``အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မကွေးမြို့အဆင့်မြင့်မြို့တော်ခန်းမတွင် ကျင်းပ´´

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်း မကွေးမြို့အဆင့်မြင့်မြို့တော်ခန်းမတွင် ၂၀၁၄၊ မတ်(၈)ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို နံနက်(၉)နာရီမှ နေ့(၁၀)နာရီအချိန်ထိ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ အမျိုးသမီးရေရာအဖွဲ့ဝင်(၁၅၀)ဦး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်(၅၀)ဦး၊ သူနာပြုဆရာမများ(၁၂၀)၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမ များ (၁၅၀)၊ ကျောင်းသူကျောင်းသား ဆရာ ဆရာမများ(၁၅၀)၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၂၀) နှင့် ကြက်ခြေနီအဖွဲ့ဝင်(၁၀) ဦး စုစုပေါင်းအင်အား(၆၅၀)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ မကွေး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့် က အဖွင့်အမှာစကားပြောကြားကြောင်း၊ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်ထံမှ ပေးပို့သော သ၀ဏ်လွှာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မြင့် က ဖတ်ကြားကြောင်း၊ ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးရေးရာလုပ်ငန်းဆောင်ရွက်နေမှုများကို အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်မင်း က ရှင်းလင်းကြောင်း၊ ထို့နောက် အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ် စာတမ်းကို အက်ရှင်အေ့ဒ် မြန်မာ(Actionaid Myanmar)အဖွဲ့မှ ဒေါ်ဖြူကြည်ခိုင် ကဖတ်ကြားကြောင်း သိရသည်။ ထို့နောက် အစီအစဉ် နောက်ဆုံးကဏ္ဍတွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသမီး(၁၃)ဦးတို့က အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ သရုပ်ဖော်ဇာတ်လမ်းဖြင့် တင်ဆက်၍ အစီအစဉ် ပြီးဆုံးကြောင်း သတင်းရရှိသည်။
 

0 comments: