇၅-ခုနှစ် မဟာသင်္ကြန် ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဟာသင်္ကြန် ဗဟိုမဏ္ဍပ် ယိမ်းအဖွဲ့နှင့်အတူ
တက်ရောက်လာသော ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခို၊ညိုမြ၊ရွှေမန်းမာလာ သီချင်းများဖြင့်
တပြိုင်းတည်းကပြဖျော်ဖြေကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု
မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိစွာ နှင့် ရိုးရာယဉ်ကျေးမှု မပျက် ၊စည်းကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဖြစ်ပြီး မကွေးမြို့ပေါ်တွင် ဗဟိုမဏ္ဍပ်အပါ အ၀င် ဆုပေးမဏ္ဍပ်(၄)ခု၊ (က)အဆင့်ရှိ
မဏ္ဍပ်(၄)ခု၊(ခ)အဆင့်ရှိ မဏ္ဍပ်(၃)ခု၊ ပုဂ္ဂလိကမဏ္ဍပ်(၅)ခုနှင့် အသင်းအဖွဲ့ မဏ္ဍပ်(၁)ခု တို့ဖြင့်
ပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်သည်။မကွေး၊ချောက်၊ရေနံချောင်း၊တောင်တွင်း ကြီး၊ မင်းဘူး၊နတ်မောက်နှင့်
သရက်မြို့နယ်မှ ပြိုင်ပွဲဝင်မည့် အလှပြယာဉ်(၇)စီးမှလည်း သင်္ကြန်ကာလအတွင်း မြို့တွင်းသို့
လှည့်လည် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စေတနာရှင်
အလှူရှင်များမှ စတုဒီသာကျွေးမွေးခြင်းများ၊မုန့်လုံးရေပေါ်ကျွေးမွေးခြင်းများ ဖြင့်
စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ -
ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
0 comments:
Post a Comment