မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဧပြီလ(၁ - ၁၅)ရက်၊ အတွဲ(၃) အမှတ်(၃) ဂျာနယ်ကို မတ် ၂၉ ရက်၊ နေ့ ဖြန့်ချိပါမည်။

  အတွဲ-၃၊ အမှတ်-၁  မှစ၍ မကွေးတိုင်းဒေသကြီးအပြင် ရန်ကုန်(အောက်မြန်မာပြည်) ၊မန္တလေး(အထက်မြန်မာပြည်) မြို့များသို့ ဖြန့်ချိလိုက်ပါပြီ….။

အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

မြေလတ်ဂျာနယ် သင်္ကြန်တွင်း တစ်ပတ်နားပါမည်။  ၂၀၁၇၊ မေ ၁ ရက်နေ့တွင် အတွဲ(၃)၊ အမှတ်(၄) ဆက်လက်ထွက်ပါမည်။ 

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

READMORE
 
မြေလတ်ဂျာနယ်၊ ၂၀၁၇၊ မတ်လ(၁၆ - ၃၁)ရက်၊ အတွဲ(၃) အမှတ်(၂ ) ဂျာနယ်ကို မတ် ၁၃ ရက်၊ နေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ မတ်လ(၁၆ - ၃၁)ရက်၊ အတွဲ(၃) အမှတ်(၂ ) ဂျာနယ်ကို မတ် ၁၃ ရက်၊ နေ့  ဖြန့်ချိပါမည်။ 

          အတွဲ-၃၊ အမှတ်-၁  မှစ၍ မကွေးတိုင်းဒေသကြီးအပြင် ရန်ကုန်(အောက်မြန်မာပြည်) ၊မန္တလေး(အထက်မြန်မာပြည်) မြို့များသို့ ဖြန့်ချိလိုက်ပါပြီ….။

အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။
ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

READMORE
 
မြန်မာ့ခေတ်သစ်ရာဇ၀င်ထဲက နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု

Sein Winမှ ကူးယူဖော်ပြသည်။
23 hrs ·
မြန်မာ့ခေတ်သစ်ရာဇ၀င်ထဲက နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု
တကယ်ဆိုရင် မြန်မာနိုင်ငံနဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဆိုတာ မစိမ်းလှပါဘူး။ ကျွန်တော်အမှတ်ရသလောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတာကစလို့ ပြန်ကောက်ရင်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေ၊ ICS ဦးတင်ထွဋ်၊ စောဘဦးကြီး၊ စပ်ရွှေသိုက်၊ သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ အယ်လ်ကွန်ဖန်၊ ဖဒိုမန်းရှာ၊ ဦးကိုနီရယ် လို့ အောင်မြင်တဲ့ လုပ်ကြံမှုတွေမှာထဲ့သွင်း ပြောလို့ရပါတယ်။ မအောင်မြင်ဖြစ်တဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုမှာ ဂဠုန် ဦးစော၊ ဦးနေ၀င်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပါတယ်။ ကျူးလွန်ခဲ့သူတွေဟာ နိုင်ငံရေးလိုင်းခွဲပြောရင် လက်ဝဲဘက်လည်းပါတယ်၊ လက်ယာဘက်ကလည်းပါပါတယ်။
အဲဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် နိုင်ငံလမ်းကြောင်းကိုပါ ရိုက်ခတ်တဲ့သက်ရောက်မှုတွေလည်း ရှိပါတယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းတို့တတွေ သေဆုံးပြီးနောက်ပိုင်း တိုင်းပြည်လမ်းကြောင်း။ ဦးတင်ထွဋ်ဆိုရင် အဲဒီခေတ်ကာလမှာ မြန်မာပြည်မယ် ဘဏ္ဍာရေးနဲ့ အခြေခံဥပဒေကို ကျွမ်းကျင်နားလည်တဲ့သူဖြစ်ပြီး သူတို့မျိုးဆက်တွေထဲ အတော်ဆုံးသောဗမာရယ်လို့ ဒေါက်တာသန်းမြင့်ဦးက ရေးခဲ့ဖူးပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလုပ်ကြံသတ်ဖြတ်ခံရမှုတွေလည်း သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတွေ ရိုက်ခတ်မှုတွေရှိနေကြတာပဲ မဟုတ်လား။
လုပ်ကြံသတ်ဖြတ်သူတွေဟာ နိုင်ငံတော် သို့မဟုတ် အစိုးရအနေနဲ့လုပ်ကြတာရှိသလို individual သို့မဟုတ် ပုဂ္ဂလဆိုင်ရာ လုပ်ကြတာလည်းရှိပါတယ်။ နိုင်ငံတော်အနေနဲ့လုပ်တယ်ဆိုတာ လတ်တလောအဖြစ်အပျက်မှာဆို ကင်ဂျုံနမ်ကို သူ့မိခင်နိုင်ငံ မြောက်ကိုရီးယားက မလေးရှားမှာလုပ်ကြံတဲ့ဟာ။ စီအိုင်အေက ကျူးဘားခေါင်းဆောင် ကက်စထရိုကိုလုပ်ကြံဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားတာတွေအပါအ၀င်ပေါ့။
မြန်မာပြည်ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ လုပ်ကြံမှုကိုဖန်တီးသူနဲ့ပတ်သက်ရင် အငြင်းပွားစရာတွေကလည်းများပါတယ်။ တစ်ချို့ကိစ္စတွေဆို ဘယ်သူသတ်တယ်ဆိုတာတောင် မပေါ်ပါဘူး။ နိုင်ငံရေးလုပ်ကြံမှုတွေဟာ တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့အချိန်တွေ၊ နိုင်ငံရေးအင်အားစုတွေ
တိုင်းပြည်မှာ ကွဲပြားမှုအလွန်ကြီးထွားတဲ့အချိန်၊ နိုင်ငံရေးအရပြိုင်ဆိုင်မှုအပေါ် တားမြစ်ချက်တွေရှိရင်၊ နယ်မြေစိုးမိုးမှုတွေ တလူတမင်းဖြစ်တာတွေနဲ့ ဆက်စပ်နေပြီး အဖြစ်တိုးလာတတ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ Political concensus မရှိတဲ့အခါ လုပ်ကြံသတ်ဖြတ်မှုကိုလက်နက်တစ်ခုအနေနဲ့အသုံးပြုတာကို သီရိလင်္ကာက ကျားသူပုန်တွေနဲ့ ဥပမာပေးကြပါတယ်။
ဘာကြောင့်လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ motive ကို ခန့်မှန်းရတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုသတ်တဲ့ ဦးစောဟာ ဗိုလ်ချုပ်သေသွားရင် သူ အာဏာရမယ်ထင်ခဲ့တယ်။ မစ်ဇူရီအုပ်ချုပ်ရေးမှူး သောမတ်စ် ခရစ်တန်ဒန်းက ဂျက်စီဂျိမ်းကို သတ်ရင် သူ့နိုင်ငံရေး ကြီးပွားလာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လုပ်ကြံသတ်ဖြတ်မှုတိုင်းဟာ နိုင်ငံရေးရည်မှန်းချက်ရှိတယ်လို့တော့ ပြောလို့မရပါဘူး။ စိတ်နာမကျန်းဖြစ်နေသူ၊ ဒီလိုပြောလို့ ရူးသွတ်နေမှစိတ်မကျန်းမာ တာမဟုတ်ပါဘူး။ သူတို့စိတ်ဟာ ကျိုးကြောင်းဆင်ခြင်စဉ်းစားနိုင်မှုမဲ့သွားပြီး အစွန်းရောက်တဲ့အခါ သူတို့ရဲ့ပုဂ္ဂလမကျေနပ်မှုကနေ လုပ်ကြံမှုဖြစ်လာတတ်ပါတယ်။ ဥပမာ- မာတင်လူသာကင်းတို့၊ ဂျွန်လန်နွန်တို့ကို သတ်သူတွေလိုမျိုးပေါ့။ ထူးခြားချက်အနေနဲ့ နိုင်ငံရေး လမ်းကြောင်းထဲမှာ anarchists တွေကနေ လုပ်ကြံသတ်ဖြတ်မှုမဖြစ်တာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီလို့လည်း ဆိုတယ်။
READMORE
 
မြေလတ်ဂျာနယ်၊ ၂၀၁၇၊ မတ်လ(၁ - ၁၅)ရက်၊ အတွဲ(၃) အမှတ်(၁)၊ ဂျာနယ်ကို ဖေဖော်ဝါရီ ၂၈ ရက်၊ အင်္ဂါနေ့ ဖြန့်ချိပါမည်။

          အတွဲ-၃၊ အမှတ်-၁  မှစ၍ မကွေးတိုင်းဒေသကြီးအပြင် ရန်ကုန်(အောက်မြန်မာပြည်) ၊မန္တလေး(အထက်မြန်မာပြည်) မြို့များသို့ ဖြန့်ချိလိုက်ပါပြီ….။

အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 
မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁၆ - ၂၈)ရက်၊ အတွဲ(၂) အမှတ်(၂၄)၊ ဂျာနယ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ဖြန့်ချိပါမည်။ 

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁ - ၁၅)ရက်၊ အတွဲ(၂) အမှတ်(၂၃)၊ ဂျာနယ်ကို ဇန်န၀ါရီ ၂၉ ရက်၊ တနင်္ဂနွေနေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဖေဖော်ဝါရီလ(၁ - ၁၅)ရက်၊ အတွဲ(၂) အမှတ်(၂၃)၊ ဂျာနယ်ကို ဇန်န၀ါရီ ၂၉ ရက်၊ တနင်္ဂနွေနေ့ ဖြန့်ချိပါမည်။ 

ထွက်ရက်ထက် ၂ရက်စော၍ ပုံမှန်အပတ်စဉ် မပျက် ကြိုတင်ဖြန့်ချိပေးပါသည်။

အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။

မြေလတ်ဂျာနယ်သည် နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။ ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 
မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဇန်န၀ါရီလ(၁၆ - ၃၁)ရက်၊ အတွဲ(၂) အမှတ်(၂၂)၊ ဂျာနယ်ကို ဇန်န၀ါရီ ၁၄ ရက်၊ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 
ခရီးသွားခြင်း

ခရီးသွားခြင်း
ကျွန်တော်တည်းတဲ့ဟိုတည်ပိုင်ရှင်နဲ့ စကားပြောဖြစ်တော့ သူဟာ ပိုက်ဆံအရှာကောင်းတဲ့သူ ဖြစ်မှန်းပေါ်လွင်ပါတယ်။ သူစဉ်းစားပုံစဉ်းစားနည်း၊ ငွေအတွက်ချဉ်းကပ်ပုံချဉ်းကပ်နည်း၊ ကြိုးစားအားထုတ်မှုနဲ့ အလျော့အတင်းလုပ်တဲ့နည်းတွေဟာ လူချမ်းသာဖြစ်နိုင်တဲ့အရည်အချင်းတွေမို့ပါပဲ။ လက်ရှိမှာလည်း သူ့မှာ ဒီဟိုတယ်အပြင် ရှစ်ထပ်ဟိုတယ်တစ်လုံးနဲ့ ကွန်ဒိုလူနေတိုက်တလုံးလည်းပိုင်ထားသူပါ။ လူကတော့ ဟိုတယ်မှာပဲ ဖြစ်သလို အိပ်စားပြီးနေတယ်။ အောင်မြင်တဲ့စီးပွားရေးသမားပါ။ ကျွန်တော့်အတွက်တော့ သူ့ဘ၀ကို အားကိုမကျနိုင်တာ။ ဘ၀ရဲ့ ဖြစ်တည်မှုနဲ့ ဘ၀အဓိပ္ပါယ်ကို ဆန်းစစ်ကြည့်မိလေ့ရှိတော့ မတူများပြားတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေဟာ ဘ၀ရဲ့ အရသာလို့တွက်တယ်။ ဒီလိုတွေရအောင် ခရီးသွားရတယ်။ စာတွေဖတ်ရတယ်။ လူတွေနဲ့စကားပြောရတယ်။ ခရီးသွားတာ ငွေကြေးတတ်နိုင်စွမ်းနဲ့ ပတ်သက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ငွေကြေးတတ်နိုင်တိုင်းလည်း ခရီးသွားကြတာမဟုတ်ပါဘူး။ ကမ္ဘာမှာ ခရီးသွားတာကို ယဉ်ကျေးမှုလိုဖြစ်နေတဲ့ မြတ်နိုးတာက အနောက်တိုင်းသားတွေဖြစ်တယ်။ နေရာစုံကိုသွားကြတယ်။ အထူးသဖြင့် မြောက်ဥရောပသားတွေ၊ အမေရိကန်တွေက ပိုလည်းသုံးစွဲနိုင်ပြီး အပန်းဖြေခရီးကို လေ့လာမှု၊ အပန်းဖြေစိတ်နဲ့သွားကြတယ်။ ပျှမ်းမျှအားဖြင့် ဥရောပသားတွေက သူတို့အိမ်မှာပုံမှန်သုံးတဲ့နှုန်းထက် နှစ်ဆသုံးလေ့ရှိတယ်လို့ စစ်တမ်းတစ်ခုမှာဆိုတယ်။ Lonely Planet အပါအ၀င် စာအုပ်လေးတစ်ကိုင်ကိုင်နဲ့ ဥရောပခရီးသွားတွေကို အတွေ့ရများတယ်။ အမေရိကန်တွေကတော့သူတို့ကျောင်းသားတွေကို ခရီးသွားအောင် တွန်းအားပေးလေ့ရှိတယ်။ ဥရောပမှာ ဆယ်ကျော်သက် လူငယ်တွေခရီးသွားနိုင်အောင် ရည်ရွယ်ပြီး ရထားကွန်ယက်လုပ်ထားတာရှိတယ်။ ငွေကုန်ကြေးကျမများတဲ့ ဘူတာရုံမှာအိပ်ပြီးခရီးသွားတဲ့လူငယ်တွေကို တွေ့ရများတယ်။
တရုတ်တို့၊ ရုရှားတို့ ကြွယ်ဝချမ်းသာမှုတိုးလာတော့ ခရီးသွားကြပါတယ်။ ဒါပေမယ့် တရုတ်ခရီးသွားတွေက ဈေးဝယ်ထွက်ဖို့ပဲ အားသန်ကြတယ်။ ထိုင်းကိုအလည်သွားဖို့ တရုတ်တွေကို zero dollar (တပြားမှမပေးရဘူး) ဆိုပြီး စီမံပေးတဲ့ ခရီးသွားအေးဂျင့်တွေရှိတယ်။ အခုတော့ ထိုင်းအစိုးရက တရားမ၀င်ဘူးဆိုပြီး ဖမ်းပစ်ရတယ်။ အဲဒီအေးဂျင့်တွေက တရုတ်ခရီးသွားတွေကိုအလားကားခေါ်ပေးတယ်။ ပြီးတော့ သူတို့ချိတ်ဆက်ထားတဲ့ ဆူပါမားကက်တွေ၊ ရှော့ပင်းမောတွေ၊ အရောင်းဆိုင်တွေမှာ ဈေးဝယ်အောင်ပဲလုပ်ထားတယ်။ ကုန်ပစ္စည်းတွေရဲ့ ဈေးကို ပေါက်ဈေးထက်တင်ပြီးရောင်းလိုက်တယ်။ အေးဂျင့်တွေက တရုတ်တွေရဲ့ ဈေးဝယ်အကြိုက်ကိုသိတော့ အဲဒါကိုအခွင့်ကောင်းယူအသုံးချလိုက်တာပဲ။ နိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းမူဝါဒချမှတ်သူတွေ စဉ်းစားလာရတာက ဒီလိုခရီးသွားမျိုးကိုဦးတည်ပြီး ဈေးကွက်ဖွင့်သင့်လားပေါ့။ နောက်မေးခွန်းက ခရီးသွားလုပ်ငန်းတိုးတက်အောင် ရင်းနှီးမြုပ်နှံထားရတဲ့အခြေအနေနဲ့ တိုင်းပြည်ထဲ ငွေပြန်ဝင်မှုကော ကာမိရဲ့လား။ ရုရှားတွေကတော့ ခရီးသွားရင် စားမယ်၊ သောက်မယ်၊ ပင်လယ်ကမ်းခြေသွားပြီး နေပူစာလှုံတာပဲစိတ်ဝင်စားကြတာများတယ်။ အရက်သောက်တဲ့အခါ အလွန်အကျွံသောက်ကြလေ့ရှိပြီး မူးပြီးရန်ရှာတာ နာမည်ကြီးကြတယ်။ အဲဒီတော့ တစ်ခြားဧည့်သည်တွေကို အနှောက်အယှက်ဖြစ်စေတော့ နဂိုကခရီးသည်အလာများတဲ့ အဖော်အချွတ်ကပွဲတွေတောင် အဲဒီနေရာကိုရှောင်ဖယ်လာတော့ ၀င်ငွေထိခိုက်ကုန်လာတယ်။
တောင်အမေရိကတိုက်သားတွေကတော့ တစ်မျိုး။ သူတို့က အနောက်တိုင်းသားတွေလောက် မကြွယ်ဝတာလည်းပါမယ်။ သူတို့ထဲကတတ်နိုင်တဲ့သူတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုသွားတယ်။ ဒါပေမယ့် ဈေးဝယ်ထွက်ဖို့ထက် အနုပညာပြတိုက်၊ ယဉ်ကျေးမှုဆိုင်ရာတွေသွားကြတယ်။ တစ်ချို့ကြတော့ ပြည်ပခရီးသွားဖို့ထက် ပြည်တွင်းမှာပဲ အိမ်ကြီးအိမ်ကောင်းဆောက်နေကြတယ်။ မြန်မာလူချမ်းသာတွေနဲ့တူမယ်ထင်တယ်။
အာဖရိကတို့ အာရှတို့မှာ အကန့်အသတ်နောက်တစ်ခုက ဗီဇာဖြစ်ပါလိမ့်မယ်။ ပထမကမ္ဘာစစ်နောက်ပိုင်းမှာ သွားလာမှုဆိုင်ရာ အကန့်အသတ်တွေကမ္ဘာတစ်ဝှမ်းပေါ်ထွက်ခဲ့တာလည်းဖြစ်တာ နှောင်းလူတွေကံမကောင်းအကြောင်းမလှစရာဖြစ်ပါတယ်။ တကယ်တော့လူသမိုင်းတစ်လျှောက် လူသားဟာ တစ်ခြားသော သတ္တ၀ါတွေလိုပဲ ရေကြည်ရာမြက်နုရာကိုလှည့်လည်နေထိုင်နေခဲ့ကြတာပါ။ ဂျစ်ပစီတွေလိုဗီဇပါတဲ့ ကျွန်တော်လိုလူအတွက်တော့ ခရီးသွားတာဟာ စိတ်ပျော်ရွှင်ချမ်းမြေ့မှုလည်းဖြစ်ပါတယ်။ ခရီးသွားလို့ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ (၁) အတွေ့အကြုံသစ်တွေရတာ (၂) အသိအမြင်သစ်တွေရနိုင်တာ (၃) မတူတဲ့ယဉ်ကျေးမှုတွေသိရမယ်။ (၄) ကိုယ့်အကြောင်းကိုပိုသိလာနိုင်တယ်။ (၄) ဘ၀ဓမ္မကိုပိုတွေးနိုင်တယ် (၅) မိမိကိုယ်ကိုအားကိုးခြင်းပိုပြုနိုင်တယ် (၆) သဘာဝကိုနှစ်သက်မြတ်နိုးခြင်းဖြစ်နိုင်တယ်။
READMORE
 
“ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ”

Pyuu Saw Htee added 3 new photos. မှ ကူးယူဖော်ပြပါသည်။
8 hrs ·
“ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ”
အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာတင်မိုး(ဆရာဂျမ်း)ရဲ့  အရိုးပြာဂူသွင်းခြင်းအခမ်းအနားကို သည်ကနေ့ (ဒီဇင်ဘာလ ၂၈ ရက်)မှာ ရန်ကုန်မြို့  ရေဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတင်မိုးကို ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တောင်သာမြို့နယ် ကန်မြဲရွာမှာ မွေးဖွားခဲ့ပါတယ်။
ဆရာတင်မိုးဟာ ၁၉၅၆ ခုနှစ်မှာ ဖန်မီးအိမ် ကဗျာစာအုပ် ထုတ်ဝေနိုင်ခဲ့ပြီး အမျိုးသား စာပေဆု ရရှိခဲ့ပါတယ်။

ဆရာတင်မိုးဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့လို့ ထောင် ၄ နှစ် ကျခံခဲ့ရပါတယ်။
ထောင်ကနေ လွတ်မြောက်ပြီးမှာ ဆရာတင်မိုးဟာ မကွယ်လွန်မီ အချိန်ထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ သမီးဖြစ်သူနဲ့ နေထိုင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ နေ့ မှာ အသက် ၇၃ နှစ် အရွယ် ဆရာတင်မိုးဟာ အမေရိကန်နိုင်ငံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ဒါ့အပြင် ဇန်န၀ါရီလ ၁ရက်နေ့ မှာ ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းမှာ ကျင်းပဖို့ လည်း ရှိတယ်လို့ သိရပါတယ်။
Photo - စိုးဝင်းငြိမ်း
READMORE
 
မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဇန်န၀ါရီလ(၁ - ၁၅)ရက်၊ အတွဲ(၂) အမှတ်(၂၁)၊ ဂျာနယ်ကို ဒီဇင်ဘာ ၂၉ရက်၊ ဖြန့်ချိလိုက်ပါပြီ...။

မြေလတ်ဂျာနယ်၊ ၂၀၁၇၊ ဇန်န၀ါရီလ(၁ - ၁၅)ရက်၊ အတွဲ(၂) အမှတ်(၂၁)၊ ဂျာနယ်ကို ဒီဇင်ဘာ ၂၉ရက်၊ ဖြန့်ချိလိုက်ပါပြီ...။
ယနေ့ ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်လို့ နယ်ရုံးများသို့ဖုန်းဆက်မရပါ။ ပို့နေကျ နယ်များမှ ကားဂိတ်များတွင် မနက်ဖြန် ၃၀ ရက်နေ့ သွားယူကြပါခင်ဗျား..။
 ကျေးဇူးတင်ပါသည်။ အယ်ဒီတာအဖွဲ့
READMORE