``မကွေးမြို့၊ ကံသာရပ်ကွက်၊ သစ္စာလမ်း၊ ရွှေမြိုင်အမျိုးသမီးဆောင်ရှေ့၊ ညအချိန်တွင် ဂီတာတီးနေသူအုပ်စုအား အမည်မသိလူငယ်(၇)ဦးမှ ဓားနှင့်ထိုး၍ ရိုက်နှက်ပြီး ထွက်ပြေးမှုဖြစ်ပွား´´



သြဂုတ် ၂၆၊ မကွေး ။
          မကွေးမြို့၊ သြဂုတ် ၂၅ ရက် ည(၁၀း၃၀)နာရီအချိန်ခန့်တွင် မောင်ဝေယံစိုး(၁၈)နှစ်၊ ဒုတိယနှစ် ဆေး ကျောင်းသား(ဘ) ဦးစောလွင်၊ ဇီဝကဘော်ဒါဆောင်၊ ၁၃ လမ်း၊ ကန်သာရပ်ကွက်၊ မကွေးမြို့ မှ တရားလို ပြုလုပ်၍ မကွေးမြို့မရဲစခန်းသို့ (ပ)၁၅၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅/၄၂၇/၃၇၉/၁၁၄  တို့ဖြင့် တရားခံများ ဖြစ်ကြသော အမည်မသိလူငယ်(၇)ဦးတို့က မောင်ဝေယံစိုးပါ လူငယ်ကျောင်းသား(၆)ဦးအား ဓားနှင့်ထိုး၍ ရိုက်နှက်ပြီး အုပ်စုလိုက် ထွက်ပြေးသွားကြောင်း အမှုဖွင့်တိုင်ကြားသည်ကို မဇ္ဈိမ က သြဂုတ်၂၆ ရက် နံနက်ပိုင်း တွင် မကွေးမြို့မရဲစခန်း၏ ရဲမှတ်တမ်းအရ အတည်ပြု သတင်းရရှိသည်။

          အမှုဖြစ်စဉ်မှာ ဇီဝက ဆေးကျောင်းသားဘော်ဒါဆောင်နေသူများဖြစ်ကြသော မောင်ဝေယံစိုး(၁၈)နှစ်၊ မောင်မြတ်ထွေးကို (၁၉)နှစ်၊  မောင်ဝေလင်းမျိုး(၁၈)နှစ်၊ မောင်သော်ဒီဦး(၁၉)နှစ်၊ မောင်ကျော်ထက်ဝေ(၁၉) နှစ် နှင့် နေလ ဘော်ဒါဆောင်နေသူ မောင်ထွန်းမင်းသန့်(၂၁)နှစ် တို့ ခြောက်ဦးသည် မကွေးမြို့၊ကန်သာရပ်ကွက်၊ သစ္စာလမ်းအရှေ့ဘက်ရှိ ရွှေမြိုင် အမျိုးသမီးဘော်ဒါဆောင် ရှေ့၌ သြဂုတ် ၂၄၊ ည ၁၁နာရီကျော်ခန့်အချိန်မှာ ဂီတာတီးနေကြစဉ်၊ အမည်မသိ လူငယ်(၇)ဦးတို့ ဆိုင်ကယ်များဖြင့်ရောက်လာကြောင်း၊ ၎င်းတို့မှ ဆိုင်ကယ်ပေါ်မှ ဆင်းလာကြပြီး တစ်ယောက်က ``ငါတို့သူငယ်ချင်းတွေ ဂီတာတီးတဲ့နေရာကို မင်းတို့က ဘာလို့လာတီးတာလဲ´´ ဟု ပြောဆို၍ မောင်ဝေလင်းမျိုးအား တုတ်ဖြင့်ရိုက်ရာ ယာဘက်လက်ပျင်တွင် တစ်ချက်ရိုက်မိကြောင်း၊ ထိုစဉ် ဝေလင်းစိုးအား အမည်မသိလူငယ် နှစ်ဦးမှ တုတ်ဖြင့်ရိုက်ရာ လက်ဖြင့်ကာလိုက်၍ ယာဘက်လက်ညှိးနှင့် ၀ဲဘက် လက်သူကြွယ်ဖူးယောင်၊ လည်ဂုတ်တွင်လည်း  ဖူးယောင်ဒဏ်ရာနှင့် ယာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာရပြီး လဲကျသွားစဉ် ဝေယံစိုး၏နောက်ကြော ယာဘက်လက်ပျင်အား ဓားဖြင့်ထိုး၍ ၎င်းနေရာ၌ ဓားထိုးရာ(၂)ချက် (မစိုးရိမ်ရ)၊ ရရှိခဲ့ကြောင်း၊ ၎င်းအခင်းဖြစ်နေစဉ်အချိန်၌ ဆိုင်ကယ်များ၊ သော်ဒီဝေ၏ဆိုင်ကယ် ၃၉ဃ/ ၇၉၆၁၂(Honda Clack) နက်/၀ါ ဆိုင်ကယ်(တစ်သိန်းဘိုးခန့်ပျက်စီး)၊ ကိုကျော်ထက်ဝေ၏ ဆိုင်ကယ် ၃၈ယ/၄၆၂၈၆ (Honda.110) အဖြူရောင်ဆိုင်ကယ်(ငါးသောင်းဘိုးခန့်ပျက်စီး)၊ ကိုမြတ်ထွေးကို၏ဆိုင်ကယ် ၃၄ယ/၉၂၈၀၅(DAYANG 125)အဖြူရောင်ဆိုင်ကယ်(နှစ်သောင်းခန့်ပျက်စီး)တို့အား  အမည်မသိလူငယ်(၇)ဦးက ဖျက်စီးသွားပြီး၊ ကိုဝေလင်းမျိုး၏ဟန်းဖုန်းတစ်လုံးနှင့် ကိုသော်ဒီဦး၏ဂီတာတစ်လုံး တို့အားလည်း ခိုးယူသွား၍ ၎င်းတို့၏ ဆိုင်ကယ်များဖြင့် ထွက်ပြေး သွားကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

          ၎င်းအမှုကို သြဂုတ် ၂၅၊ ည (၆)နာရီအချိန်ခန့်တွင်   မောင်သော်ဒီဦး၊ တတိယဆေးကျောင်းသား၊ ဇီဝက ဘော်ဒါဆောင် နှင့် သူ၏မိခင် ဒေါ်သန်းဌေးအောင်(၄၆)နှစ်၊ စလေမြို့ တို့မှ မကွေးမြို့မရဲစခန်းသို့ သွား ရောက်ပြီး ဆေးကျောင်းသားတစ်ဦး ဓားထိုး၊အရိုက်ခံရသဖြင့် တိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရကြောင်း တာဝန်မှူး ဒုရဲအုပ် အောင်မိုး နှင့် မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးထွေးကို တို့ထံ သတင်းပို့ခဲ့ကြောင်း၊ ၎င်းအမှုကို တရားလို အဖြစ် ကိုဝေယံစိုး က အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ်အောင်မိုး လက်ခံပြီး တရားခံ(၇)ဦးအား ဖမ်းဆီးရရှိရေး ဆောင်ရွက်နေကြောင်း ဇီဝကဘော်ဒါဆောင်မှ အမည်မဖော်လိုသူ ဆေးကျောင်းသားတစ်ဦး က မဇ္ဈိမ ကို သြဂုတ် ၂၆ ရက်နေ့တွင် ပြောသည်။ 


မှတ်ချက်။ ။ ၎င်းမှုခင်းသတင်းအား မဇ္ဈိမ သတင်းစာ သြဂုတ် ၂၇ ရက်နေ့တွင် ဖော်ပြပြီး။ 


ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
READMORE
 

``ကိုးရီးယားနိုင်ငံ(Daedong Industrial Co,Ltd) မှ မကွေးမြို့နယ်တောင်သူများသို့ လယ်ထွန်းစက်များနှင့် စပါးရိတ်သိမ်းခြွေလှေ့စက်များကို စွမ်းရည်ပြ၍ အရစ်ကျစနစ်ရောင်းချမည်´´



မကွေး၊ စက်တင်ဘာ ၂၊
        
  မကွေးမြို့နယ်၊ ဘုရားပြို(မြောက်ရွာ)၊ မူလမြသလွန်လမ်းဘေးရှိ တောင်သူကြီး ဦးကျော်ဆင့် ၏ ယာခင်း ထဲတွင် စက်တင်ဘာ(၁)ရက်နေ့ နံနက် ၉ နာရီမှ ညနေ(၃)နာရီအချိန်အထိ၊ တောင်သူ ရှစ်ရာဦးအား ဖိတ်ကြား၍ ကိုးရီးယားနိုင်ငံ(Daedong Industrial Co,Ltd) မှ ထုတ်လုပ်သော လယ်ထွန်စက်(၆)စီး၊ လက်တွန်းလယ်ထွန် စက်(၁)စီး နှင့် စပါးရိတ်သိမ်းခြွေလှေ့စက်(၁)စီးတို့ကို ဒါရိုက်တာ ကိုးရီးယားနိုင်ငံသား Mr.Kyoung Kyu ပါ ၀န်ဆောင်မှုမန်နေဂျာနှင့် ကိုးရီးယားနိုင်ငံသား ငါးဦးသည် လက်တွေ့စက်များကိုမောင်းနှင်အသုံးပြုစွမ်းရည်ပြ၍ စက်၏တန်ဘိုးငွေများကို ပထမအရစ် ၁၅ ရာခိုင်နှုန်းပေး ခြေပြီး တစ်နှစ်ပြည့်လျှင် ကျန်သောငွေ ၈၅ ရာခိုင် နှုန်းအား စက်အလိုက်(၂)နှစ်မှ(၆)နှစ်ကာလအတွင်း ခြောက်လ တစ်ကြိမ် အရစ်ကျငွေသွင်းစနစ်ဖြင့် ပေးသွင်း ရောင်းချမည်ဖြစ်ကြောင်း၊ ၎င်းစက်များဝယ်ယူရန် သမ၀ါယမ အသင်းသားတောင်သူ (၂၇၀)ဦးတို့မှ ၀ယ်ယူ ရန်ကြိုတင်စာရင်းပေးထားကြောင်း၊ ဦးချိုထွန်း (ရုံးအုပ်၊ မကွေးတိုင်း သမ၀ါမရုံး) က စက်တင်ဘာ ၂ ရက်နေ့တွင် မြေလတ်မီဒီယာ သို့လာ ရောက်ပြောကြားသည်။

``စက်အမျိုးအစားတွေက `ဒေဒေါင်း´ ဒီဇယ်အင်ဂျင်တွေပါ၊ လက်တွန်းလယ်ထွန်စက်က ၃၉သိန်းကျော်ခန့်၊ ခြွေလှေ့စက်တွေက သိန်း၂၈၀ကျော်နဲ့ သိန်း၃၀၀ကျော် နှစ်မျိုးရှိပါတယ်၊ လယ်ထွန်စက်ကြီးတွေကလဲ သိန်း၁၅၀ ကျော် မှ အထက်အစားစားရှိပါတယ်၊ စက်စတင်ဝယ်ယူတာနဲ့ စက်တန်ဘိုးရဲ့ ၁၅ ရာခိုင်နှုန်းငွေပေးချေပြီး  တစ်နှစ်ပြည့်မှ စက်ပစ္စည်း အလိုက် နှစ်နှစ်ကနေ ခြောက်နှစ်ကာလအထိ ခြောက်လတစ်ကြိမ် ငွေပေးသွင်းသွားရ မှာဖြစ်ပါတယ်၊ ယခုစက်တွေ ကို မကွေးတိုင်းသမ၀ါယမအသင်းဝင်တောင်သူများကိုသာ ရောင်းချပေးမှာဖြစ်ပါ တယ်။ ´´ဟု သမ၀ါယမဌာန စက်အရောင်း တာဝန်ခံ တစ်ဦးမှ မြေလတ်မီဒီယာ ကိုပြောသည်။

          အဆိုပါလယ်ထွန်စက်များနှင့် စပါးရိတ်သိမ်းခြွေလှေ့စက်များကို လက်တွေ့စွမ်းရည်ပြပွဲသို့ သမ၀ါယမ ၀န်ကြီးဌာန၊ သမ၀ါယမကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ၊ မကွေးတိုင်းဒေသကြီး သမ၀ါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အောင် နှင့် ကိုးရီးယားနိုင်ငံ(Daedong Industrial Co,Ltd) မှ ဒါရိုက်တာ Mr.Kyoung Kyu ပါ ကိုးရီးယားနိုင်ငံသား ငါးဦးတို့တက်ရောက်ကြောင်း၊ ၎င်းတို့ရောင်းချသော စက်များအား ကြွမ်းကျင်စွာ မောင်းနှင် အသုံးပြုနိုင်ရေးအတွက် သမ၀ါယမအသင်းဝင်တောင်သူလယ်သမားထဲမှ (၁၈)ဦးအား ရွေးချယ်ပြီး ကိုးရီးယာနိုင်ငံသို့ပို့ဆောင်၍ သင်တန်းများပေးသွားမည်ဖြစ်ကြောင်း ကိုးရီးယားနိုင်ငံ (Daedong Industrial Co,Ltd) မှ ဒါရိုက်တာ Mr.Kyoung Kyu က ၎င်းပွဲတွင်ပြောကြားကြောင်း၊ သင်တန်းသားများကို မည်ကဲ့သို့ ရွေးချယ်၍ ဘယ်အချိန်ကာလတွင်  စတင်မည်ကို အသေးစိတ်ပြောဆိုခြင်း မရှိကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
READMORE
 

``မြေလတ်ဒေသတောင်သူလယ်သမားတွေ့ဆုံပွဲ၏ သတင်းစာရှင်းလင်းပွဲ မှ သဘောထားထုတ်ပြန်´´



မကွေး၊ စက်တင်ဘာ ၁ ။



မြေလတ်ဒေသတောင်သူလယ်သမားတွေ့ဆုံပွဲ၏ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၃၁ ရက်၊ ညနေ ၅း၃၀ မှ ၆း၃၀ အချိန်ခန့်အထိ မကွေးမြို့၊ တောင်တွင်းကြီးလမ်းရှိ သံဃာရာမ ကျောင်းတိုက်တွင် မကွေးတိုင်း တောင်သူလယ်သမားသမဂ္ဂ(မြေလတ်ဒေသ)မှ ကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါအခမ်းအနားကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ငါးခရိုင်မှ မြို့နယ်ပေါင်း ၂၆ မြို့နယ် ကိုယ် စားလှယ်များ တစ်မြို့နယ်လျှင် နှစ်ဦးနှုန်းဖြင့် ကိုယ်စားလှယ်ငါးဆယ့်နှစ်ဦးတို့သည်၊ သြဂုတ် ၃၀/၃၁ နှစ်ရက် မြေလတ်ဒေသတောင်သူလယ်သမားတွေ့ဆုံပွဲ၏ အနှစ်ချုပ်အား ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၃၀ ရက်နေ့ တွင် လယ်ယာမြေများဥပဒေပညာရှင် ဦးဝင်းမျိုးသူ(သမ္မတအကြံပေး)၊ ပြည်သူ့လွှတ်တော်စီမံခန့်ခွဲရေး ကော်မတီ ၀င်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်(ပွင်ဖြူမြို့နယ်) ဒေါက်တာအောင်မိုးညို နှင့် လယ်ယာမြေဥပဒေ သင်တန်း နည်းပြဆရာ ဦးအောင်အောင်ကျော်( မြစ်ကွေ့ဧရာလူမှုကွန်ယက်) တို့၏ ပြောကြာချက်များကို တက်ရောက်လာ သော တောင်သူလယ်သမားကိုယ်စားလှယ်များမှ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း၊ သြဂုတ် ၃၁ ရက်နေ့တွင် လယ် ယာမြေများနှင့် အခြားမြေများသိမ်းဆည်းမှု စစ်ဆေးရေးကော်မတီဝင် မကွေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်သိန်း ကျန်းမာရေးမကောင်း၍ ၎င်း၏ကိုယ်စား ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်း နှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဇော်မင်းတို့ မှ တောင်သူလယ်သမားကိုယ်စားလှယ်များ၏ လက်ငင်းကြုံတွေ့နေရသော မြေယာ သိမ်းဆည်းခြင်း ပြဿနာ များကို ဒူးတိုက် အကျယ်တ၀င့် မေးမြန်းဆွေးနွေးကြကြောင်း၊ ၎င်း တို့မှ အဖြေများ ရှေ့လုပ်ငန်းစဉ်များ အား သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပေးကြောင်း မြေလတ်ဒေသတောင်သူလယ်သမားသမဂ္ဂ မကွေးတိုင်း ဥက္ကဋ္ဌ ဦးစိုးနိုင် က ၎င်းပွဲတွင် ဖြေကြားသည်။ နှစ်ရက်အတွင်းဆွေးနွေးချက်များမှ ကြေညာစာတမ်းကို တောင်သူ လယ် သမားသမဂ္ဂကော်မတီဝင် ဦးမြင့်စိန်မှ ဖတ်ကြားသည်။


          လက်ရှိမျက်မောက်ခေတ်မြန်မာနိုင်ငံ၏ ပြဿနာ(၃)ရပ်ဖြစ်သော တိုင်းရင်းသားညီအကိုတို့၏ လက်နက် ကိုင်ပြဿနာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြဿနာ၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြဿနာတို့ကို ဖြေရှင်းနိုင်မှသာ မြန်မာနိုင်ငံသည် ငြိမ်းချမ်းသောဒီမိုကရေစီသို့ ရောက်ရှိနိုင်ပေလိမ့်မည်။ 


          ထို့ကြောင့် လက်ရှိတာဝန်ယူထားသောအစိုးရ၊ လွှတ်တော်တို့သည် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာ များနှင့် လယ်ယာမြေ ဥပဒေ ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်နိုင်ရန် အဆောတလျင် ဆောင်ရွက်ပေးရေး လေးနက်စွာတောင်းဆိုလိုက်ရပေသည်။ဟု ဦးမြင့်စိန်မှ ဖတ်ကြားသည်။


``အဓိက အနှစ်ချုပ်မှာ ကျွန်တော်တို့တောင်သူလယ်သမားတွေရဲ့ အခက်အခဲပြဿနာမှန်သမျှကို တောင်သူ လယ်သမားတွေအားလုံးက ယခုလိုစုစည်းပြီး ညီညီညွတ်ညွတ်နဲ့ ဥစ္စာရင်လို ဥစ္စာခဲဆိုသလို မိမိတို့ကိုယ်တိုင် ဥပဒေဘောင်အတွင်းက စည်းနဲ့ကမ်းနဲ့လက်တွဲဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားလိုပါတယ်။´´ဟု ဥက္ကဋ္ဌ ဦးစိုးနိုင် က ၎င်းပွဲတွင် ပြောကြား၍ သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ




READMORE
 

``မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မကွေးမြို့နယ်ရုံးတွင် မေထုန်မဲ့သားစပ်သင်တန်းဖွင့်၍ (၅)ရက်သင်တန်းပို့ချ´´



မကွေး၊ စက်တင်ဘာ ၁ ။
         
 ထုတ်လုပ်မှုစွမ်းရည်မြင့်မားသော နို့စားနွား၊ ခိုင်းနွား၊ အသားစားနွား၊ မျိုးကောင်း မျိုးသန့်များရရှိရေး အတွက်၊ မေထုန်မဲ့သားစပ်သင်တန်းကို မကွေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေကြီးအစည်း အဝေးခန်းမတွင် စက်တင်ဘာ ၁ ရက်၊ နံနက် ၉ နာရီအချိန်၌ ကျင်းပကြောင်း မြေလတ်မီဒီယာမှ သတင်း ရရှိသည်။


          အဆိုပါအခမ်းအနားတွင် ပထမဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာကျော်လွင် မှအဖွင့်အမှာ စကားပြောကြားကြောင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။

          အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အငြိမ်းစာ ဆရာကြီးများက သင်တန်းပို့ချ၍ ၀န်ထမ်းများနှင့် မြို့အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၄၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ၂၀၁၄၊ စက်တင်ဘာ(၁)ရက်နေ့မှ စက်တင်ဘာ(၅)ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ စာတွေ့၊ လက်တွေ့ ငါးရက်တိတိသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
READMORE