မကွေး၊ အောက်တိုဘာ ၁၁ ။
မကွေးမြို့၊ အထက ၁ လမ်း၊ အဆင့်မြင့်မြို့တော်ခမ်းမ၌ အောက်တိုဘာ
၁၁ ရက်၊ နံနက် ၉ နာရီအချိန်ခန့်၊ မကွေးတိုင်းဒေသကြီး(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်လှစ်ကြောင်း မြေလတ်မီဒီယာက သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊
တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသူ ကျောင်းသားများ နှင့် ပြိုင်ပွဲဝင်အဖွဲ့ဝင်များ
(၈၀၀)ဦးခန့်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်ဖျော်ဖြေတင်ဆက်မှုများတွင်
ပညာရေးကောလိပ်(မကွေး) ကျောင်းသူ၊ကျောင်းသားများ၏ `ရှေ့သို့လှမ်းချီ မြေလပ်ဌာနေ´အကနှင့်
သွေးချင်း တို့ဌာနေ မြန်မာပြည် အက၊ မကွေး အထက(၁) ကျောင်းသူလေးများ၏`ပျူအက´၊ ငဖဲမြို့နယ်၊
အရှိုချင်း တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ `၀ါးညှပ်အက´၊ မကွေးတက္ကသိုလ် ကျောင်းသား၊
ကျောင်းသူများ၏ `ပန်းကောက်တေး´တေး သရုပ်ဖော်အက၊ ကျောင်းပေါင်းစုံမှ `ရွှေနိုင်ငံကကြိုနေမယ်´အက၊
အခြေခံကျန်းမာရေး တက္ကသိုလ် မှ`တောဓလေ့ အနုပညာ´အက၊ မကွေးတက္က သိုလ်မှ ရခိုင်ရိုးရာအက၊
ဆေးတက္ကသိုလ်မှ ရှမ်းရိုးရာ ဓါးသိုင်းအက နှင့် ကိန္နရီ၊ကိန္နရာ အက များကို အသီးသီးဖျော်ဖြေကြသည်။
ထို့နောက် တိုင်းရင်းသားရိုးရာ အကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့သူများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ချီးမြှင့်၍ ပထမအခမ်းအနားပြီး ကြောင်း၊ ဒုတိယ အခမ်းအနားအစီအစဉ်မှာ မကွေးတိုင်းဒေသကြီး(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်း
သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဆက်လက်ကျင်းပကြောင်း
မြေလတ်မီဒီယာ က သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
0 comments:
Post a Comment