မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း




မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း
အမှတ်စဉ်(၁)၊ ဒုတိယပါတ်ဆက်လက်ဖွင့်
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်

၁၉-၁၁-၀၉ မှ ၂၁-၁၁-၀၉ နေ့အထိ(၃)ရက် ဖွင့်ပါမည်။သင်တန်းချိန်များမှာ (နံနက်၇မှ၉)နာရီ၊နေ့လည်(၁မှ၃နာရီ) တစ်ရက်(၂)ချိန် ယခင်အစီအစဉ်အတိုင်း သင်ကြားပေးပါမည်။ သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသ(ဓမ္မာစရိယ) ကြွရောက်ပို့ချသင်ကြားပေးပါသည်။ တက်ရောက်သင်ကြားသော ဆရာတော်များမှာ မကွေမြို့စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါးဖြစ်၏။ သင်တန်းခန်းမ နှင့် မီးစက်မောင်းအလှူရှင်မှာ ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစုမှ ပညာဒါနပြုပါသည်။ သင်တန်းဆရာတော်(၂)ပါးအတွက် မန္တလေး၊မကွေး အသွားအပြန်ခရီးစားရိတ်အား(ရွှေဒိုမိန်း မိသားစုမှ ငွေကျပ်(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းကျပ်မတည်လှူဒါန်းထားပါသည်။ သင်တန်းနည်းပြ ဆရာတော်(၂)ပါးအား မကွေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့ ဥက္ကဌ ဦးပညာစက္က၏ ပညာစက္ကရာမကျောင်းတိုက် မှသတင်းသုံးနေထိုင်ရေးနှင့် ဆွမ်းကပ်လှူဒါန်းပါသည်။

သင်တန်းနည်းပြဆရာတော် ဦးကောဝိဒ (စစ်ကိုင်းဆွမ်းလောင်းသင်းနှင့် အခမဲ့ကွန်ပျူတာ သင်တန်းကျောင်း)ဆရာတော်မှာ စစ်ကိုင်းတိုင်း မြရတနာ(အနာကြီးရောဂါသည်များ)ရွာတွင် အ၀ီစိ ရေတွင်းတူးခြင်း၊ စတုဒီတာ ထမင်းကြွေးအလှူကိစ္စများကြောင့် မကွေးသင်တန်းသို့ မကြွလာ နိုင်ကြောင်း သိရှိရပါသည်။ တတိယပါတ် သင်တန်းသို့ လာရာက်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးကောဝိဒ မှဖုန်းဆက်၍မိန့်ကြားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊နံနက်(၈း၄၀)နာရီ ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း ini dipublish oleh shwelannwelanwinkyi pada hari Wednesday, November 18, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း
 

0 comments: