မကွေးမြို့နယ် NLD ပါတီဝင်များနှင့် မကွေးမြို့နယ်စည်ပင်သာယာဝန်ထမ်းများ စုပေါင်းအမှိုက်ရှင်းလင်း



၂၀၁၅၊ ဒီဇင်ဘာ ၂၆ ရက်၊ နံနက် ၆း၃၀ နာရီမှ နံနက်၁၀း၃၀ နာရီအချိန်ခန့်အထိ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ အမှတ် ၂ မူလွန်ကျောင်းအရှေ့ဘက်လမ်းတစ်လျှောက်မှာ မကွေးမြို့နယ် NLD ပါတီဝင် များနှင့် မကွေးမြို့နယ်စည်ပင်သာယာဝန်ထမ်းများပူးပေါင်း၍ အင်အား(၁၅၀)ကျော်ခန့်ဖြင့် စုပေါင်းအမှိုက်ရှင်းလင်း ကြောင်း သတင်းရရှိသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ၏ လမ်းညွှန်မူအရ စနေနေ့တိုင်း ပါတီဝင်များနှင့် လွှတ်တော်ကိုယ် စားလှယ်များစုပေါင်း အမှိုက်ရှင်းကြောင်း၊ မကွေးမြို့တွင်းမှာ ယနေ့အထိ (၄)ကြိမ်ရှင်းလင်းခဲ့ကြောင်း၊ ပါတီဝင် အင်အား ၁၀၀ ဦးခန့်ပါဝင်လုပ်ကိုင်ကြောင်း၊ လာမည့် ၂၀၁၆ ၊စနေနေ့ နံနက်တိုင်း ဆက်လက် အမှိုက်ရှင်း သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဦးကျော်ဌေးနှင့် ဒေါ်ခင်ချိုလတ် တို့ကပြော သည်။

          အဆိုပါအမှိုက်ရှင်းလင်းရာသို့ မကွေးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးထင်အောင် နှင့် ၀န်ထမ်းအင်အား ၅၀ ကျော်၊ အမှိုက်သိမ်းယဉ် ၂ စီးဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်း မြေလတ်ဂျာနယ်မှ သတင်း ရရှိသည်။ အယ်ဒီတာအဖွဲ့
 

0 comments: