မန်းရွှေစက်တော်ဘုရားပွဲတော်မှ နမ္မဒါ တည်ခိုဆောင်များ မီးလောင်မှုဖြစ်ပွား

င်းဘူး မတ် ၁၉ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မန်းရွှေစက်တော် ဘုရားပွဲတော်မှ နမ္မဒါ (VIP)တည်းခိုဆောင် များ မတ်လ(၁၉)ရက်နေ့ နံနက်(၂)နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မတ်လ(၁၉)ရက်ည နမ္မဒါ တည်းခိုဆောင်သို့ တည်ခိုရန်ရောက်ရှိလာသော ပျဉ်းမနားမြို့ ပေါင်းလောင်းအမှတ်(၂)ရပ်ကွက်၊(၁၇)လမ်း၊အမှတ်(၈၈၃)နေသူ ဦးဇော်မင်းသိန်း(အသက်-၄၅)နှစ်၊ (ဘ)ဦးသိန်းဟန် သည် နမ္မဒါတည်းခိုဆောင် အဆောင်အမှတ်(၅)၊အခန်း(၆)တွင် ခြင်ဆေးခွေပေါ့ဆစွာ ထွန်းညှိထားရာမှ အခန်းဝါးကြမ်းခင်းမှတစ်ဆင့် ၀ါးထရံသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊မင်းဘူးမှ မီးသတ်ယာဉ်(၂)စီး၊ငဖဲမြို့နယ်မှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီး၊ရွှေစက်တော်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ GBS ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၃)နာရီတွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၅×၁၆)ပေ၊သက်ငယ်မိုး၊ထရံကာ ပျဉ်ခင်း၊(VIP)ဆောင်(၃)လုံး၊(၇၂×၂၀)ပေ၊ သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်းတည်းခိုဆောင်(၅)လုံး၊(၂၀×၃၀)ပေ သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်း လုံခြုံရေးနှင့် အခြားအဆောင်(၄)လုံး၊(၃၀×၃၀)ပေ၊သက်ငယ်မိုး၊ထရံကာ၊၀ါးကြမ်းခင်း စတိုနှင့်ကြီးကြပ်ဆောင် (၂)လုံး စုစုပေါင်းတန်ဘိုး(၃၀၃၀၀၀၀ိ/-)ကျပ်ခန့် ဆုံးရှုံးခဲ့သည်။လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိသော်လည်း နမ္မဒါ တည်းခိုဆောင်(၁၆)လုံးရှိရာမှ (၁၄)လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည့် ဦးဇော်မင်သိန်းအား စကုရဲစခန်းမှ (ပ)၂၅/၁၄၊ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာဖြင့် ဘုရားဖူးလာ ပြည်သူများ နှင့် ဆက်လက်ကျင်းပလျက်ရှိကြောင်းသိရှိရသည်။ တင်ထွန်းဦး သတင်းဓာတ်ပုံပေးပို့သူ - ဦးတင်ထွန်းဦ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: