မကွေးမြို့တွင် မီဒီယာသမားများအတွက် မြေလတ်မီဒီယာစင်တာဖွင့်လှစ်

မကွေးမြို့တွင် မီဒီယာသမားများအတွက် မြေလတ်မီဒီယာစင်တာဖွင့်လှစ်

ဇန်န၀ါရီ ၆ ရက်က ဖွင့်လှစ်ခဲ့သော မြေလတ်မီဒီယာစင်တာကို တွေ့ရစဉ် (ဓာတ်ပုံ − မိုးကျော်)
မီဒီယာသမားနှင့် သတင်းထောက်များသို့ သတင်းအချက် အလက်ဝေမျှပေးရန်နှင့် သတင်း စာရှင်းလင်းပွဲများ အခမဲ့ကူညီပေး နိုင်ရန် မြေလတ်မီဒီယာစင်တာကို ဇန်န၀ါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။
မကွေးမြို့ ဗိုလ်ချုပ်လမ်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဆိုင်ခန်းတန်း ဆိုင်ခန်း အမှတ် (၂) တွင် မြေလတ်ဂျာ နယ်အယ်ဒီတာချုပ် ဦးဝင်းကြည် က မီဒီယာများအတွက် အဆိုပါ စင်တာကို ဖွင့်လှစ်ခဲ့သည်။
‘‘ဒီမီဒီယာစင်တာကို ဖွင့်တာ က မြေလတ်ဂျာနယ်နဲ့ ဆိုင်သလို မြေလတ်ဂျာနယ်ရဲ့ အောက်မှာရှိ နေတာ မဟုတ်ပါဘူး။ မကွေးမြို့ ပေါ်မှာရှိတဲ့ သတင်းထောက်တွေ အတွက်ရော မြန်မာနိုင်ငံမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က သတင်း ထောက်တွေအတွက်ပါ မကွေးမြို့ပေါ်မှာ မီဒီယာကိစ္စတွေလုပ်ကြ တဲ့အခါ တတ်နိုင်တဲ့ဘက်က အကူအညီပေးနိုင်အောင်လို့ပါ’’ဟု ဦးဝင်းကြည်က ပြောသည်။
အဆိုပါမီဒီယာစင်တာတွင် သတင်းသမားများလိုအပ်သည့် အချက်အလက်များစုစည်းပေး နိုင်ရန်၊ ပြည်သူလူထုကောင်းကျိုး အတွက် အခမဲ့ သတင်းစာရှင်း လင်းပွဲများပြုလုပ်ပေးရန်နှင့် သ တင်းနှင့် ပတ်သက်သည့်ကိစ္စများ တိုင်ပင် ညှိနှိုင်းဆွေးနွေးနိုင်ရန်တို့ ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီလိုမီဒီယာစင်တာဆိုတာ မကွေးမှာရှိသင့်တာကြာပါပြီ။ မကွေးမှာ သတင်းထောက်တွေ လည်း များလာပြီ။ ဒါပေမဲ့ မကွေး သတင်းထောက်တွေရဲ့ သတင်း စာတိုက်တွေက မကွေးမြို့မှာရှိမ နေဘူး။ သတင်းထောက်တွေမှာ ရုံးရယ်လို့မရှိတော့ တွေ့ရာလက် ဖက်ရည်ဆိုင်တို့ ဒါမှမဟုတ် အိမ် တို့မှာ လုပ်ကြရတယ်။ ခုလိုစင် တာရှိတော့ နားခိုရာလည်း ရှိလာ မယ်။ သတင်းထောက်နောက်မျိုး ဆက်တွေအတွက်လည်း လေ့လာ လို့ရတာပေါ့။ အများကြီးဝမ်းသာ ပါတယ်’’ဟု မကွေးတိုင်းအခြေ စိုက် မြန်မာတိုင်း(မ်) သတင်း ထောက်နေအောင်က ပြောသည်။ယင်းမြေလတ်မီဒီယာ စင် တာကို မြေလတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းကြည်က အကုန်အကျခံ၍ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: