“မကွေးမြို့မှ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကျင်းပ


မကွေး၊ ဇန်န၀ါရီ ၄ ။


          မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ပြည်တော်သာလမ်း၊ မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ၂၀၁၅၊ ဇန်န၀ါရီ ၄ ရက် နံနက်(၄း၂၀)နာရီအချိန်တွင် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပ ကြောင်း၊ ထို့နောက် နံနက် (၇)နာရီအချိန်ခန့်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ သမ္မတ ဦးသိန်းစိန် မှ ပေးပို့သော  (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သ၀ဏ်လွှာ ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က သ၀ဏ်လွှာဖတ်ကြားကြောင်း၊ တပ်မ(၈၈)မှ စစ်ရေးပြဘင်ခရာတပ်ဖွဲ့မှ စစ်ကြောင်းဖြင့် ၀န်ကြီးချုပ် အား အလေးပြုအခမ်းအနားများ ကျင်းပကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မီးသတ်၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအဖွဲ့ စုစုပေါင်းအင်အား ၈၀၀ ဦးကျော်ခန့်တက်ရောက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

မြေလတ်မီဒီယာ
သတင်းစဉ် 
READMORE
 

(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား(ပခုက္ကူ)၌ပြုလုပ်


ပခုက္ကူ   -   ဇန်န၀ါရီ   -   ၎
          (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို၂၀၁၅ခုနှစ်၊ဇန်န၀ါရီ(၄)ရက်နံနက်(၄)နာရီ
(၂၀)မိနစ်အချိန်တွင်ပခုက္ကူမြို့၊လွတ်လပ်ရေးပန်းခြံ၌ကျင်းပသည်။

          အလံတင်အခမ်းအနားသို့ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေနှင့်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊မြို့နယ်
အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ၊သူနာပြု
၊မီးသတ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အင်အား(၂၀၀)ဦးခန့်
တက်ရောက်ကြသည်။

   ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားဂုဏ်ပြုတပ်ဖွဲ့မှလွှင့်တင်ကာ
အလေးပြုဆောင်ရွက်ကြကြောင်းသိရသည်။

 အောင်(မန်းတက္ကသိုလ်)
READMORE
 

(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့သ၀ဏ်လွှာဖတ်ကြားခြင်း(ပခုက္ကူ)၌ဆောင်ရွက်


ပခုက္ကူ   -   ဇန်န၀ါရီ   -   ၎
          ၂၀၁၅ခုနှစ်၊ဇန်န၀ါရီလ(၄)ရက်နေ့နံနက်(၇)နာရီတွင်(၆၇)နှစ်မြောက်လွတလပ်ရေးနေ့သ၀ဏ်လွှာ
ဖတ်ကြားခြင်းအခမ်းအနားကိုပခုက္ကူမြို့၊လွတ်လပ်ရေးပန်းခြံ၌ကျင်းပရာခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေနှင့်
ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ခရိုင်နှင့်
မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး
အသင်းဝင်များ၊ကြက်ခြေနီ၊သူနာပြု၊မီးသတ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊၀န်ထမ်း
များ၊ရပ်ကွက်ပြည်သူများအင်အား(၇၅၀)ဦးခန့်တက်ရောက်ကြသည်။

          ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်
ကြီးများအားအလေးပြုကြပြီး၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ
၊အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ၂၀၁၅ခုနှစ်၊(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့
သော သ၀ဏ်လွှာ အားပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဆွေ မှဖတ်
ကြားကာအခမ်းအနားကိုနံနက်(၀၇း၁၀)အချိန်ပြီးစီးကြောင်းသိရသည်
။အောင်(မန်းတက္ကသိုလ်)
READMORE
 

(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆိုအမှတ်(၁၅)ရပ်ကွက်ရှိမေတ္တာအလင်းစာကြည့်တိုက်ဖွင့်လှစ်



ပခုက္ကူ   -   ဇန်န၀ါရီ   -   ၎
          (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့်ပခုက္ကူမြို့ ၊ အမှတ်(၁၅)ရပ်ကွက်၊
ပိုင်ဇေလမ်းနှင့်(၅)လမ်းထောင့်ရှိဲမေတ္တာအလင်ဲးဲစာကြည့်တိုက်ဖွင့်ပွဲကိုယနေ့နံနက်(၁၀)နာရီတွင်
အဆိုပါစာကြည့်တိုက်ရှေ့၌ကျင်းပရာစာကြည့်တိုက်အားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသော်ဇင်ဦး
နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်မိုးသိန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။(ပုံ)
          ထို့နောက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသော်ဇင်ဦး၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ
ရေးဦးစီးဌာန၊ဦးစီးအရာရှိဦးတင်ဝင်းတို့ကစာကြည့်တိုက်ရှိစာအုပ်များ၊စာစောင်များအများပြည်သူလွယ်လင့်
တကူဖတ်ရူ့နိုင်ရေးအားပေးကူညီဆောင်ရွက်ပေးကြပြီး၊စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားကြသဖြင့် ရပ်ကွက်ပြည်သူတစ်ဦးကကျေးဇူးတင်ဝမ်း
မြောက်စကားပြောကြားခဲ့ကြောင်းသိရသည်။

          ဖွင့်ပွဲသို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသော်ဇင်ဦး၊တိုးဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မိုးသိန်း၊ခရိုင်ပြန်/ဆက်ဦးစီးအရာရှိဦးတင်ဝင်း၊မြို့နယ်ဦးစီးမှူးဒေါ်ဝင်းမေ၊ရပ်ကွက်ပရဟိတလူငယ်များ၊
ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
 အောင်(မန်းတက္ကသိုလ်)
READMORE
 

“ဆင်ပေါင်ဝဲမြို့ ဘရုံသစ်တောကြိုးဝိုင်းမှ မကွေးမြို့တွင်းသို့ တောင်သူ ငါးထောင်ကျော်၏ ဆန္ဒပြခေါင်းဆောင် ကိုတင်ထွန်းအောင် အား ဒဏ်ငွေတစ်သောင်း မဆောင်ဘဲ ထောင်ဒဏ် တစ်လကျခံလိုက်ပြီ’’



မကွေး၊ ဒီဇင်ဘာ ၃၁ ။


          ပြီးခဲ့သော  မကွေး၊ ၂၀၁၄၊စက်တင်ဘာ ၂၅ ရက်က မကွေးမြို့တွင်းနှင့် မကွေးတိုင်းဒေသကြီး သစ်တော ရုံရှေ့တွင် ဆင်ပေါင်ဝဲမြို့နယ်မှ တောင်သူငါးထောင်ကျော်ဖြင့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် တောင်သူ ကိုတင်ထွန်း အောင်အား မကွေးမြို့ နယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄း၁၅နာရီအချိန်၌ တရားလိုအဖြစ် မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်ရွှေဌေး ပြုလုပ်၍ (ပ)၂၃၇/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပြစ်မှုပုဒ်မ ၁၉ ဖြင့်အမှုဖွင့် တရားစွဲကြောင်း၊ ဆန္ဒပြခေါင်းဆောင် ကိုတင်ထွန်းအောင်အား ၎င်းစခန်းမှာ တောင်သူနှစ်ဦးဖြင့်အာမခံပေးကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ၎င်းအမူကို မကွေးမြို့နယ်တရားရုံး ရာကြီးအမှတ် ၃၉၉၁/၂၀၁၄ ဖြင့် မြို့နယ်တရားသူကြီး ဒေါ်ခင်နှင်းရီ အထူးအာဏာ ခုံတွင် လက်ခံခဲ့၍ ရုံးချိန်း ခုနှစ်ကြိမ်မြောက် ၂၀၁၄၊ ဒီဇင်ဘာ ၃၁၊ နေ့ ၃း၃၀ အချိန်တွင် ဆန္ဒပြခေါင်းဆောင် ကိုတင်ထွန်းအောင် အား မကွေးမြို့နယ်တရားရုံးမှ ပုဒ်မ(၁၉)ဖြင့် ဒဏ်ငွေကျပ် တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် တစ်လကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း၊ တရားခံ ကိုတင်ထွန်းအောင် က ဒဏ်ငွေတစ်သောင်းမဆောင်လိုကြောင်း၊ ထောင်ဒဏ် တစ်လ ကျခံမည်ဟု ပြောဆိုကြောင်း မကွေးမြို့နယ်တရား ရုံး မှ မြေလတ်မီဒီယာ က ကြားသိခဲ့ရသည်။

“ ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။ လုံးဝ အပြစ်မရှိပါဘူး၊ ဒဏ်ငွေဆောင်ရင် တရားရုံတော်ကိုအပြစ်ရှိတယ်လို့ ၀န်ခံရာရောက်သွားမှာပါ။ ဒါကြောင့် တောင်သူ ငါးထောင်ကျော်အတွက် မှန်ကန်တဲ့အလုပ်ဖြစ်လို့ ထောင်ဒဏ် တစ်လ အကျခံခြင်းဖြစ်ပါတယ်။ အစကထဲက အများကောင်းကျိုးအတွက် နိုင်ငံရေးလုပ်ရင် ထောင်ကျယုံက မပိုဘူးဆိုတာ ကြိုတင်တွက် ဆပြီးသားပါ။’’ဟု ကိုတင်ထွန်းအောင် က မြေလတ်မီဒီယာ ကိုပြောသည်။

          မကွေးခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘရုံသစ်တောကြိုးဝိုင်းအတွင်းက ကျေးရွာပေါင်း(၁၁)ရွာ၊ ယာမြေဧက ပေါင်း (၂၁၇၅၀.၈၁)ခန့်မှ စိုက်ပျိုးမြေယာများကို ပုံစံ (၇) ရရှိရေးအတွက် ဇူလိုင်(၂၅)ရက်နေ့ကလည်း တောင်သူ နှစ်ထောင်ကျော်ဖြင့် ဆင်ပေါင်ဝဲမြို့အတွင်းနှင့် မြို့နယ်သစ်တောရုံးရှေ့မှာ ခွင့်ပြုချက်ဖြင့် ဆန္ဒပြ၍ ဟောပြောပွဲများ လုပ်ခဲ့သည်။ အကြောင်းမထူးသေး၍ ၂၀၁၄၊စက်တင်ဘာ ၂၅ ရက်က မကွေးမြို့တွင်းနှင့် မကွေးတိုင်းဒေသကြီး သစ်တောရုံရှေ့တွင် ဆင်ပေါင်ဝဲမြို့နယ်မှ တောင်သူ ငါးထောင် ကျော်ဖြင့် ဆန္ဒပြပြီး တိုင်းဒေသကြီး သစ်တောရုံး ရှေ့တွင်လည်း ကိုတင်ထွန်းအောင် နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့် မကွေး အဖွဲ့တို့က ဟောပြောခဲ့ကြ ကြောင်း၊ ၎င်းတို့ ဆန္ဒပြသောရက်မှာ ဒေသခံအာဏာပိုင်မှ ခွင့်ပြုပေးထားသော ရက်မဟုတ်သောကြောင့် ပုဒ် (၁၉)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုတင်ထွန်းအောင် က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
READMORE