ချောက်မြို့နယ် စလင်းတောင်အုပ်စု၊ စလင်းတောင်ကျေးရွာနှင့် ၀င်္ဂဘာကျေးရွာ နှစ်ရွာတို့သည် မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) ပေါ်တွင် နှစ်ဘက်ကျေးရွာအုပ်စုဖွဲ့၍ခိုက်ရန်ဖြစ်ကြသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်လဘာ(၂၇)ရက်နေ့တွင်အဆိုပါမြေနုကျွန်းပေါ်၌ စလင်းတောင်ရွာမှ တောင်သူ(၁၀၀)ဦးခန့်တို့က ထွန်ယက် စိုက်ပျိုးနေစဉ် ၀င်္ဂဘာကျေးရွာရှိ ရွာသူ/ရွာသားများမှ လေးဂွ/ခဲများဖြင့် စတင်ပစ်ပေါက်၍ ရွာနှစ်ရွာ နှစ်ဘက် အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်ပွဲကြီးဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး သို့လိပ်မှု၍ နိုဝင်ဘာ(၂၈)ရက်နေ့ စာအမှတ်၄၃-၁၆/ဦး ၆(၁၅၇၉)ဖြင့်ပေးပို့တားဆီခဲ့ကြောင်း၊ အထက်ပါပြဿနာများ ဆက်လက်မဖြစ်ပွား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာများသို့ အကြောင်းကြားထားကြောင်း သိရသည်။
အဆိုပါ မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) အငြင်းပွားမှုကို ဖြေရှင်းပေးရန် ၎င်းကျွန်းပေါ်သို့ နိုဝင်ဘာ(၂၈)ရက်နေ့ နေ့(၁၁)နာရီအအချိန်ခန့်တွင် ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များ သွား ရောက်ခဲ့ကြောင်း၊ ၎င်းကော်မတီ၌ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်သက်၊ ချောက်မြို့နယ်မြေစာဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းဇော်အောင်၊ မြို့နယ်တိ/မွေး/ကု ဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ အောင်ဆန်းလင်း တို့နှင့် စလင်းတောင်ကျေးရွာကိုယ်စားပြု ရပ်မိရပ်ဖ ဦးသာချိုပါ(၅)ဦး၊ ၀င်္ဂဘာကျေးရွာ ကိုယ်စားပြု ဦးဝင်းထိန်ပါ(၅)ဦးတို့ တွေ့ဆုံညှိနှိုင်းကြောင်း၊ အဆိုပါလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ ယခင် နှစ်ကတိုင်းတာ ဖော်ထုတ်သတ်မှတ်ပေးခဲ့သော အမျှော်လိုင်းအား တိုင်းတာဖော်ထုတ်ပြီး အစိုဓာတ်မခန်းခြောက်မီ စိုက်ပျိုးသွားနိုင်ကြရန် လုပ်ပိုင်ခွင့်ချထားပေးမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်ကျူးကျော်စိုက်ပျိုးခြင်း မပြုကြ ရန်နှင့် မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများထပ်မံဖြစ်ပွားပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ နှစ်ဘက် တောင်သူများကို အသိပေးထားသည်။ ၀င်္ဂဘာရွာမှ ဦးဝင်းထိန်ပါ (၅)ဦးတို့က ယခုခွဲဝေပေးသော ယခင်နှစ်မှ အမျှော်လိုင်းဖြင့်ခွဲဝေသတ်မှတ်ဖြင်းကို လက်ခံ နိုင်ခြင်းမရှိကြောင်း ပြောဆို၍ ၎င်းကွင်း အတွင်းမှ ၀င်္ဂဘာကျေးရွာသို့ ပြန်သွားခဲ့ ကြောင်းသိရသည်။
အထက်ပါကိစ္စအား မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သက် မှ မကွေးခရိုင် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ရာ မကွေးခရိုင်အုပ်ချုပ်ရေးမှူးက မြေနုကျွန်းခွဲဝေတိုင်တာမှုကို ဆက်လက် ဆောင်ရွက်ခိုင်းကြောင်း၊ ထို့ကြောင့် နေ့(၁၂)နာရီမှ ညနေ(၄)နာရီအချိန်ခန့်အတွင်း အဆိုပါကွင်းဆင်းဆောင်ရွက် ချက်များအရ ချောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်(၃၆/၂၀၁၃)ဖြင့် ဆွေးနွေးကြသည်။ မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)အား ပြန်လည်ဖော်ထုတ်တိုင်းတာချက်အရ ပေါ်ထွက် လာသည့် ယခင်နှစ်အမျှော်လိုင်း၏ မြောက်ဘက်ဧရိယာ(၃၆)ဧကအား နည်းဥပဒေ ၁၀၅(ခ)အရ စလင်းတောင် ကျေးရွာရှိ တောင်သူများသို့ ဆောင်သီးနှံများအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်း၊ ယခင်နှစ် အမျှော်လိုင်း၏ တောင်ဘက်ကျန်ရှိသော စိုက်ပျိုးနိုင်သော မြေနုကျွန်းဧက(၃)ဧကခန့်အား လယ်ယာမြေနည်းဥပဒေ- ၁၀၆(ဃ) အရ ၀င်္ဂဘာကျေးရွာ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်းသိရသည်။
မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)သည် စလင်းတောင်ရွာ ကုန်းတွင်းနှင့် ဆက်စပ်ပေါ်ထွန်းနေသော ကမ်းပါးယံမြေမှာ ၁၉၆၂/၆၃ ခုနှစ်ကြေးတိုင်ဦးစီးဌာနမှ ကုန်းတွင်းနယ်နိမိတ်အဖြစ် မှတ်တမ်းတင်ထားသော်လည်း လက်ရှိအနေအထားအရ နှစ်ပေါင်းများစွာကပင် ကမ်းပါးပြို၊ ကမ်းရံမြေနုအဖြစ်ပေါ်ထွန်းနေသဖြင့် ၀င်္ဂဘာကျေးရွာ ရပ်မိရပ်ဖများက မြေနုကျွန်းအဖြစ်သတ်မှတ်လိုခြင်းမှ ပြဿနာအစပျိုးနေခြင်းအတွက် ၎င်းကို မြေအမျိုးအစား ခွဲခြားသတ်မှတ်နိုင်ရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ဆက်လက်တင်ပြထားပါကြောင်း လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦး က ပြောသည်။
ယခင်နှစ်၂၀၁၂/၂၀၁၃ က ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဌာန မြို့နယ်မှူးဦးစီးမှူး ဦးခင်မောင်စန်း ( အငြိမ်းစားပေးခံရသူ)သည် မြေယာဥပဒေ မှ (အနီးစပ်ဆုံး)ဆိုသောစကားရပ်ဖြင့် မြို့နယ် မြေစာရင်းဦးစီးမှူး တစ်ဦးတည်းက(တစ်ဖက်သတ်ဆုံးဖြတ်၍) နှစ်စဉ်အမြဲတန်းပေါ်နေသော မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ)ကို(မူလရှိ အမျှော်လိုင်း)ကိုအတည်မပြုဘဲ ၀င်္ဂဘာရွာအား ခွဲဝေပေးခဲ့ကြောင်း စလင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ကပြောသည်။
``ချောက်မြို့နယ် အတွင်းမှ မြေနုကျွန်းအငြင်းပွား၍ နှစ်ဘက်အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်နေခြင်းကြောင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ အမြန်ကွင်းဆင်း၍ ခွဲဝေပေးရ´´
``ကလေးသူငယ်စောင့်ရှောက်ရေးစီမံချက်အဖွဲ့မှ Monitoing and Evanuation လုပ်ငန်းများ လေ့လာဆန်းစစ်သောသင်တန်း မကွေးမြို့တွင်ကျင်းပ´´
ပြီးခဲ့သော နိုဝင်ဘာ(၂၈/၂၉)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိ မကွေးမြို့ နတ်မောက် လမ်းရှိ မကွေးဟိုတယ်၌ ကလေးသူငယ်စောင့်ရှောက်ရေးစီမံချက်အဖွဲ့မှ Monitoing and Evanuation လုပ်ငန်းများ လေ့လာဆန်းစစ်သောသင်တန်း မကွေးမြို့တွင်ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းကို Save The Children ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)ရုံးချုပ် မှ တာဝန်ခံညွှန်ကြားရေးမှူး ဒေါက်တာနီနီ၊ ဒုတိယ တာဝန်ခံ ဦးထူးလွင် ၊ ဒေါက်တာလဲ့လဲ့အောင်၊ မကွေးတိုင်းဒေသကြီး Save The Children ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံအရာရှိ ဦးထန်ဇာလျန်း တို့မှ သင်တန်းများပို့ချသည်။ တက်ရောက်လာသူများမှာ ဒေသဆိုင်ရာ အရာရှိများဖြစ်ကြသော မူဆယ်၊ ကနီ၊ ပခုက္ကူ၊ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းမြို့နယ်များမှ သင်တန်းသား(၂၄) ဦးတက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ဒေါက်တာနီနီ နှင့် ဦးထူးလွင်တို့မှ ရှေ့သို့စီမံကိန်းက ချမှတ်ထားသော ကလေး သူငယ်စောင့်ရှောက်ရေးနှင့် မိခင်/ကလေးစောင့်ရှောက်ရေးတို့အား ဒေဆိုင်ရာညှိနှိုင်းရေးမှူးများ အနေဖြင့် ပူပေါင်းဆောင်ရွက်ခြင်းအပေါ် အောင်မြင်မှုအခြေအနေကို ဆန်းစစ်ခြင်း၊ အားနည်းချက်ရှိနေသော မြို့နယ်များကို အောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်မှုအခြေနေအား ဆန်းစစ်ခြင်း၊ ငါးနှစ်အောက် ကလေးသူငယ်များ၏ ကျန်းမာရေးကို စီမံချက်ဖြင့်အကောင်အထည်ဖော်ဆောင်လျှက်ရှိရာ ကလေးသူငယ်များအား အကူအညီပေးမှု အခြေအနေကို ဆန်းစစ်ခြင်း၊ ပညာပေးရေးအစီအမံများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေ အား ဆန်းစစ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကူညီပံပိုးမှု၊ လစဉ်အလိုက် ပညာပေးမှုအခြေအနေများ ဆန်းစစ်ခြင်းတို့ပြုလုပ်ကြသည်။ ထို့နောက် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ရေးတွင် အားနည်းသော ဒေသဆိုင်ရာများသို့ စီမံချက်အကောင်အထည်ဖော်နိုင်ရေးတို့အတွက် (၂)ရက်တိတိ သင်တန်းပို့ချကြောင်း သတင်းရရှိသည်။
``မကွေးမြို့တွင် CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ´´
ပြီးခဲ့သော နိုဝင်ဘာ(၂၈)ရက် နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်တွင် မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ်း နန်းထိုက်သူ ဟိုတယ်၌ CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ အမေရိကန်နိုင်ငံသားများ Mr.Mathew ပါ (၄)ဦးတို့နှင့် မကွေးမြို့ရှေ့သို့စီမံကိန်းရုံး ဒေသဆိုင်ရာညှိနှိုင်းရေးမှူး ဦးဌေးနိုင်၊ Pact in Myanmar အဖွဲ့မှ ဒေသဆိုင်ရာညှိနှိုင်းရေးမှူး ဦးငြိမ်းချမ်းကိုကို၊ မာရီစတုပ်(စ်)အင်တာနေရှင်နယ်ရုံးမှ တာဝန်ခံဒေါက်တာ ဖြိုးဝေမင်း၊ မြင်းခြံ၊ မိထ္ထီလာ၊ ပုလဲ၊ အောင်လံ။ စလင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မကွေးမြို့နယ်များမှ စီမံကိန်း ၀န်ထမ်းများ(၂၆)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ အမေရိကန်နိုင်ငံသားများသည် ၎င်းအလုပ်ရုံ ဆွေးနွေးပွဲ၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီနှင့် ဆက်စပ်သောလုပ်ငန်းများအကြောင်း၊ CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ထောက်ပံ့ပေးထားသော ပစ္စည်းများအား ကျေးရွာရှိဒေသခံများအနေဖြင့် ရေရှည်မည်သို့ ထိန်းသိမ်းကြမည်၊ ကြာရှည်စွာအသုံးပြုနိုင်မည့်နည်းလမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရည်အသွေး မြှင့်တင်ရန် နည်းလမ်းများအကြောင်းကို မြို့နယ်ခြင်းအလိုက် အားသာချက်အားနည်းချက်များအား တင်ပြဆွေးနွေး ကြကြောင်း သတင်းရရှိသည်။
``မကွေးမြို့ရှိ နိုင်ငံရေးပါတီများသို့ နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးရေးအဖွဲ့(IRI) မှ တွေ့ဆုံသင်တန်းပို့ချ´´
မြို့နယ်တစ်မြို့နယ်သို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် သိန်းတစ်ထောင် အသုံးပြုခြင်းအစ ပြဿနာ
(နိုဝင်ဘာ(၂၉)ရက်နေ့တွင် မန္တလာမင်းကားဂိတ်ဖွင့်ပွဲမှာ ဆန္ဒပြမည်ဆိုသော်လည်း ၎င်းဂိတ်ကို စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပါပြီ..)
(၁၄)ကြိမ်မြောက် မဟာသမယသုတ်ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲကျင်းပ
မကွေး နိုဝင်ဘာ ၂၆
တိုင်းပြည် နိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာ၍ ဘေးအန္တရာယ်ဟူသမျှမှ ကင်းဝေးစေရန်နှင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ ပြန့်ပွား ထွန်းကားစေရန် ရည်မှန်းကာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၁၃-ခုနှစ်၊(၁၄)ကြိမ်မြောက် မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက် နံနက်(၈)နာရီက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မြမဉ္စာဓမ္မသဘင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြား ပါသည်။
ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ကို စတင်ကျင်းပပါသည်။
အဆိုပါရွေးချယ်ပွဲကို နိုဝင်ဘာလ (၂၆)ရက်နေ့ မှ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မကွေးမြို့နယ်၊မင်းဘူးမြို့နယ်များရှိ ရပ်ကွက်များမှ ၀တ်အသင်းများ၊ဌာနဆိုင်ရာဝတ်အသင်းများ၊ အ.ထ.က ကျောင်းများမှ ၀တ်အသင်းများ စုစုပေါင်း ၀တ်အသင်း(၃၀) ပါဝင် ရွတ်ဆိုပူဇော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)
``မကွေးမြို့ကားကြီးကွင်းရှိ ကားဂိတ်အသစ်(၂၆)ဂိတ် နေရာချထားရာ မညီမျှ၍ စည်ပင်သာယာရေးကော်မတီသို့ ကားဂိတ်များမှ ဆန္ဒပြမည်ဟုဆို´´
``အောင်မြင်ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး) ထီးတော်စိန်ဖူးတော်တင်ပွဲ တောင်တွင်းကြီးမြို့တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ တင်လှူပူဇော်ပြီးစီး´´
(၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံ အခမ်းအနားအား လွှတ်တော်နာယက လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ မကွေးမြို့တွေ့ဆုံပွဲတွင် ခွင့်ပြု၊
``မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နယ်လှည့် (၁၂)ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်(၇၂)ဦးတို့မှ သာသနာရေးဝန်ကြီးထံသို့တိုင်ကြား´´
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်တစ်ဝန်းလုံးမှ ဘုရားပုထိုးစေတီများရှိ ဂေါပကအဖွဲ့အချို့၏ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီမှုများကို ထိမ်းသိမ်းနိုင်ရန်အတွက် ဂေါပကစဉ်းမျဉ်းများကို ပြင်ဆင် ရေးဆွဲနေကြောင်း နိုဝင်ဘာ(၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများ နှင့်တွေ့ဆုံပွဲတွင် သာသနာရေးဝန်ကြီးမှ ရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။
ထို့ကြောင့် မန်းရွှေစက်တော်ဂေါပကကို ပြင်ဆင်ဖွဲ့စည်းပေးရန် တောင်းဆိုကြကြောင်း၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာ အကြီးအကဲများပါဝင်ဖွဲ့စည်းထားသည့်အချိန်ကာလမှ စတင်၍ ရွှေစက်တော်ဘုရားပွဲတော်၏ အစဉ် အလာများကို ထိမ်းသိမ်းမှုအားနည်းလာခြင်း၊ ခရိုင်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဆိုင်ရာများမှ စီမံခန့်ခွဲမှု အများဆုံး လုပ်ပိုင်ခွင့်များကိုယူနေကြကြောင်း (ဥပမာ..။ ။ နှစ်စဉ်လေလံ စည်းကမ်းများအား ဖောက်ဖျက်ပြီး အချို့လေလံနေရာ ကောင်းသောလုပ်ငန်းများအား ချန်လပ်၍ယူထားခြင်း၊ တည်းခိုဆောင်(တည်းကျောင်း)နေရာ များအား ဌာနဆိုင်ရာအဆင့်ဆင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များအားလုံး၏အမည်များဖြင့်ယူ၍ မတန်တစ်ဆ အမြတ်ငွေတင်ပြီး အဆင့်ဆင့်ရောင်းစားနေကြခြင်း။ တည်းကျောင်းငှါးရမ်းခများကို တစ်ခန်းလျှင် ထောင်ဂဏန်း ခန့်သာ ဈေးနှုန်းများကို သတ်မှတ်ထားသော်လည်း ဘုရားဖူးလာပြည်သူများစည်ကားစွာ လာရောက်ချိန်များတွင် တစ်ခန်းလျှင် သိန်းဂဏန်းကျော်သည့်အထိ ဈေးတက်၍တောင်းယူနေခြင်းကိုမတားဆီး မထိမ်းသိမ်းနိုင်ခြင်း။ အချုပ်ဆိုရလျှင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ သဘောကျ ခရိုနီဂေါပက ခရိုနီစီးပွားရေး ဈေးဆိုင် များသာ နှစ်စဉ်ထာဝရကြီးစိုးနေခြင်း။)ဖြစ်ကြောင်း နယ်လှည့်(၁၂)ပွဲဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းကိစ္စများအား နှစ်စဉ် သတင်းမီဒီယာများမှ ရေးသားဖော်ပြခဲ့သော်လည်း ဘာမျှအကြောင်း မထူးကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲတော်သည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အထိ ရက်ရှည်ပွဲတော်ကျင်းပသည်၊ တစ်နှစ်လျှင် ဘုရားပွဲတော်၏ အလှူငွေရရှိမှုမှာ ငွေကျပ်သိန်းပေါင်း နှစ်ထောင်ခန့်ရရှိကြောင်း ဂေါပကတစ်ဦးမှပြော၍ သိရှိ ရသည်။
ထို့ကြောင့် မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား အသစ်ပြန်လည်ရွေးချယ် ဖွဲ့စည်း ပေးပါရန် ပြည်ထောင်စုဝန်ကြီး သာသနာရေးဝန်ကြီး နေပြည်တော်သို့ ဦးအေးကို(ဆင်းဂေါင်းကျေးရွာ) နှင့် ဦးနေမျိုးကျော်(စကုမြို့) နှစ်ဦးမှ ဦးဆောင်၍ ဈေးသည်စုစုပေါင်း(၇၂)ဦးတို့၏ လက်မှတ်များဖြင့် နိုဝင်ဘာ(၁၄) ရက် နေ့က အမြန်ချောစာဖြင့်တင်ပြီးကြောင်း ဦးနေမျိုးကျော်(စကုမြို့) က ပြောသည်။
``စကုမြို့(၂၅)ကုတင်ဆေးရုံအတွက် တိုးချဲ့ဆေးရုံအဆောက်အဦးသစ်များကို ရေလွတ်ရာနေရာသို့ ရွေ့ပြောင်းဆောက်လုပ်ပေးရန် ဒေသခံပြည်သူများက လွှတ်တော်သို့စာတင်၍ တောင်းဆို´´
ပြီးခဲ့သည့်နိုဝင်ဘာ(၁၁)ရက်နေ့တွင် မင်းဘူး/စကုမြို့နယ် စကုဆေးရုံအား (၂၅)ကုတင်တိုးချဲ့ဆောက် လုပ်မည့်အစီအစဉ်အား ၎င်းဆေးရုံးဝန်းအတွင်းရှိ ရေလွတ်ရာ ကုန်းမြင့်နေရာအသစ်သို့ သီးခြားဆောက်လုပ် ပေးပါရန် ဒေသခံပြည်သူများ(၁၂၀၀)ဦးခန့်မှဆန္ဒပြု၍ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် နေပြည်တော်သို့ တင်ပြ တောင်းဆိုကြောင်း သတင်းရရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စကုမြို့(၂၅)ကုတင်ဆေးရုံ တိုးချဲ့ဆောက်လုပ်ပေးရန် နိုင်ငံတော်အစိုးရသစ်မှ ငွေကျပ်သန်းပေါင်း(၂၅၀) နှစ်ရာငါးဆယ်သန်းအားချထားပေးခဲ့သည်။ ထိုစီမံကိန်းသည် မူလလက်ရှိ ဆေးရုံနှင့် တွဲလျှက်ဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီးးဌာန၊ အထက်အဖွဲ့မှ သတ်မှတ်ထားကြောင်းသိရသည်။ ထိုဆောက် လုပ်မည့်စီမံချက်အား ဒေသခံပြည်သူလူထုက ကန့်ကွက်ကြောင်းသိရသည်။ အဆိုပါ မူလဆေးရုံနေရာမှာ နှစ်စဉ်ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း ယခုနှစ်ဖော်ပြပါဓာတ်ပုံအရ ရေကြီးချိန်တွင်ဆေးရုံရေနစ်မြုပ်သွား၍ ဆေးရုံ တက်နေကြသော မွေးလူနာအပါအ၀င် လူနာငါးဦးအား စကုမြို့ ကျောက်တိုင်ကွင်းသို့ ရွေ့ပြောင်းကုသ ပေးရကြောင်း၊ ဤကဲ့သို့ နှစ်စဉ်ရေကြီးလျှင် လူနာများဒုက္ခရောက်ကြကြောင်း၊ ထို့ကြောင့် ယခုတိုးချဲ့ ဆောက် လုပ်ပေးမည့် ဆေးရုံအဆောက်အဦးသစ်များကို (ဆေးရုံဝန်းအတွင်းရှိ) ရေလွတ်ရာ ကုန်းနေရာဖြစ်သော လက်ရှိဓာတ်မှန်ခန်း၏ မြောက်ဘက်သို့ စီမံချက်ပါနေရာကိုပြောင်းရွေ့ပြီး ဆောက်လုပ်ပေးပါရန် မကွေးတိုင်း ဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဌေးထံသို့ စကုမြို့ဆေးရုံတိုးချဲ့ဆောက်လုပ်ရေးကော်မတီမှ တင်ပြ ကြောင်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးမှူးက အထက်မှ ချပေးထားသည့်စီမံကိန်းနေရာအတိုင်းသာ ဆောက်လုပ် ရမည်၊ ဟုပြောဆိုကြောင်း စကုမြို့မှ ကိုနေမျိုးကျော် နှင့်လူငယ်အဖွဲ့က ပြောသည်။
``နိုင်ငံတော်အစိုးရက ပြည်သူအကျိုးအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေချပေးတဲ့အခါမှာ ဒေသခံနယ်မြေကျွမ်းကျင် သူတွေရဲ့ အကြံပြုချက်တွေကို မလေးစားဘူးဆိုရင် စီမံကိန်းတစ်ရပ်ဟာ လူထုအတွက် ရာနှုန်းပြည့်မဖြစ်နိုင်ပါဘူး။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ နိုင်ငံတော်ကချပေးတဲ့ ပြည်သူပိုင်ငွေတွေဟာ ပြည်သူတွေအတွက် ထိထိရောက်ရောက်အကူအညီမဖြစ်ဘဲ အဟောသိကံဖြစ်သွားစေနိုင်နိုင်တာပေါ့ဗျာ၊ အစိုးရအထက်ပိုင်က ပြောနေ တာက ပြည်သူကို(ဗဟိုပြု)ရမယ်ပြောပြီး ယခုတော့ အထက်က ချပေးတဲ့စီမံကိန်းအတိုင်းဆက်လုပ် မယ်ဆိုလို့ ရပ်ကွက်အထောက်အကူပြုအဖွဲ့များ၊ လူငယ်အဖွဲ့များနဲ့ စကုမြို့နယ် ဒေသခံများ တစ်ထောင်နှစ်ရာကျော် လက်မှတ်ထိုးပြီး ဥက္ကဋ္ဌ ပြည်သူ့လွတ်တော် နေပြည်တော်ကို စာတင်ပြီး တောင်းဆိုထားကြပါတယ်..။´´ဟု စကုမြို့မှ လူငယ်အဖွဲ့ ကိုနေမျိုးကျော်က ပြောသည်။
ပခုက္ကူမြို့နှင့်တောင်တွင်းကြီးမြို့များတွင် သံဃာတော်များ နှင့်ဒကါများမှ OIC အားကန့်ကွက်ဆန္ဒပြကြပြီ
နို
ဝင်ဘာ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ပခုက္ကူမြို့ အမှတ်(၁)ပေါင်းလောင်းရပ်ကွက် ဖောင်တော် ဦးဘုရားဝန်းအတွင်း သံဃာတော်အပါး(၃၀၀)ခန့့် နှင့် ဒကာတော်များ OIC အားကန့်ကွက်ဆန္ဒပြပွဲကို သုံးနေ ရာမှာခွဲ၍ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါ OIC အားကန့်ကွက်ဆန္ဒပြပွဲကို ရဟန်ရှင်လူများသည် ဗိုလ်ချုပ်လမ်းမအတိုင်းချီတက်လာပြီး (OIC ထွက်သွား ပြတ်ပြတ်သားသားကန့်ကွက် ဆန့်ကျင်ကြ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ ပေါ်ပေါ်ထင်ထင်တားဆီးကြ ပါစို့- ပခုက္ကူသံဃာတော်များအဖွဲ့) (OIC အလိုမရှိ၊ OIC ထွက်သွား၊ OIC လက်ခံထားမှုဖျက်သိမ်းပေး၊ ဘာသာအရေး သွေးမအေးနဲ့ အရေးကြီးက သွေးနီးကြဟေ့၊) (ပခုက္ကူသံဃာတော်များ၏ ဆန္ဒ STOP ALL WAY ဗုဒ္ဒဘာသာလူမျိုး နိုင်ငံကာကွယ်စောင့်ရှောင့်ကြ၊ WE DON’T WANT OIC. အစ္စလန်ပူပေါင်းရေးအဖွဲ့အလိုမရှိ၊ ပခုက္ကူသံဃာတော်များ)။ STOP OIC မြန်မာနိုင်ငံတွင် OIC အလံမစိုက်မခံနိုင်ပါ။)(ခိုးဝင်ဘင်္ဂါလီသည် တိုင်းရင်း သားမဟုတ်- မြန်မာပြည်တွင်းအရေးကို ပြည်ပနိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခွင့်မပြု- မြန်မာပြည်အတွင်း OIC ရုံးစိုက်ခွင့်မပြု၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းလိုက်နာပါ- ခိုးဝင်ဘဂ်ါလီများကို အစ္စလန်နိုင်ငံများသို့ ခေါ်သွားကြ၊ OIC ကို အလိုမရှိ၊ ပခုက္ကူသံဃာတော်များ) စသည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်လာကြပြီး ဖောင်တော်ဦးဘုရားဝန်းအတွင်းမှာ စုဝေးကြသည်။
OIC အရေးလက်မနှေးကြရေး ဆန္ဒဖော်ထုတ်မှု အခမ်းအနားပြုလုပ်ကြသည်။ ဆရာတော်ဦးဥတ္တရ မှ စတင်သြ၀ါဒမိန့်ကြားခြင်း၊ ပခုက္ကူဆရာတော်များ၏ ကြေငြာချက်အား ဆရာတော်ဦးဇ၀န က ဖတ်ကြားခြင်း၊ ပခုက္ကူကြွေးကြော်သံများကို ဆရာတော်ဦးကောသလ္လ က ဖတ်ကြားကြောင်း၊ တက်ရောက်လာ သောရဟန်း ရှင်လူများမှ သံပြိုင်ရွတ်ဆိုကြကြောင်း၊ ဗုဒ္ဒသာသနာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တန့်အောင် (ဗုဒ္ဒသာသနံ စိရံတိဌတု) သုံးကြိမ်ရွတ်ဆိုပြီး ညနေ(၆)နာရီခန့်တွင် အခမ်းအနားပြီးကြောင်း တက်ရောက်သူ သံဃာပျိုတစ်ပါး က ပြောကြားသည်။
အလားတူ နိုဝင်ဘာ(၁၅)ရက်နေ့ နေ့လည်(၁)နာရီမှ (၁း၃၀)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့ ရွှေအင်းတောင်စေတီ ရင်ပြင်ပေါ်တွင် သံဃာတော်အပါး(၃၀)ခန့် နှင့်လူအင်အား(၁၅)ဦးခန့်တို့သည်လည်း OIC အလိုမရှိ၊ OIC အားကန့်ကွက်ကြသည် စသည့်ဆုတောင်းပွဲပြုလုပ်ပြီး ရွှေအင်းတောင်စေတီအားတစ်ပတ် ပါတ်၍ ဆုတောင်းကြကြောင်း တောင်တွင်းကြီး မှ ဦးလှဖုန်းဦး က ပြောကြားသည်။
(ဖောင့်မရ၍ သတ်ပုံမှားခြင်းသီးခံပါ)
ဝင်ဘာ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ပခုက္ကူမြို့ အမှတ်(၁)ပေါင်းလောင်းရပ်ကွက် ဖောင်တော် ဦးဘုရားဝန်းအတွင်း သံဃာတော်အပါး(၃၀၀)ခန့့် နှင့် ဒကာတော်များ OIC အားကန့်ကွက်ဆန္ဒပြပွဲကို သုံးနေ ရာမှာခွဲ၍ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါ OIC အားကန့်ကွက်ဆန္ဒပြပွဲကို ရဟန်ရှင်လူများသည် ဗိုလ်ချုပ်လမ်းမအတိုင်းချီတက်လာပြီး (OIC ထွက်သွား ပြတ်ပြတ်သားသားကန့်ကွက် ဆန့်ကျင်ကြ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ ပေါ်ပေါ်ထင်ထင်တားဆီးကြ ပါစို့- ပခုက္ကူသံဃာတော်များအဖွဲ့) (OIC အလိုမရှိ၊ OIC ထွက်သွား၊ OIC လက်ခံထားမှုဖျက်သိမ်းပေး၊ ဘာသာအရေး သွေးမအေးနဲ့ အရေးကြီးက သွေးနီးကြဟေ့၊) (ပခုက္ကူသံဃာတော်များ၏ ဆန္ဒ STOP ALL WAY ဗုဒ္ဒဘာသာလူမျိုး နိုင်ငံကာကွယ်စောင့်ရှောင့်ကြ၊ WE DON’T WANT OIC. အစ္စလန်ပူပေါင်းရေးအဖွဲ့အလိုမရှိ၊ ပခုက္ကူသံဃာတော်များ)။ STOP OIC မြန်မာနိုင်ငံတွင် OIC အလံမစိုက်မခံနိုင်ပါ။)(ခိုးဝင်ဘင်္ဂါလီသည် တိုင်းရင်း သားမဟုတ်- မြန်မာပြည်တွင်းအရေးကို ပြည်ပနိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခွင့်မပြု- မြန်မာပြည်အတွင်း OIC ရုံးစိုက်ခွင့်မပြု၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းလိုက်နာပါ- ခိုးဝင်ဘဂ်ါလီများကို အစ္စလန်နိုင်ငံများသို့ ခေါ်သွားကြ၊ OIC ကို အလိုမရှိ၊ ပခုက္ကူသံဃာတော်များ) စသည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်လာကြပြီး ဖောင်တော်ဦးဘုရားဝန်းအတွင်းမှာ စုဝေးကြသည်။
OIC အရေးလက်မနှေးကြရေး ဆန္ဒဖော်ထုတ်မှု အခမ်းအနားပြုလုပ်ကြသည်။ ဆရာတော်ဦးဥတ္တရ မှ စတင်သြ၀ါဒမိန့်ကြားခြင်း၊ ပခုက္ကူဆရာတော်များ၏ ကြေငြာချက်အား ဆရာတော်ဦးဇ၀န က ဖတ်ကြားခြင်း၊ ပခုက္ကူကြွေးကြော်သံများကို ဆရာတော်ဦးကောသလ္လ က ဖတ်ကြားကြောင်း၊ တက်ရောက်လာ သောရဟန်း ရှင်လူများမှ သံပြိုင်ရွတ်ဆိုကြကြောင်း၊ ဗုဒ္ဒသာသနာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တန့်အောင် (ဗုဒ္ဒသာသနံ စိရံတိဌတု) သုံးကြိမ်ရွတ်ဆိုပြီး ညနေ(၆)နာရီခန့်တွင် အခမ်းအနားပြီးကြောင်း တက်ရောက်သူ သံဃာပျိုတစ်ပါး က ပြောကြားသည်။
အလားတူ နိုဝင်ဘာ(၁၅)ရက်နေ့ နေ့လည်(၁)နာရီမှ (၁း၃၀)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့ ရွှေအင်းတောင်စေတီ ရင်ပြင်ပေါ်တွင် သံဃာတော်အပါး(၃၀)ခန့် နှင့်လူအင်အား(၁၅)ဦးခန့်တို့သည်လည်း OIC အလိုမရှိ၊ OIC အားကန့်ကွက်ကြသည် စသည့်ဆုတောင်းပွဲပြုလုပ်ပြီး ရွှေအင်းတောင်စေတီအားတစ်ပတ် ပါတ်၍ ဆုတောင်းကြကြောင်း တောင်တွင်းကြီး မှ ဦးလှဖုန်းဦး က ပြောကြားသည်။
(ဖောင့်မရ၍ သတ်ပုံမှားခြင်းသီးခံပါ)
``ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ဥရောပနိုင်ငံခြားသားများ မကွေးမြို့သို့ရောက်လာ´´
``ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆိုင်ခန်းမြေနေရာငှါးခများ အဆမတန်ဈေးတက်၍ မကွေးမြို့ရှိ ဆိုင်ခန်းပိုင်ရှင် (၂၅)ဦးမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အသနားခံစာတင်´´
ဖြစ်စဉ်မှာ အဆိုပါဆိုင်ခန်း(၃၇)ခန်းအား ဆိုင်ခန်းတစ်ခန်းလျှင်(အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ကို မြေငှါးရမ်းခ လစဉ်/တစ်လ(၃၀၀၀ိ)သုံးထောင်ကျပ်ဖြင့် တိုက်ခန်းတစ်ခန်းတန်းဘိုးငွေကျပ် ၁၄၅၀၀၀၀ိ/(တစ်ဆယ်လေးသိန်းငါး သောင်းခွဲ)ကျော်ခန့်ပေးချေခဲ့ရပြီး ဆိုင်ခန်းအဆောက်အဦးအား အပိုင်ဖြစ်ကြောင်း၊ ၂၀၀၃၊ ဇန်န၀ါရီလ(၁)ရက်နေ့မှစ၍ ဦးကျော်သောင်း ဥက္ကဋ္ဌ ၀န်ထမ်းသက်သာချောင်ချိရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မကွေးမြို့ နှင့်ဆိုင်ခန်းရယူထားသူများ အသီးသီးတို့ထံစာချုပ်ပြီးအပ်နှံခဲ့ကြောင်း၊ သတ်မှတ်ပေးခဲ့သောဈေးနှုန်းအတိုင်း တစ်ခန်း(၃၀၀၀ိ) ဖြင့်မြေငှါးရမ်းခ များကို၂၀၁၃၊ စက်တင်ဘာလကုန်အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

မြေငှါးခ တစ်လ(၃၀၀၀ိ)အစား(၂၀၀၀၀ိ)ကျပ်သို့ ဈေးနှုန်းတက် လိုက်၍ လခများကို(၃)လတစ်ကြိမ်ပေးသွင်းရမည်ဖြစ်ကြောင်း ဆိုင်ခန်းရှင်များထံ အကြောင်းကြားစာပို့ထား ကြောင်း သိရှိရသည်။ အဆိုပါကိစ္စအား မကြေနပ်ကြသောဆိုင်ခန်းပိုင်ရှင်(၂၅)ဦး၏ကိုယ်စား ကိုဇော်လွင်ဦးမှ ရင်ဖွင့်ပြောပြသည်။
Subscribe to:
Comments (Atom)
