ရေနံချောင်းပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံး

ရေနံချောင်းပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံး




 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းနှင့် ဦးဝင်းတင့်တို့ သည် နိုဝင်ဘာ (၂) ရက်နေ့ နံနက်ပိုင်းက မြို့ပေါ် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ ပါတီဝင်များလိုက်ပါလျက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများ၊ ဖျော်ဖြေရေးယာဉ်ဖြင့် ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ် စည်းရုံးခဲ့ကြ သည်။

ဖျော်ဖြေရေးယာဉ်တန်းသည် ရေနံချောင်းမြို့နယ်ပါတီရုံးရှေ့မှ အေးစေတီရပ်၊ ရွာသစ်ရပ်၊ မြို့မတောင်၊ မြို့မမြောက်ရပ်၊ ဆုံတိုက်ရပ်၊ ရွှေကြံငုံရပ်၊ မြေနီခင်ရပ်၊ တွင်းကုန်ရပ်၊ သူဌေးကုန်း ရပ်၊ သုံးဆယ်ခြောက်ကျေးရွာ စက်မှုဇုန်အထိ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း လှည့်လည် ဖျော်ဖြေ စည်းရုံးခဲ့ကြောင်း သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-63/5496-2015-11-03-08-49-35
READMORE
 

မကွေးမြို့၊ ပညာပါရမီစာကြည့်တိုက်သို့ အလှူငွေ ၇၈၂၀၀၀ကျပ်(၇သိန်း၈သောင်း၂ထောင်ကျပ်) တို့ကို လွတ်လပ်ငှက် လူငယ်များအဖွဲ့မှ လှူဒါန်း

မကွေးမြို့၊ ပညာပါရမီစာကြည့်တိုက်သို့
လွတ်လပ်ငှက် လူငယ်များအဖွဲ့မှ
စာကြည့်တိုက်တည်တန့်ရေးနှင့်
တိုးတက်ရေးတို့အတွက်
လိုအပ်နေသော ကွက်လပ်များကို
ဖြည့်ဆည်းသောအားဖြင့်
အလှူငွေ ၇၈၂၀၀၀ကျပ်(၇သိန်း၈သောင်း၂ထောင်ကျပ်) တို့ကို လွတ်လပ်ငှက် လူငယ်များအဖွဲ့၏ ကိုယ်စား
ကိုကျော်ဇေယျ ၊ ကိုခိုင်စိုးလင်းတို့က
လှူဒါန်းသွားပါသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်ကာ
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အရှင်သဇ္ဇန (သာကီနွယ်သွေး)
ပညာပါရမီစာကြည့်တိုက်
ပညာပါရမီကုသိုလ်ပြုအဖွဲ့
မကွေး-တောင်တွင်းလမ်း
မကွေးပညာရေးကောလိပ်အနီး
အောင်မင်္ဂရပ်ကွက်၊ အောင်ဇေယျာရပ်
မကွေးမြို့။
ဖုန်း-09401557922
thitzana.mgy@gmail.com
READMORE
 

မကွေး ဒီနေ့မြို့ပေါ် အောင်နိုင်ရေး နောက်ဆုံးအကြိမ် လှည့် ပါပြီ

Swe Mon Mon Htet added 6 new photos — with Kyawhtay Nld and 5 others. မှ ကူးယူဖော်ပြသည်။
မကွေး ဒီနေ့မြို့ပေါ် အောင်နိုင်ရေး နောက်ဆုံးအကြိမ် လှည့် ပါပြီ
ပြည်သူ အများနှင့် အနုပညာရှင် ဒေါင်း တို့မှတက်ကြွစွာ အား ဖြည့် ပါဝင်
READMORE
 

ကံမ က တက်ကြွနေတဲ့ ပြည်သူတွေ

Ye Htut added 3 new photos.မှ ကူးယူဖော်ပြသည်။
21 hrs ·
ကံမ က တက်ကြွနေတဲ့ ပြည်သူတွေ
READMORE
 

NLDနင့်ပြည်ခိုင်ဖြိုးစည်းရုံးရေးယဉ်ထိပ်တိုက်တွေ့ကြ(၅.၁၁.၂၀၁၅)ညနေငါးနာရီခွဲ

Maung Moe Gyi added 2 new photos.မှ ကူးယူဖော်ပြသည်။
20 hrs ·တောင်တွင်းကြီးမြို့?
NLDနင့်ပြည်ခိုင်ဖြိုးစည်းရုံးရေးယဉ်ထိပ်တိုက်တွေ့ကြ(၅.၁၁.၂၀၁၅)ညနေငါးနာရီခွဲ
READMORE
 

နိုဝင်ဘာ(၅)ရက်နေ့ တစည ပါတီမှမြို့နယ်အတွင်း စည်းရုံးလှုံ့ဆော်ရေးလှည့်လည် ဆောင်ရွက်နေစဉ်.

Bopyae Taungdwingyi added 3 new photos.မှ ကူးယူဖော်ပြသည်။
20 hrs ·
ယနေ့ နိုဝင်ဘာ(၅)ရက်နေ့ တစည ပါတီမှမြို့နယ်အတွင်း စည်းရုံးလှုံ့ဆော်ရေးလှည့်လည် ဆောင်ရွက်နေစဉ်..
READMORE
 

ဘယ်သူ့ မှာတာဝန်ရှိတာလဲ ?

Aung Gyi Thayet added 17 new photos.မှ ကူးယူဖော်ပြသည်။
7 hrs ·
ဘယ်သူ့ မှာတာဝန်ရှိတာလဲ ?
****************************
သရက်မြို့ နယ်ကျေးလက်ဒေသဖွံ့ ဖြိုး
တိုးတက်ရေးဦးစီးဌာန နှင့် Asia Boom
Co;Ltd တို့ က၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်
တပ်-တဇီးကောက် ကျောက်ချောလမ်း
အရှည်( ၂)မိုင်ကို ငွေကျပ် ၈၆.၃၁၉၈
သန်း ဖြင့် ဖောက်လုပ်ခဲ့သော်လည်း
လမ်းမှာ ကားသွား၍မရတော့အောင်
ပျက်စီးသွားပါပြီ
အဆိုပါလမ်းအားအသုံးပြုသွားလာနေ
ကြသော ဒေသခံပြည်သူများ၏လမ်းပန်း
ဆက်သွယ်မှုအခက်အခဲ ကို ထောက်
ထားညှာတာသောအားဖြင့် တာဝန်ရှိ
လူကြီးမင်းများသွားရောက်စစ်ဆေးပြီး
အမြန်ဆုံးပြူပြင်ပေးကြပါခင်ဗျား
READMORE
 

နိုဝင်ဘာ(၆)ရက်နေ့ မွန်းလွဲပိုင်းက USDP ပါတီမှ တောင်တွင်းကြီးမြို့နယ်အတွင်း လှည့်လည်စည်းရုံးလှုံ့ဆော်ရေးဆောင်ရွက်နေသည်

Bopyae Taungdwingyi added 6 new photos. မှ ကူးယူဖော်ပြသည်။
25 mins ·
‪#‎USDPပါတီစည်းရုံးလှုံ့ဆော်‬
ယနေ့ နိုဝင်ဘာ(၆)ရက်နေ့ မွန်းလွဲပိုင်းက USDP ပါတီမှ တောင်တွင်းကြီးမြို့နယ်အတွင်း လှည့်လည်စည်းရုံးလှုံ့ဆော်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်...
READMORE
 

သဖန်းခုံရွာခွဲအုပ်ချုပ် ရေးမှူးနဲ့ အဖွဲ့ ကိုဘယ်လိုအရေးယူ မှာလည်း ?

Aung Gyi Thayet added 6 new photos — with မီဒီယာစင်တာ မန္တလေး and 20 others. မှ ကူးယူဖော်ပြသည်။
1 hr ·
သရက်မြို့ နယ် ပေါက်တောကျေးရွာ
အုပ်စု သဖန်းခုံကျေးရွာမှာ ပြည်ခိုင်ဖြိုး
အင်အားပြပွဲလိုက်ပါရန် လှုပ်ဆော်သူ
ရဲ့ ပဲစင်းငုံခင်းနဲ့ ပဲတီစိမ်းခင်း ဧကဝက်ခန့် ကို ဓါးနဲ့ ဝင်ရမ်းတဲ့ သဖန်းခုံရွာခွဲအုပ်ချုပ်
ရေးမှူးနဲ့ အဖွဲ့ ကိုဘယ်လိုအရေးယူ
မှာလည်း ?
၎/၁၀/၂၀၁၅ ရက်နေ့ ကဖြစ်ရပ်
------------------------------
READMORE
 

ဒီနေ့သရက်ခရိုင် ကံမမြို့ကို သမ္မတ ခရီးစဉ်အရရောက်နေပါ တယ်

Aung Myo added 19 new photos — with Aung Gyi Thayet and Kyi Win.မှ ကူးယူဖော်ပြပါသည်။
19 hrs ·
ဒီနေ့သရက်ခရိုင် ကံမမြို့ကို သမ္မတ ခရီးစဉ်အရရောက်နေပါ
တယ် ဘယ်လိုပင်တားတား တားမရအောင် သူ
တို့ရဲ့အရပ်စကား အုံးခတ်သွားတာတော့အမှန်ဘဲဗျာ
မနက်ဖန်ကတော့ မဲဆွယ်စည်းရုံးခြင်းသင်္ကြန်
အတက်နေ့ပေါ့ ကျွန်တော်လဲမဲပေးဘို့မွေးရပ်မြေ
ဒေးဒရဲမြို့ကိုပြန်ပါပြီ
READMORE
 

နိုဝင်ဘာ(၆)ရက်နေ့နံနက်က သရက်မြို့နယ် တ.စ.ည-ပါတီ သရက်မြို့နယ်တွင်းလှည့်လှည်

Pauk Ka Lay added 4 new photos.မှ ကူးယူဖော်ပြပါသည်။
2 hrs ·
နိုဝင်ဘာ(၆)ရက်နေ့နံနက်က
သရက်မြို့နယ် တ.စ.ည-ပါတီ
သရက်မြို့နယ်တွင်းလှည့်လှည်
READMORE
 

ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေးဝတ်ပြုဆုတောင်း‬


‪#‎ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေးဝတ်ပြုဆုတောင်း‬
တောင်တွင်းကြီး အောက်တိုဘာ (၂၈)
ပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်
ကိုအောင်မှိုင်းဆန်း အပါအ၀င် ဖမ်းဆီးခံကျောင်းသားများလွတ် မြောက်ရေး ၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းခြင်းကို ယနေ့ အောက်တိုဘာ(၂၈)ရက် ( သီတင်းကျွတ်လပြည့်နေ့ ) နံနက် (၉) နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ သမိုင်းဝင် အောင်မြင်ဇေယျ (ရခိုင်) စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တောင်တွင်းကြီးမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗ.က.သ) အဖွဲ့ချုပ်မှ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအကျဉ်းသားများချက်ခြင်းလွှတ် ၊ အစာငတ်ခံဆန္ဒပြတိုက်ပွဲအောင်မြင်ပါစေ စသည့် စာသားများပါဝင်သော ဗီနိုင်းကိုင်ဆောင်ခြင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအလံကိုင်ဆောင်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ စေတီတော်ကြီး၏ တနင်္ဂနွေထောင့်တွင် ပန်း ၊ ဆီမီး ၊ ရေချမ်း ၊ အမွှေးတိုင်များကပ်လှူပူဇော်ကာ ၀တ်ပြုဆုတောင်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
Photo. Credit Original Photo
READMORE
 

‎ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပုံစံစိစစ်ရွေးချယ်ဆန္ဒပြု လုပ်ခြင်း

‪#‎ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပုံစံစိစစ်ရွေးချယ်ဆန္ဒပြုခြင်းပြုလုပ်‬
တောင်တွင်းကြီး အောက်တိုဘာ (၂၈)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် စိုက်ထူဆောင်ရွက်သွားမည့် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ပုံစံတူ အထိမ်းအမှတ်ကြေးရုပ်ထုပုံစံ ဆန္ဒပြုရွေးချယ်ခြင်းကို ယနေ့ အောက်တိုဘာ (၂၈) ရက် မွန်းလွဲ (၂) နာရီိ အချိန်က ရွှေအိုး(၁)ရပ်ကွက် ၊ မတောင့်တဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ အလင်းခေတ်ပညာဒါနကျောင်း စာသင်ဆောင်ခန်းမတွင်ကျင်းပရာ ဖြစ်မြောက်ရေးကော်မတီဝင်များ ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်လွင် (ပညာရေး-ငြိမ်း) က အများသဘောဆန္ဒနှင့်အညီ စိစစ်ရွေးချယ်ခြင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းဆွေးနွေးခဲ့ပြီး ဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေး အတွင်းရေးမှူး ဦးဌေးနိုင် (ပုလဲစာပေ)က ဘဏ္ဍာငွေ ရရှိ / သုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကော်မတီဝင် ဒေါက်တာသန်းနိုင် ၊ ဦးတင်ဝင်းအောင် ၊ ဦးမြင့်အောင် ၊ ကိုနေပန်ဦး တို့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပြီး ပန်းချီအနုပညာရှင် ကိုမြင့်ဆွေ (မြင့်ဆွေ၊မြေဖြူ) နှင့် ကိုအီစွတ် (၀ါခရမ်း တင်ရွှေ) တို့က ကြေးသွန်း ပန်းပုရုပ်ထုတို့၏ အားနည်းချက် ၊ အားသာချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများ၏ ပုံစံတူစိစစ်ရွေးချယ်ခြင်းကို လျှို့ဝှက် ဆန္ဒပြုလွှာများဖြင့် ကောက်ယူမှတ်တမ်းတင် ထားရှိခဲ့သည်။
ဖြစ်မြောက်ရေးကော်မတီအနေဖြင့် နာယကကြီးများ၊ ကော်မတီဝင်များ၏ သဘောထားဆန္ဒများကို ဆက်လက်ကောက်ခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေအနေဖြင့် ယခုလက်ရှိ အချိန်အထိ ဘဏ်စာရင်းစာအုပ်တွင် ငွေကျပ်သိန်း(၁၅၀)ကျော် အလှူငွေများ ကောက်ခံရရှိထားကြောင်း သိရသည်။
အလှူငွေများထည့်ဝင်လှူဒါန်းလိုသူများ အနေဖြင့် ကော်မတီထံသို့ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်းနှင့် အထိမ်းအမှတ် ပုံစံတူကြေးရုပ်ဖြစ်မြောက်ရေးအတွက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး လေးလေးစားစားဖြင့် ဖိတ်ခေါ်ထားရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
READMORE