``မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအကြိမ် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များဆောင်ရွက်´´

နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအကြိမ် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ
 အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်သိမှု တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိုနှိုင်းခြင်း စီမံခန့်ခွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် (၂၆)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း  သတင်းရရှိသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မကွေးခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့် ၀န်ထမ်းများ တက်ရောက် ကြောင်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆွေးနွေးပွဲစာတမ်းကို ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဖတ်ကြားကြောင်း၊ ဦးခင်မောင်ဝင်း(တိုင်းအုပ်ချုပ်ရေးမှူး ငြိမ်း) မှ အငြိမ်းစား အရာထမ်းဝန်ထမ်းများ၏ ကိုယ်စားဆွေးနွေးကြောင်း၊ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး မှူး ဦးအုန်းသန်း မှ အကြံပြုဆွေးနွေးခြင်း၊ ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့(၁၂)နာရီအချိန်ခန့်မှာ ပြီးဆုံးကြောင်း မြေလတ်မီဒီယာ မှသတင်းရရှိသည်။

သတင်းစဉ်
သတင်းတာဝန်ခံ

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

READMORE
 
`` လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် တိုင်း/ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် (Third Wave) အရှိန်မြှင့်´´

(မကွေးတိုင်းဒေသကြီးမှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဖြစ်အောင် ကြိုးစားနေဆဲ)
         
 ဇူလိုင် ၂၆၊ မကွေး ။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးခင်ဇော် အဖွဲ့နှင့် တိုင်း/ ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ(၃၂၅)ဦးတို့သည်၊ မကွေးမြို့၊ မြို့တော်ခမ်းမ၌ ဇူလိုင် ၂၆ ရက်၊ နံနက် ၈း၃၀ မှ နေ့ ၁ နာရီအချိန်ခန့်အထိ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများကို တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ ၀န်ကြီး ဦးအောင်နိုင် နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း၊  ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဌာနများမှ အကြီး အကဲများ တက်ရောက်ကြ၍ ဘက်ပေါင်းစုံဖြင့် ဆွေးနွေးပြီး ယခု အစိုးရအသစ်၏ ကျန်ရှိနေသောကာလ အတွင်း အကောင် အထည်ဖော်နိုင်ရန် နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

``စက်မှုလယ်ယာဌာနကို  တောင်သူလယ်သမားများက ယုံကြည်အားကိုးမှုနည်းနေပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ စက်မှုလယ်ယာမှာရှိနေတဲ့ လယ်ထွန်းစက်တွေဟာ အိုမင်းဟောင်းနွမ်းနေပါ တယ်၊ စက်အသစ်များ ဖြည့်ဆည်းရန်လိုအပ်နေပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်း ၀န်ကြီး ဦးအောင်နိုင်က ပြောသည်။

          စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း မှ မျိုးကောင်းမျိုးသန့်များ ရရှိအောင် ဆောင်ရွက်နေခြင်း၊ သြဂဲနစ်စိုက်ပျိုးနည်းစနစ်များ ကျယ်ပြန့်လာရေး၊ နည်းပညာများ နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ နှင့်တရုတ်နိုင်ငံများမှ နည်းပညာ၊ စက်မှုပစ္စည်းများဖြင့်ဆောင်ရွက်နေကြာင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ တိုးချဲ့ ထားကြောင်း၊ တောင်သူများ စိုက်ပျိုးထုတ်လုပ် ပေးသော သီးနှံများအတွက် ဈေးကွက် ခိုင်မာရေးအတွက် လည်း ခိုင်မာအောင် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

          စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဇော် မှ ကျွဲ၊ နွား များရှားပါးလာမှုကြောင့် စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ စီမံချက် ခြောက်ရပ်ဖြင့် ဆောင်ရွက် နေပါ ကြောင်း၊ တောင်သူများစက်မှုလယ်ယာမှ စက်ပစ္စည်းများကို ကျွမ်းကျင်စွာသုံးစွဲနိုင်ရန် သင်တန်းများပေးနေ ကြောင်း၊ လယ်ယာသုံးစက်ပစ္စည်းများကို တောင်သူလယ်သမားများထံသို့ အရစ်ကျရောင်းချနေကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးပြောသော မကွေးတိုင်းစက်မှုလယ်ယာမှ ထွန်စက်တွေသည် နှစ်ပေါင်း (၁၇)နှစ်မှ (၅၀)နှစ်ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၄/၂၀၁၅ နှစ်မှာ စက်သစ်များဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ မကွေးတိုင်း စက်မှုလယ်ယာပိုင် လယ်ထွန် စက်ပေါင်း(၁၀၉)စီးရှိရာ စက်သစ်က (၉)စီးသာရှိပါကြောင်း၊ မူလလယ်ကွက် ငယ်များကို စနစ်တကျလယ်ယာများ ဖြစ်အောင် ပုဂ္ဂိလက တောင်သူ လယ်သမားများကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ပြောကြား၍ မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
 
``မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင် မီးသတ်အဆောက်အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် မကွေးတိုင်းမီးသတ်စခန်း၌ တင်ဒါခေါ်ယူ´´

ဇူလိုင်(၂၆) ရက်နေ့၊ နံနက် (၁၀နာရီမှ နေ့လည် ၂နာရီအချိန်)အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင်  မီးသတ်အဆောက်အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် မကွေးတိုင်း မီးသတ်စခန်း၌ တင်ဒါခေါ်ယူကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          အဆိုပါ တင်ဒါပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဇော်  လင်းအောင်(ဥက္ကဋ္ဌ) နှင့် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) နှင့်လေလံတင်ဒါစစ်ဆေးရေးအဖွဲ့ဝင်များ၊ တင်ဒါတင်သွင်းသော ကုမ္ပဏီများမှ ပိုင်ရှင်များ၊ မန်နေဂျာများ စုစုပေါင်း(၁၀၀)ဦး ခန့် တက်ရောက်ကြသည်။

``ယနေ့တင်ဒါပေးသွင်းကြတဲ့ လော့နံပတ်အလိုက် ဈေးနှုန်းများကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် ဖော်ပြသော ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖတ်ကြားပြခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ တင်ဒါစီစစ်ရေးအဖွဲ့က စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြရွေးချယ်ပေးမှာဖြစ်ပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိ ယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) က မဇ္ဈိမ ကိုပြောသည်။

          တင်သွင်းရမည်လုပ်ငန်းများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင်  မီးသတ်အဆောက် အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊ ၀ယ်ယူနိုင်ရန် လော့နံပတ် ဆယ်ခု ဖြစ်ကြောင်း၊ ပခုက္ကူမြို့အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ မြိုင် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၀ ခု ၊ ပေါက် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ ထီးလင်း အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၇ ခု ၊ ဂန့်ဂေါ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၇ ခု ၊ ဆင်ပေါင်ဝဲ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ မင်းတုန်း အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၁ ခု ၊ စေတုတ္တရာ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၁ ခု ၊ နတ်မောက် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၄ ခု ၊ နှင့် ကံမ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၉ ခု တို့မှ ဈေးပြိုင်အိပ်ပိတ် တင်ဒါများ ပေးသွင်းကြကြောင်း၊ ၎င်းမြို့များ(၁၀)မြို့တို့၌ (၂)ထပ် မီးသတ် စခန်းအဆောက်အဦးများ တည်ဆောက်ပေးရန် တင်ဒါခေါ်ယူကြောင်း၊ ၎င်းတင်ဒါ အောင်မြင်သူ ကုမ္ပဏီ အမည်စာရင်းများကို သြဂုတ်လအတွင်း ကြေငြာပေးမည်ဖြစ်ကြောင်း တင်ဒါစီစစ်ရေးကော်မတီအဖွဲ့ထံမှ  သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

READMORE
 
ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ) ၏ သတင်းထုတ်ပြန်ချက် ဇူလိုင် ၂၅ ရက်။

ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ) နှင့် တက္ကသိုလ်ကျောင်းသားသမဂ (တကသ) များကွန်ရက် မုံရွာ ကျောင်းသား၊ ကျောင်းသူများတို့ ပူးတွဲပြီး ပြည်သူလူထု၏ အကျိုးအတွက် ဆောင်ရွက်ကြရန် ချိတ်ဆက်လိုက်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သတင်းစဉ်
မြေလတ်မီဒီယာ
READMORE
 
``မကွေးဂရုဏာရှင်များအသင်း အခမဲ့ဆေးခန်းတွင် LG ကုမ္ပဏီ မှ ဇူလိုင်၂၆/၂၇ နှစ်ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အထိ အခမဲ့ဆေးကုသပေးလျှက်ရှိ´´

ဇူလိုင် ၂၆ ၊ မကွေး
မကွေးမြို့၊ ဈေးရပ်ကွက်၊ ဘုရားလမ်းရှိ မကွေးမြို့ဂရုဏာရှင်များ အသင်းရုံးအတွင်း၌ LG ကုမ္ပဏီ မှ ဇူလိုင် ၂၆/၂၇ နှစ်ရက်၊ နံနက်(၉နာရီမှ ညနေ၅နာရီအထိ) အများပြည်သူများကို အခမဲ့ဆေးကုသပေးကြောင်း၊ ၎င်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ လာရောက်ကြည့်ရှု အားပေးကြောင်း  မဇ္ဈိမ က သတင်းရရှိသည်။ 

``ကျွန်မတို့က ကုမ္ပဏီတွေကို ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတာပါ၊ LG က သူတို့ပစ္စည်းတွေကို  ရောင်းတာ မဟုတ်ပါဘူး။ ပစ္စည်းတွေကို မိတ်ဆက်ကြော်ငြာပြီး ကလေးတွေကို ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေတယ်။ မည်သူမဆို ဆေးစစ်ပြီး အထွေထွေရောဂါများကို ဆေးဝါးကအစ အခမဲ့ကုသပေးနေတာပါ။´´ ဟု ပွဲစီစဉ်သူ  ကပြောသည်။

          ၎င်း LG ကုမ္ပဏီ မှ နှစ်ရက် အခမဲ့ဆေးကုသပေးပွဲ၏ ရည်ရွယ်ချက်မှာ လူတိုင်းကျန်းမာစေဖို့ ကျန်းမာရေး မြှင့်တင်ခြင်း ဖြစ်ကြောင်း၊ LG ကားကြီးပေါ်တွင် အီလက်ထောနစ် အရောင်းပစ္စည်းများပြသခြင်း၊ နှစ်ရက်လုံး ဖျော်ဖြေရေးကပွဲများ ဟာသများဖြင့် ကျန်းမာရေးပညာပေးများဖျော်ဖြေခြင်းများပါဝင်ကြောင်း၊ စပွန်ဆာအဖြစ် LG နှင့် SNHU (SEUL  NATIONAL UNIVERSITY HOSTIPAL မှဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဒေါ်ခင်ခင်နိုင် က မဇ္ဈိမ ကိုပြောသည်။

 မကွေးဂရုဏာရှင်များအသင်း အခမဲ့ဆေးခန်းသည် နေ့စဉ်အခမဲ့ကုသပေးနေသော်လည်း လူနာ အရေ အတွက်ကန့်သတ်ခြင်း၊ အချိန်သတ်မှတ်ထားခြင်း၊ ရောဂါအမျိုးအစား နေ့စဉ်ခွဲခြားသတ်မှတ်ထားကြောင်း သိရ သည်။ ဇူလိုင် ၂၅/၂၆ နှစ်ရက်တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (ခွဲစိပ်ကုသခြင်းမှ အပ) အထွေထွေရောဂါအမျိုးမျိုး နှင့် ဝေဒနာရှင်များ အကန့်အသတ် မရှိ ကုသပေးနေကြောင်း မဇ္ဈိမ က သတင်း ရရှိသည်။