မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မျက်စိအခမဲ့ခွဲစိတ်ကုသ



မကွေး     မတ်    ၂၁
          မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မကွေးမြို့နယ်၊မင်းဘူးမြို့နယ်၊စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်(၂၂)ဦးအား မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မတ်လ(၂၁)ရက်နေ့ ကအခမဲ့ခွဲစိတ်ကုသပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများမှ မျက်စိဝေဒနာရှင်များအား ခွဲစိပ် ကုသပေးနေမှုကို ကြည့်ရှုအားပေးကာ ခွဲစိပ်ပြီးလူနာများအား ထောက်ပံ့ငွေများပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် TV ဓါတ်မှန်ရိုက်စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဓါတ်မှန်ရိုက်ကူးရန် ရောက်ရှိနေသော ဝေဒနာ ရှင်များအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: