``မကွေးမြို့နယ် သမန်းတောကျေးရွာ ဘုန်းတော်ကြီးပညာသင်ကျောင်း စုပေါင်းဖွင့်လှစ်´´

စက်တင်ဘာ(၁၅)ရက် နံနက်(၈)နာရီတွင် မကွေးမြို့နယ် သမန်းတော(မြောက်)ကျေးရွာ၌ ဥယျာဉ်ဘုန်းတော်ကြီး ပညာသင်ကျောင်း စုပေါင်းဖွင့်လှစ်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ ဘုန်းတော်ကြီးပညာသင်ကျောင်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးပညာသင်ကျောင်း ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်ဘုန်းတော်ကြီးပညာသင်ကျောင်းဥက္ကဋ္ဌ ဆရာတော်၊ ပင့်သံဃာအပါး(၃၀)နှင့် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ပညာရေးဦးစီးမှူး၊ ပြည်ခိုင်းဖြိုးပါတီဝင်များ၊ NLD မကွေးမြို့နယ်ပါတီဝင်များ နှင့် ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်း(မကွေး)အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ရွာသားများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တက်ရောက်ဖွင့်လှစ်ပေးကြောင်း၊ ထိုကျောင်းတွင် ဆရာတော်ဦးနေမိန္ဒ မှ ဦးစီး၍ ဆရာ ဆရာမသုံးဦး နှင့် ကျောင်းသူ ကျောင်းသား(၇၀)ဦးရှိကြောင်း၊ ဤကျောင်းဖွင့်လှစ်ရန် နှစ် နှစ်ခန့်ကြိုတင် ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း၊ မကွေးတိုင်းဒေသကြီး သံဃာနယကအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ယခု ၂၀၁၃ ခုနှစ် သြဂုတ်လ ထဲမှာ သက်ဆိုင်ရာမှ ဖွင့်ခွင့်အမိန့်ကျခဲ့၍ ယနေ့အောင်မြင်စွာဖြင့် သမန်းတော(မြောက်)ကျေးရွာ၌ ဥယျာဉ်ဘုန်းတော်ကြီး ပညာသင် ကျောင်းကို စုပေါင်းဖွင့်လှစ်ပွဲကျင်းပနိုင်ခဲ့ကြောင်း ဆရာတော်ဦးနေမိန္ဒ က ပြောသည်။
 

0 comments: