ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။
သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )
ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။
အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။
A | B | C | D | E | F | |
---|---|---|---|---|---|---|
1 | စဉ် | ပစ္စည်းအမျိုးအမည် | အရေအတွက် | နှုန်း | ကုန်ကျငွေ | တစ်ပါးလျှင်ကုန်ကျမှု |
2 | ၁ | ပရိက္ခရာအစုံ | ၅စုံ | 2500 | 12500 | 2500 |
3 | ၂ | သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း | ၁၅စုံ | 5500 | 82500 | 16500 |
4 | ၃ | သပိတ်(တန့်ကြည်တောင်သံသပိတ်) | ၅ လုံး | 4500 | 22500 | 4500 |
5 | ၄ | နိုင်လွန်ခါးပန်းကြိုး | ၅ စုံ | 500 | 2500 | 500 |
6 | ၅ | ခေါင်းအုံး+ခေါင်းအုန်းစွပ် | ၅ လုံး | 2500 | 12500 | 2500 |
7 | ၆ | စောင် | ၅ထည် | 4000 | 20000 | 4000 |
8 | ၇ | မျက်နှာသစ်ရေခွက် | ၅ခွက် | 500 | 2500 | 500 |
9 | ၈ | ပန်းကန်ပြား | ၅ | 500 | 2500 | 500 |
10 | ၉ | ဇွန်း | ၅ ချောင်း | 200 | 1000 | 200 |
11 | ၁၀ | ဆပ်ပြာခွက် | ၅ခွက် | 300 | 1500 | 300 |
12 | ၁၁ | ဆပ်ပြာခဲ | ၅ခဲ | 220 | 1100 | 220 |
13 | ၁၂ | သွားတိုက်ဆေး | ၅ ဗူး | 600 | 3000 | 600 |
14 | ၁၃ | သွားတိုက်တံ | ၅ချောင်း | 250 | 1250 | 250 |
15 | ၁၄ | ဖိနပ် | ၅ရံ | 1500 | 7500 | 1500 |
16 | ၁၅ | မျက်နှာသုတ်ပါဝါ | ၅ထည် | 1500 | 7500 | 1500 |
17 | ၁၆ | လွယ်အိတ် | ၅လုံး | 2500 | 12500 | 2500 |
18 | ၁၇ | လက်သည်းညှပ် | ၅ခု | 900 | 4500 | 900 |
19 | ၁၈ | လက်သုတ်ပ၀ါ | ၅ထည် | 500 | 2500 | 500 |
20 | ၁၇ | သပိတ်လွယ် | ၅စုံ | 2000 | 10000 | 2000 |
21 | ၁၈ | အိပ်ယာခင်း | ၅ထည် | 3000 | 15000 | 3000 |
22 | ၁၉ | ဖျာ | အကြီးတစ်ခု | 12000 | 12000 | 44970 |
23 | ၂၀ | ခြင်ထောင် | အကြီးတစ်ထည် | 1800 | 18000 | |
24 | ၂၁ | သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် | 20000 | 20000 | ||
25 | ၂၁ | မုန့်ဟင်းခါးကျွေးကုန်ကျမှု | 8500 | 85000 | ||
26 | ၂၂ | ကိုရင်များနေ့ဆွမ်းကပ် | 23-8-2010 | 10000 | 10000 | |
27 | ၂၃ | သီလရှင် တစ်ပါးအတွက် ကုန်ကျမှု | 50000 | |||
28 | စုစုပေါင်းကုန်ကျမှု | 419850 | ||||
29 |
ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း ကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်
ကိုဇော်
.
--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/
ကိုဖော် ပေးပို့ထားသော မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။ ကိုဇော်အား အထူးကျေးဇူးတင်ပါ၏။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁နာရီခွဲ)
1 comments:
ဦးဇင်း ရဲ့ ဆိုဒ်မှာတော့ မြရတနာမှာ လှူဒါန်းမှု အားလုံးကိုဖတ်ရပါတယ်။ ဦးဇင်းက တော့ အလှူလိုက်ဖို့ဖိတ်ပါသေးတယ် မအားလို့ လိုက်ပါကုသိုလ် မယူနိုင်လိုက်ပေမယ့် အွန်လိုင်းက နေပဲ လှူဒါန်းမှု့ အားလုံးအတွက် သာဓု ခေါ်သွားပါတယ်ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment