``မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ သိန်း(၃၀၀)တန် (AMBULANCE) လူနာတင်ယာဉ် လှူဒါန်း´´
(ဒီလူနာတင်ယာဉ်ကို အများပြည်သူတွေအတွက်သာ အသုံးပြုပါ။ ဆရာဝန်များနဲ့ ဆေးရုံဝန်ထမ်းများ ကြို/ပို့ မသုံးရ)
ဇွန်(၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မကွေးမြို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တွင် မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ သိန်း(၃၀၀)တန် အဆင့်မြင့် လူနာတင်ယာဉ် လှူဒါန်းကြောင်း သတင်းရရှိသည်။ ယာဉ်အမျိုးအစားမှာ Mercedes Sprinter (5 Cylinder) ၊ ယာဉ်အမှတ် ၂စ/ ၇၇၃၂၊ ထုတ်လုပ်သည့်နိုင်ငံ United Kingdom (England)၊ ၂၀၀၇ မော်ဒယ်၊ စက်စွမ်းအား(Engine Power) 1800 CC ဒီဇယ်၊ ၀န်တင်ဆောင်အား ၁.၅ တန်၊ နှင့် မြန်မာငွေကျပ် သိန်း(၃၀၀) ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားပေးအပ်လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ မြို့မိမြို့ဖများ ကျန်းမာရေးဝန်ထမ်းများ (၁၀၀)ဦးခန့် တက်ရောက်၍ အဆိုပါ လူနာတင်ယာဉ် (AMBULANCE) ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း မှ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဌေး သို့ မော်တော်ယာဉ်နှင့်အတူ ၎င်းကားနှင့် ပါတ်သက်သော စာရွက် စာတမ်းများကို ပေးအပ်ကြောင်းသတင်းရရှိသည်။
အဆိုပါ လူနာတင်ယာဉ် (AMBULANCE) ကို အများပြည်သူများအတွက်သာ အမှန်တစ်ကယ် ထိရောက်စွာ အသုံးပြုစေလိုကြောင်း၊ ဤ ကားဖြင့် ဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကြို ပို့ (ဖယ်ရီကား) အဖြစ် အသုံးမပြုရန် (အထူးတားမြစ်) ၍ အဆိုပါကားကို အမြဲထာဝစဉ် ကောင်းမွန်နေအောင် ၎င်း မော်တော်ယာဉ်၏ ပြင်ဆင်ထိမ်းသိမ်းရေးအတွက် တိုင်းပြည်သူ့ဆေးရုံ မှ ဆက်လက်တာဝန်ယူပေးရန် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တာဝန်ပေးမှာကြား ထားခဲ့ကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။
Artikel ``မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ သိန်း(၃၀၀)တန် (AMBULANCE) လူနာတင်ယာဉ် လှူဒါန်း´´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, June 8, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ သိန်း(၃၀၀)တန် (AMBULANCE) လူနာတင်ယာဉ် လှူဒါန်း´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment