`` NLD ပါတီ တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို) မှ တောင်သူလယ်သမားရေးရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ တောင်သူလယ်သမားများကို ကူညီပေးမည်´´

စက်တင်ဘာ(၆)ရက် နံနက်(၁၀ မှ နေ့၁း၃၀)နာရီအထိ မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်း NLD ပါတီရုံးတွင် တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို) မှ တောင်သူလယ်သမားရေးရာကော်မတီ(မကွေးတိုင်း)ဖွဲ့စည်းရန် ဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ ၂၀၁၃ ဖေဖော်ဝါရီ(၁၃)ရက်မှ စတင်ဖွဲ့စည်းခဲ့သော တောင်သူလယ်သမားရေးရာကော်မတီ (ဗဟို)အဖွဲ့ဝင်များဖြစ်သော ဦးမန်းညွှန့်သိန်း၊ ဦးလှမြင့်သန်း နှင့် ဦးစိုးလေး တို့ဦးဆောင်၍ မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင် ဥက္ကဋ္ဌ များ စုစုပေါင်းအင်အား(၂၅)ဦးခန့်တက်ရောက်ကြောင်း၊ တောင်သူ လယ်သမား ရေးရာကော်မတီ(မကွေးတိုင်း) အဖွဲ့ကို ဖွဲ့စည်းကြကြောင်း၊ ဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သိန်း(မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ အတွင်းရေးမှူး ဦးတာ(ဗဟိုကော်မတီဝင်) နှင့် အဖွဲ့ဝင် (၁၅)ဦး ဖွဲ့စည်းကြောင်း၊ ၎င်း တောင်သူလယ်သမားရေးရာကော်မတီ (မကွေးတိုင်း)အမည်စာရင်းကို (ဗဟို)တောင်သူလယ် သမားရေးရာကော်မတီမှ အတည်ပြုပေးပြီး ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီ၊ ရပ်ကျေးကော်မတီများကို ဆက်လက်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ (ဗဟို)ကော်မတီဝင် ဦးမန်းညွှန့်သိန်း မှ ကော်မတီဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းကို ရှင်းလင်း၍ ဦးလှမြင့်သန်း နှင့် ဦးစိုးလေးတို့ နှစ်ဦးက တက်ရောက်လာသော ခရိုင်/မြို့နယ်NLD ပါတီဝင်များမှ ဒေသခံတောင်သူ လယ်သမားများ၏ လူမှုဒုက္ခအခက်အခဲများ၊ မြေယာသိမ်းဆည်းခံရခြင်း ပြသနာများအတွက် မေးမြန်းချက်များကို အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားကြောင်း၊ NLD ပါတီဌာနချုပ် တောင်သူလယ်သမားရေးရာကော်မတီ (ဗဟို) အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို အဆင်ပြေချောမွှေ့တိုးတက်အောင်မြင်လာအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် လွှတ်တော် အဆင့်ဆင့် သို့တင်ပြပြီး ထိရောက်အောင်မြင်အောင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

0 comments: