မကွေး၊ အောက်တိုဘာ ၂၇ ။
ပြီးခဲ့သော စက်တင်ဘာ၂၅
ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်မှ ဘရုံသစ်တောကြိုးဝိုင်းအတွင်းမှ ကျေးရွာ ပေါင်း(၁၁)ရွာရှိ၊တောင်သူ
ငါးထောင်ခန့်ဖြင့် မကွေးတိုင်းဒေသကြီးသစ်တော်ဦးစီးဌာနရုံးနှင့် မြို့ပေါ်သို့ ဆန္ဒ ပြခဲ့သော
တောင်သူအဖွဲ့ ခေါင်ဆောင် ကိုတင်ထွန်းအောင် ကို ၂၀၁၄၊ အောက်တိုဘာ ၂၇ ရက်၊ နေ့လည်၂း၃၀
နာရီအချိန်ခန့်တွင် မကွေး နယ်မြေရဲစခန်းမှ မကွေးမြို့နယ်တရားသို့ ပုဒ်မ(၁၉)ဖြင့် ရုံးတင်၍
တရားစွဲဆိုကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
`` ကျွန်တော်တို့ စက်တင်ဘာ
၂၅ ရက်နေ့က မကွေးမြို့ပေါ်ဆန္ဒပြပွဲအပြီးမှာ ဘရုံသစ်တောကြိုးဝိုင်းအတွင်းမှ လယ်ဧက လေးထောင်ကျော်ကို
ပုံစံ(၇)အတွက် ဆင်ပေါင်ဝဲမြို့နယ်မြေစာရင်းဌာနက ပုံစံ(၁)တွေစာရင်း လာ ကောက်ယူသွားပါတယ်။´´ဟု
မကွေးမြို့နယ်တရားရုံးရှေ့တွင် အောက်တိုဘာ ၂၇ ရက်နေ့က ကိုတင်ထွန်း အောင်မှ မြေလတ်မီဒီယာ
ကိုပြောသည်။
၎င်းမှဆက်လက်၍ ကျွန်တော်တို့တောင်းဆိုထားတဲ့ ပုံစံ ၇ ထုတ်ပေးဖို့
ဧက နှစ်သောင်း ကျော်ကျန်ရှိနေ သေးကြောင်း၊ ဘရုံသစ်တောကြိုးဝိုင်းပယ်ဖျက်ပေးရေး၊ ဓားမဦးချလယ်ယာမြေများ
ပုံစံ ၇ အမြန်ထုတ်ပေးရေး စသည့်တောင်းဆိုချက်များကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း၊
ကျွန်တော်တို့ တောင်းဆိုချက်တွေ မရရင် တောင်သူတွေစုပေါင်းပြီး နေပြည်တော် အထိ (၇)ရက်ခန့်
တက်ရောက်ပြီး ဆန္ဒထုတ်ဖော်သွား မည်ဖြစ် ကြောင်း၊ တရားရင်ဆိုင်ဖို့ ကုန်ကျစရိတ် ကိုလည်းတောင်သူတွေစုပေါင်းကျခံမည်ဖြစ်ကြောင်း၊
ယခုလည်း ကျွန်တော့်ကိစ္စအတွက် တောင်သူ၂၀ဦးတို့က လိုက်ပါလာကြောင်း၊ကိုတင်ထွန်းအောင်က
ပြောသည်။
၎င်းအမှုအား မကွေးမြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၃၃၉၁/၂၀၀၄ ဖြင့်လက်ခံ၍ ၂၀၁၄၊ နိုဝင်ဘာ(၃)ရက်နေ့တွင် စစ်ဆေးရန် ရုံးချိန်းရက် သတ်မှတ်ကြောင်း မြို့နယ်တရားရုံးမှ သတင်းရရှိသည်။
၎င်းအမှုအား မကွေးမြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၃၃၉၁/၂၀၀၄ ဖြင့်လက်ခံ၍ ၂၀၁၄၊ နိုဝင်ဘာ(၃)ရက်နေ့တွင် စစ်ဆေးရန် ရုံးချိန်းရက် သတ်မှတ်ကြောင်း မြို့နယ်တရားရုံးမှ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
0 comments:
Post a Comment