မြေလတ်ဂျာနယ်၊ ၂၀၁၆၊ အောက်တိုဘာ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၅)၊ ဂျာနယ်ကို စက်တင်ဘာ ၂၉ ရက်နေ့ ဖြန့်ချိပါမည်။



အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ အောက်တိုဘာလ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၅)၊  ဂျာနယ်ကို စက်တင်ဘာ ၂၉ ရက်နေ့ ဖြန့်ချိပါမည်။
 
          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။
 
ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
 နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute-MJI) ကို အလည်အပတ်လာရောက်ခဲ့ပါတယ်။

သတင်းကောင်းပါးချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုး၊ လျှပ်စစ်၊ ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ဂျာမန်သံအမတ်ကြီး Mr.Christian Ludwig Weber Lortsch နှင့် ပြင်သစ်သံအမတ်ကြီး Mr.Olivier Richard တို့ ဒီကနေ့မနက်က ကျွန်တော်တို့ရဲ့ မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute-MJI) ကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အင်ဒိုနီးရှားခရီးကနေ ပြန်မရောက်နိုင်တဲ့အတွက် မတွေ့ဆုံလိုက်ရပါဘူး။
အရင်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဆင့်ထိ MJI ကိုလာရောက်ဖူးသလို အခမ်းအနားတွေလည်း တက်ဖူးပါတယ်။ ဒါပေမယ့် အခုလို ဒေသန္တရအစိုးရအကြီးအကဲလာရောက်လည်ပတ်တဲ့အပေါ် MJI ကိုယ်စား ကျေးဇူးတင်ပါတယ်။
လွတ်လပ်တဲ့ သတင်းစာပညာသင်တဲ့ အင်စတီကျူးရှင်းတစ်ခု ရေရှည်တည်တံ့ရေးဟာ တိုင်းပြည်အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်သဘောကတော့ ဦးဆောင်မှုတွေဟာ ပြောင်းလဲနေရမှာမယ်။ ဒါပေမယ့် အင်စတီကျူက တိုးတက်မှုအမြဲဖြစ်ထွန်းနေရပါမယ်။ ဒီလိုဖြစ်အောင် ကျွန်တော်တို့လုပ်ကြရမှာပါ။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာသတင်းပညာသိပ္ပံ ဖွံဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် European Union(EU) မှ ကူညီထောက်ပံ့မည့် ကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားကို သတင်းအလုပ်နဲ့ပတ်သက်ပြီး သတင်းရယူမှု၊ လေ့လာရေး၊ အစည်းအဝေး၊ ကွန်ဖရင့်တွေအတွက်ရောက်တာ အခုတစ်ခေါက်နဲ့ဆို လေးခေါက်ရှိပါပြီ။ တစ်ခေါက်ထက်တစ်ခေါက်တိုးတက်မှုတွေ သိသိသာသာတွေ့ရတာ ၀မ်းသာမိသလို ကိုယ့်နိုင်ငံလည်း အဲသလိုဖြစ်စေချင်တာကလည်း ပါတာပေါ့။ အထူးသဖြင့် ဂျာနယ်လစ်ဇင်တက္ကသိုလ်တွေ တိုးတက်ဖြစ်ထွန်းမှုပဲ၊ အခုတစ်ခေါက် Global Media Forum က Universitas Multimedia Nusantara လုပ်တော့ သူတို့ပညာရေးရဲ့ အားကောင်းလာတာကို မြင်တွေ့ခဲ့ရတယ်။ ဒီတက္ကသိုလ်ထူထောင်တာ နှစ်အနည်းငယ်ပဲကြာပါသေးတယ်။ ဂျကာတာရဲ့ ဆင်ခြေဖုံးမြို့နယ် BSD မှာရှိတာပါ။ တက္ကသိုလ်စာသင်ခန်းတွေမှာ ပရိုဂျက်တာကအစ၊ အသံပိုင်းစနစ်တွေအပြည့်အစုံနဲ့၊ အင်တာနက်ကလည်း မြန်နှုန်းမြင့်နဲ့ တက္ကသိုလ်ဝင်းထဲလွှတ်ထားပေးတယ်။ တက္ကသိုလ်ဝင်းထဲ ဆေးလိပ်မသောက်ရပြဌာန်းတာကိုလည်း လိုက်နာမှုအားကောင်းတာတွေ့ရတယ်။ ဒီတက္ကသိုလ်မှာ Journalism ကော Public Relations ကိုပါ သင်ယူလို့ရတယ်။
READMORE
 

ရင့်ရှည်ကျေးရွာတွင် တရာမ၀င်သစ်ခွဲသားများဖမ်းဆီးရမိ


ငဖဲ စက်တင်ဘာ ၂၃
ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာတွင် ငဖဲမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင် မင်းသူ ပဒါန်းဘိနယ်တာဝန်ခံတောအုပ် ဦးထိန်လင်းဇော် ပါ(၂)ဦး၊စေတုတ္တရာမြို့နယ် သစ်တော ဦးစီးဌာန ဦးကျော်ဆန်းလှိုင် ပါ(၃)ဦး၊စလင်းမြို့နယ် သစ်တောဦးစီးဌာန ဦးရွှေမင်းမောင် ပါ(၂)ဦး၊ ပဒါန်းရဲကင်းစခန်းမှ ရဲအုပ်လွင်ကိုကိုဦး ပါ(၃)ဦးနှင့် ရင့်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှငွေ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဒါန်းဘိနယ်အတွင်း တရားမ၀င်သစ်ရှာဖွေ ဖမ်းဆီးခြင်းဆောင် ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက် နံနက် ၉း၃၀ နာရီအချိန်တွင် ရင့်ရှည်ကျေးရွာမြောက်ပိုင်းနေ ဦးစောထွေး(သ)၅၈၊(ဘ)ဦးဖိုးစိန်၏ နေအိမ်ခြံဝန်းအတွင်း၌ တရားမ၀င်အခြား(နှော)ခွဲသား (၆) ချောင်း(၀.၁၈၀၈)တန်နှင့် အခြား(ချဉ်ယုတ်)ခွဲသား(၃၃)ချောင်း(၁.၀၉၂၆)တန် ပေါင်း(၁.၂၇၃၄) တန်အား ဖမ်းဆီးရမိခဲ့သဖြင့် တရားမ၀င်သစ် ရောင်းဝယ်လုပ်ကိုင်သူ စောထွေးအား သစ်တော ဥပဒေပုဒ်မ-၃၃(က)၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုမှတဆင့် ပူးပေါင်းအဖွဲ့သည် ပဒါန်းဘိနယ်အတွင်း တရားမ၀င်သစ် ဖမ်းဆီးခြင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၁း၃၀ နာရီအချိန်တွင် ပုသိမ်-မုံရွာလမ်း (၂၅၆/၃)မိုင်နှင့် (၂၅၆/၄) မိုင်ကြား မာန်အောင်ကျေးရွာသို့သွားသော လမ်းဘေးနေရာ၌ တရာမ၀င်အခြား(ကညင်)ခွဲသား (၅)ချောင်း(၀.၄၈၄၂တန်၊ အခြား(ဖန်ခါး)ခွဲသား(၁၆)ချောင်း(၁.၄၁၀၆)တန်နှင့် အခြား(စကားဝါ) ခွဲသား(၂၄)ချောင်း(၁.၈၂၉၂)တန် ပေါင်း(၃.၇၂၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
ပူးပေါင်းအဖွဲ့အနေဖြင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တရားမ၀င်အခြားသစ်ခွဲသား စုစုပေါင်း(၄.၉၉၇၄)တန် ဖမ်းဆိးရမိခဲ့ပြီး ၄င်းသစ်ခွဲသားများအား ပဒါန်းသစ်ဆိပ်သို့ သယ်ယူ သိမ်းဆည်းထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။ သန်းနိုင်ဦး(ငဖဲ)
READMORE
 

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ စက်တင်ဘာလ(၁၆-၃၀)ရက်၊ အတွဲ(၂) အမှတ်(၁၄)၊ ဂျာနယ်ကို စက်တင်ဘာ ၁၄ ရက်နေ့ ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ်၊ ၂၀၁၆၊ စက်တင်ဘာလ(၁၆-၃၀)ရက်၊ အတွဲ(၂) အမှတ်(၁၄)၊  ဂျာနယ်ကို စက်တင်ဘာ ၁၄ ရက်နေ့ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။
ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
 နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 

တက္ကသိုလ်ကျောင်းသူ ကိုယ်ဝန်ဖျက်ချသေဆုံးခဲ့မှုနှင့်ပက်သက်၍ ပါဝင်ပက်သက်သူ(၃)ဦးအား တိုင်ကြားအမှုဖွင့်



မကွေးမြို့၌ တက္ကသိုလ်ကျောင်းသူတစ်ဦးကိုယ်ဝန်ဖျက်ချရာမှသေဆုံးခဲ့မှုနှင့်ပက်သက်၍ ပါဝင်ပတ်သတ်
သော လူ(၃)ဦးအား မကွေးနယ်မြေရဲစခန်းမှ သြဂုတ်(၉)ရက်နေ့တွင်အမှုဖွင့်ထားကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ သြဂုတ်(၈)ရက်နေ့ ည(၈)နာရီမိနစ်(၄၀)အချိန်က မကွေးနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းဇော်လွင်
သည် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် မကွေးပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦးသေဆုံးလျှက်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ မ---------၊အသက်(၁၈)နှစ်၊ဒုတိယနှစ်(သင်္ချာ)၊မကွေးတက္ကသိုလ် ၊----------ကျေးရွာ၊
မကွေးမြို့နယ်နေသူဖြစ်ပြီး ပါးစပ်မှအမြုပ်များထွက်ကာ မိန်းမအင်္ဂါမှသွေးများထွက်လျှက် သေဆုံးနေသည်
ကိုစစ်ဆေးတွေ့ရှိရသဖြင့် ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည့် သုံးဘီးယာဉ်မောင်း ကျော်ကျော်သိုက်
(ခ)ကျောက်သိုက်အား မေးမြန်းရာ ၎င်းသည် သြဂုတ်(၈)ရက်နေ့ ည(၇)နာရီအချိန်က မကွေးမြို့
၊မြို့ပတ်လမ်း၊ နှိုင်းမရ လက်ဘက်ရည်ဆိုင်ရှေ့တွင်ရှိနေစဉ် အမည်မသိ၊အသက်(၂၀)နှစ်ခန့် လူငယ်(၂)ဦးရောက်ရှိလာပြီး လူနာ(၁)ဦးအားဆေးရုံသို့ပို့ရန်ဌားသဖြင့်လိုက်သွားခဲ့ကြောင်း၊ မကွေးမြို့၊အောင်မင်္ဂလာ ရပ်ကွက်၊(၈)လမ်းနေ မယဉ်နုထွေး(ခ)မနီနီဝင်း၊အသက်(၃၁)နှစ်၏နေ
အိမ်ရှေ့တွင်ရပ်ကာ ၎င်းနေအိမ်အတွင်းမှ သတိလစ်နေသောအမျိုးသမီး(၁)ဦးအား လူငယ်(၂)ဦးအနက် (၁)ဦးမှ သုံးဘီးပေါ်သို့ပွေ့တင်ကာ လူငယ်(၁)ဦး နှင့် မယဉ်နုထွေး(ခ)မနီနီဝင်းတို့မှာ သုံးဘီးဆိုင်ကယ်ဖြင့်
လိုက်ပါ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ကျန်လူငယ်(၁)ဦးမှာ ဆိုင်ကယ်ဖြင့်နောက်မှလိုက်လာခဲ့ကြောင်း၊ဆေးရုံသို့ရောက်ရှိပြီးနောက် တာဝန်ကျဆရာဝန်မှ လူနာသေဆုံးနေပြီဖြစ်ကြောင်း ပြောကြားစဉ် မယဉ်နုထွေး(ခ)မနီနီဝင်းနှင့်လူငယ်(၂)ဦးတို့မှာ ဆိုင်ကယ်ဖြင့်ရှောင်ထွက်သွားသည်ကိုတွေ့ရကြောင်း စစ်ဆေးသိရှိခဲ့သည့်အပြင် တာဝန်ကျဆရာဝန်၏ပြောကြားချက်အရ မ--------သေဆုံးခြင်းမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးလွန်သေဆုံးသည့်လက္ခဏာဖြစ်နိုင်ကြောင်းပြောပြသိရှိခဲ့သည်ဆို၏ ။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကိုယ်ဝန်ပျက်ကျစေရန်အကြံဖြင့်ကိုယ်ဝန်ဆောင်မိန်းမအားမဆင်မခြင်ပေါ့လျော့
စွာ ကိုယ်ဝန်ဖျက်ချပေး၍ လူကိုသေစေသူ မယဉ်နုထွေး(ခ) မနီနီဝင်းနှင့်အမည်မသိလူငယ်(၂)ဦးတို့အား
အရေးယူပေးရန် သြဂုတ်(၉)ရက်နေ့တွင် ရဲအုပ်ဝင်းဇော်လွင်မှ တရားလိုပြု လုပ်တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ (ပ)၁၃၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၁၄/၁၁၄ ဖြင့်
အမှုဖွင့်ထားကြောင်းသိရသည်။
မြေလတ်လင်းယုန်
READMORE
 

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၂)၊ ဂျာနယ်ကို သြဂုတ် ၁၃ ရက်၊ စနေနေ့ ဖြန့်ချိပါမည်။




မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၂)၊  ဂျာနယ်ကို သြဂုတ် ၁၃ ရက်၊ စနေနေ့ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
ဖြန့်ချိရေး၊ နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈ / ဧသုချို- ၄၃၀၁၀၅၀၆

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇
READMORE
 

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၁)၊ ဂျာနယ်ကို ဇူလိုင် ၃၀ ရက်နေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၁)၊ ဂျာနယ်ကို ဇူလိုင် ၃၀ ရက်နေ့ ဖြန့်ချိပါမည်။

မြေလတ်ဒေသ သတင်းစာ / 5 hours ago

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၁)၊ ဂျာနယ်ကို ဇူလိုင် ၃၀ ရက်နေ့ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။

မြေလတ်ဂျာနယ်သည် နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

ဖြန့်ချိရေး၊ နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈ / ဧသုချို- ၄၃၀၁၀၅၀၆

အမှုဆောင်အယ်ဒီတာအဖွဲ့

မြေလတ်ဂျာနယ်တိုက်

အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း

ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်

မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

READMORE
 

မြေလတ်ဂျာနယ် အတွဲ ၂- အမှတ် ၉ ထွက်မည်

http://www.myaylatmedia.com/2016/06/blog-post_27.html?m=1
READMORE
 

ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬

#‎ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬
ပြည်သူကရွေးချယ်ပေးခဲ့သော ‪#‎ပြည်သူ့အစိုးရ‬ လက်ထက်ရောက်မှ မြန်မာ့ရိုးရာကွမ်းစားခြင်းဓလေ့နှင့် ကွမ်းယာဆိုင်လေးများကိုဥပဒေကြောင်းအရ ဆိုင်ဖွင့်ခွင့် မပေးတော့ဘူးဆိုသည်မှာ ဖြစ်သင့်ပါရဲ့လား ... ? ညှာတာစဉ်းစားပေးကြပါဦးခင်ဗျား.. ။
‪#‎ကွမ်းစားခြင်းဓလေ့သည်‬ မြန်မာ့ရိုးရာစစ်စစ်ဖြစ်ပြီး ရှေးရှေးဘုရင်များလက်ထက်ကတည်းက သုံးစွဲလာခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်ကလည်း ကွမ်းယာတွင်ပါဝင်သော ထုံး နန်းတွင်တိုင်များကို ‪#‎စည်းကမ်းမဲ့သုတ်လိမ်းသူများကြောင့်‬
‪#‎အရေးယူအပြစ်ပေးခဲ့ဘူးကြောင်းမှတ်သားမိပါသည်‬
ကွမ်းယာနှင့်ပါတ်သက်ပြီး ရှေးစာဆိုကြီးများရေးစပ်ခဲ့သော တံတားဦးက ကွမ်းနုဝါ။
ငန်းမျှာက ဆေး။ကွမ်းသီး တောင်ငူနှင့် ကိုင်း ထုံးဖြူ
ပြည် ရှား ။သာဝါးလို့ ထွေး ။ဆိုတဲ့ကဗျာအရ တံတားဦးကထွက်သည့်ကွမ်းနုဝါ။ ငန်းမျှာနယ်ကထွက်သည့် ဆေးရွက်ကြီး။တောင်ငူကထွက်သည့်ကွမ်းသီး။စစ်ကိုင်းက
ထွက်သည့်ထုံး။ပြည်မြို့နယ်ကထွက်သည့်ရှားစေး။သည်အမယ်တွေစုံတဲ့ ကွမ်းတစ်ယာတန်ဖိုး အသာဝါးလို့ ထွေး ရမယ်ဆိုတဲ့ စာဆိုအရ ကွမ်းတစ်ယာ ဖြစ်လာဖို့ မြန်မာပြည်အထက်အောက် ‪#‎ပြည်ထောင်စုအသွင်စုပေါင်းပါဝင်နေသည်ကို‬ သိမြင်နိုင်ပါသည်။
ထို့အတူ ကွမ်းတစ်ယာ၏နောက်ကွယ်တွင် အမှီအခို
ပြုနေကြရသော ကွမ်းစိုက်တောင်သူ ယာသမားများမိသားစု ဆေးရွက်ကြီးစိုက်တောင်သူယာသမားများမိသားစု။ကွမ်းသီးပင်စိုက်ခြံသမားများမိသားစု။ထုံး ဖေါက်အလုပ်သမားမိသားစု။ရှားချက်ရသောအလုပ်သမားမိသားစု။ကွမ်းသီးစိပ်လှီးရ ညှပ်ရသော အလုပ်သမားမိသားစု။
အရင်းအနှီးအနည်းငယ်ဖြင့်ကွမ်းယာဆိုင်ဖွင့် သမာအာဇီဝစီးပွားရှာနေရသောလုပ်ငန်းလေးကို အမှီပြုနေရသောမိသားစုတို့၏ဘဝ အထိုထိုကို ပြည်သူ့အစိုးရ လက်ထက်ကျမှ
အရေးယူ ... ရောင်းချခွင့်မပေး ... လိုင်စင်ထုတ်မပေး ... တစ်ခြားစီးပွားပြောင်းကြပါလို့ ... ပြောလာခြင်းသည် ပြည်သူ့အကျိုးကိုကြည့်၍ပြောသင့် မပြောသင့် ... လုပ်သင့်မလုပ်သင့် ... စဉ်းစားပေးကြပါဦးခင်များ။
ကွမ်းစားခြင်းဖြင့် ‪#‎စည်းကမ်းမဲ့စွာ‬ ကွမ်းတံတွေးထွေးခြင်းကို အရေးယူသင့်ပါသည်။စည်းကမ်းသတ်မှတ်ပေးသင့်ပါသည်။
ကွမ်းယာဆိုင်များမှ ‪#‎ကျန်းမာရေးကိုထိခိုက်စေသည့်‬
နှပ်ဆေး။ချက်ဆေး။မူးယစ်ဆေးများ ထည့်သွင်းရောင်းချသည်များကို ဥပဒေကြောင်းအရ သတိပေး အရေးယူရမည် ဖြစ်ပါသည်။
မြန်မာ့ရိုးရာ ကွမ်း ဆေး ထုံး ရှား စမုံစပါး နွယ်ချို အစရှိသဖြင့် ယာ၍ရောင်းသော ကွမ်းယာကိုမူ အရေးယူခြင်း
တားမြစ်ခြင်း ဆိုင်ဖွင့်ခွင့် မပြုခြင်းများကို ပြည်နယ် / တိုင်းဒေသကြီးများရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှစာများထွက်နေခြင်းသည် လုံးဝ ‪#‎လုံးဝမဖြစ်သင့်ပါ‬
‪#‎ကွမ်းတစ်ယာ‬၏နောက်ကွယ်တွင် သူ့ကိုမှီခိုပြီး ဘဝရပ်တည်ပြီး သားဝတ်နေရေးဖြေရှင်းနေကြရသော ကွမ်းယာဆိုင်ရောင်းသူ မှီခိုမိသားစုများ။ကွမ်းစိုက်တောင်သူများ။ဆေးရွက်ကြီးစိုက်တောင်သူများ။ကွမ်းသီးစိုက်ခြံသမားများ။ကွမ်းသီးစိပ်ညှပ် အလုပ်သမားမိသားစုများ အစရှိသည့် ‪#‎ပြည်သူပြည်သားမိသားစုများ‬၏ထမင်းအိုးကို ‪#‎အမိန့်တစ်ချက်ထုတ်ပြီးအရေးယူမည်‬ ဆိုပါက ထိုထို အစိုးရများသည် ပြည်သူ့အကျိုးဆောင်သည့် ပြည်သူကရွေးချယ်ပေးခဲ့သည့်
‪#‎ပြည်သူ့အစိုးရမည်ပါဦးမည်လား‬..။‪#‎ပြည်သူ့အကျိုးဖျက်စီးရာရောက်သွားမည်လား‬ ... ဆိုသည်ကို အရှည် စဉ်းစားပြီးစည်းကမ်းလိုက်နာစေလျှင်လည်းစည်းကမ်း လိုက်နာအောင်ထိန်းကြောင်းကြရမည့်တာဝန်ကိုသာ ကိုင်စွဲရမည် ဖြစ်ပြီး ... ‪#‎နိုင်ငံတော်‬၏အတိုင်ပင်ခံပုဂ္ဂိုလ် ‪#‎ဒေါ်အောင်ဆန်းစုကြည်‬ ပြောသည့် ... ‪#‎ဗြမ္ဘစိုရ်တရားဖြင့်အုပ်ချုပ်ပါမည်ဆိုတဲ့‬ ပြည်သူ ပြည်သားတွေ သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေ စားသောက်ရှာဖွေနေသည့်လုပ်ငန်းငယ်လေးကို သနားဂရုဏာ မေတ္တာစေတနာ ထားပေးကြရမည့် တာဝန်
ပျက်ယွင်းနေမည် ဖြစ်ပါသဖြင့် ‪#‎ပြည်သူ့အမုန်းခံ‬ မဖြစ်ရလေအောင် စဉ်းစားဝေဖန် နိုင်ပါစေကြောင်းပါ ... ခင်ဗျား ... ။
Credit . U Tin Tun ( Taungdwingyi - Magway Regional Division ) မှ ကူးယူဖော်ပြပါသည်။
https://m.facebook.com/story.php…

READMORE
 

ဦးသိန်းစိန်က အရမ်းရိုးသားပါတယ် 👺 မရိုးသားတာက သူ့ရဲ့ကိုယ်ကျင့်တရားနဲ့စိတ်ဓါတ်ပါ...🙈🙉🙊 အညတရ ကော်ဖီဆိုင်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ ...

Thargyi Winner added 4 new photos. မှ ကူးယူဖော်ပြပါသည်။
ဦးသိန်းစိန်က အရမ်းရိုးသားပါတယ်
👺 မရိုးသားတာက သူ့ရဲ့ကိုယ်ကျင့်တရားနဲ့စိတ်ဓါတ်ပါ...🙈🙉🙊
အညတရ ကော်ဖီဆိုင်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ ...
ဦးသိန်းစိန်အစိုးရတက်ခါစ
လယ်ယာမြေဥပဒေမထုတ်ခင်..
ဦးမြင့်လှိုင် (ဝန်ကြီး)
ဆည်မြောင်းညွှန်ချုပ် ဦးကျော်မြင့်လှိုင်ဦးဆောင်ပြီး
မြေယာဥပဒေအသစ်အရ ဈေးတက်လာမှာမို့
နေပြည်တော်တဝိုက် လယ်တွေလိုက်ဝယ်ကြတယ်..
နေပြည်တော်အစိုးရအသိုင်းအဝိုင်းနဲ့
ညွှန်မှူးတွေ ဗိုလ်ချုပ်တွေဝယ်ကြတယ်..
သမ္မနလယ်တောလို့ နာမည်ကြီးတဲ့
အဲ့ဒီနေရာမှာ ဈေးချောင်ချောင်နဲ့ ရတာတွေရော
အလကားသိမ်းတာတွေရောကို
ဧက၅၀၀ ပြည့်အောင်
ဦးသိန်းစိန်အတွက် ဆည်မြောင်းက
ပြည်တည်ပေးခဲ့တယ်။
ပြည်သူ့ဘဏ္ဍာငွေနဲ့
စက်မှုလယ်ယာကမြေညှိ
ဆည်မြောင်းကရေပေး မြောင်းဖောက် လမ်းတွေဖောက်လုပ်ပေးခဲ့တယ်။
ပြီးတော့ စိုက်ပျိုးရေးက လာစိုက်ပေးပေါ့။
စိုက်တာက တရုတ်စပ်မျိုးစပါး
စပါးထွက်လာတော့ကုန်ကျစရိတ်နဲ့တွက်ရင်
ရွှေဈေးအလားကျတယ်လို့ပြောကြတယ်..
တစ်ပြည်လုံးက စိုက်ပျိုးရေးကလူတွေ
စံပြလယ်ယာတောကြီးကိုသွားလေ့လာကြရတယ်။
နောက်ကွယ်က ကုန်ကျစရိတ်ကတော့
ဋ္ဌာနဆိုင်ရာတွေ ခံကြရတာပေါ့။
တကယ်တော့..
For showလုပ် ..
နိုင်ငံခြားသားတွေခေါ်ပြ
လယ်သမားတွေခေါ်ပြ
ကျွေးမွေးစရိတ်တွေကိုက သိန်းထောင်ကျော်...။
ဒါတွေကို
ပြည်သူ့ငွေတွေကို အလွဲသုံးစားပြုပြီး ဆည်မြောင်းကကုန်ကျခံခဲ့တယ်။
အဲ့ဒီအချိန်မှာ
လယ်အသိမ်းထံရတဲ့လယ်သမားတွေက ဆန္ဒပြမယ်လုပ်တော့
လျော်ကြေးပေး နှစ်သိမ့်လိုက်တယ်..
လျော်ကြေးစိုက်ထုတ်ပေးသူကတော့
ထုံးစံအတိုင်း ဆည်မြောင်းညွှန်ချုပ်ပဲပေါ့။
အဲ့ဒီလယ်တောအကြောင်း ဖေ့ဘုတ်မှာပါလာတော့
ဦးသိန်းစိန် အမည်ကနေ နေ့တွင်းခြင်း အခြားတစ်ယောက်အမည် မြေစာရင်းက ပြောင်းပေးလိုက်တာကို
အဲဒီက မြေစာရင်းဝန်ထမ်းတွေ သိကြတယ်။
အဲ့ဒီလယ်တောမှာ
အစည်းဝေးတွေ တွေ့ဆုံပွဲတွေလုပ်ခဲ့တယ်။
တိုင်းရင်းသားခေါင်းဆောင် လက်နက်ကိုင်ခေါင်းဆောင် စာနယ်ဇင်း အနုပညာရှင် ၈၈ငြိမ်းပွင့်
စတဲ့အဖွဲ့တွေကို လက်ခံတွေ့ဆုံခဲ့တယ်။
အဲ့ဒီလယ်တောမှာဆောက်ထားတဲ့
အဆောက်အဦမှန်သမျှ ဦးသိန်းစိန်ငွေတပြားမှမပါဘူး။
အုတ်စီရေမြောင်းတွေ စက်တွေ စက်ထားတဲ့တဲတွေ
ဂိုထောင်တွေ ရှိရှိသမျှအားလုံး
ဦးသိန်းစိန်ငွေ တပြားမှမကုန်ပဲ
အလကားရခဲ့တာပေါ့...
ညွှန်ချုပ်တွေက အောက်မှာ
ခွဲတန်းချပြီးလုပ်ပေးတာလား။
နိုင်ငံတော်ဘဏ္ဍာသုံးခဲ့တာလား
သူတို့ပဲ သိမယ်။
ဘာပဲပြောပြော အားလုံး ပြည်သူ့ငွေတွေကို
သုံးခဲ့တာချည်းပဲ။
အဲ့ဒီအထဲမှာမှ အထွက်တိုးစပါး
ရာသီပေါ်သီးနှံများ နှစ်ရှည်ပင်များစိုက်ပျိုးထားပြီး
သီးနှံ သန့်စင်ထုတ်ပိုးစက်တွေလည်း ရှိပါတယ်။
အားလုံးဟာ
ဋ္ဌာနပေါင်းစုံက ဝိုင်းကျွန်ခံလုပ်ပေးခဲ့တာဖြစ်ပြီး
ဦးသိန်းစိန်က ငွေတစ်ကျပ်မှမကုန်ခဲ့သလို
မနက်တိုင်း သမ္မတလယ်ထဲလမ်းလျှောက်လာတာအမီ
မနက်၅နာရီ နေ့တိုင်းထ
လယ်ထဲကစောင့် မနက်စာပြင်
အားလုံးအသက်မရှူရဲ ငြိမ်ကုပ်လုပ်ပေးရတဲ့ဘဝက
လွတ်သွားလို့ ဝန်ထမ်းတွေလည်း ပျော်ရွှင်လျက်ရှိကြောင်း သိရပါတယ်။
အခုတော့...
သိန်းစိန်ပြုတ်သွားခြင်းနဲ့အတူ
ဆည်မြောင်းညွှန်ချုပ်ကြိီးရဲ့ ဝန်ကြီးဖြစ်ရေးစီမံကိန်းလည်း ပျက်သွားရပါပြီ။
ဆည်မြောင်းက ရန်ပုံငွေတွေ
သမ္မတပံ့ပိုးခဲ့ရတဲ့ပမာဏ ဘီလျံချီ ရှိခဲ့ပါတယ်။
ဦးသိန်းစိန်ကိုပေးခဲ့တဲ့ ဆန်စက်တင်
၂.၅ ဘီလျံရှိခဲ့တာပဲ။
နွားခြံကြီးကလည်း ထည့်တွက်ရမယ့် ကိစ္စ ။
အခုတော့...
နိုင်ငံတော်ပိုင်လိုလိုလုပ်နေတဲ့
သမ္မတလယ်တော ဧက၅၀၀ခြံဝန်းကြီးဟာ
ဦးသိန်းစိန်အပိုင်ပါတဲ့..။
ဒါကြောင့်လည်း..
ဦးသိန်းစိန်ဂျီးက
ရွှေလယ်တော ကော်ဖီဆိုင်နှင့်ကိတ်မျိုးစုံဆိုပြီး
ခပ်တည်တည် ဖွင့်ထာလေရဲ့။
ဒီကြားထဲ
သမီးနာမည်နဲ့ မတရားသိမ်းထားတဲ့ မြေကွက်တွေ အပါအဝင်
သရက်ခြံကြီးကလည်း ရှိသေး။
အဆိုးဆုံးက
ကျောက်မျက်ကနေ ယူထားတဲ့
ဒေါ်လာ ၇ သန်း။
သြော်...
ဦးသိန်းစိန်ကြီးကို
ရိုးသားလှချည့်ရဲ့ သနားလှချည်ရဲ့ဆိုသူတွေ
ဘယ်လိုတွေများ ပြောကြဦးမလဲ..။
ဆင်းရဲနေတဲ့
ပြည်သူတွေနဲ့ ကိုယ့်ကိုကိုယ် မသနားပဲ
ဦးသိန်းစိန်ကြီးကို သမ္မတတာဝန် ထပ်ပြီး ထမ်းဆောင်စေချင်ရဲ့လို့ ပြောကြပါဦးလား။
ခုတော့..
နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ
နာမည်ပျက် များစွာနဲ့ ဆင်းသွားရတဲ့
လူတစ်ယောက်။
ဇာတ်ခုံပေါ်မှာ မင်းသားကြီး ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ သူတစ်ယောက်။
ဒါ့ကြောင့်..
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်ပစ်နိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တဲ့အတွက်
အားလုံးပဲ သတိထားပြီး စောင့်ကြည့်ကြပါလို့
ရေးသားရင်း...
Credit: Naywin Thr
Via: ဘုန်းထက်ကြယ်
ZN.H
READMORE
 

သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း

Aung Kyawkyaw shared RFA Burmese's photo — with Myat Lay Oo and Yamin Hlaing. မှ ကူးယူဖော်ပြသည်။
18 hrs ·
☆ဒေါ်ယမင်းလှိုင်အဆိုတင်
ကိုမြတ်လေးဦးထောက်ခံ☆
■■■■■■■
သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း
မကွေးတိုင်း အနောက်ခြမ်း ဂန့််ဂေါနဲ့ တ၀ိုက်မှာ သစ်ခိုးထုတ်တာတွေနဲ့ သစ်အလွန်အကျံ ခုတ်ယူနေတာတွေကြောင့် တောင်ကတုံးတွေဖြစ်နေတဲ့အတွက် သစ်တောထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ အလွယ်တကူရရှိနိုင်တဲ့ Chain-Saw ခေါ် လျှပ်စစ်လွှတွေနဲ့ သစ်တွေခုတ်ယူနေတာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရဲ့ စာရင်းအရ ဂန့်ဂေါမြို့နယ်မှာ ကြိုးဝိုင်း၊ ကြိုပြင်သစ်တောဧရိယာ သုံးသိန်းခြောက်သောင်းကျော်ရှိပြီး လက်ရှိ ကားလမ်းလူမြင်ကွင်းမှာသာ သစ်တောတွေ ကျန်ရှိနေပြီး အတွင်းပိုင်းမှာ သစ်အလွန်အကျွံခုတ်ယူမှုတွေကြောင့် တောပြုန်းနေပြီဖြစ်ကြောင်းလည်း ဒေါ်ယဉ်မင်းလှိုင်က တင်ပြခဲ့ပါတယ်။
အမြစ်ကနေ တူးယူပြီး ပြည်ပကိုတင်ပို့နေကြသလို ကုမ္ပဏီတွေကလည်း ခွင့်ပြုတဲ့တန်ချိန်ထက် ပိုခုတ်ယူတာတွေ ရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။
အဆိုကို ထီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထောက်ခံခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ကိုင်ဆောင်အသုံးပြုနေတဲ့ Chain- Saw ခေါ် လျှပ်စစ်လွှတွေကို ဥပဒေနဲ့အညီ စီစစ်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး အဲဒီအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
Photo: Win Naung Toe/ RFA ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ဇွန်လ ၁ ရက်နေ့က အဆိုတင်သွင်းနေစဉ် )
READMORE
 

မိဘပြည်သူများနှင့် တစ်နိင်ငံလုံးရှိကျောင်းသားသမဂ္ဂများသိရှိစေရန် ကြေငြာအပ်ပါသည်။

‪#‎နကသလက်မခံ‬
မိဘပြည်သူများနှင့် တစ်နိင်ငံလုံးရှိကျောင်းသားသမဂ္ဂများသိရှိစေရန် ကြေငြာအပ်ပါသည်။
၂၅ရက် ၅လ၂၀၁၆တွင့်အလျင်စလို ဖွဲ့ စည်းလိုက်သော နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲံချုပ်သည် တစ်နိုင်ငံလုံးရှိကျောင်းသားသမဂ္ဂများကို ကိုယ်စားပြု ခြင်းမရှိကြောင်းနှင့် အဆိုပါဖွဲ့ စည်းမှုအားမကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် လုံးလ လက်ခံခြင်းမရှိကြောင်း။
နကသ ၏ တစ်နိုင်ငံလုံးကျောင်းသားသမဂ္ဂများစုစည်းပေးမည်ဆိုသောရည်ရွယ်ချက်မှာ မိမိတို့ ကိုယ်မိမိ အထင်းကြီးလွန်းပြီ အခြားသမဂ္ဂများ၏ သမဂ္ဂစိတ်ဓါတ်များအပေါ် ဂရုမပြု့ စော်ကားခြင်းဖြစ်သည်။
နကသ အနေဖြင့် အလျင်စလို ဖွဲ့ စည်းပြီး ညီလာခံခေါ်ယူနိုင်ရေးဆိုသောစိတ်ကူးတွေမှာ မိမိတို့ ၏ အာဏာရှင်ဆန်ဆန် စိတ်ကူးများအပေါ်အခြေခံကာတွေးခေါ်လုပ်ဆောင်မှု မျှသာဖြစ်သည်။
ဗကသ မြေလတ် ၁၁ဦးကော်မတီသည် မြေလတ်ဒေသကျောင်းသားသမဂ္ဂများအကိုကိုယ်စား ပြုခြင်းမရှိကြောင်းအသိပေးပါသည်။
အဆိုပါ၁၁ဦးသည်မိမိတို့ ဘာသာ ရွေးချယ်တင်မြှောက်ထားခြင်းသာဖြစ်ပါသည်။ အဆိုပါနကသအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်စုကြည်ဦးဆောင်သော နိုင်ငံတော်အစိုးနှင့် ပညာရေးကိစ္စများဆွေးနွေးမည်ဆိုသည်မှာ စိတ်ကူယဉ်ဆန်သောအတွေးအခေါ်များသာဖြစ်ပြီးလက်ရှိအစိုးရအပေါ်မယုံကြည်ကြောင်းကိုပြသခြင်းသာဖြစ်သည်။သမဂ္ဂရုံးခန်းများရရှိရေးဆိုသည်မှာ လူကြားကောင်းအောင်ပြောထားသောစကားများသာဖြစ်သည်။ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအစိုးရကိုယုံကြည်သောကြောင့် သမဂ္ဂရုံးခန်း ရရှိရေးနှင့်ပညာရေးပြောင်းလဲရေးကိစ္စတို့ မှာ နိုင်ငံလုံးကျောင်းသားထုညီလာခံလုပ်ဖိုါလိုခိုင်လုံတဲ့အကြောင်းပြချက်များမဟုတ်ပါ။ သို့ ပါသောကြောင့်
ဗကသ မြေလတ်၁၁ဦးနှင့်
နကသ ဆိုသောအဖွဲ့ များရဲ့ ယခုလုပ်ဆောင်ချက်များကို မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် လုံးဝမထောက်ခံကြောင်းနှင့် ကိုယ်စားပြု့ မှု မရှိကြောင်း သိစေအပ်ပါသည်။
အဆိုပါထုတ်ပြန်ချက်သည် မကွေးတက္ကသိုလ်ဦးဆောင်ကကော်မတီ ၏ဆွေးနွေးဆုံးဖြတ်ချက်ဖြစ်သည်။
မကွေးတက္ကသိုလ်၏ကိုယ်စားပြု့ မှုနှင့် လုပ်ဆောင်ချက်များကို မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂPAGE တွင် လေ့လာနိုင်ပါသည်။
ဥက္ကဌ
မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မကွေးတက္ကသိုလ်။
postတင်သူ
အတွင်းရေးမှူး
READMORE
 

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် ဘာတွေ မှာလိုက်သလဲ

The Irrawaddy (Burmese Version) added 2 new photos. မှကူးယူဖော်ပြပါသည်။
2 hrs ·
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် ဘာတွေ မှာလိုက်သလဲ
ဧရာဝတီ၊ မေ ၂၈ ၊ ၂၀၁၆
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို နေပြည်တော်မှာ ယမန်နေ့က ခေါ်ယူတွေ့ဆုံပြီး အချက် ၈ ချက် မှာကြားလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းထုတ်ပြန်သည်။
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် ၈ ချက်မှာ
■ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊
■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊
■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊
■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊
■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊
■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊
■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊
■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် တို့ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
READMORE
 

အမည်မသိ ဘင်္ဂါလီး ရှစ်ဦး သယ်ယူသူ သုံးဦး ကားတစ်စီးကို ဂုတ်ကြီးစခန်းမှူး ရဲအုပ်ကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ ကျေးရွာလူငယ်များ ပူးပေါင်း ဖမ်းဆီးရမိကြပါသည်

Aung Gyi Thayet shared ရိုးမ စံခမောက်'s post. မှကူးယူဖော်ပြသည်။
28.5.2016 နံနက် ၄း၅၅ အချိန် အမည်မသိ
ဘင်္ဂါလီး ရှစ်ဦး သယ်ယူသူ သုံးဦး ကားတစ်စီးကို
ဂုတ်ကြီးစခန်းမှူး ရဲအုပ်ကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ ကျေးရွာလူငယ်များ ပူးပေါင်း
ဖမ်းဆီးရမိကြပါသည်

ဖြစ်စဉ်မှာ ညဦးပိုင်းကနဦးသတင်းအရ ရဲအုပ်ကျော်မျိုးမှ တပ်ဖွဲ့ဝင်များ ကျေးရွာလူငယ်
များနှင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စောင့်ဆိုင်းနေခဲ့သည်
နံနက် ၄း၁၂ အချိန်ခန့်တွင် noah အမျိုးအစား
ကားနံပါတ် 3f /2848ကားအဖြူရောင်သည်
အမ်းဘက်မှမင်းဘူးဘက်သို့မောင်းနှင်လာရာ နတ်ရေကန်ကော်ဖီခြံရှေ့အရောက် အမ်းဘက်
သို့ ပြန်လည်ထွက်သွားခဲ့သည်
ထိုအချိန်တွင် လင်းတဲကျေးရွာတွင် ၄င်းယာဉ်အားစစ်ဆေးခဲ့ပြီး လမ်းခုလတ်တော
ထဲတွင်ချထားခဲ့သော ဘင်္ဂါလီ ၈ ဦးအား
လက်ရဖမ်းစီးနိုင်ခဲ့သည်ဟု ဖြစ်စဉ်ကို
ရဲအုပ်ကျော်မျိုးနှင့်ပါဝင်ပူးပေါင်းသူများထံမှ
သိရသည်
 
READMORE