
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် မှ THE ROLE OF TRADE EMERGING MYANMAR ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး အခမ်း အနားကို ခေတ္တ ရပ်နားခဲ့သည်။ ၎င်းနောက် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ကုန်သွယ်မှုအထူး အခွင့် အရေးပေးစနစ် ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါက်တာ စပယ်ကြည်မောင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အခန်းကဏ္ဍ ခေါင်စဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းအစုအဖွဲ့အလိုက် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲ ရလဒ်များကို ဖော်ထုတ်ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အတွင်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကျေးလက်စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကိုယ်စားလှယ် များ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment