``မကွေးမြို့ မြို့ဟောင်းရပ်ကွက်ရေဘေးဒုက္ခသည်များအား မြစ်ကွေ့ဧရာလူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူ´´

စက်တင်ဘာ(၁၈)ရက်နေ့ နေ့လည်(၁)နာရီခန့်တွင် ဧရာဝတီမြစ်ရေအတက်ကြမ်း၍ မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှ ရေဘေးဒုက္ခသည်များအား မြစ်ကွေ့လူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူကြောင်း သတင်းရရှိသည်။ `` ဒီနှစ်ဧရာဝတီမြစ်ရေက ယခင်နှစ်ထက် တစ်ပြန်လောက် ရေအတက်ကြမ်းပါတယ်။ ရေတက်နေတာ ယနေ့ပါဆိုရင် လေးရက်လောက်ရှိပါပြီ။ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ဆင်းရဲသားအိမ်ကလေးများဟာ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများရဲ့အိမ်တွေပေါ်ကို ပြောင်းရွှေ့နေရတာပေါ့ဗျာ..။နောက်ထပ်လဲ မြစ်ရေက တက်အုံးမယ်ဆိုတော့ စိုးရိမ်နေကြရ ပါတယ်..။ဒါကြောင့် ရပ်ကွက်ထဲက မီးသတ်တပ်ဖွဲ့တွေနဲ့ ရေကင်းစောင့်နေကြရတယ်။´´ ဟု မြို့ဟောင်းရပ်ကွက်သား တစ်ဦးက ပြောသည်။ အဆိုပါမြို့ဟောင်းရပ်ကွက်မှ ရေဘေးဒုက္ခသည်များ(၁၉၄)ဦးတို့ကို မကွေးမြစ်ကွေ့ဧရာလူမှုကွန်ယက် အဖွဲ့မှ ဥက္ကဋ္ဌ ဦးခင်မောင်ကြည်ဦးဆောင်သော အဖွဲ့က လူတစ်ဦးလျှင်နို့ဆီဗူးဖြင့် ဆန်(၅)ဗူးစီ လာရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။ မိုလေ၀သနှင့်ဇလဗေဒဌာနမှ စက်တင်ဘာ(၁၇)ရက် ည(၈)နာရီအချိန်သတင်းကြေငြာချက်အရ မကွေးမြို့တွင်ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်သို့ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
 

0 comments: