ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်
ငါ့ ပစ္စည်း
ငါ့ ဥစ္စာ
ငါ့ အိမ်
ငါ့ တိုက်
ငါ့ ကား
ငါ့ မယား
ငါ့ သားသမီး
ငါ့ ဆွေမျိုး
ငါ့ အသိုင်းအ၀ိုင်း
ငါ့ အုပ်စု
ငါ့ ရွာ
ငါ့ အရပ်
ငါ့ မြို့
ငါ့ တိုင်း
ငါ့ ပြည်…..။
ငါ နှင့် ငါသာ အရာရာ နိုင်းယှဉ်စရာမရှိ
ဟိုနေရာလဲငါ ဒီနေရာလည်း ငါပါ..
ငါ ဆိုတာ လောကီ(ပညတ်)တဲ့
အများပြောသံတော့ ကြားမိပါတယ်..။
လောကုတ္တရာနယ် ၀ိဇ္ဇာဆရာတွေက
ငါမဟုတ် သူမဟုတ် အဲဒါ နာမ်နဲ့ရုပ်
ခန္ဓာငါးပါး ဖြစ်ပျက် ဘယ်ဟာမှမတည်မြဲကြဘူးတဲ့…။
အို..ရှုပ်ပါတယ်..လောကီရော လောကုတ္တရာရော
အားလုံးကိုအကုန်ပယ်မယ်…..
သစ္စာအမှန်တရားတွေ ဘေးကိုဖယ်..
ယခုအချိန်မှာ.. သိကြားမင်းကြီး နကင်းနဲ့ဆင်းတားရင်တောင်
ငါ လက်မခံနိုင်ဘူး…ငါ့ လက်ရှိဘ၀ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး
သိကြားမင်းလည်းမမြင်အောင်..၊ ငရဲမင်းလည်းတက်မလာနိုင်အောင်
ငရဲမင်းရဲ့ ထိပ်ပေါ်မှာ..စိတ်ဥမင်လှိုင်ဂူ တံခါးပိတ်လို့
မသေခင်မှာ မတရားတာဟူသမျှ
မြူမျှမကျန်အောင်
အ၀ိဇ္ဇာဆရာကြီးနဲ့ဆက်၍ တိုင်ပင်ပြီး
ဘ၀သံသရာအ၀ိုင်းခရီးသို့
အပြန်တစ်ရာမကပြေးနေပါဦးမည်……။
ကိုးကားချက်။ ။ဆရာဦးရွှေအောင်၏ (ဗုဒ္ဓလောကသားတို့၏ အနိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာအုပ်။
ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၀၀၉ ခု၊ဇူလိုင်(၈)ရက်၊ ညနေ(၅)နာရီတွင်ရေး၏။)
1 comments:
ဟုတ်တယ်ဗျ ကျွန်တော်လည်း ငါဆိုတာကို သိပ်မုန်းတာ။ ဒါကြောင့်မို့ "ငါ" လို့မပြောဘူး "ကျွန်တော်" လို့ပဲ အမြဲပြောတယ်။ ဟီးဟီး
Post a Comment