`မကွေးမြို့နယ် NLD ပါတီ မှာ ပါတီဝင်(၈)ဦးသာ လက်ခံစာရင်းမှာရှိပါသည် ကြံခိုင်ဖွံ့ ဖြိုးရေးပါတီဝင်သို့ အင်အား(၅၀)ခန့် ပြောင်းဆိုသည်မှာ မဟုတ်ပါ ဟုဆို´
အောက်တိုဘာ(၁၈)ရက်၊ နံနက်(၉)နာရီအချိန် NLD မကွေးခရိုင်/တိုင်းဒေကြီးညီလာခံကိုယ်စားလှယ် ဦးစိုးမိုးနှင့်အဖွဲ့မှ မြန်မာပို့စ် သို့လာရောက်ရှင်းလင်းပြောဆိုပါသည်။
`မကွေးမြို့နယ်NLD ပါတီမှ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ၀င်သွားတာ ဦးစိုးနိုင် အပါအ၀င် (၈)ဦးသာဖြစ်ပါတယ်။ အဲဒီကိစ္စအတွက် မနေ့က(၁၇-၁၀-၂၀၁၂) ကျွန်တော်တို့အဖွဲ့ အင်တိုင်းကြီးကျေးရွာအုပ်စုသို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ အင်တိုင်းကြီးကျေးရွာသားများဖြစ်ကြတဲ့ ကိုဘိုသိန်း နဲ့ ကိုကျော်ရဲအောင်တို့က ရွာသားများကိုယ်စား အဲဒီနေ့က အကြောင်းကို ရှင်းပြပေးပါတယ်။ အောက်တိုဘာ(၁၁)ရက်နေ့က အင်တိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့် `ဒေါင်းနေရွာမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းများကို အခမဲ့လုပ်ပေးမှာဖြစ်ပါတယ်။ ယခုသွားရောက်ကြရန် နိုးဆော်ပါတယ်´လို့ကြေငြာပါတယ်။ ဒါနဲ့ အင်တိုင်းကြီးရွာက ကျွန်တော်တို့ရွာသားတွေ မှတ်ပုံတင်လုပ်ပေးမဲ့ ဒေါင်းနေရွာ ဘုန်းကြီးကျောင်းသို့သွားကြပါတယ်။ မှတ်ပုံတင်ပြုလုပ်လိုတဲ့ အင်တိုင်းကြီးရွာကအဖွဲ့ ဒေါင်းနေရွာ ရွာလယ်လမ်းမပေါ်က မဏ္ဍာပ်သို့ လာကြပါခေါ်ပြန်ပါတယ်။ အဲဒီကို ကျွန်တော့်တို့ရွာသားတွေရောက်တော့ မှတ်ပုံတင်လုပ်မပေးဘဲ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီက စာရွက်များဇွတ်ဝေပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီကဒ်များ ပေးအပ်ပွဲဖြစ်နေပါတယ်။ ယခင်မဏ္ဍပ်ထဲမှာ လူ(၁၀)ဦးခန့်သာရှိ ရာက ကျွန်တော်တို့ရွာသားများရောက်သွားတော့ လူအားများသွားပါတယ်။ ကျွန်တော်တို့ ရွာသားများမှာ ဘုမသိ ဘမသိ ရောက်သွားပါတယ်။ မှတ်ပုံတင်လုပ်ပေးမယ်လို့ အကြောင်းပြပြီး လိမ်ညာခေါ်ကြောင်းသိလိုက်ရပါတယ်။ အဲဒီနေ့က မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းများကို အခမဲ့လုပ်ပေးမယ် ပြောပြီး (၁၇-၁၀-၂၀၁၂) နေ့မှာ ဒေါင်းနေရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစိန်က မှတ်ပုံတင်လုပ်လိုသူများကို တစ်ဦး(၃၀၀ိ)၊ အိမ်ထောင်စုစာရင်းလုပ်လိုသူများကို တစ်ဦး(၁၅၀၀ိ) ကောက်ခံသွားပါတယ်။ အဲဒီကိစ္စ ကျွန်တော်တို့ လုံးဝ မကြေနပ်ပါဘူးခင်ဗျာ..။´ ဟု အင်တိုင်းကြီးရွာသား ကိုဘိုးသိန်း နှင့် ကိုရဲအောင်တို့ မှ မကွေးNLD ညီလာခံကိုယ်စားလှယ် ဦးစိုးမိုး တို့အဖွဲ့အား ရှင်းလင်းပြောကြားခဲ့ကြောင်း ဦးစိုးမိုး မှ မြန်မာပို့စ် ကို ပြော၍ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ၀င်သွားသော NLD ပါတီဝင်(၈)ဦးစာရင်းကိုလည်း ပေးခဲ့ပါသည်။
ထို့နောက် မကွေးမြို့နယ်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော်ထံသို့ နေ့လည်(၃)နာရီတွင် မြန်မာပို့စ် ကသွားရောက်တွေ့ဆုံမေးမြန်းကြည့်ရာ အတွင်းရေးမှူး မှ ဤသို့ပြောဆိုပြသည်။
``ဒေါင်းနေရွာ က အိမ်ခြေ(၂၀၀)ကျော်ရှိတယ်။ လူဦးရေ(၁၀၀၀)ကျော်ရှိပါတယ်။ အသက်(၁၈)နှစ်ပြည့်လို့ ပါတီဝင်နိုင်သူပေါင်း(၇၀၀)ကျော်ရှိပါတယ်။ တစ်ခြားမှာ သွားပြီးအလုပ်လုပ်သွားတဲ့ သူတွေပြန်လာရင် ထပ်ပြီး ၀င်ကြအုံးမယ် လို့ ဦးစိုးနိုင်ကပြောပါတယ်။ အဲဒီအထဲကမှ အောက်တိုဘာ(၁၁)ရက်နေ့မှာ ကျွန်တော်တို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အင်အားစုစုပေါင်း(၂၈၀)ဦး ၀င်ပြီးဖြစ်ပါတယ်။အားလုံးပါတီဝင်များကလည်း ဒေါင်းနေရွာက ပါတီဝင်တွေ ပါဘဲ။ အဲဒီနေ့ကတော့ ဒေါင်းနေရွာက စုစုပေါင်း(၂၂၀)ကိုသာ အဖွဲ့ဝင်ကဒ်များ ပေးခဲ့နိုင်ပါတယ်။ အောက်တိုဘာ(၁၀)ရက် နေ့က ၀င်ပြီး အဆိုပြုလွှာဖြည့်သူတွေဘဲ ကျန်ခဲ့ပါတယ်။ အဲဒီစာရင်းတွေကို ယူပြီးကြည့်နိုင်ပါတယ်။ စာရင်းတွေကိုတော့ ပေးလို့မရပါဘူး။ ဒေါင်းနေရွာက ဘယ်သူက ပါတီဝင်အသစ်၊ ဘယ်သူတွေက အခြားပါတီက ပြောင်းတယ်ဆိုတာတော့ သိလည်းမသိပါဘူး၊ မေးလည်းမမေးပါဘူး။ ဦးစိုးနိုင် ကစုစည်းပေးတဲ့ ဒေါင်းနေရွာက ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် အသစ်များကို အဖွဲ့ဝင်ကဒ်ပေးခဲ့ရတာတော့ အဲဒီနေ့ကစုစုပေါင်း(၂၂၀)ဦးပါ။ အင်တိုင်းကြီးကျေးရွာအုပ်စု ရွာတွေထဲက ဒေါင်းနေရွာဖိုင်မှာ စာရင်းကြည့်သွားနိုင်ပါတယ်ခင်ဗျာ..။ အဲဒီနေ့က သတင်းဓာတ်ပုံတွေလည်း မနက်ဖြန်ပေးပါ့မယ်။´´ဟု ဦးအောင်သိန်းကျော် မှ မြန်မာပို့စ် သို့ပြောသည်။
Artikel `မကွေးမြို့နယ် NLD ပါတီ မှာ ပါတီဝင်(၈)ဦးသာ လက်ခံစာရင်းမှာရှိပါသည် ကြံခိုင်ဖွံ့ ဖြိုးရေးပါတီဝင်သို့ အင်အား(၅၀)ခန့် ပြောင်းဆိုသည်မှာ မဟုတ်ပါ ဟုဆို´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, October 23, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့နယ် NLD ပါတီ မှာ ပါတီဝင်(၈)ဦးသာ လက်ခံစာရင်းမှာရှိပါသည် ကြံခိုင်ဖွံ့ ဖြိုးရေးပါတီဝင်သို့ အင်အား(၅၀)ခန့် ပြောင်းဆိုသည်မှာ မဟုတ်ပါ ဟုဆို´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment