(၆၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်းသစ်ဖွင့်ပွဲကျင်းပ



မင်းဘူး      မတ်      ၂၂
(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူက စက်ရေတွင်းသစ် တူးဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ထို့နောက် စက်ရေတွင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြေအောက်ရေတင်နေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ရွာသာယာကျေးရွာအား နွေရာသီတွင် သောက်သုံးရေရှားပါးမှုမရှိစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရန်ပုံငွေမှ ကျပ်(၁၅)သိန်းနှင့်ပြည်သူလူထုထည့်ဝင်ငွေကျပ်(၇)သိန်း၊ စုစုပေါင်းကျပ်(၂၂)သိန်းအကုန်အကျခံ၍၂"øစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစက်ရုံ၊ အုတ်ရေကန်များ ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေရရှိပြီဖြစ်၍ ၀မ်းသာပျော်ရွှင်လျှက်ရှိကြောင်း သိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

0 comments: