စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်းတရာေးတာ်-(3)


မြောက်ဦးဆရာတော် ဟောကြားအပ်သော စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်းတရာေးတာ်-(3)


မလှုပ်ဣနြေ္ဒ ငြိမ်ငြိမ်နေ

အဲဒါဟာ ဒုတိယလူကို စိတ်တွေ မငြိမ်သက်ပါပဲ ပိုလှအောင် ရှစ်ပတ်ပတ်မယ်ဆိုတဲ့ အတွေးမျိုး ၀င်သလား၊ ငြိမ်ငြိမ်သက်သက်နဲ. ရပ်တာလား
အဲသလို ငြိမ်တဲ့အတွက်ကြောင့် ငြိမ်းအေးတဲ့ အောင်မြင်မှု မရဘူးလား
(ရပါတယ်ဘုရား)
ငြိမ်လို. ငြိမ်းရတာ မဟုတ်ဘူးလား
(ဟုတ်ပါတယ်ဘုရား)
ငြိမ်ရင် ငြိမ်းတယ်နော်။ဒါကြောင့် ယောဂီများမှာ တရားအားထုတ်တဲ့နေရာမှာ ဣရိယာပုတ်တိုင်းမှာ အထိုင်အထ၊ အသွားအလာ၊ အစားအသောက်၊ ရေမိုးချိုးခြင်း၊ တွေကအစ အစအရာရာမှာ ငြိမ်မနေရဘူးလား
(ငြိမ်ရပါမယ်ဘုရား)
ရုပ်ကိုလည်း ငြိမ်အောင် စောင့်ရှောက်ရသလို၊ နာမ်တရားတည်းဟူသော စိတ်တွေကိုလည်း ငြိမ်အောင် စောင့်ရှောက်ရပါမယ်။
(တင်ပါ့)
စင်္ကြ ကမ္မဋ္ဌာန်းတွေဆိုရင်လည်း မျက်လုံးတွေကအစ ခြေလှမ်းလှမ်းတာက အစ၊ ကိုယ်လက်အမူအယာ ပြုပြင်တာက အစ ငြိမ်အောင် စောင့်ရှောက်ရမယ်နော်
(တင်ပါ့)

တချို. ယောဂီများဆိုရင် စင်္ကြံကမ္မဋ္ဌာန်းများ လျှောက်လိုက်ပြီဆိုရင် မျက်လုံးတွေက မငြိမ်ပါပဲနဲ. ဟိုကြည့်ဒီကြည့်၊ တောင်ကြည့် မြောက်ကြည့်နဲ.။ ခြေလှမ်းတွေဆိုရင်လည်း အလွန်တရာ ကျဲတာတို.၊ အလွန်တရာ
စိပ်တာတို.၊ ကြွတာဆိုရင် ခြေထောက်ကြီးတွေကို မြင်မကောင်းအောင် တအားကြီးကို မြှောက်ကြွတာတို.ရှိပါတယ်။ဒီလို
မျိုးတွေ မလုပ်ရပါဘူး
(တင်ပါ့ဘုရား)
စက္ခုဣနြေ္ဒလေးအစ ခြေလှမ်းတာလေးထိ သတိကလေးနဲ.ငြိမ်အောင် ပြုပြင်ရပါတယ်။ရုပ်ငြိမ်မှလည်း စိတ်ငြိမ်သလို စိတ်ငြိမ်မှလည်း ရုပ်ငြိမ်ပါတယ်။ ငြိမ်မှလည်း သမာဓိတွေ ဖြစ်လာမယ်။ ပညာတွေ ဖြစ်ခွင့်ရပြီး မဂ်ဥာဏ်
ဖိုလ်ဥာဏ်ဆိုတဲ့ အောင်မြင်မှုပန်းတိုင်ကို လှမ်းမတက်နိုင်ဘူးလား
(တက်နိုင်ပါတယ်ဘုရား)

ပေၞတာလိုက်ရှု ငြိမ်းအေးမှု

ဒါကြောင့်မို.လို. ဒီနေ. ကမ္မဋ္ဌာန်းတရားတွေ ကျင့်ကြံပွားများ ကြိုးစားအားထုတ်တဲ့ ယောဂီများဟာ ၀ိပဿနာဥာဏ်နဲ.ပတ်သတ်လာရင် စွန်.စားရဲရပါမယ်
(တင်ပါ့ဘုရား)
ရှင်းပြီနော်။ ခန္ဓာက ဘယ်လောက်ပဲ ဖောက်ပြန်ဖောက်ပြန်၊ ဘယ်လိုပေၞပေၞ၊ စိတ်က ဘယ်လောက်ပဲ လှုပ်ရှားမှုပဲပေၞပေၞ၊ စိတ်တွေ ခဏခဏ အပြင်ထွက်လို.လည်း စိတ်ဓာတ်တွေ မကျပါစေနဲ.။ စိတ်ဓာတ်ကျတယ်ဆိုတာ
ကုသိုလ်လား၊ အကုသိုလ်လား
(အကုသိုလ်ပါဘုရား)

စိတ်ဆိုတာ ကိုယ့်သဘောမှ မဟုတ်ဘဲ ဒကာ၊ဒကာမတွေ
(တင်ပါ့)
သူ.သဘော သူဆောင်နေတာ ဟုတ်လား။စိတ်ထွက်ရင် ထွက်မှန်းသိ၊ သတိကလေးနဲ. ကပ်ထားလိုက် ဒါပဲ။ စိတ်ကူးနေရင်လည်း သြော်...စိတ်ကူးနေပါပေါ့လားလို. စိတ်ကူးတာကို ကူးမှန်းသိလိုက်ရင် ရပ်သွားတာပဲ ဟုတ်
လား
(တင်ပါ့)
ဒါဟာ တရားပဲ။ စိတ္တာနုပဿနာပဲနော်။ ကိုယ်က စိတ်ကူးပေၞရင်သာ ပေၞမှန်းသိအောင် ကြိုးစား။ ဝေဒနာပေၞရင် ပေၞမှန်းသိအောင် ကြိုးစား ဟုတ်လား။ ဘယ်အာရုံလေးပဲ ပေၞပေၞ ပေၞတဲ့အာရုံလေးကို သတိထား၊ ၀ီရိယ
စိုက်၊ ပညာနဲ.စောင့်ကြည့် အကဲခတ်လို.ရှိရင် ပေၞလာတဲ့ အာရုံမှန်သမျှတွေဟာ မြဲသလား၊ မမြဲဘူးလား
(မမြဲပါဘုရား)
ဘယ်အာရုံပေၞပေၞ ပေၞပြီး ပျက်စီးနေတာပဲ။ ဖြစ်ပြီးပျက်စီးနေတဲ့ သဘောပဲ ရှိပါတယ်။စွန်.စွန်.စားစား ကြိုးစားဖို.သာ လိုရင်းနော်
(တင်ပါ့ဘုရား)
မျှမျှတတ အားထုတ်ပေးဖို.ပဲ လိုပါတယ် ဟုတ်လား
(တင်ပါ့)
ရှင်းပြီးနော်

(ရှင်းပါတယ်ဘုရား)
ပြီးတော့ ငြိမ်မှ ငြိမ်းတယ်တဲ့။ ငြိမ်ရင် ဘာဖြစ်တာတဲ့လဲ
(ငြိမ်းပါတယ်ဘုရား)
ငြိမ်းတယ်နော်။ ငြိမ်ရမယ်ဆိုတာ စိတ်ကိုပြောတယ်။ဘာငြိမ်ရမှာလဲဆိုရင် စိတ်နော်။စိတ်ငြိမ်မှ ကိုယ်ငြိမ်တယ်ဆိုတော့ ကိုယ်ရော စိတ်ရော ငြိမ်လာရမယ်လို. ဆိုလိုတာ
(တင်ပါ့ဘုရား)

စွန်.စားမျှတ နိဗ္ဗာန်

စိတ်ငြိမ်ရင် ကိုယ်ကာယကြီးလည်း ငြိမ်ပါတယ်။စိတ်မငြိမ်ရင် ကိုယ်ကာယကြီးလည်း မငြိမ်ပါဘူး။ နားလည်တယ်နော်။
(တင်ပါ့)
ငြိမ်သက်မှုတော့ ရလာတယ်။ သို.သော် ငြိမ်သက်မှုရလာတယ်ဆိုတဲ့ နေရာမှာ ဝေဒနာတွေ ပြင်းထန်လို.၊ ဝေဒနာကို တိုက်ထုတ်နေလို. ငြိမ်နေတာက တစ်မျိုး၊ နောက်ပြီး စိတ်ကူးတွေယဉ်ပြီးတော့ ငြိမ်နေတာက တစ်မျိုး။
မှတ်စိတ်နဲ. အာရုံကိုက်လို. ငြိမ်နေတာက တစ်မျိုးဟုတ်တယ်နော်။အဲဒီ ငြိမ်နေတာတွေထဲမှာ မှတ်စိတ်နဲ.၊ အာရုံနဲ. ကိုက်ညီပြီး ငြိမ်နေဖို. လိုအပ်တယ်နော်။
(တင်ပါ့ဘုရား)
ဝေဒနာရဲ.ဖြစ်ပျက်ကို ဥာဏ်နဲ.မြင်ပြီးတော့ ငြိမ်နေမယ်ဆိုရင် အဲသလို ယောဂီများရဲ. ငြိမ်ခြင်းဟာ ' ငြိမ်း' လာမှာပေါ့
(တင်ပါ့ဘုရား)

သြော်..လောဘအစရှိတဲ့ အကုသိုလ်တရားတွေ ငြိမ်းလာမယ်။အကုသိုလ် အပူဓာတ်၊ အလောင်ဓာတ်တွေ ငြိမ်းရင် ဆင်းရဲမှာလား၊ ချမ်းသာမှာလား။
(ချမ်းသာမှာပါဘုရား)
သူတစ်ပါးက ပေးမှာလား၊ ကိုယ်က ကြိုးစားရမှာလား။
(ကိုယ်က ကြိုးစားရမှာပါ ဘုရား)
ဒါကြောင့် ဒကာ၊ ဒကာမတွေ ဒီလိုကုသိုလ်စွမ်းအားလေးတွေ မိမိသန္တာန်ထဲမှာ ရှိမယ်။အားထုတ်လိုတဲ့စိတ်လည်း ရှိမယ်။ကြိုးစာအားထုတ်တဲ့ စွမ်းအားလည်း ရှိမယ်။ကဲ..သဒ္ဓါ ၀ီရိယ ဆန္ဒလေးတွေ လည်းရှိမယ်။ဒီကုသိုလ်
စွမ်းအားလေးတွေ မရမချင်း ငါ အားထုတ်မယ်ဆိုပြီး ကဲ........ထိုင်တဲ့အခါမှာလည်း မျှမျှတတ၊ ရပ်တဲ့အခါမှာလည်း မျှမျှတတ၊ စားတဲ့အခါမှာလည်း မျှမျှတတ၊ လျောင်းထိုင်ရပ်သွားဆိုတဲ့ လေးပါးသော ဣရိယာပုတ်ထဲမှာ
သတိထား၊ ၀ီရိယစိုက်၊ ပညအသိနဲ. ကြည့်လိုက်မယ်ဆိုရင် အရှုခံမှန်သမျှတွေဟာ ဖြစ်ပြီးပျက်စီးနေလို ဘာသစ္စာ
(ဒုက္ခသစ္စာပါဘုရား)
လှမ်းပြီး ကြည့်နေတာလေးက ဘာသစ္စာ
(မဂ္ဂသစ္စာပါဘုရား)
သေသွားတာက ဘာသစ္စာ ပါလိမ့်
(သမုဒယသစ္စာ ပါဘုရား)

ငြိမ်းတာက ဘာသစ္စာ
(နိရောဓ သစ္စာပါဘုရား)
သစ္စာလေးပါး ေပၞမေပၞ
(ေပၞပါတယ္ဘုရား)
သစ္စာလေးပါး ထိုက်မထိုက်
(ထိုက်ပါတယ်ဘုရား)
ကဲ...သစ္စာလေးပါး ထိုက်အောင် စွန်.စွန်.စားစား မျှမျှတတနဲ. ကြိုးစားကာငြိမ်းတဲ့ နိဗ္ဗာန်ဆီသို. မျက်မှောက်ပြုအောင် ကြိုးစားနိုင်ကြပါစေ
(သာဓု ..သာဓု..သာဓု)

-------------------------**********--------------------------

လေးစားစွာဖြင့်
ဖိုးသား

ကိုဖိုးသားပေးပို့သော မေးလ်အား ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၇-၂-၂၀၁၀ ။ ၁၃၇၁ ခု တပေါင်းလပြည့်ည(၁၀း၃၀)တွင် ကူးယူပါ၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်းတရာေးတာ်-(3) ini dipublish oleh shwelannwelanwinkyi pada hari Saturday, February 27, 2010. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan စွန့်နိုင်မှစွမ်း နိဗ္ဗာန်လမ်းတရာေးတာ်-(3)
 

0 comments: