``၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း(၅)ရက် မကွေးမြို့တွင်ဖွင့်လှစ်´´

မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ အထက(၁)လမ်း၊ အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် မတ်(၆)ရက် နံနက်(၈း၃၀)နာရီအချိန်၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း(၅)ရက်ကျင်းပရန် သင်တန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်း(၅)ရက်ကို မတ်(၆)ရက်မှ(၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉း၃၀)နာရီမှ ညနေ(၄း၃၀) နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရန် ဆရာ၊ဆရာမ သင်တန်းသား(၄၂)ဦးတို့အား မကွေးခရိုင်သန်းခေါင်စာရင်းကောက်ယူရေး အတွင်းရေးမှူး၊ မကွေးခရိုင်(လ.၀.က)ဦးစီးမှူးရုံး ဒုတိယ လက်ထောက်ညွန်ကြား ရးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့မှ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။ ယခုတက်ရောက်သော သင်တန်းသား များမှ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ထပ်မံ သင်တန်းပို့ချပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ``ယခုနိုင်ငံတော်အစိုးရအသစ်မှာ ကြုံတောင့်ကြုံခဲ နှစ်(၃၀)ကြာမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ယခု သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ပါ တယ်။ ပထမပိုင်းအနေနဲ့ကြိုတင်ပြင်ဆင်မှုလုပ်ငန်း၊ ဒုတိယပိုင်းအနေနဲ့ စာရင်းကောက်ယူရေးလုပ်ငန်း၊တတိယပိုင်းအနေနဲ့ စာရင်းဇယားပြုစုခြင်းလုပ်ငန်းနဲ့ စတုတ္ထပိုင်း စာရင်းဇယားများ ချုပ်ကိုင်မှုလုပ်ငန်းဆိုပြီး အပိုင်းလေးပိုင်းရှိပါတယ်။ ဒီအပိုင်းလေးပိုင်းလုံးကို ပြည့်စုံအောင် သင်တန်းသား ဆရာဆရာမ များရဲ့လက်ဝယ်သို့ ရရှိအောင် ဒီနေ့သင်တန်းမှာ ပို့ချပေးသွားမှာပါ..။´´ ဟု မကွေးခရိုင် (လ.၀.က)ဦးစီးမှူးရုံး ဒုတိယ လက်ထောက်ညွန်ကြား ရးမှူး ဦးဝင်းမြင့်က ပြောသည်။ ၎င်း သင်တန်းဖွင့်ပွဲသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် တက်ရောက်အဖွင့်အမှာစကားပြော၍ မကွေးတိုင်းဒေသကြီး(လ.၀.က)တိုင်း/ခရိုင်/မြို့နယ်ရုံးများမှ ညွန်ကြားရေးမှူးများ၊ ဦးစီးမှူးများ၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးနှင့် မြို့ပေါ်(၁၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် သင်တန်းသားများ စုစုပေါင်း(၁၅၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။
 

0 comments: