ကံမ ဇွန်
၁၇
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် ဆည်ကျေးရွာအနီးရှိ
ချောင်းသုံးခွတမံသည် ဘက်စုံပြုပြင်မှု (၁၀၀%) ပြီးစီးနေပြီဖြစ်၍ ယခုနှစ်မိုးတွင်းကာလ
မိုးစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေပေးဝေနိုင် တော့မည်ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ
နှင့် တာဝန်ရှိသူများသည် အဆိုပါတမံသို့ ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ရောက်ရှိ ကြည့်ရှုစစ်ဆေး၍
တမံအတွင်းချောင်းရေ သိုလှောင်နိုင်မှုအခြေအနေနှင့် တမံ ရေပိုလွှဲပေါက် ပြုပြင်ပြီးစီးမှုအခြေအနေတို့ကိုကြည့်ရှုစစ်ဆေး၍
တာဝန်ရှိသူများအား ရေပေးမြောင်းမကြီးများ ရေရှည်ကြံ့ခိုင်ကောင်းမွန်ရေး နှင့် စိုက်ပျိုးရေပြည့်ဝစွာ
ပေးဝေနိုင်ရေးတို့ကိုဆောင်ရွက်သွားရန် မှာကြား လမ်းညွှန်ခဲ့သည်။
အဆိုပါတမံသည် ရေသိုလှောင်နိုင်မှု(၁၆၀)ဧကပေ
ရှိပြီး၊ အကျိုးပြုဧက (၄၃၈)ဧကအား စိုက်ပျိုးရေ ပြည်ဝ စွာပေးဝေနိုင်မည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်းဦး
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia


0 comments:
Post a Comment