``မကွေးမြို့နယ် ဇေယျာစမ်းကျေးရွာ ရေရရှိရေးအတွက် NLD(ဗဟို) မှ လာရောက်၍လှူးဒါန်း´´

ယခုနှစ်နွေရာသီတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် မြေလတ်ဒေသများတွင် ရေရှားပါးမှုဒုက္ခဖြစ်ကြရသည်။ ယခုနှစ်မှာ နွေဦးကာလ စောစောစီးစီးအချိန်များမှာ ရေကန်များခန်းခြောက်ခြင်း၊ ရေတွင်းများခန်းခြောက်ခြင်းတို့ကြောင့် တောင်သူများ အတိဒုက္ခရောက်ကြရသည်။ အဆိုပါအခက်အခဲများကို ရန်ကုန်မြို့မှ ရေအလှူရှင် ဦးအေးကို+ဒေါ်နုနုခင် မိသားစုတို့က မကွေးမြို့နယ် သန်ဘိုကျေးရွာအတွက် ငွေကျပ်သိန်း(၉၅)သိန်းအကုန်အကျခံ၍ စက်ရေတွင်းလှူဒါန်းကြောင်း၊ ယခု မကွေးမြို့ ဇေယျာစမ်းကျေးရွာရေရရှိရေးအတွက် NLD (ဗဟို)မှ မကွေးမြို့ မြို့နယ်(NLD)ရုံးတွင် မေ(၁၀)ရက်နေ့က ငွေကျပ်(၂၅)သိန်းကို အခမ်းအနားဖြင့် လာရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။
 

0 comments: