ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ

Sansan Tint shared Hla Win's photo. မှ ကူးယူဖော်ပြပါသည်။
Hla Win to အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၏ ရင်ဖွင့်စကားသံများနှင့်နည်းပညာများမျှဝေရာ ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ
__________________
ဖုန်းနဲ့ အင်တာနက်သုံးတဲ့အခါ ဘေလ်တွေအရမ်းကုန်နေတာကို ဘယ်လိုလျှော့ချမလဲ
ငွဖြည့်ကတ် ငါးထောင်တစ်ကတ်ဖြည့်ထားလည်း အင်တာနက်သုံးရင် ဘယ်နှစ်ရက်မှ မသုံးလိုက်ရလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့။ မိုဘိုင်းဒေတာသုံးစွဲမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေဟာ အရမ်းလည်းလွယ်ကူတဲ့နည်းလမ်းတွေ ဖြစ်တာကြောင့် အလွယ်တကူလိုက်လုပ်နိုင်ပါတယ်။
(၁) Auto-update Apps တွေကို ပိတ်ပစ်ပါ။
**
အင်တာနက်သုံးရင် ဘေလ်အရမ်းကုန်နေရတဲ့အချက်ထဲမှာ Google Play ကနေ App တွေ update လုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဖုန်းထဲမှာ Play Store ရှိရင်၊ ဘယ်ဘက်အပေါ်ထောင့် အလျားလိုက်မျဉ်းလေးကြောင်းပြထားတဲ့နေရာကနေ Settings ထဲ ၀င်ပါ။ ထို့နောက် အပေါ်ဆုံးက ‘Auto-update apps’ ဆိုတာကို နှိပ်ပြီး၊ ‘Do not auto-update apps’ ဆိုတာကို ရွေးပေးလိုက်ပါ။
(၂) Chrome browser ရဲ့ ဒေတာသုံးစွဲမှုကိုလျော့ချပစ်ပါ။
**
ဝက်ဆိုဒ်တွေကြည့်တဲ့အခါ Chrome ကနေကြည့်တယ်ဆိုရင်၊ ဒီအချက်နဲ့ ဒေတာသုံးစွဲမှုကို ၃၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ပါတယ်။
ပထမဦးဆုံး ဖုန်းရဲ့ Chrome အက်ပလီကေးရှင်းကို ဖွင့်လိုက်ပါ။ ညာဘက်အပေါ်ထောင့်နေရာကို နှိပ်လိုက်ရင်၊ မီနူးတစ်ခုကျလာပါလိမ့်မယ်။ ထိုနေရာကနေ ‘Settings’ ထဲဝင်ပါ။ အောက်ကိုဆွဲချလိုက်ရင် ‘Data Saver’ ဆိုတာ ရှိပါတယ်။ Data Saver ကို On လုပ်ပေးလိုက်တာနဲ့ ၀က်ဘ်ဆိုဒ်ကြည့်ရင် ဘေလ်ကုန်တာ တော်တော်လျော့သွားမှာပါ။ အားနည်းချက်ကတော့ Chrome မှာ ကွန်နက်ရှင်နည်းနည်းလေးပါလိမ့်မယ်။
၃။ Facebook app ကို မသုံးပဲနေကြည့်ပါ။
**
ဖုန်းရဲ့ အင်တာနက်ဘေလ်အများအပြားက Facebook မှာ ကုန်သွားရတာဖြစ်ပါတယ်။ ဒီ့အပြင် Facebook အက်ပလီကေးရှင်းဟာ ဘက်ထရီလည်းစားပါတယ်။ ဒါဆို ကျွန်တော်တို့ Facebook အက်ပလီကေးရှင်းကို ၀ဲပစ်လိုက်ရအောင်။
Facebook app အစားသုံးနိုင်တဲ့ Facebook Lite app တွေရှိပေမယ့်၊ ဒီ app တွေကလည်း တရားဝင် Facebook app လိုပဲ ဒေတာစားပါတယ်။
ဒါဆိုရင်ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ Chrome browser ကနေ Facebook ၀က်ဆိုဒ်ထဲဝင်လိုက်ပါ။ ညာဘက်က မီနူးနေရာကို နိုပ်လိုက်ရင် ‘Add to Home Screen’ ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကို နှိပ်လိုက်ရင် စာဖတ်သူဖုန်းရဲ့ Home Screen ပေါ်ကို Facebook ၀က်ဆိုဒ် shortcut ရောက်သွားပြီး၊ အဲဒီကနေတဆင့် Facebook ကို ၀င်သုံးနိုင်ပါတယ်။ သာမန် Facebook အက်ပလီကေးရှင်းလိုပဲ၊ notification သတိပေးစာတွေ ယူထားနိုင်ပါတယ်။
၎။ ဖုန်းနောက်ကွယ်ကနေ အင်တာနက်သုံးနေတဲ့ app တွေကို ပိတ်ပစ်ပါ။
**
အင်တာနက်ဘေလ်ကို အထိရောက်ဆုံးခြွေတာနိုင်မယ့် နောက်နည်းလမ်းတစ်ခုကတော့ background data ကို ကန့်သတ်တာပဲ ဖြစ်ပါတယ်။ ကိုယ်က မသုံးနေပေမယ့်၊ အလိုအလျောက် အင်တာနက်သုံးနေတဲ့ အက်ပလီကေးရှင်းတွေ ရှိပါတယ်။ ဥပမာ သတင်း app တစ်ခုက အလိုအလျောက်သတင်းတွေဆွဲနေတာ၊ ဒါမှမဟုတ် မိုးလေ၀သအခြေအနေပြတဲ့ widget က အလိုအလျောက် ဒေတာတွေ ဆွဲနေတာတွေမျိုးတွေပါ။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပထမဦးဆုံး ဖုန်း Settings ထဲဝင်ပါ။ ‘Data Usage’ ထဲ ထပ်ဝင်ပါ။ ‘Restrict Background Data’ လုပ်ပေးလိုက်ရင် app တစ်ခုက ကိုယ်မသုံးဘဲနဲ့ အင်တာနက်ဆွဲနေတော့မှာ မဟုတ်ပါဘူး။
ဒီ့အပြင် ကိုယ့်စိတ်ကြိုက် အင်တာနက်မသုံးစေချင်တဲ့ app တွေကိုလည်း Settings ထဲကနေ ပိတ်ထားလို့ရပါတယ်။ ဒီအတွက် Settings ထဲက Apps ဆိုတာထဲ ၀င်ပြီး၊ ကိုယ် အင်တာနက်မဆွဲစေချင်တဲ့ app ကို ရွေးပြီး ဒေတာသုံးစွဲမှု ပိတ်လိုက်ပါ။
၅။ အင်တာနက်အရမ်းသုံးတဲ့ app တွေကို ရှာပြီး မလိုရင် ဖျက်ပစ်ပါ။
**
ဒီအတွက် Settings ထဲနေ Data Usage ထဲ ၀င်ပါ။ ဒီနေရာမှ ဘယ် app က အင်တာနက်ဒေတာ ဘယ်လောက်များများသုံးထားလဲဆိုတာ ကြည့်နိုင်ပါတယ်။
ဒီနေရာမှာ Gmail ကို ဥပမာထားပြီး ကြည့်ကြည့်ပါ။ ကျွန်တော့်ဖုန်းမှာ Gmail က အင်တာနက် 451 MB သုံးထားပြီး၊ ကျွန်တော်က ဒီ Gmail ကို သိပ်လည်းမသုံးဖြစ်ဘူးဆိုပါစို့။ ဒါဆို Uninstall လုပ်ပစ်သင့်ပါတယ် ကိုယ်သိပ်မသုံးဖြစ်တဲ့၊ သိပ်အသုံးမ၀င်တဲ့ app ကို ရွေးချယ်ပြီး Uninstall လုပ်ပစ်လိုက်ပါ။
၆။ အင်တာနက်ကနေ ပုံတွေပို့တာ၊ ဗီဒီယိုတွေကြည့်တာကို လျှော့ပေးပါ။
**
စမတ်ဖုန်းတစ်လုံးကနေ ရုပ်ထွက်အမြင့်စား HD ဗီဒီယိုဆယ်မိနစ်စာလောက်လေးကို ကြည့်တာက ဒေတာ 50 MB ကျော် ကုန်နိုင်ပါတယ်။ အရည်အသွေးအမြင့်ဓာတ်ပုံတစ်ပုံက 5 MB လောက်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် Facebook ၊ Viber စတဲ့ app တွေကနေ တစ်ယောက်နဲ့တစ်ယောက် ပုံတွေအရမ်းမပို့ပါနဲ့။ ပြီးတော့ Facebook မှာ တွေ့သမျှဗီဒီယိုတွေ အကုန်လျှောက်မကြည့်ရင်၊ အင်တာနက်ဘေလ် တော်တော်သက်သာသွားမှာပါ။
၇။ Google Maps သုံးရင် offline သုံးကြည့်ပါ။
Google Maps ကို အင်တာနက်မရှိဘဲလည်း သုံးနိုင်ပါတယ်။ တကယ်လို့ ကိုယ်သွားနေလာနေကြ နေရာတစ်ခုကို ခဏခဏ Google Maps ကြည့်ဖြစ်နေတယ်ဆိုရင်၊ ဒီနယ်မြေကို ဒေါင်းလုဒ်ရယူပြီး၊ ဖုန်းထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ဒါဆိုရင် နောက်အခါ အင်တာနက်မရှိလည်း ကိုယ်ဒေါင်းထားတဲ့နယ်မြေကို offline မြေပုံကြည့်နိုင်ပါတယ်။ အထက်ပါနည်းလမ်းတွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် စာဖတ်သူရဲ့ အင်တာနက်ဘေလ်ကို သိသိသာသာ ခြွေတာနိုင်ပေးပြီး၊ ဖုန်းငွေဖြည့်ကတ်တွေ ပလူပျံအောင် ဖြည့်နေရခြင်းကနေ တော်တော်သက်သာရာ ရသွားမှာပါ
READMORE
 

သရက်မြို့ အနောက်ရပ်တောင်ပိုင်းရပ် အောင်သီရိ ကွက်သစ် "သုခရတနာ"ဘိုးဘွားရိပ်သာ *၀၉ ၂၅၆၄၅၃၂၆၅ သို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်

Aung Gyi Thayet added 4 new photos. မှ ကူးယူဖော်ပြပေးပါသည်။
3 hrs ·
သရက်မြို့ အနောက်ရပ်တောင်ပိုင်းရပ် အောင်သီရိ
ကွက်သစ်"သုခရတနာ"ဘိုးဘွားရိပ်သာရှိဘိုးဘွား
များအတွက် ၁၄/၅/၂၀၁၆(စနေနေ့ )တစ်နေ့ တာ
အာဟာရအလှူရှင်မှာ သရက်မြို့ အနောက်ရပ်
တောင်ပိုင်းရပ် အောင်မင်္ဂလာလမ်းနေ ကိုသူရဇော်+
မသန်းဌေးမိသားစုတို့ ကတစ်နေ့ တာအာဟာရ
ကျွေးမွေးမှုထည်းမှ နေ့ လည်စာအာဟာရ ကို
# ငါးဟင်း
# ဘဲဥကြော်
# မြင်းခွာရွက်သုတ်
# ဝါစေ့ပင်ပေါက်ဟင်းချို
# ငရုတ်သီးကြော်
တို့ ဖြင့်လှူဒါန်းကျွေးမွေးခဲ့ပါသည်

"သုခရတနာ"ဘိုးဘွားရိပ်သာတွင် အဘိုး(၂)ဦး အဘွား(၅)ဦးတို့ အား အောင်သီရိကွက်သစ်
"သုခရတနာ"ပရဟိတ အဖွဲ့ များက ပြုစု ကျွေးမွေး
စောင့်ရှောက်လျှက်ရှိပါသည်
အလှူရှင် စေတနာရှင်များအနေဖြင့် တစ်နေ့ တာ
အာဟာရအဖြစ် ဘိုးဘွားတစ်ဦးလျှင် အလှူငွေ
(၃၀၀၀ိ/)နှူန်းဖြင့်လှူဒါန်းနိုင်သလို
ဘိုးဘွားများအတွက်လိုအပ်အသုံးအဆောင်ပစ္စည်း
ဆေးဝါးများလှူဒါန်းနိုင်ပါသည်
အသစ်တည်ဆောက်နေသော"သုခရတနာ"ဘိုးဘွားရိပ်သာ အဘိုးဆောင်အသစ်အတွက် အလှူငွေများလည်း လိုအပ်နေပါသည် ထည့်ဝင်လှူဒါန်းခြင်းဖြင့်ကုသိုလ်တော်များပါဝင်ကြ
ပါရန်နှိုးဆော်တိုက်တွန်းအပ်ပါသည်
ဆက်သွယ်လှူဒါန်းလိုပါက
*******************
"သုခရတနာ"ဘိုးဘွားရိပ်သာ
*၀၉ ၂၅၆၄၅၃၂၆၅ သို့ ဆက်သွယ်လှူဒါန်း
နိုင်ပါသည်
READMORE
 

မြေလတ်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆)၊ ဂျာနယ်ကို မေ ၁၅ ရက်နေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ အတွဲ(၂) အမှတ်(၆)၊  ဂျာနယ်ကို မေ ၁၅ ရက်နေ့ ဖြန့်ချိပါမည်။
          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၁၄၇၈၄၂၈ / ၄၃၀၁၀၅၀၆
အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 

အယ်ဒီတာ့အာဘော် "ဒေါ်အောင်ဆန်းစုကြည် သူရဲဘောကြောင်သတဲ့လား" By ဧရာဝတီ | May 12, 2016 |

အယ်ဒီတာ့အာဘော်
"ဒေါ်အောင်ဆန်းစုကြည်
သူရဲဘောကြောင်သတဲ့လား"
By ဧရာဝတီ | May 12, 2016 |
အမေရိကန် ထိပ်တန်းသတင်းစာ နယူးယောက်တိုင်းမ် (The New York Times) က လတ်တလော ခေါင်းကြီးပိုင်းတခု တွင် မြန်မာနိုင်ငံအကြောင်း ရေးသားရာ “ရိုဟင်ဂျာအရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သူရဲဘောကြောင်သော ရပ်တည်ချက်” ဟု ခေါင်းတပ် ရေးသားခဲ့သည်။ ယင်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခများ ပိုမိုကြီးထွားမလာစေရေး အမေရိကန်သံရုံးအား “ရိုဟင်ဂျာ” ဟူ သော အသုံးအနှုန်းကို ရှောင်ကြဉ်သုံးစွဲစေရေး မေတ္တာရပ်ခံခဲ့ခြင်းအပေါ် အနောက်နိုင်ငံများမှ သတင်းစာများက နောက်ဆက်တွဲ ဝေဖန်ရေးသားမှု ဖြစ်သည်။
နယူးယောက်တိုင်းမ် သတင်းစာက လူ့အခွင့်အရေး အခြေခံ စံနှုန်းများအတွက် စစ်အုပ်ချုပ်ရေးကို နှစ်ပေါင်းများစွာကြာ ခုခံ တော်လှန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ စစ်အုပ်ချုပ်ရေး၏ အရုပ်ဆိုး အကျည်းတန်ပြီး လက်ခံနိုင်ဖွယ် မရှိသော မူဝါဒများကို လက်ခံကျင့်သုံးနေသည်ဟု စွပ်စွဲလိုက်သော ကောက်ယူ သုံးသပ်ချက်မှာ မှားယွင်းပါသည်။
ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခမီးများ တောက်လောင်ခဲ့သော ၂၀၁၂ ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးသည့်အချိန်တိုင် မြန်မာပြည်တွင်းတွင် အနီးကပ် မြန်မာ့ နိုင်ငံရေးကို ဧရာဝတီအနေဖြင့် သတင်းယူနေရာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားခြင်းအပေါ် အသုံးပြု၍ NLD အား မဟုတ်တန်းတရား စွပ်စွဲ တိုက်ခိုက်မှုများ မည်မျှ ကြီးမားနက်ရှိုင်းကြောင်း သိရှိနေပါသည်။
NLD အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်တွင်း လူမျိုး ဘာသာ ကွဲပြားသူများအကြား ပဋိပက္ခသာမက ရုတ်တရက် ဖြစ်ပွားလာနေသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့်အပြင် ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သော ပြည်တွင်းစစ် လုံးဝ ရပ်စဲရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ကိုလည်း မြင်တွေ့နေရပါသည်။ ထို့အပြင် နှစ် ၅၀ ကျော်ကြာ ချွတ်ခြုံကျ ပျက်စီးခဲ့ရသော နိုင်ငံ့စီးပွားနှင့် အင်စတီကျူရှင်းများအား ပြန်လည် ထူထောင်ရမည့် ကြီးစွာသော တာဝန်ထမ်းပိုးကို ထမ်းနေရကြောင်းလည်း မြင်သိနေပါသည်။
ဤအနေအထားတွင် နှစ် ၅၀ ကျော် နိုင်ငံကို အုပ်ချုပ်စိုးမိုးလာရုံမျှမက ယခုထက်ထိ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်ထားသည့် မြန်မာ့တပ်မတော်၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အလိုရှိသဖြင့် NLD အစိုးရသစ်မှ ဆွဲဆောင် စည်းရုံးနေရသည်ကို စစ်တပ်နှင့် ပူးပေါင်းသွားပြီး စစ်အုပ်ချုပ်ရေး၏ မူဝါဒဟောင်းကို ဆက်လက် ကျင့်သုံးနေသည်ဟု အဆင်ခြင်မဲ့ အဓိပ္ပာယ် ကောက်ယူလိုက်ခြင်းမှာ ဥာဏ်ပညာ ကင်းမဲ့လွန်းပါသည်။
မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဒီမိုကရေစီနှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေး လမ်းစပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရ မည်သို့ စခန်းသွားနေရသည်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် မစ္စတာ စကော့ မာစီရယ်လ် သဘောပေါက်ပါသည်။
မီဒီယာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအား မေလ ၁၀ ရက်နေ့က တွေ့ဆုံပြီး အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားကို ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ခေါ်ဆိုရခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောအရ ကိုယ်ပိုင်ခေါ်ဆိုလိုသော အမည်နာမတခုကို လေးစားသမှုဖြင့် လိုက်လံခေါ်ဆိုခြင်းဟု ကာကွယ် ပြောဆိုသော်လည်း မိန့်ခွန်းနှင့် အမေးအဖြေ ပြောကြားမှု တလျှောက်လုံး ယင်းအသုံးအနှုန်းကို သတိထား ရှောင်ရှားပြီး ခေါ်ဝေါသုံးစွဲခြင်း မပြုခဲ့ပါ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင်အစိုးရများ လက်ထက် ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီ များသာ ရှိသည်ဟု ပြင်းပြင်းထန်ထန် ရပ်တည်ချက်မျိုး မထားရှိတော့ဘဲ မြန်မာနှင့် ဘားမားကို ကြိုက်သလို ခေါ်ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို ပျော့ပျောင်းသော မူဝါဒတခု ဖြစ်လာနေသည့်အပေါ် အနောက်နိုင်ငံ သတင်းစာများက မီးမောင်းထိုး မပြသော်လည်း သံတမန်များက သတိမူပုံပေါ်ပါသည်။
ဧရာဝတီ အနေဖြင့်လည်း ပဋိပက္ခဖြေရှင်းရာတွင် ပြဿနာ ပိုမိုကြီးထွားစေမည့် အခေါ်အဝေါ် အသုံးအစွဲများအပေါ် ငြင်းခုံနေခြင်းထက် လက်တွေ့ခံစားနေရသော နိစ္စဓူဝ လူမှုဒုက္ခများကို လျော့ကျသွားစေမည့် နှစ်ဖက် အပြန်အလှန် တွေ့ဆုံညှိနှိုင်း သဘောတူ ခြေလှမ်းများ စတင်နိုင်ရေးက ပိုအရေးကြီးသည်ဟု ယုံကြည်ပါသည်။
NLD အစိုးရသစ်အနေဖြင့် ပြုလုပ်ရန်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း ရေးဆိုင်ရာ “၂၁ ရာစု ပင်လုံ” ညီလာခံကြီးတွင် တိုင်းပြည်တွင်းရှိ လက်နက်ကိုင် ပဋိပက္ခများသာမက လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ထိန်းချုပ်လျှော့ချရေး သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် တင်ပြ ဆွေးနွေးခွင့်ပေးရန် လိုပါသည်။ သို့မှသာ မတူကွဲပြားခြားနားသော နိုင်ငံသားတိုင်းကြား အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်ပါလိမ့်မည်။ နိုင်ငံသား အားလုံး နိုင်ငံသား အခွင့်အရေး တန်းတူညီမျှစွာ ခံစားခွင့်ရှိမှ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်လာပါလိမ့်မည်။ ယင်း စုစည်းညီညွတ်မှုဖြင့် တိုင်းပြည်တည်ဆောက်ရေး ဦးတည်နိုင်ပါလိမ့်မည်။
တချိန်တည်းတွင် ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရှိသေးသော လူ့အသိုင်းအဝိုင်းများကို လူသားချင်း စာနာ ထောက်ထားမှု ရှိကြောင်းလည်း ပြသရန် လိုအပ်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများနှင့် လက်တွဲကာ ရခိုင်ပြည်နယ်တွင်းရှိ ကွဲပြားခြားနားနေသော လူ့အသိုင်းအဝိုင်းများကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မြှင့်တင်ခြင်း၊ ကျန်းမာရေး ကုသမှု အလွယ်တကူ လက်လှမ်းမီနိုင်ရေးနှင့် ကလေးငယ်များ ပညာသင်ကြားရေး စသည့် အခြေခံ လူ့အခွင့်အရေးများကို အာမခံခြင်း၊ ကွဲပြားခြားနားနေသော လူ့အသိုင်းအဝိုင်းများကြား အကျိုးတူ လူမှုစီးပွား ဖြစ်ထွန်းလာစေရေးတို့အတွက် စီမံကိန်းချ လုပ်ဆောင်သင့်ပါသည်။
သို့မှသာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောကြားနေသကဲ့သို့ “လူမျိုးတုန်း ဖိနှိပ်ချုပ်ချယ် ကန့်သတ် ခွဲခြားမှု” တကယ်မရှိဘဲ NLD အစိုးရသစ်သည် ယခင်အစိုးရများကဲ့သို့ ရခိုင်ပြည်နယ်တွင်း ကွဲပြားခြားနားသော လူ့အသိုင်းအဝိုင်း များကြား ပဋိပက္ခ၏ အစိတ်အပိုင်း (Part of the problem) မဖြစ်တော့ဘဲ အဖြေရှာဖွေမှု၏ အစိတ်အပိုင်း (Part of the solution) ဖြစ်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ရာတွင် နှစ်ဖက်အစွန်းရောက် အမြင်ရှိသူများနှင့်လည်း ရဲရဲ ရင်ဆိုင်စေချင်ပါသည်။ အစွန်းရောက် အမြင်ရှိသူများအား ပြည်သူလူထုက လုံးဝ လက်မခံကြောင်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပုံပေး လိုက်ခြင်းက သက်သေပြပြီးဖြစ်သည်။
အခေါ်အဝေါ် အသုံးအစွဲများအပေါ် ငြင်းခုံနေခြင်းထက် လက်တွေ့ခံစားနေရသော နိစ္စဓူဝ လူမှုဒုက္ခများကို လျော့ကျသွားစေမည့် နှစ်ဖက် အပြန်အလှန် တွေ့ဆုံညှိနှိုင်း သဘောတူ ခြေလှမ်းများ စတင်နိုင်ရေးက ပိုအရေးကြီးသည်ဟု ယုံကြည်ပါသည်
mobile.irrawaddy.com
READMORE
 

ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော် ထွက်မယ် ... လူထုခေါင်းဆောင်ကို ဝန်းရံမယ်

Aung Kyawkyaw shared Kamayut Media's photo. မှ ကူးယူဖော်ပြသည်။
20 hrs ·
BREAKING NEWS:
ငြိမ်းချမ်းရေးရရင် လွှတ်တော်ကနေ တပ်မတော် ထွက်မယ် ... လူထုခေါင်းဆောင်ကို ဝန်းရံမယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ၅နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတာကြောင့် ထာဝရငြိမ်းချမ်းရေးဖြစ်လာခဲ့ရင် လွှတ်တော်ထဲကနေ တပ်မတော်အစုအဖွဲ့ ၂၅% ထွက်သွားမလားဆိုတဲ့ မေးခွန်းကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားလုံးအဆင်ပြေခဲ့ရင် ပြည်သူလူထုလိုလားတဲ့အတိုင်း ဖြစ်စေရမယ်လို့ ဖြေခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းက "အစ်မရေ ဒီ ၅နှစ်အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်" လို့ပြောခဲ့တယ်၊ ဒါကို သူ[ဒေါ်အောင်ဆန်းစုကြည်]ကလည်း လက်ခံတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက်ကောင်းတာလုပ်သမျှကို တပ်မတော်အနေနဲ့ ဝန်းရံမယ်လို့ သတင်းမီဒီယာတွေန့ တွေ့ဆုံပွဲ အဆုံးသတ်မှာ ပြောခဲ့ပါတယ်။
(ဓာတ်ပုံ - ကမာရွတ်မီဒီယာ)
Kamayut Media
21 hrs ·
READMORE
 

ဒီအပတ်ထုတ် တနသာင်္ရီဂျာနယ်မှာပါလာတဲ့စိတ်ဝင်စားဖို့ ကောင်းတဲ့ကြော်ငြာလေး... ဖေ့ဘုတ်ပေါ်မှာ

June Phyo Zin
ဒီအပတ်ထုတ် တနသာင်္ရီဂျာနယ်မှာပါလာတဲ့စိတ်ဝင်စားဖို့ ကောင်းတဲ့ကြော်ငြာလေး...
ဖေ့ဘုတ်ပေါ်မှာ
သူများပုံနဲ့  Profile တင်ပြီးသုံးတာ
ကိုယ့်ပုံကိုမပြရဲပဲ ဖွန်ကြောင်/လိုက်ကျူ/အီစီကလီလုပ်
ပုံတောင်းတော့ သူများပုံလှလှလေးပေး

အဲတော့... အခုလိုပြသနာတွေဖြစ်
သူများရဲ့ ဂုဏ်သိက္ခာကိုထိခိုက်အောက်လုပ်ချင်တဲ့သူတွေ သတိထားကြ...
ဒါသင်္ခန်းစာပဲ...
READMORE
 

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများစာရင်း

READMORE
 

ဆက်သွယ်ရေးကွန်ရက် တိုးတက်ခြင်း

ဆက်သွယ်ရေးကွန်ရက် တိုးတက်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲
မြန်မာနိုင်ငံတစ်ဝန်းတွင် လူတိုင်းနီးပါးအသုံးပြုနေသည့် အရာမှာ လက်ကိုင် ဖုန်းဖြစ်သည်။ လက်ကိုင်ဖုန်းကို လူတိုင်းအသုံးပြုနိုင်သဖြင့် လူမှုဘဝအတွက် အကျိုးဖြစ်ထွန်းမှုများလာသည်။ လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်သွယ် ရေးကွန်ရက်ကို ကျယ်ပြန့်စွာ တည်ဆောက်ရသည်။
ယခုအခါ လက်ကိုင်ဖုန်းနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် စိုးရိမ်ပူပန်ဖွယ်အချို့တွေ့ရှိရသည်။ ရပ်ကွက်/ကျေးရွာများအတွင်း သို့မဟုတ် အနီးအနားတွင် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ခြင်းကြောင့် လူနေအိမ် များ ဘေးအန္တရာယ် သို့မဟုတ် အနှောင့်အယှက်ဖြစ်ခြင်း၊ ဆက်သွယ်ရေး ကွန်ရက်၏ ဆွဲအားကြောင့် လူတို့၏ ကျန်းမာ ရေးကို ထိခိုက်စေခြင်း စသည်တို့ဖြစ်နိုင်သည်ဟု ဝေဖန်သုံးသပ်မှုအချို့ ရှိလာသည်။ ထို့အပြင် လက်ကိုင်ဖုန်းအားသွင်းစဉ်၊ မိုးလေပြင်းထန်စဉ်၊ ခန္ဓာကိုယ်တွင် ကပ်ထားစဉ် ဘေးအန္တရာယ်ဖြစ်ခြင်းတို့ ရှိခဲ့သည်ဟုဆိုထားသည်။
အမှန်တကယ်တွင် လက်ကိုင်ဖုန်းကိုစနစ်တကျကိုင်တွယ် အသုံးပြုမည်ဆိုလျှင် အန္တရာယ်ရှိမည်မဟုတ်ချေ။ လူတို့ သတိမမူ မဆင်မခြင်အသုံးပြုမိသောကြောင့် အန္တရာယ်နှင့် ကြုံရခြင်းဖြစ်သည်။လူနေရပ်ရွာများ အနီးအပါးအတွင်း ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်ထားခြင်းမှာလည်း ပတ်ဝန်းကျင်နေ အိမ် များနှင့် လွတ်ကင်းပါက မည်သည့် အန္တရာယ် မျှရှိမည်မဟုတ်ချေ။
လူတို့နေအိမ်အနီးအပါးတွင် တာဝါတိုင်စိုက်ထူခြင်းဖြင့် အသံ၊ အချက် အလက်ကောင်းမွန်စေပြီး ဆက်သွယ်ရေး ကွန်ရက်လျင်မြန် သွက်လက်နိုင် သည်ဟု သက်ဆိုင်ရာကျွမ်းကျင် သူပညာရှင်တို့က ဆိုထားသည်။ ဆက်သွယ်ရေးကျွမ်းကျင် သူများ၊ လျှပ်စစ်သံလိုက် စက်ကွင်းဆိုင်ရာ သုတေသနပညာရှင် များ၊ မိုဘိုင်းအော်ပရေတာများ ပူးပေါင်းဆောင်ရွက်မှု စစ်တမ်း များအရ မြန်မာနိုင်ငံရှိ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များ သည် နိုင်ငံတကာက သတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး မိုဘိုင်း ကွန်ရက်များ ၏ ရေဒီယို လှိုင်းနှုန်းများသည် လူတို့၏ကျန်းမာရေး အပေါ်ထိခိုက်မှုရှိနိုင်သည့် အထောက်အထား များ မတွေ့ ရကြောင်း ဆိုထားသည်။
ထို့ကြောင့် ဆက်သွယ်ရေးအင်တင်နာများအနီးတစ်ဝိုက်တွင် နေထိုင်ခြင်း၊ မိုဘိုင်းဖုန်းများအသုံးပြုခြင်းဖြင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ဖွယ် မရှိချေ။ တာဝါတိုင်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများအား တာဝါတိုင်ကြံ့ခိုင် မှု၊ စက်သံဆူညံမှု၊ ကျန်းမာရေးစိုးရိမ်ပူပန်နေမှုတို့ကို ကွင်းဆင်း အသိပညာပေးခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့်သတင်းစာများ မှ အသိပေးခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်သွားခြင်းအားဖြင့် ပြည်သူများမိုဘိုင်းဖုန်း ကိုင်တွယ် အသုံးပြုခြင်း ကို ပိုမိုသိရှိနားလည်လာပြီး မိုဘိုင်းဖုန်း ကွန်ရက်ဆက်သွယ်မှု အပေါ် နားလည်ယုံကြည်မှုရှိလာ မည်ဖြစ်ပါကြောင်း။ ။
READMORE
 

ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ

Kyaw Thu with Ye Naung and 13 others. မှ ကူးယူဖော်ပြသည်။
11 hrs ·
ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ
"လူတွေဓမ္မအားနည်းလာပြီဆိုရင်လောကကြီးက ပထဝီအာပေါဝါယောတေဇောဆိုတဲ့ မြေရေလေမီးဓာတ်ကြီးလေးပါးနဲ့ လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ ပျက်ရယ်ပြုတယ်။ မြေငလျင်တွေလှုပ်တယ်, ရေတွေကြီးတယ်, လေတွေတိုက်တယ် မိုးသီးတွေကြွေတယ်, မီးတွေလောင်တယ်။ ဒါတွေကလူတွေဓမ္မအားနည်းလို့ဖြစ်တာပါ၊ ဒါကြောင့် ဓမ္မအားကောင်းအောင်လုပ်ကြ၊ နေ့တိုင်းဒါန,သရဏဂုံ,မေတ္တာ,သီလ,သမာဓိ, ပညာစတဲ့ဓမ္မတွေတစ်ခုမဟုတ်တစ်ခုရအောင် လုပ်ကြ၊ ဓမ္မဆိုတာလောကကိုအနိုင်ယူဖို့ ပေါ်လာတာလို့သြ၀ါဒဟောကြားထားတယ်။
အဲဒီလိုလောကကိုအနိုင်ရဖို့လူ့ကျင့်ဝတ် လူ့သီလကိုစောင့်ထိမ်းကြဖို့လိုအပ်တယ်။
ဒီတော့ အရက်မသောက်ကြပါနဲ့။ ဖြတ်ပြီးလို့စိတ်ဓါတ်တွေခြောက်ခြားနေရင်ကျွန်တော်နဲ့တွေ့ပြီးမှန်ကန်မှု လမ်းကြောင်းကိုပြမယ်။ ဘ၀ရဲ့လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်ရမယ်။
ရန်ကုန်ပြန်ရောက်ရင်အဲဒီပြန်လည်ပျိုးထောင်ရေးလုပ်ငန်းကိုစတော့မယ်။
အရက်သမားများအရက်ဖြတ်ကြပြီးကျွန်တော်နဲ့တွေ့ဆုံဖို့ပြင်ဆင်ထားကြပါလော့ဟုတိုက်တွန်းလိုက် ရပါတော့သည်။
READMORE
 

သေရင်တောင် ငွေမပါရင် ပြာမဖြစ်ဘူးတဲ့ဗျ

ပြော ရ ရင် ဖွတယ် ဖြစ်အုးံ မယ်
ဒီနေ့ ကြုံ ရတာလေးပါ
တောင်အင်း မြောက်အင်း မှာ
လူကြီး တစ်ရောက်ကို သဂြီု င်္စရိတ် ၁၆၀၀၀ ထား လိုက် ပါတော့ သေတဲ့သူက
ကိုယ်ဝန်ဆောင်နဲ့မို့ ဗိုက်ခွဲပြီး ၇ လသား
အရွယ်ကလေးလေး ပါ လာတာကို
ဒီကလေးအတွက်ပါ သဂြီု င်္စရိတ် တောင်း
နေလို့ အကြိတ်အနယ် အတိုက်အခံ ပြော
ခဲ့ရတယ် နောက်တော့ ပြေလည်ပါတယ်
မပေးခဲ့ရပါဘူး

ပြောချင်တာက ကျွန်တော်တို့မန်းလေးမှာ
မီး သဂြီု င်္စရိတ်က လူကြီး ၁၆၀၀၀
ကလေး ၈၀၀၀ ထားတော့ ကလေးမို့
၈၀၀၀ တောင်းတယ်ဆိုလည်း ဒီကလေးက ဗိုက်ထည်းက တောင် မထွက်သေး မိခင်သေလို့ လိုက်သေရရှာ
တာ ခွဲပြီး သဂြီ င်္တာလည်းမဟုတ်
မိခင်နဲ့အတူ သဂြီု င်္တာ လူကြီးအတွက်
၁၆၀၀၀ ပေးပြီးသား
ဘာပြောရမယ် မှန်းကို မသိတော့တာပါ
ပေးမယ် မပေးဘူး ရှော့ပါအုးံ ဘာညာ
ဈေးဆစ်နေရတာကို က စိတ်သက်သာ
စရာမဟုတ် နိုင်ငံ တော်က ဒီ ၇ လ ကလေး မသာ လောက်မှ အခမဲ့ သဂြီု င်္
တဲ့ မူ မရှိတာလား မူ ရှိ ရဲ့နဲ့ လူတွေက
လုပ်နေတာလား
မသိသေးရင်လည်း သိအောင်လုပ်ကြပါ
အုးံ သိတယ် ဆိုရင်လည်း ဒါလေးလောက်တော့ မရှိဆင်းရဲသား
များရဲ့ နောက်ဆုးံ ခရီး လေးအတွက်
ငဲ့ ညှာ သနား ကြပါအုးံ လို့
ဆိုင်ရာ ပိုင်ရာ များကို အများပြည်သူ
လူထုအတွက် တောင်းပန် တိုးလျှိုး ရှိ
ခိုး ဦးတင်ပါတယ် လို့
ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ်မရှိပါ
မရှိဆင်းရဲသားများ သက်သာစေချင်တဲ့
ရည်ရွယ် ချက်နဲ့ပါ မပေးရအောင်ဝိုင်း
ပြောကြလို့ မပေးခဲ့ရပေမဲ့ စိတ်မသက်
သာ လွန်းလို့ပါ
မေတ္တာဖြင့် ကိုစိုး မနောကြာဖြူ

READMORE
 

www.winkyi.nat ဤ ၀က်ဆိုဒ်သည် www.myaylatmedia.com (မြေလတ်မီဒီယာ = မြေလတ်ဒေသ သတင်းစာ(အွန်လိုင်း) နှင့် အတူတူဖြစ်ပါသည်။

 www.winkyi.nat ဤ ၀က်ဆိုဒ်သည်  www.myaylatmedia.com (မြေလတ်မီဒီယာ = မြေလတ်ဒေသ သတင်းစာ(အွန်လိုင်း) နှင့် အတူတူဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဘလော့ဂါ ရွှေလမ်းငွေလမ်းဝင်းကြည် သည်  www.winkyi.nat ဤ ၀က်ဆိုဒ်ကို ၂၀၀၉ ခုနှစ်က စတင်ထူထောင်ခဲ့ပါသည်။ ထိုမှ တဆင့် မြေလတ်မီဒီယာ www.myaylatmedia.com ကိုထပ်မံ ထူထောင်ခဲ့ပါသည်။ ၎င်း ၀က်ဆိုဒ် နှစ်ခုမှ မြေလတ်မီဒီယာ APK သို့ ပူးတွဲထူထောင်ခဲ့ပါသည်။ ၎င်းဝက်ဆိုဒ် နှစ်ခုနှင့် မြေလတ်မီဒီယာ APK နှင့် မြေလတ်မီဒီယာဖေ့စဘုတ်၊ Uwin kyi ဖေ့စဘုတ် တို့ကို ပူးတွဲထပ်မံထူထောင်ခဲ့ပါသည်။
ထိုမှတဆင့် တက်၍
၂၀၁၅၊ ဇန်န၀ါရီ ၁၅ ရက်နေ့မှစတင်ပြီး မြေလတ်မီဒီယာဂျာနယ် မှ မြေလတ် ဂျာနယ် (ပုံနှိပ့်) အဆင့်သို့ တိုးမြှင့်ပြီး ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းကို၂၀၁၆ခု၊ ယနေ့အထိပူးတွဲလုပ်ဆောင်နေပါသည်။ ငွေအား လူအား အိုင်တီနည်းပညာများ မပြည့်မစုံဖြင့် လုပ်ကိုင်ဆောင်ရွက်နေရပါသည်။ သို့ပါ၍ အားလုံးမှာ လိုအပ်ချက်များစွာရှိနေပါသည်။ မည်ကဲ့သို့ အခက်အခဲများဖြင့် ရင်ဆိုင်နေရပါသော်လည်း  အထက်ပါဝက်ဆိုဒ်များနှင့် ဖေ့စဘုတ်များ၊ မြေလတ်မီဒီယာ APK နှင့် မြေလတ်ဂျာနယ် တို့ကို စာဖတ်ပရိသတ်များထံသို့ အချိန်နှင့်တပြေးညီ တတ်အားသမျှ ဆက်လက်၍ မပျက်မကွက် တစ်လှည့်စီ တင်ဆက်ဖော်ပြပေးသွားပါမည် ဟု ကတိပြုအပ်ပါကြောင်း...။
ကျွန်တော်များ၏ အွန်လိုင်းနှင့် မြေလတ်ဂျာနယ်များကို
နေ့စဉ်၊ အပတ်စဉ် စိတ်ဝင်စားစွာ
ကြည့်ရှုကြသော စာဖတ်ပရိသတ်ကြီးအား လေးစားစွာဖြင့်

ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်မီဒီယာ
READMORE
 

မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားပြီး ၊ မိသားစုမဏ္ဍပ်များလျှောက်ထားနိုင်ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်လွင့်က ပြောကြား




ဧပြီ ၇ ။
          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်တွင် ဧပြီလ ၇ ရက်နေ့ထိ မကွေးသင်္ကြန်မဏ္ဍပ်ကြီး (၇)ခုခွင့်ပြုထားကြောင်း၊ မိသားစုမဏ္ဍပ်များ ဆောက်လုပ်လိုလျှင် လျှောက်ထားနိုင်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ပြောသည်။
          ခွင့်ပြုထားသော မကွေးသင်္ကြန်မဏ္ဍပ် ၇ ခုမှာ၊ ရွှေမိုးအင်ဂျင်ဝိုင်မဏ္ဍပ်(တောင်တွင်းကြီးလမ်း)၊ ပါရာဂိုက်မဏ္ဍပ်(ပြည်တော်သလမ်း၊ တိုင်းဆေးရုံမြောက်ဘက်)၊  ဟစ်စထွီမဏ္ဍပ်(ပြည်တော်သာလမ်း၊ အမက ၁၀ ကျောင်းမြောက်ဘက်)၊ ရကက မဏ္ဍပ်(ပြည်တော်သာလမ်း၊ ယခင်မထသရုံးရှေ့)၊  နိုင်းပလပ်စ် မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း)၊ အင်ပေါ့တန်စ်မဏ္ဍပ်(ဆိပ်ကမ်းသာ၊ ကမ်းနားလမ်း) နှင့် ရတနာထွန်းမဏ္ဍပ်(မဲထီးလမ်း) တို့ကို ဧပြီ ၇ ရက်နေ့အထိ ခွင့်ပြုထားပြီးကြောင်း၊ မိသားစု မဏ္ဍပ်များ(မိမိဆိုင်ရှေ့၊ အိမ်ရှေ့များ)တွင် သင်္ကြန်မဏ္ဍပ်ဆောက်လိုလျှင် ထပ်မံလျှောက်ထားနိုင် ကြောင်း၊ သတ်မှတ်စည်းကမ်းနှင့်ညီလျှင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင့်က ဆက်လက်ပြောကြားသည်။
ဝိုင်းကြည်အောင်
READMORE
 

မကွေးတိုင်းဒေသကြီးအစိုးရသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ဧပြီ ၅ ရက်နေ့တွင် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြောကြား




ဧပြီ ၅ ရက်။
          ၂၀၁၆၊ ဧပြီ ၅ ရက်၊ နေ့လယ်ပိုင်းတွင် မကွေးသင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခြင်းမရှိသေး၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအား သတင်းမီဒိယာများမှ သွားရောက်မေးမြန်းခဲ့ကြသည်။ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၏ ပြောကြားချက်မှ ကောက်နှုတ် တင်ပြပါသည်။
“ ကျွန်တော်တို့မှာဘဏ္ဍာရံပုံငွေလည်း လုံးလုံးမရှိဘူး။  ဧပြီ ၁ ရက်နေ့ကစပြီး တာဝန်ယူခဲ့ရတာ။ သက်ဆိုင်ရာ အရင်အစိုးရကလည်း ရှိရှိသမျှ ရံပုံငွေတွေကိုအကုန်သုံးသွားတာ။ ကျွန်တော်တို့မှာ ရံပုံငွေလက်ကျန်မရှိပါဘူး။ အချိန်ကလည်း အရမ်းကပ်နေပြီ။ ဒီနေ့ပဲ ၅ ရက်၊ ၉ ရက်နေ့ပြီးရင် ပိတ်ပြီ။ ဒီနေ့မှ အစိုးရအဖွဲ့အမည်စာရင်း ကို လွှတ်တော်မှာ အတည်ပြုရတယ်။ ဒီပုဂ္ဂိုလ်တွေကို အတည်ပြုပြီးပါပြီ။ ဒါကြောင့်မိုလို့ ဒီပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ ဘယ်ဝန်ကြီးဌာနတွေမှာ ခန့်ထားပေး ပါဆိုပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကိုတင်ပြရမှာပါ။ အဲဒီတော့မှ ဘယ်သူ့ကို ဘယ်ဌာန၀န်ကြီး၊  ဥပမာ ဘဏ္ဍာ၊ စီမံဝန်ကြီးနဲ့စည်ပင်ဝန်ကြီးဘယ်သူဆို ထွက်လာမယ်။ လူကြီးမင်းတို့ပြောတဲ့ စည်ပင်နဲ့အစိုးရ တိုင်ပင်ပြီး မဏ္ဍပ်ဆောက်ဖို့ကိစ္စ အခုလောလောဆယ် မကွေးတိုင်းဒေသကြီး အစိုးရအနေနဲ့ မလုပ်ဆောင်နိုင်သေးပါဘူး။´´ ဟု မကွေးတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုညို က သတင်းမီဒီယာများကို ပြောကြားသည်။

          ဧပြီ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီးကလည်း မကွေးတိုင်း ဒေသကြီးအစိုးရအနေဖြင့် သင်္ကြန်မဏ္ဍပ်များကိစ္စ ရံပုံငွေမရှိ၍ ဆောက်လုပ်ရန် မရှိကြောင်း၊ ဌာနဆိုင်ရာများမှ မဏ္ဍပ် ဆောက်ကြမည်လားမေးမြန်းရာ ၎င်း ကိစ္စကိုလည်း မသိကြောင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ပြီးမှ သင်္ကြန်ကိစ္စ သိရမည်ဖြစ်ကြောင်း စီမံကိန်း/ဘဏ္ဍာ နှင့်စည်ပင်ဝန်ကြီး ဦးဇော်မင်းက သတင်းမီဒီယာများကို ပြောသည်။
ဝိုင်းကြည်အောင်
READMORE