ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေတဲ့ ဂျာနယ်တစ်ဆောင်မှာ မေလ(၂၇)ရက်နေ့တွင် (ဆိပ်ဖြူ ပြည်ခိုင်ဖြိုးပါတီ၏ ပဋ္ဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ) ခေါင်းစည်းဖြင့် (လေးမောင်-ဆိပ်ဖြူ) သတင်းထောက်က ရေးသားဖော်ပြထားပါသည်။ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကျင်းပါတာ လုံးဝမဟုတ်ပါ။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ လုပ်သားပြည်သူအများ၏ စုပေါင်း လှူဒါန်းသော ဒါနပွဲကြီးဖြစ်ပါသည်။ (၁၃-၅-၂၀၁၃) နေ့စွဲဖြင့် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးစာဖြင့် ပထမအကြိမ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကြီးကြပ်ရေးကော်မတီနှင့် ကျင်းပရေးကော်မတီ ဖွဲ့ထားသော စာကိုကြည့်လျှင် အဖြေကရှင်းပါလိမ့်မည်..၊ (ရွာသားအလှူ သူကြီးကောင်းမှု) စကားပုံထက် ပိုဆိုးရွားပြီး တစ်မြို့နယ်လုံးက ပြည်သူလူထု၏အလှူကို (ပြည်ခိုင်းဖြိုးပါတီ) အမည် တစ်ခုတည်းဖြင့် အလှူရှင်နာမည်ခံထားခြင်းဖြစ်ပါကြောင်း ဇွန်(၁၇)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ မကွေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ လာရောက်၍ ပြောသည်။
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment