“ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ”

Pyuu Saw Htee added 3 new photos. မှ ကူးယူဖော်ပြပါသည်။
8 hrs ·
“ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ”
အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာတင်မိုး(ဆရာဂျမ်း)ရဲ့  အရိုးပြာဂူသွင်းခြင်းအခမ်းအနားကို သည်ကနေ့ (ဒီဇင်ဘာလ ၂၈ ရက်)မှာ ရန်ကုန်မြို့  ရေဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတင်မိုးကို ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တောင်သာမြို့နယ် ကန်မြဲရွာမှာ မွေးဖွားခဲ့ပါတယ်။
ဆရာတင်မိုးဟာ ၁၉၅၆ ခုနှစ်မှာ ဖန်မီးအိမ် ကဗျာစာအုပ် ထုတ်ဝေနိုင်ခဲ့ပြီး အမျိုးသား စာပေဆု ရရှိခဲ့ပါတယ်။

ဆရာတင်မိုးဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့လို့ ထောင် ၄ နှစ် ကျခံခဲ့ရပါတယ်။
ထောင်ကနေ လွတ်မြောက်ပြီးမှာ ဆရာတင်မိုးဟာ မကွယ်လွန်မီ အချိန်ထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ သမီးဖြစ်သူနဲ့ နေထိုင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ နေ့ မှာ အသက် ၇၃ နှစ် အရွယ် ဆရာတင်မိုးဟာ အမေရိကန်နိုင်ငံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ဒါ့အပြင် ဇန်န၀ါရီလ ၁ရက်နေ့ မှာ ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းမှာ ကျင်းပဖို့ လည်း ရှိတယ်လို့ သိရပါတယ်။
Photo - စိုးဝင်းငြိမ်း

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel “ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ” ini dipublish oleh shwelannwelanwinkyi pada hari Thursday, December 29, 2016. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan “ အမိမြေကို ပြန်ရောက်လာပြီဖြစ်တဲ့ ဆရာတင်မိုး ”
 

0 comments: