ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း


ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ

နိုဝင်ဘာလ (၂၂)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

ဘုန်းဘုန်းဦးအဂ္ဂဝရမိန့်မှာချက်အရ ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော မြန်မာနိုင်ငံသားများမှ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းမေးမြန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ဆက်သွယ်ရန် အခက်အခဲရှိခဲ့ပါလျှင် ထိုင်းနိုင်ငံရှိ ဖုံးနံပါတ် (+668 5113 7722)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။


ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


နိုဝင်ဘာလ (၂၁)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေရာမှ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ကြွသွားပြီဖြစ်ပါကြောင်းကို ကြေညာအပ်ပါသည်။ ဖြူးဆရာတော်ကြီး၏ သတင်းကို ဆရာတော်ဦးအဂ္ဂ၀ရနှင့် ဆက်သွယ်၍ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင့် အောက်ပါဖုံးနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးအဂ္ဂဝရ
ဖုန်း - (+95 95390417)၊

ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
(လိုင်းဖုံးနံပါတ်ကို ဦးစားပေးခေါ်ဆိုကြပါရန်)



ရောက်ရှိလာသော ကိုဖိုးသားမေးလ်အား တဆင့်ကူးယူဖော်ပြပေးလိုက်ပါသည်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၃)ရက်၊နေ့လည်(၃း၂၀)ကူးယူ၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း ini dipublish oleh shwelannwelanwinkyi pada hari Monday, November 23, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း
 

0 comments: